ကတ်သီးကတ်သတ် အင်္ဂလိပ်စကားလုံးများ( တာရာ မင်းဝေ ) ========================= မေး။ ဇာတ်တော်တွေထဲမှာ ပါနေတတ်တဲ့ ခရုသင်း ကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ ၊ ခရုသင်းမှုတ်တဲ့ ပညာရပ်ကိုရော ဘယ်လိုခေါ်ပါသလဲ။ ဖြေ။ ခရုသင်းကို ရုပ်ပြစာအုပ်တွေ ရာဇဝင်တွေထဲမှာ အင်္ဂလိပ်လို .. Conch လို့ခေါ်ပါတယ်။ ခရုသင်းမှုတ်တဲ့ပညာရပ်ကတော့ အင်္ဂလိပ် အသုံးအနှုန်းမှာ မတွေ့ဖူးသေးပါဘူး .. ခရုခွံတို့ ယောက်သွားတို့လို အခွံမာတွေအပေါ်လေ့လာတဲ့ ပညာရပ်တော့ရှိတယ်။ Conchology လို့ခေါ်တယ်။ ခင်ဗျားက ဘာကိစ္စ ဒါကိုစိတ်ဝင်စားနေတာတုန်း .. သူများအရေပြားပေါ်ပေါက်နေတဲ့ ခရုသင်းကိုတော့ သွားမမှုတ်နဲ့ပေါ့ဗျာ။ မေး။ ကျွန်တော်တို့မြန်မာတွေ အလွန်နားယဉ်နေတဲ့ သိကြားမင်း ကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ.။ ပြီးတော့ နတ်သုဒ္ဓါကိုရော ဘယ်လိုခေါ်ပါသလဲ။ ဖြေ။ သိကြားမင်းကို […]
