“ပွင့်လင်းမြင်သာမှု” (transparency) ဟူသောစကားလုံးသည်အမေရိကနိုင်ငံအုပ်ချုပ်ရေးယန္တရားကိုစိမ်ခေါ် နေသေးသော စံနှုန်းတိုင်းပေတံအဖြစ်ဆက်လက်တည်ရှိနေသော်လည်း၊ လွှတ်တော်congress ကြီးနှင့် မြောက်မြားလှစွာသော rating အဖွဲ့အစည်းဌာနများ၏စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့်မှုတို့ကြောင့်၊ ယနေ့အမေရိကပြည်ထောင်စု သည် ပွင့်လင်းမြင်သာမှုစံပြုရသောနိုင်ငံအဖြစ်ကမ္ဘာတွင်ရပ်တည်နေပြီဖြစ်သည်။ အတွင်းကျကျလေ့လာနိုင်သူ၊ လေ့လာတတ်သူတိုင်းက အစိုးရယန္တရားကြီးအကြောင်းကိုအိပ်သွန်ဖာမှောက် သိရှိခွင့်ရှိနေပြီဖြစ်သလို၊ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများက ထိုသိရှိခွင့်အခွင့်အရေးကိုလူထုရှေ့မှောက်တွင် ချပြရန်ပြဌာန်းချက်များအခွင့်အရေးများပေးထားပြီးဖြစ်နေပေသည်။ စာရေးသူငယ်စဉ်ကကြားဘူးနားဝစကားအရ၊ အမေရိကန်အစိုးရ တဆက်ပြောင်းတိုင်း၊ သမ္မတဖြစ်သူကမိမိ နှင့်လက်တွဲလုပ်ကိုင်မည့်ဝန်ထမ်းကြီးငယ်အားလုံး (ရာထူးပေါင်းထောင်ကျော်) ကို မိမိစိတ်ကြိုက် ခန့်အပ် တာဝန်ပေးကြသည့်အစဉ်အလာကားနှစ်ပရိစ္ဆေဒကြာခဲ့ပေပြီ။ ဤအချက်ကိုမည့်သူတစ်ဦးတယောက် ကမျှ စောဒကတက်ရမည့်အချိန်မဟုတ်တော့။ လူထုမှတိုက်ရိုက်စိတ်ကြိုက်ရွေးချယ်ထံထားရသူသမ္မတ ဖြစ်သည့် အားလျော်စွာ၊ လူထုနှင့်နိုင်ငံအတွက်လိုလားချက်များဖြည့်တင်းဆောင်ရွက်နိုင်ရန်မှာ၊ မိမိနှင့်တစိတ်တည်း တဝမ်းတည်း၊ လုပ်နိုင်မည့်သူကိုသာရွေးချယ်ခန့်အပ်ခြင်းသည်၊ သဘာဝကျသော လုပ်ထုံးလုပ်နည်းတရပ် ဖြစ်နေပါသည်။ သို့ဆိုလျင် အစိုးရအဖွဲ့ဝင်ဝန်ကြီးမှစ၍အောက်ခြေ secret services ရာထူးများကိုခန့်အပ်ခွင့် ရှိသူ သမ္မတကို “အာဏာရှင် (dictator)”ဟုသတ်မှတ်မည်လော။ ဤထုံးတမ်းစဉ်လာကိုကျင့်သုံးခဲ့သော အမေရိကနိုင်ငံကို “authoritarian […]
