alinsettNovember 13, 20142min013
မင်္ဂလာပါ။ အပတ်စဉ် တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ရဲ့ သတင်းအစီအစဉ်ကနေ… ယခုတစ်ပါတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့… နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်မှာ စတင်ကျင်းပနေတဲ့ ၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးဆိုင်ရာ သတင်းအချက်အလက်များ ဦးအောင်သောင်းကို အမေရိကရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုလုပ်လိုက်တာဟာ NLD နဲ့ သက်ဆိုင်ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောဆိုလိုက်တဲ့သတင်း ၊ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ ၁ရ ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲမှာ ကိုပါကြီးရဲ့မိသားစု အပါအဝင် နိုင်ငံရေး လှုပ်ရှားသူတွေကို ထောက်ပံ့ငွေ ပေးအပ်တဲ့သတင်း မြန်မာတွေဟာ ပြဿနာများသူတွေဖြစ်ကြတယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြောဆိုလိုက်တဲ့ သတင်း၊ လက်ရှိ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားရယ်လို့ မရှိဘူးဆိုတဲ့ အစိုးရဘက်က ပြောဆိုမှုတွေကို […]


kaiNovember 12, 20147min09
ဒီလမြန်မာ့ဂဇက်ရဲ့အလှပန်းကဏ္ဍအတွက်ကိုကျော်စွာ( George Swar Photography ) က အဆိုတော်တူတူးရဲ့သမီး Kristy ကိုရွေးထားပါတယ်။ My name is Haythi Thu but I go by Kristy; I was born and bred in Burma and it has only been a few months since I flew all the way from home to Irvine in Orange County, California for college. I spent my high school […]


kaiNovember 12, 20141min08
နှစ်ကုန်လတို့လာလေပြီ။ နိုဝင်ဘာ ၄ရက်နေ့တွင် အမေရိကပြည်ထောင်စု၏ ကြားလယ်ရွေးကောက်ပွဲပြီးသွားသလို ၂၀၁၅တွင် မြန်မာ့အထွေထွေရွေးကောက်ပွဲရှိနေသဖြင့် ယူအက်စ်နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေးအပေါ် ဤသူမြင်မိသလို ခြုံ၍ချုံ့ကာရေးပါမည်။ ငွေစကား ယခုနှစ်ယူအက်စ်ကြားလယ်ရွေးကောက်ပွဲတွင် မဲများများရနိုင်ရန်အတွက် ပါတီကြီး၂ခုမှကန်င်ပိန်းများမဲဆွယ်ပွဲများလုပ်ရာတွင် ငွေပုံအောသုံးကြပေရာ ယူအက်စ်သမိုင်းတွင် မရှိစဖူး ၃.ရဘီလီယံရှိခဲ့သဖြင့် ငွေကစကားပြောလိုက်သည့်ရွေးကောက်ပွဲဟုအမည်တပ်ရမည်။ ရွေးကောက်ပွဲမတိုင်မှီက တိုင်းပြည်၏ အလုပ်လက်မဲ့နှုန်းက (၅.၈%)ဖြင့်ကျ၊ စတော့ရှယ်ယာဈေးကွက်တောက်လျှောက်တက်၊ ဓါတ်ဆီဈေးထိုးကျ၊ ဒေါ်လာငွေ၏ခိုင်မာမှုတို့တက်နေပေရာ ယခုအိုဘားမားအစိုးရ၏အုပ်ချုပ်မှုနှင့် ကွန်ဂရက်၏ငွေပေးဝေထိမ်းကြောင်းမှုတွင် Checks and balances မျှပြီး  ကောင်းသောရလဒ်ထွက်လာသည်ဟုသာ တွက်ရမည်။ လွန်ခဲ့သော ၆နှစ်တာအတွင်း အသားအရောင်ရှိသောယူအက်စ်သမ္မတ၏ လူနည်းစုအင်အားသာရှိသောပါတီ(ရီပါ့ဗလစ်ကန်င်)အပေါ် ညှိနှိုင်းငှဲ့ကွက်ခြင်မရှိ တွန်းတွန်းတိုက်တိုက် အုပ်ချုပ်မှုများသည် ရှေးရိုးစွဲများကို ဒေါသကြီးစွာထွက်စေပေရာ ယခုရွေးကောက်ပွဲတွင် ဒီမိုကရက်တို့ကသာ စူပါမဂျောရတီ(အင်အားများ/မဲနိုင်)ဖြစ်ခဲ့ပါလျှင် ယူအက်စ်သည် ပြည်တွင်းစစ်များ ပြည်နယ်ခွဲထွက်ခြင်းတို့နှင့်ပင် မျက်မှောက်ပြုရင်ဆိုင်ရမလားဟုပင်ထင်မိပါသည်။ စစ်ပွဲနှင့်စာလျှင် စားပွဲပေါ်ညှိနှိုင်းနိုင်လောက်အောင် မဲနှင့်အနိုင်ပေးတွန်းတင်ပေးလိုက်ခြင်းကသာ ကောင်းသောအဖြေတည်း။ […]


weiweiNovember 12, 20141min030
၂၀၁၄ အောက်တိုဘာလအတွင်း ပို့စ်ပေါင်း ၂၂၅ ပို့စ် တင်ခဲ့တာ တွေ့ရပါတယ်။ ပို့စ်တွေအားလုံးထဲမှာမှ အကြိုက်တူခဲ့တာတွေကို စုစည်းလိုက်တဲ့အခါ နောက်ဆုံး စကာတင်ကျန်ခဲ့တာက စကာတင်ပို့စ်မှာ ဖော်ပြပေးခဲ့တဲ့ (၇) ပုဒ်ဖြစ်ပါတယ်။ ၁။ မအိပ်တဲ့မြို့ကလေး … by “မစုဉာဏ်” http://myanmargazette.net/205210 ၂။ တူညီသော ဆန္ဒ … by “မစုဉာဏ် ” http://myanmargazette.net/205452 ၃။ ပြိုကွဲခြင်း … by “Hmee” http://myanmargazette.net/205905 ၄။ ပေါင်လှန်ထောင်းရတာ နာလှပါဘိ … by “ကြွေလွင့်ပန်း” http://myanmargazette.net/205957 ၅။ မနေစကောင်း နေစကောင်း (ခေတ်စားနေတဲ့ LT အကြောင်း) … by “ကိုပေါက် (မန္တလေး)” http://myanmargazette.net/195304 ၆။ […]


weiweiNovember 9, 20141min042
အောက်တိုဘာလဆိုတာ ကျွန်မအတွက်တော့ အမှတ်ရစရာပေါင်းများစွာရှိခဲ့တဲ့ လတစ်လဖြစ်ပါတယ်။ ကျွန်မရဲ့ လူ့ဘဝအစက အောက်တိုဘာလမှာပါ။ ငယ်ဘဝအားလုံးမှာ အောက်တိုဘာလဆိုတာ ပျော်စရာအကောင်းဆုံးလဖြစ်ခဲ့တယ်။ သီတင်းကျွတ်နီးရင် အမေက အကျီင်္အသစ်ဝယ်ပေးလေ့ရှိတယ်။ သီတင်းကျွတ်ဆိုတော့ လူကြီးမိဘတွေကို လိုက်ကန်တော့ကြလို့ မုန့်ဖိုးရတယ်။ အဖိုးနဲ့အဖွားနဲ့အတူနေတာမို့လို့ သူတို့ကို လာကန်တော့ကြတဲ့ မုန့်တွေကိုလဲ အားရပါးရစားရတယ်။ အိမ်ကို ဧည့်သည်တွေအလာများတယ်။ အရင်တုန်းက သီတင်းကျွတ်မီးထွန်းပွဲဆိုတာ ကလေးတွေအတွက် အရမ်းပျော်စရာကောင်းပါတယ်။ မီးပုံးလေးတွေကို ဝါးတုတ်ချောင်းထိပ်မှာ ဘီးလေးနဲ့တွန်းရတဲ့ မီးပုံးလှည်းလိုမျိုးနဲ့ ရပ်ကွက်ထဲ လှည့်တွန်းပြီး မီးထွန်းထားတဲ့အိမ်တွေကို လိုက်ကြည့်ကြတယ်။ ဖယောင်းတိုင်တွေပေါလို့လား သေချာမမှတ်မိပေမယ့် တစ်အိမ်လုံး ခြံစည်းရိုးတွေမှာ ပြူတင်းပေါက်တွေမှာ ဖယောင်းတိုင်တွေ စီထွန်းခဲ့ကြတာ အိမ်တိုင်းလိုလိုပါပဲ။ တစ်လမ်းလုံးလမ်းထိန်လို့။ မီးပုံးရှားပါးတဲ့အချိန်တွေက သစ်ရွက်လေးတွေနဲ့ ကိုယ်တိုင်လုပ် မီးပုံးလေးတွေလုပ်ပြီး ကစားခဲ့ကြတာကလဲ အမှတ်ရစရာဖြစ်ခဲ့ဖူးတယ်။ ကျွန်မရဲ့ အောက်တိုဘာလအပေါ် ပျော်ရွှင်ကြည်နူးမှုတွေကို အဆုံးသတ်သွားတဲ့ […]


alinsettNovember 5, 20146min08
မင်္ဂလာပါခင်ဗျား…. အပါတ်စဉ် မပြတ်မကွက် တင်ပြပေးလာတဲ့ … အလင်းခြုံတဲ့ သတင်းZone -လို့ပဲ ခေါ်ခေါ်… ဂဇက် သတင်းမှတ်တမ်းလို့ပဲ ပြောပြော… ဆက်လက်တင်ပြပေးဖို့ အချိန်ရောက်ပြန်ပါပြီ။ ဒီတစ်ပါတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့…. ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ @ US သမ္မတအိုဘားမား မြန်မာနိုင်ငံကို ရောက်ရှိလာမယ့်နေ့မှာ တွေ့မြင်သွားဖို့ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို စီတန်းလှည့်လည်ခွင့် မပြုလည်း ဆန္ဒဖော်ထုတ်ကြမယ့် သတင်း ၊ @ နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို ကျင်းပခွင့်မပြုဘူးဆိုတဲ့ သတင်း၊ @ရခိုင်ပြည်နယ်တွင်းမှာ တင်းမာမှုတွေ အခုထိ မလျော့ပါးသေးတဲ့အတွက် စိုးရိမ်စရာ အခြေအနေတွေအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ ဝေဖန်ချက်နဲ့…  @အလုပ်ရှင် အလုပ်သမား […]


kaiNovember 4, 20143min042
နိုဝင်ဘာလေးရက်နေ့က.. ယူအက်စ်ရဲ့ ကြားလည်ရွေးကောက်ပွဲနေ့ပါ…။ အထက်အောက်လွှတ်တော်၊( ကွန်ဂရက်နဲ့ စိနိတ်) အတွက် အမတ်တွေရွေးပါမယ်… တဲ့..။ အောက်မှာ.. မနက်ဖြန်အတွက်သတိထားရမှာ ၆ချက်.. ဆိုပဲ..။ A look at the news, events and the stories that will be talked about on Election Day: ALL EYES ON THE SENATE Republicans need six seats to take control, and they’re in good shape to get them. A GOP takeover would leave […]


မူရင်း မိန့်ခွန်း ၁။ http://news.stanford.edu/news/2014/june/gates-commencement-remarks-061514.html့ ၂။ https://www.youtube.com/watch?v=wug9n5Atk8c ဘာသာပြန်သူ – ကိုမိုး (ဘီ(လ်) ဂိတ်(စ်) မှ မိန့်ခွန်းကို စ ပြောပါသည်) ဘီ(လ်) ဂိတ်(စ်) – ၂၀၁၄ ခုနှစ် ဘွဲ့ရမောင်မယ်များ ကို ချီးကျူး ဂုဏ်ပြု ပါတယ်။ (လက်ခုပ်သံများ) ဒီဘွဲ့ နှင်းသဘင်ကို တက်ရောက်ရခွင့်လို့ မီလင်ဒါနဲ့ ကျွန်တော်တို့ အထူးပဲ ဝမ်းမြောက်မိပါတယ်။ စတင်းဖို့(ဒ်) တက္က္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ မိန့်ခွန်းပြောဖို့ ဖိတ်ခေါ်ခံရတဲ့ သူတိုင်း ဝမ်းမြောက်မိမှာပါ။ ဒါပေမဲ့ မီလင်ဒါ နဲ့ ကျွန်တော်တို့ အတွက်တော့ ထူးထူးခြားခြား ပိုပြီးတော့ ဝမ်းသာစရာ ဖြစ်ရပါတယ်။ စတင်းဖို့(ဒ်) တက္က္ကသိုလ်ဟာ ကျွန်တော်တို့မိသားစုရဲ့ အကြိုက်ဆုံး တက္က္ကသိုလ် […]


ဒီ အောက်တိုဘာ လ ပို့(စ) တွေ မညွှန်းခင်……….. စာကြမ်းပိုးတို့ လွဲချက်လေး ပြောပါရစေဦး။ စက်တင်ဘာမှာ အကြိုက်တွေ့မိတဲ့ ဆရာ နေဝန်းနီရဲ့ ” အချစ်မူးတဲ့ ည” ကို ပုံစံအမျိုးမျိုးနဲ့ ရေးတာမှာ ဝတ္ထုတို အဖွဲ့က အမှန်ဆို အောက်တိုဘာမှ လာရမှာ။ ကိုယ့်ဆရာက မလာတော့ စောင့်ရကျိုးမနပ်ဘူးး http://myanmargazette.net/204279 http://myanmargazette.net/204415 http://myanmargazette.net/204593 အမှန်တော့ စက်တင်ဘာမှာ ညွှန်းသင့်တဲ့ ပို့(စ) တွေပါ။ အစောင့်မှားသွားတာပေါ့။ . . ခု အောက်တိုဘာ လ ကိုတော့ မောင်ဘလှိုင်ရဲ့ ဘာသာပြန် အခန်းဆက် ၃ ခု နဲ့ဖွင့်ပါရစေ။ အစအဆုံးကိုလည်း တစ်လ အတွင်း ရေးပေးသွားတာမို့ ကျေးဇူးတင်ပါတယ်။ ထူးဆန်းသော ခရာကလေး […]


မင်္ဂလာပါခင်ဗျား… ဦးကျောက်ခဲလည်း သက်ကြီးရွယ်အို ခိုကိုးရာမဲ့တွေအကြောင်း စာကုံးလို့ ခြယ်ပါမယ်ဆိုကာမှ မမျှော်လင့်ဘဲ အရေးပေါ်အလုပ်တွေကပေါ်လာလို့ နောက်ကျ သွားတာ ခွင့်လွှတ်ကြပါခင်ဗျာ…။ ကျေးဇူးပြုပြီး ဒီပို့စ်ကို အောက်ကပို့စ်တွေနဲ့ တွဲဖတ်ပေးပါလို့လည်း မေတ္တာရပ်ခံပါရစေ… သဘာဝရဲ့ ဂရုဏာ အကန့်အသတ်ကင်းမဲ့သော သဘာဝတရားရိပ်သာ လူတွေနဲ့ဝေး ဝေး ~~ဝေးတဲ့နယ်မြေ (သဘာဝရိပ်သာ)   လွန်ခဲ့သော ၂-နှစ် အခုလို အောက်တိုဘာလကုန် နိုဝင်ဘာလဆန်း အခါသမယ ၊ ဦးကျောက်ခဲရဲ့ နှမငယ် သမီးဦးလေးဖွားမြင်ဖို့ ဩစီကျွန်းကြီးမှာ မီးနေလာစောင့်တုန်းကပေါ့ ခင်ဗျာ…။ ကမ႓ာ့တောင်စွန်း ဩစီကျွန်းမှာတော့ ဆောင်းအကုန် နွေအကူးမို့ ရာသီဥတုက အေးမြခြောက်သွေ့နေတုန်းပါပဲ ။ မီးနေစောင့်ဖို့ ခွင့်ရက်ရှည်ယူလာတာမို့ အေးအေးဆေးဆေးနှပ်မယ်လို့ ကြံရွယ်ထားပေမည့် အကျင့်ပါနေတဲ့ မျက်လုံးအစုံက မနက် ၆-နာရီထိုးရင် နှိုးစက်မလို အော်တိုမစ်တစ်ပွင့်နေတာမို့ အိပ်ရာထဲမှာ […]


alinsettOctober 30, 20146min010
မင်္ဂလာပါ။ အလင်းခြုံတဲ့ သတင်း Zone အပါတ်စဉ် သတင်းအစီအစဉ်ကနေ ယခုတပတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့…. အလွတ်တန်းသတင်းထောက် ကိုပါကြီးကို စစ်တပ်က သတ်ဖြတ်လိုက်တဲ့အတွက် အမှုမှန် ဖော်ထုတ်ပေးရေးကို ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေထဲက  လူ ၂ဝ ခန့်ကို စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်အရေးယူလိုက်တဲ့သတင်း၊ စာရေးဆရာကြီး ဦးအောင်သင်း ကွယ်လွန်သွားတဲ့ သတင်း ၊ ကချင်ပြည်နယ် ၊ ဒေသခံ ပြည်သူလူထုတွေက  ကျောက်စိမ်းပြန်လည် တူးဖော်လာခြင်းကို မလိုလားတဲ့ အတွက် နိုင်ငံတော် သမ္မတထံကို ကန့်ကွက်စာ တင်လိုက်တဲ့သတင်း ၊ မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေမှာ နှောင့်နှေးနေကြောင်း ဝေဖန်ပြောဆိုလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee အစီရင်ခံပြောဆိုချက်နဲ့…ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးရဲ့ […]


alinsettOctober 22, 20141min014
မင်္ဂလာပါ။ အပတ်စဉ် တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone အစီအစဉ်ကနေ ဒီတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့…. • မြန်မာနိုင်ငံအတွင်းမှာ ဘာသာရေးအစွန်းရောက်မှုကြောင့် ဖြစ်လာတဲ့ အကြမ်းဖက် ပဋိပက္ခတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရေး သမ္မတဦးသိန်းစိန်အစိုးရကို ဖိအားပေးဖို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက တိုက်တွန်းလိုက်တဲ့သတင်း ၊ • ရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရ တပ်မ ၇ရ လက်အောက်ခံ၊ ခမရ ၁၀၆ နဲ့ တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သတင်း ၊ • Kobani မှာ စစ်သွေးကြွတွေကို ခုခံတိုက်ခိုက်နေတဲ့ Kurdish တိုက်ခိုက်ရေးသမားတွေအတွက် ရည်ရွယ်ပြီး US က လေကြောင်းကနေ ချပေးလိုက်တဲ့ […]