kaiMay 18, 20152min08
လောကကြီး၌ အဖြူနှင့်အမည်း ၊ နှစ်ရောင်သာ ရှိမည်ဆိုလျှင် သဘာဝလောကကြီးသည် ယခုလို လှပနေမည် မဟုတ်ပါ။ ဖြူနီပြာဝါစိမ်း စသည့် ရောင်စုံများကြောင့်သာ သဘာဝ လောကကြီးသည် လှပနေရပါသည်။ ထို့အတူ အင်္ဂလိပ်စကားပြောဆိုရာ၌လည်းကောင်း၊ ရေးသားရာ၌လည်းကောင်း အရောင်နှင့် ပတ်သက်သည့် စကားစုလေးများကို ပိုင်နိုင်စွာသုံးတတ်လျှင် မိမိ၏ အပြောအဆိုများ အရေးအသားများသည် လှပခန့်ညားနေပါလိမ့်မည်။ ဆိုကြပါစို့။ အဖြုဆိုလျှင် White ဟု ခေါ်ကြောင်း အားလုံးသိကြပါသည်။ သို့သော် A white lie ဟူသည့် စကားစုလေး၏ အဓိပ္ပာယ်ကိုအားလုံး သိချင်မှသိပါလိမ့်မည်။ စင်စစ် A white lie ဆိုသည်မှာ တဖက်သား စိတ်ချမ်းသာအောင် လိမ်ညာရသည့်အခါမျိုး၌ သုံးစွဲနိုင်ပါသည်။ ဥပမာ – သူငယ်ချင်းတယောက်က စွယ်တာအသစ်လေးကို ဝတ်ပြပြီး “ […]


alinsettMay 14, 20152min014
အလင်းခြုံတဲ့သတင်း Zone (သို့မဟုတ်) အောင်ဇေမီဒီယာကနေ ဒီတစ်ပါတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့ …    ရွှေတိဂုံ ကယ်တင်ရေး ဖိုရမ်တခုကို ရန်ကုန်မှာ ပြုလုပ်သွားမယ် ဆိုတဲ့သတင်း ၊  ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၇၆) ယောက်ကို ဖမ်းဆီးလိုက်တဲ့သတင်း ၊  အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး တရားခံအဖြစ် ထိန်းသိမ်းထားသူ ၂ ယောက်ကို စစ်ဘက်တရားရုံးကနေ တရားသေ လွတ်ပေးလိုက်တဲ့သတင်း ၊  လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းခံရခြင်း ၂ လပြည့် အခမ်းနား ကျင်းပတဲ့သတင်းနဲ့ မြန်မာ့ရဲတပ်ဖွဲ့နဲ့ ပညာရေး ဝန်ကြီးဌာနကို တရားစွဲဆိုမယ်ဆိုတဲ့ ကျောင်းသားသပိတ်ဆိုင်ရာ နောက်ဆက်တွဲသတင်းများ၊  […]


kaiMay 13, 20151min011
၆ပွင့်ဆိုင်ဆွေးနွေးမှုကို ဧပြီလ ၁ဝရက်နေ့ကနေပြည်တော်တွင်ပြုလုပ်ခဲ့သည်။ ယခုမေလအတွင်းထပ်မံပြုကြဦးမည်။ အဆိုပါ၆ပွင့်ဟူသည် သမ္မတ ဦးသိန်းစိန်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္က္ကဋ္ဌ နှစ်ယောက်ဖြစ်သည့်ဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တိုင်းရင်းသားကိုယ်စားပြု ကိုယ်စားလှယ်ဒေါက်တာအေးမောင်တို့အားခေါ်ခြင်းဖြစ်ပါသည်။ ၆ပွင့်ထဲတွင် ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကပြည်သို့ တခေါက်စီရောက်ဖူးကြကာ ဦးရွှေမန်းသည်သာ ယခုလဆန်းပိုင်းက အမေရိကအောက်လွှတ်တော်ဥက္က္ကဋ္ဌ၏ဖိတ်ကြားချက်အရ ၂ခေါက်မြောက်ရောက်ဖူးလေသည်။ စိန့်ပြည်(China)မှအပြန်တွင်အမေရိကပြည်သို့ဝင်လာခဲ့ခြင်းဖြစ်၏။ နဂါးနိုးထခဲ့ပြီ လွန်ခဲ့သောရာစု၂ခုခန့်ကတည်းက နပိုလီယန်မှ အရှေ့ဖက်ဆီကနဂါးကြီးကိုသွားမနှိုးမိပါစေရန်သတိပေးခဲ့ဖူးသည်။ နိုးလာလျှင် ကမ္ဘာကိုင်လှုပ်ခံရလိမ့်မည်ဟူသတတ်။ ယခုနဂါးကြီးနိုးထနေလေပြီ။ စိန့်ပြည်(ဝါ)ဂန္ဓလရာဇ်တိုင်းသည်လူ့ယဉ်ကျေးမှုနှစ်၃ထောင်ကျော်ခရီးဖြတ်ခဲ့သည့် စက္ကူနှင့်ယမ်းထီထွင်ထားနိုင်ခဲ့သောနိုင်ငံကြီးဖြစ်၍ ၂၁ရာစုတွင်မူ ကမ္ဘာ့ထွက့်ကုန်အများဆုံးထုတ်ပေးနေသည့်စက်ရုံကြီးဖြစ်နေကာ အမေရိကပြည်ထောင်စု၏ အကြီးဆုံး မြီရှင်(ဒေါ်လာ ၁.၃ ထရီလီယံ)လည်းဖြစ်၏။ စိန့်ပြည်နှင့် ကုလားပြည်(အိနိ္ဒယ)တို့၏ အာရှသည် ကမ္ဘာ့လူသားတို့၏အတွေးအခေါ်၊ယဉ်ကျေးမှုတို့ကို နှစ်ထောင်ချီလွှမ်းမိုးထားနိုင်ခဲ့ဖူးသည်။ စိန့်ပြည်၏အကူအထောက်ဖြင့် မြန်မာပြည်ကွန်မြူနစ်(ဗကပ)တို့ သူပုန်ထဖူး တော်လှန်ခဲ့ကြဖူးသည်။ တရုတ်ဖြူ(ယခုထိုင်ဝမ်)တို့နှင့်တရုတ်နီ(ယခုကွန်မြုနစ်စိန့်ပြည်) တို့သည် မြန်မာ့မြေတွင် ခြေခင်းက စစ်ဖြစ် […]


kaiMay 11, 20152min021
Min Aung Khaing May 8 at 10:09pm အရေးတကြီး စဉ်းစားကြဖို့ပါ။ ====================== ရွှေတိဂုံဘုရားနားမှာ ရွှေတိဂုံဘုရားလမ်းဘေးက စစ်တပ်ကွာတာဟောင်းတွေဖြိုပြီး ကွန်ဒိုစီမံကိန်းကြီး တခုစတော့မယ်လို့သိရပါတယ်။ တပ်ပိုင်တာတွေ ဦးပိုင်တာတွေ အဘပိုင်တာတွေ ဘာတွေညာတွေ တခုမှ ကျနော်မပြောလိုပါ ။ ကျနော်ပြောချင်တာ ကတော့ (အများပြောနေကြတဲ့ ရွှေတိဂုံစေတီတော်ကြီးထက်မြင့်သွားမယ် ကွယ်သွားမယ် အေးချမ်းတဲ့အရသာပျက်သွားမယ် ဆိုတာတွေထက်) ဘူမိဗေဒ အမြင်အရပြောချင်တာပါ။ အဲသည်လောက်ကြီးမားတဲ့ အထပ်မြင့် အိမ်ယာများ ဆောက်လုပ်ရေးစီမံကိန်း အတွက် Foundation အတွက် မြေအောက် car park တွေအတွက် မြေကို အတော်နက်နက် (အနည်းဆုံး မီတာ ၂ဝလောက်တော့) တူးဖော်ရပါမယ်။ ဒီအခါမှာ ရွှေတိဂုံစေတေီတော်ကြီးရဲ့အောက်မှာ ရှိနေတဲ့ မြေသားတွေရဲ့အမျိုးအစားပေါ် မူတည်လို့ အကယ်၍ ရေအောင်းမြေလွှာ […]


kaiMay 8, 20151min041
ယခင်စစ်အစိုးရ ခေါင်းဆောင်များသည် အရည်အချင်းရှိပြီး စေတနာကောင်းသော်လည်း ပြည်သူက ရွေးချယ်တင်မြှောက်ခြင်းမဟုတ်၍ အဆင်မပြေခဲ့ဟု သူရဦးရွှေမန်းပြော By ထားထားမြင့် No.723 Monday, May 4, 2015 ယခင်တပ်မတော် အစိုးရ ခေါင်းဆောင်များသည် အရည်အချင်းရှိပြီး စိတ်စေတနာ ကောင်းကြောင်း၊ သို့သော်လည်း ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခဲ့ခြင်း မဟုတ်သည့်အတွက် အဆင်မပြေခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။ အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီမြို့ ကာနေဂျီစင်တာတွင် ပြု လုပ်သော ၂၀၁၅ မြန်မာရွေး ကောက်ပွဲစကားဝိုင်း၌ အရှေ့ တောင်အာရှရေးရာ ကျွမ်းကျင်သူ ပညာရှင် ဗီကရမ်နာဟု မေးမြန်းသော ယခင်စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တစ်ဦးအနေဖြင့် မည်ကဲ့သို့ သင်ခန်းစာရသလဲဆိုသည့် မေးခွန်းကို သူရဦးရွှေမန်းက ဖြေဆိုလိုက်ခြင်းဖြစ်သည်။ ‘‘ပြီးခဲ့တဲ့ တပ်မတော်အစိုးရ […]


alinsettMay 7, 20153min012
အပါတ်စဉ် စီစဉ်တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone (သို ့မဟုတ်) အောင်ဇေမီဒီယာရဲ့ ဒီတစ်ပါတ် သတင်းကဏ္ဍကနေ တင်ပြပေးသွားမယ့် သတင်းတွေကတော့…      ဘာသာရေး လွတ်လပ်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာကောင်းတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ်နဲ့ မြန်မာ့အခြေအနေသတင်း ၊    မြန်မာပြည်ရဲ့ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှု ပဋိပက္ခများ တားဆီးရေးအတွက် ကနေဒါနိုင်ငံက ဒေါ်လာ ခြောက်သိန်းနီးပါး ကူညီပေးအပ်တဲ့သတင်း၊    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို တိုက်တွန်းပြောကြားလိုက်တဲ့ သတင်းအချက်အလက်များ၊    သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက် ကျောင်းသားကျောင်းသူတွေကို လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့သတင်းများ၊  ဒေသခံပြည်သူ ရ […]


alinsettApril 30, 20154min013
အလင်းခြုံတဲ့ သတင်း Zone ( သို့မဟုတ်) အောင်ဇေမီဒီယာကနေ အခုတစ်ပါတ်တင်ပြပေးမယ့် သတင်းတွေကတော့ …   မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ဖြစ်ပွါးနေဆဲပဲလို့ ပြောဆိုလိုက်တဲ့ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောဆိုမှုများ ၊ အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ့နဲ့ မေလ ၂ ရက် ကဆုန်လပြည့်နေ့တွေအတွင်း မြန်မာပြည်တွင်းက အလုပ်သမားတွေ ဆန္ဒပြကြမယ့်သတင်း… မြန်မာအလုပ်သမား အယောက် ၂ဝ လိုက်ပါလာတဲ့ ယာဉ်တစ်စီး ၊       ထိုင်းနိုင်ငံမှာ တိမ်းမှောက်ခဲ့ပြီး မြန်မာ ၉ ဦး သေဆုံးသွားတဲ့ သတင်း၊ မြန်မာပြည်တွင်းမှာ မိုးထစ်ချုန်း ရွာခြင်းများနဲ့ မိုးကြိုးမုန်တိုင်း အန္တရာယ်များ ကျရောက်နေတဲ့ သတင်း ၊ US ၊ တက်ဆက်စ်ပြည်နယ်၊ အမာရီလိုမြို့မှာ […]


alinsettApril 23, 20154min026
အပတ်စဉ်တင်ပြပေးနေတဲ့ …. အလင်းခြုံတဲ့သတင်း Zone (သို့မဟုတ် ) အောင်ဇေမီဒီယာရဲ့ သတင်းအစီအစဉ်ကနေ ဒီတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ …     ထိုင်းနိုင်ငံထဲမှာ တရားမဝင် မြန်မာ အလုပ်သမားတွေကို အရှိန်အဟုတ်မြှင့် စစ်ဆေး ဖမ်းဆီးနေတဲ့သတင်း .. ကိုးကန့်ဒေသတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်    ၆ သောင်းကျော်ရဲ့ နောက်ဆုံးရ သတင်းများ… ကိုးကန့်ဒေသနဲ့ ရခိုင်ဒေသတွေမှာ ဖြစ်ပွါးနေတဲ့ ပြည်တွင်း စစ်ပွဲဆိုင်ရာ သတင်းများ … ကရင်ပြည်နယ်က ဇွဲကပင်တောင်ပေါ်ကို တက်ရောက်နိုင်ကြဖို့ ကေဘယ်လ်ကားစီမံကိန်း လုပ်ကိုင်ရေးကို ဂျပန်နဲ့ ကိုးရီးယားနိုင်ငံတို့က စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြကြချိန်က ရဲတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားတဲ့ တောင်သူဒေါ်ခင်ဝင်းရဲ့ […]


kaiApril 19, 20152min09
အင်္ဂလိပ်ဝေါဟာရကြွယ်ဝလိုသူများသိသင့်သိထိုက်တဲ့ Idiom လေးများအကြောင်း အရင်လကအတော်အသင့် ဖော်ပြခဲ့ပြီးပါပြီ။ ယခုတပတ်မှာ နံပါတ်နဲ့ပတ်သက်တဲ့ idiom လေးများအကြောင်းလေ့လာကြရအောင်။ အင်္ဂလိပ်စာလေ့လာနေသူတယောက်ကို အင်္ဂလိပ်လိုနံပါတ်လေးတွေသုံးတတ်ရဲ့လားလို့မေးရင် စိတ်ဆိုးမှာတောင် စိုးရတယ်။ ဒီ one, two, three, four လောက်တော့ လူတိုင်းတတ်တာပေါ့လို့ ထင်ကြမှာပါ။ ဒါပေမယ့် in seventh heaven ဆိုတဲ့ idiom လေးကို သုံးတတ်ရဲ့လားလို့မေးရင်တော့ လူတိုင်းသုံးတတ်ကြမှာမဟုတ်ပါ။ ဥပမာ- ” Getting the opportunity to go to school has put me in seventh heaven”. လို့သုံးလို့ရပါတယ်။ အဓိပ္ပာယ်ကတော့ ကျောင်းတက်ခွင့်ရတဲ့အတွက် အရမ်းကိုပျော်သွားတယ်ဆိုတဲ့သဘောပါ။ ဒီမှာ UCLA, Standford, Harvard တို့လို နာမည်ကြီးကျောင်းတွေတက်ခွင့်ရလိုက်လို့ […]


koyin sithuApril 18, 20151min022
မိုက်ကရိုဆော့ဖ်ဆိုရင် ခေတ်မီသူတိုင်း သိကြတယ်။ ကမ႓ာကျော် ဆော့ဝဲကုမ္ပဏီကြီးကို ပူးတွဲ တည်ထောင်သူ ဘီလ် ဂိတ်စ်ဟာ ကမ႓ာ့အချမ်းသာဆုံး ဘီလျံနာသူဌေးကြီး ဖြစ်သလို မိုက်ကရိုဆော့ဖ် ကုမ္ပဏီဝန်ထမ်းတွေဟာလည်း ၅ ယောက်မှာ တစ်ယောက်က မီလျံနာ ဖြစ်ပါတယ်။ ကြည့်ရတာ အပေါက်စောင့် ဒလဝမ်တွေ၊ သန့်ရှင်းရေးအလုပ်သမားတွေကလွဲရင် မိုက်ကရိုဆော့ဖ်မှာ အလုပ်လုပ်သူတိုင်း ဝင်ငွေကောင်းတဲ့ သူဌေးတွေချည်းပဲပေါ့။ ဒီလိုဆိုတော့၊ မိုက်ကရိုဆော့ဖ်မှာ အလုပ်ရချင်သူတွေ ကြိတ်ကြိတ်တိုးနေတာ ဘာမှမဆန်းဘူး။ အလုပ်တစ်နေရာကို ရာထောင်ချီပြီး လျှောက်လွှာတင်ကြတယ်။ ဒီအထဲက အတော်ဆုံးလူတွေကို လက်ရွေးစင် ခေါင်းခေါက်ရွေးတဲ့ စာမေးပွဲမှာ မိုက်ကရိုဆော့ဖ်က ပေါက်တတ်ကရ မေးခွန်းတွေ မေးလေ့ရှိတာ နာမည်ကျော်သတဲ့။ (၁) မြေအောက်ရေမြောင်း၏ လူဝင်ပေါက် manhole သံပြားအဖုံးများကို မည်သည့်အကြောင်းကြောင့် အဝိုင်းပုံစံများသာ သုံးသနည်း။ (၂) နယူးယောက်မှ […]


kaiApril 14, 20151min036
အတာသည် အန္တ္တ၊ သင်္ကြန်သည် သင်္ကန္တဟူသောပါဠိမှလာ၍ အဆုံးရောက်၍ကူးပြောင်းခြင်းဟုအဓိပ္ပါယ်ရသည်။ နှစ်အကူးအပြောင်းတွင် နှစ်ဟောင်းကိုဆေးကြော၍နှစ်သစ်ကိုအေးချမ်းခြင်းအားဖြင့်ကြိုဆိုရန် မြန်မာတို့ရေလောင်း ပက်ဖြန်းဓလေ ့ပြုခဲ့ကြသည်။ အတာသင်္ကြန်ပွဲသည် ဟိန္ဒူအယူဝါဒမှလာသည်ဖြစ်ကာ မြန်မာ့ဓလေ့ရိုးရာတွင် ဟိန္ဒူအယူအားကောင်းခဲ့သောပျူခေတ်ကတည်းက ရှိနေမည်ခန့်မှန်းရပါသည်။ မိဘုရားစောလုံအပေါ် သင်္ကြန်ရေလောင်းခြင်းအားဖြင့် အကျီစားသန်ခဲ့သည့်အတွက် မင်းအပေါ်အမျက်သိုကာ အဆိပ်ခတ်လုပ်ကြံသည်အထိဖြစ်သွားခဲ့ရသော ပုဂံခေတ်၊ နရသီဟပတေ့မင်း(၁၂၅၄-၁၂၈၇)၏ဇတ်လမ်း အမှတ်ရကြပါလိမ့်မည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ပုဂံရာဇဝင်လေးချိုးကြီး၌လည်း အောက်ပါအတိုင်းစပ်ဆိုကာ သတိပေးဖူးသည်။ “ဒေါပုံအလှည့်သံသရာ ရေအပြင်မှာ ကြွားသူတို့ကဖြင့်၊ သဘောမဆုံသနဲ့ မခံချင်ပါလျှင်လဲ မကစားကြလေနဲ့၊ ချောဂုဏ်နဲနွဲ့ရှာတဲ့ စောလုံရဲ့ပုဂံရာဇဝင်တရား” “စောလုံစောင့်ပါခလှည့်”ဟု တမ်းတမ်းတတ နောင်တစကားသည် မြန်မာတို့ သမိုင်းဝယ်မှတ်တမ်းမှတ်ရာအဖြစ် ပထမဆုံးကျန်ရစ်သည့် သင်္ကြန်ခြေရာဖြစ်ပေသည်။ ခေတ်သင်္ကြန် ယခုခေတ်သင်္ကြန်သည်ကား စောလုံကို ရွဲ့၍လုပ်နေသည်ထင်ကြရလောက်အောင် အကျီစားသန်ကြသည်။ ရန်လည်းများကြသည်။ သင်္ကြန်သည်ကာလနှင့်အတူ သင်္ကန္တဖြစ်ခဲ့လေပြီ။ ပွဲတော်တွင်းလူထူထပ်သည်ကိုအကြောင်းပြုကာ ဈေးကွက်စီးပွားရေးဖြင့် ကြော်ငြာသင်္ကြန်ဖြစ်ခဲ့လေပြီ။ နှစ်ကူးတန်ခူးလအချိန်ကား ‘တန်ခူး […]


alinsettApril 9, 20153min09
မင်္ဂလာပါ ။ အလင်းခြုံတဲ့ သတင်း Zone သို့မဟုတ်.. အောင်ဇေမီဒီယာကနေ အခုတစ်ပတ်တင်ပြပေးမယ့် သတင်းတွေကတော့ …   တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း သဘောတူညီချက်         အတည်ပြု လက်မှတ်ရေးထိုးပြီးနောက်ပိုင်း တိုက်ပွဲများဆက်လက် ဖြစ်ပွါးနေတဲ့သတင်း   သုံးစွဲရာမှာ ပြဿနာတွေပေါ်နေတဲ့ မြန်မာငွေစက္ကူ ငါးထောင်ကျပ်တန်တွေရဲ့ သတင်း၊   ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပရေးဆိုင်ရာ သတင်းကြေညာချက် ၊   ရေခန်းခြောက်ခြင်းနဲ့ အခြားပြဿနာများ ရင်ဆိုင်နေရတဲ့ အင်းလေးကန်ရဲ့ အခြေအနေသတင်း ၊   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ပြန်ပြီး ဖွဲ့ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုကြတဲ့သတင်းနဲ့ …   မြန်မာပြည်အတွင်းက ထောင်အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား             အရေအတွက်ကို […]