ဒီမိုကရေစီစနစ်နှင့်သွားမည်ဆိုလျှင် လူထုကြီးက မိမိတို့ကိုယ်စား လုပ်ကိုင်ဆောင်ရွက်ပေးရမည့်သူကို ရွေးကောက်တင်မြောက်ပေးခြင်းဖြစ်စဥ-်ရွေးကောက်ပွဲ(ဝါ)မဲဆန္ဒခံယူပွဲကို လက်ခံရလိမ့်မည်။ ရွေးကောက်ပွဲ တရားမျှတသည်၊မမျှတသည်က case-by-case တပိုင်း/တကန့်စီဖြစ်လေသည်။ အများဆန္ဒခံပွဲကိုမငြင်းစကောင်း။ ပါဝင်ပါတ်သက်ရမည်။ မဲပေးရွေးကောက်ပေးရမည်။ ရွေးကောက်ပွဲပြီးနောက် ရွေးကောက်ခံရသူသည် မိမိကိုယ်စားပြုရာ နယ်ပယ်ဒေသတွင်လူထု၏ နိုင်ငံရေးကိစ္စအဝအဝကို တာဝန်ယူဖြေရှင်းပေးရမည့်ကိုယ်စားလှယ်ဖြစ်လာသည်။ ဆန္ဒမဲပေးပြီးလျှင် လူထုအများစုသည်လည်း မိမိ၏နိုင်ငံရေးရေချိန်မြင့်ထားရမူကိုလျှော့ချကာ နေ့တဓူဝကိစ္စ၊ ကုန်ထုတ်လုပ်မှု၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ကျမ်းမာရေးကိစ္စများအတွက် အားစိုက်လုပ်ကြရပြန်ပါသည်။ တိုင်းပြည်တပြည်တွင် လူတိုင်း၏နိုင်ငံရေးရေချိန်သည် တချိန်လုံးမြင့်မနေသင့်။ အချိန်ကုန်လူပန်းလှပါ၏။ လူ့သက်တန်းအပါဝင် ဘဝအချိန်ဟူသည် အတိုင်းအတာတခုရှိသည်မဟုတ်လော။ အမေရိကားတွင် အမေရိကန်တို့သည်သမ္မတရွေးကောက်ပွဲကို Super Bowl အားကစားပွဲလောက်ပင်စိတ်မဝင်စားကြ။ မဲပေးနိုင်သူ၏ 57.5%(2012 )မျှသာမဲပေးခဲ့ကြသည်။ အမေရိကပြည်ထောင်စုသည် အတိုးတက်ဆုံးသော ဒီမိုကရေစီနိုင်ငံကြီးတခုပေတည်း။ ဘက်လိုက်မီဒီယာ ရွေးကောက်ပွဲဖြစ်လျှင် မည်သူတို့က မည်မျှမဲပေးခဲ့သည်ထက် မည်သူတို့ကမဲကိုရေတွက်သည်ကလွန်စွာအရေးကြီးပါသည်။ ရေတွက်ခြင်းတို့ တရားမျှတမှန်ကန်ရန် စောင့်ကြည့်ကြရမည့်တာဝန်မှာ လွတ်လပ်သည့်စောင့်ကြည့်အဖွဲ့တို့တွင်ရှိသည်။ […]
