kaiSeptember 20, 20161min014
ကျေးဇူး ပညာရေးဝန်ကြီးဌာနထုတ် မြန်မာ-အင်္ဂလိပ်အဘိဓာန်တွင် “ကျေးဇူး”ကို 1. Good deed for others 2. Benefit 3. Gratitude ဟု ဖေါ်ပြထားသည်။ Benefit အထိပင်ပြထားသော်ငြား အင်္ဂလိပ်ဘာသာစကားအားဖြင့် ထင်ရှားတိကျသော စာလုံးမရှိ၊ မြန်မာအနက်ကောက်လျှင်မူ အပြုအမူပြ စကားနှစ်လုံးပေါင်း၏အဓိပ္ပါယ်  “ကြေးစူး”မှလာသည်။  “ကြေး”ဆိုသည်မှာ တန်ကြေး၊ “စူး”ဆိုသည်မှာ စူးဝင်ခြင်းဟုဖွင့်ဆိုပါသည်။ သို့ဖြစ်လျှင် ကျေးဇူးဟူသည် ကြွေးကင်းလွတ်လပ်နေသူကို အကြွေးတင်စေခြင်းဖြစ်သည်။ ပြန်ဆပ်ရမည့်သဘောပါသည်။ အပေးအယူသဘောသက်သည်။ အတိုးပေးရမည့်အဓိပ္ပါယ်ဝင်သည်။ ကြွေးရှင်အဖြစ်အာဏာရှင်အငွေ့အသက်ပါသည်။ တကယ်တော့ ဥစ္စာကြွေး၊ ဝဋ်ကြွေး နှုတ်ကြွေး အကုသိုလ်ကြွေး၊ ချစ်ကြွေး၊ ရန်ကြွေး မည်သည့်အကြွေးမှ မတင်စကောင်း။ နို့တလုံး ရတနာသုံးပါးနှင့်တန်းတူထားကာ ဘုရားဟောမဟုတ်သည့် “အနန္တောအနန္တငါးပါး”ပြု၍ မိဘနှင့်ဆရာကို တွန်းတင်ခြင်းသည် မြန်မာ့ ယဉ်ကျေးမှုဓလေ့တွင်သာရှိပေသည်။ ဂေါတမဗုဒ္ဓဘုရားသည်ပင် “မိခင်၏နို့တလုံးဖိုးသာ […]


kaiSeptember 19, 20162min02
နယူးယောက်တွေ့ဆုံပွဲ ဒေါ်စုမိန့်ခွန်း အပြည့်အစုံ 18.09.2016 07:20 ဗွီအိုအေ (မြန်မာပိုင်း) DASSK in NY ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၁ရ ရက် စနေနေ့မနက်ပိုင်းက နယူးယောက်မြို့ မြန်မာသံရုံးမှာ မြန်မာနို်င်ငံသားတချို့နဲ့ တွေ့ဆုံခဲ့ ပါတယ်။ အဲလိုတွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ ဘက်ပေါင်းစုံကလူတွေ ပါဝင်နို်င်အောင် သူတို့အစိုးရကို ဖွဲ့စည်းခဲ့ကြောင်း၊ ဝန်ထမ်းရွေးချယ်ရာမှာလည်း အရည်ချင်းရှိပြီးတော့ တိုင်းပြည်အကျိုး တကယ်ထမ်းဆောင် မယ့်သူမျိုးတွေကို ရွေးချယ်ဖို့ လိုအပ်တဲ့အကြောင်း၊ ပြည်ပရောက် မြန်မာတွေအတွက် ပြည်ဝင်ခွင့်ဗီဇာနဲ့ ပတ်သက်ပြီး တင်းကြပ်မှုတွေကို ဖြေလျော့ပေးမယ့်အကြောင်း၊ ပြည်ပရောက် ပညာရှင်တွေ အထူးသဖြင့် ဆရာဝန်တွေရဲ့ အကူညီတွေလိုအပ်ကြောင်း စတဲ့ကိစ္စတွေ ပြောကြားခဲ့ပြီး၊ ဒုတိယပိုင်းမှာတော့ ဆွေးနွေးပွဲမှာပါတဲ့ ပရိသတ်တချို့ရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့တာတွေကို စုစည်းတင်ဆက် လိုက်ပါတယ်။ […]


kaiSeptember 2, 20161min012
ZIKA ဗိုင်းရပ်စ်ရောဂါ ဆောင်းရာသီသို့ရောက်လာသောအခါ လူအတော်များများသည် Flu ခေါ် Influenza ခေါ် တုပ်ကွေး ရောဂါကိုခံစားရလေ့ရှိပါသည်။ ဆောင်းရာသီအစ အောက်တိုဘာလတွင် တုပ်ကွေးကာကွယ်ဆေးကို ကြိုတင် ထိုးထားပါက ဖြစ်သော်လည်း သိပ်ပြင်းပြင်းထန်ထန် မခံစားရပါ။ ယခုနှစ်ဆောင်းရာသီတွင် တုပ်ကွေးရောဂါနှင့် တပြိုင်တည်းနာမည်ကြီးလာသော ရောဂါမှာ ZIKA virus ရောဂါဖြစ်ပါသည်။ ကျွန်ုပ်တို့ ခန္ဓာကိုယ်တွင်းသို့ ရောဂါကူးစက်ပုံ (၆) မျိုးရှိပါသည်။ ၁. တိုက်ရိုက်ထိတွေ့မှု (Direct) ရောဂါရှိသူနှင့် ကူးစက်မည့်သူအကြား တိုက်ရိုက်ထိတွေ့မှုကြောင့်ကူးစက်ခြင်း ဥပမာ – တုပ်ကွေးဖျား (Influenza) ၂. တဆင့်ခံ (Indirect) ရောဂါပိုးများက တနေရာ ဥပမာ – ပစ္စည်းတခုပေါ်တွင်တင်ရှိပြီး အခြားသူများသို့ ကူးစက်ခြင်း ဥပမာ – တုပ်ကွေးဖျား (Influenza) ၃. […]


kaiAugust 24, 20162min04
Articles လေးတွေကအကြောင်းပြောစရာအများကြီးကျန်ပါသေးတယ်။ ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းတွေအကြောင်းဖတ်ရတာများလာရင် ငြီးငွေ့သွားမှာကို စိုးရသေးတယ် မဟုတ်လား။ ဒီတော့ အင်္ဂလိပ်စာလေ့လာလိုသူ မြန်မာတိုင်း ကိုဒုက္ခပေးတတ်တဲ့ tense လေးတွေအကြောင်း ဒီလပြောင်းပြီး လေ့လာကြရအောင်။ ဦးစွာပထမ simple present tense အကြောင်းပြောကြရအောင်။ တကယ်တော့ ဒီ simple present tense ဟာလွယ်လည်းမလွယ်လှဘူး။ ပစ္စုပ္ပန်အချိန် နှင့်လည်းလားလားမျှမဆိုင်ဘူး။ ဒါပေမဲ့ နာမည်လေးကြောင့်မှားယွင်းစွာ သုံးစွဲမိသူတွေအများကြီး။ simple present tense လို့ခေါ်ပေမဲ့ present ပစ္စုပ္ပန်အချိန်နှင့်လုံးဝမဆိုင်တာကို အရင်ဆုံးသတိပြုမိဖို့လိုပါတယ်။ ဖိုးဝကြီးလို့ခေါ်ပေမဲ့ ပိန်ချုံး ချိနဲ့နေတဲ့ လူတယောက်လိုပေါ့။ simple present tense ကို မှန်မှန်ကန်ကန်လေးသုံးတတ်အောင် ဘယ်လိုအခြေအနေမျိုးမှာ သုံးရမယ်ဆိုတာ နားလည်ထားဖို့လိုပါတယ်။ ပထမဆုံးမှတ်ထားဖို့ကတော့ Simple present tense ကို […]


kaiAugust 22, 20161min04
ဒေါ်အောင်ဆန်းစုကြည်အစိုးရ အာဏာရသည်မှာ စက်တင်ဘာ၁ရက်ဆိုလျှင် ၆လတိုင်လေပြီ။ ၈၈အရေးတော်ပုံကြီး ၂၈နှစ်မြောက်နှစ်ပါတ်လည်သည် အမေ့များနှင့် ငြိမ်သက်ဖြတ်သန်းလျှက်ရှိခဲ့ပါ၏။ မြန်မာ့နိုင်ငံရေးသတ္တဝါတို့သည် ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်ချမှတ်ထားသော နိုင်ငံရေးလမ်းပြမြေပုံအတိုင်း တန်းတန်းမတ်မတ်လျှောက်သွားလျှက်ရှိကြပေရာမြန်မာ့တပ်မတော်သည်လည်း ထလှုပ်မည့်ပုံမပေါ်ပေ။ အိမ်နီးချင်းနိုင်ငံထိုင်းနိုင်ငံ၌သည်ကား ၂၀၁၄ ကအာဏာထသိမ်း၍ စစ်အစိုးရတက်ခဲ့လေပြီ။ ချိုင်းနားပြည်၏ အရှေ့ပင်လယ်ထွက်ပေါက် South China Sea တွင်လည်းချိုင်းနားပြည်ကတည်ဆောက်လိုက်သော လူလုပ်ကျွန်းအရေးနှင့်ပါတ်သက်၍ ဒေသတွင်းနှင့် စူပါပါဝါနိုင်ငံကြီးတို့စစ်ရေးပြင်ကြ တကြွကြွနှင့်တရုံးရုံးလည်းရှိသည်။ တင်းတင်းမာမာလည်းရှိ၏။ ပြည်ပြောင်းခရီးစဉ် အာဆီယံနိုင်ငံများသို့ သွားရောက်ပြီးသောအခါတွင် ဒေါ်အောင်ဆန်စုကြည်ရွေးချယ်လိုက်သော နိုင်ငံကြီးများသို့ပထမဆုံး တရားဝင်ခရီးစဉ်မှာ ချိုင်းနားပြည်ဖြစ်၏။ ထို့နောက် စက်တင်ဘာလကုန်ပိုင်းတွင် အမေရိကပြည်သို့ သမ္မတအိုဘားမား၏ဖိတ်ကြားမှုဖြင့် လာရောက်မည်ဖြစ်ပါသည်။ ချိုင်းနားခရီးစဉ်တွင် ကော်ဇောနီခင်းကာ ဂုဏ်ပြုတပ်ဖွဲ့၊ နိုင်ငံတော်အခမ်းအနားဖြင့် (ထုံးစံအတိုင်း)ကြိုဆိုခဲ့ပြီး နိုင်ငံအကြီးအကဲများကလက်ခံတွေ့ဆုံခဲ့ကြသည်။ ဤသို့အားဖြင့် မြန်မာနိုင်ငံအား အုပ်ချုပ်နေသူမှာ “သူမ” ဖြစ်ကြောင်းကို အသိအမှတ်ပြုစေခဲ့သကဲ့သို့ တရားဝင်လည်းဖြစ်စေခဲ့ပါ၏။ တကယ်တော့လည်း သူမ […]


kaiAugust 8, 20161min03
ဧရာဝတီမြစ်ကိုသိရန် မြစ်ဝကျွန်းပေါ်၊ မြစ်ဆုံသာမက မေခနှင့်မလိခ အထိလိုက် ကြည့်မှပြည့်စုံမည်။ ၈-၈-၈၈ အရေးအခင်း၊ ဖုန်းမော်နေ့ စသည်တို့ကို မွေးဖွားပေးလိုက်သော ၁၉၈ရ ခု၊ စက်တင်ဘာလ ၅ ရက်နေ့ သုံးစွဲနေကြသည့် ငွေစက္ကူများကို တရားမဝင်ကြေညာလိုက်၍ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား များ လမ်းပေါ်ထွက် ဆန္ဒပြကာ ရဲရင့်ပြောင်မြောက်စွာ မဆလ အစိုးရအား စိန်ခေါ်လိုက်ခြင်းကို သေးသိမ်းမှေးမှိန်အောင် လုပ်လို့ရနိုင်မည်မဟုတ်။ သတင်းသမားအနေနှင့် ရေးသည့်ဆောင်းပါးကို ဖတ်ကြည့်ပါ။ ၁၉၈၈ ခု၊ မတိုင်မီကဆို မဆလ လက်အောက်သေကြရမည်ဟု ထင်မှတ် ထားခဲ့ကြ၏။ ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းက ပြုပြင်ပြောင်းလဲ လုပ်တော့မည်ဆို၍ ချိချိနဲ့နဲ့အားညှစ်ကာ ယုံဖို့ကြိုးစားခြင်းကို ကျနော့သတင်းသမားဦးနှောက်က လက်မခံပယ်ချလိုက်သည်။ ၁၉၆၂ ခုကတည်းက ကြားနေကျ၊ နောက်ဆုံးအဖျား ရှူးသွားမြဲကိုး။ ယခုအကြိမ်တွင်မူ ပိုဆိုးမည့် […]


kaiAugust 4, 20162min020
– တိုင်းပြည်အတွင်း ဝင်ရောက်ခွင့်မရသည့် အမည်ပျက်စာရင်းတွင် ပါဝင်နေသော နိုင်ငံသားနှင့် နိုင်ငံခြားသား ၆၀ဝ ကျော်ကို မြန်မာအစိုးရက ယမန်နေ့တွင် စာရင်းမှ ပယ်ဖျက်ပေးလိုက်ပြီး အစိုးရသစ်၏ ရက် ၁၀ဝ စီမိန်းကိန်း၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ “ရက် ၁၀ဝ စီမံကိန်းအရ ကျွန်တော်တို့ဟာ အမည်ပျက်စာရင်းမှာ ပါတဲ့သူ အရေအတွက်ကို လျှော့ချသွားမှာဖြစ်ပါတယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ယမန်နေ့တွင် ပြောကြားခဲ့သည်။ အစိုးရမှာ လက်ရှိအချိန်အထိ အမည်ပျက်စာရင်းမှ ၆၁၉ ဦးကို ဖယ်ပျက်ခဲ့ပြီး ထိုအထဲတွင် မြန်မာနိုင်ငံသား ၂၄၈ ဦးနှင့် နိုင်ငံခြားသား ၃၇၁ ဦးပါဝင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ကာ အမည်ပျက်စာရင်းတွင် စုစုပေါင်း အရေအတွက် မည်မျှရှိနေသည်ဆိုသည်ကိုမူ ဖွင့်ဟခဲ့ခြင်း […]


kaiJuly 23, 20162min04
အရင်လက ဇယားလေးကိုပြန်ကြည့်လိုက်ရင် Pronoun (၂)မျိုးတိုးလာတာကို တွေ့ရလိမ့်မယ်။ ပထမတစ်ခုကတော့ Reflexive Pronoun လေးတွေပေါ့။ ဘာကိစ္စမဆို မိမိကိုယ်တိုင်လုပ်နိုင်ရင် အကောင်းဆုံးမဟုတ်လား ။ ဒီတော့ myself, yourself,ourselves, himself စတဲ့ pronounလေးတွေကိုဘဲ သုံရပါတယ်။ ဥပမာ-ချစ်သူခင်ပွန်းအတွက် ကိုယ်ကိုတိုင်ညစာချက်ပေးထားတယ်ဆိုပါစို့- “I cooked dinner myself”ပေါ့။ တချို့များမိဘနဲ့နေတုန်းက တော့ ထမင်းဟင်းချက်ဖို့မပြောနဲ့ မီးဖိုချောင်ဘယ်မှာရှိလည်းတောင်မသိဘူး။ အဲခင်ပွန်းနဲ့လည်းကြရော ကြက်သားဟင်း၊ ဆိတ်သားဟင်း၊ ဝက်သားဟင်း၊ ငါးဟင်း စသည်ဖြင့်ဟင်းမျိုးစုံကိုကိုယ်တိုင်ချက်ရမှ ကိုယ်တိုင်ခူးခတ်ကျွေး ရမှ စိတ်ချမ်းသာတယ်ဆိုဘဲ။ ” I cooked the curry myself. I made the dessert myself. I prepared everything myself” စသည်ဖြင့်ပေါ့လေ။ […]


kaiJuly 22, 20161min022
ဤကမ္ဘာမြေရှိ နိုင်ငံတိုင်း သမိုင်းရှိသည်။ သူရဲကောင်းရှိသည်။ တိုင်းပြည်တည်ထောင်သူ ဖခင်ရှိသည်။ အမျိုး၊ဘာသာ၊သာသနာကွဲပြားခွဲခြားမှုရှိသည်။ ခွဲရေး-တွဲရေးကို ရင်ဆိုင်ကြဖူးသည်။ ဖြေရှင်းကြရဖူးသည်။ အာဇာနည်နေ့ဟူ၍ကား ကမ္ဘာ့နိုင်ငံပေါင်း၁၉၆နိုင်ငံတွင် မြန်မာ၊ အိန္ဒိယ၊ နီပေါ၊ ဗီယက်နမ်နှင့် အစ္စလမ်မစ်နိုင်ငံများပါသော ၂၃ နိုင်ငံ၌သာကျင်းပကြလေသည်။ တကယ်တော့ အာဇာနည်ကို မြန်မာဖွင့်ဆိုပုံနှင့် Martyr အဖြစ်အင်္ဂလိပ်ဘာသာစကားနှင့်ဖွင့်ဆိုခြင်းတွင်လည်းမတူ။ အာဇာနေယျ-အာဇာနည် ဒီပင်္ကရာဘုရားရှင်လက်ထက်တော်က သုမေဓာရှင်ရသေ့ (ဂေါတမမြတ်စွာဘုရားလောင်း) အား ”အာဇာနေယျော=အံ့ဩလောက်အောင် တွေ့ရမြင်ရခဲသူပါတကား”ဟု ဆိုပြီး ဝိုင်းအသိအမှတ်ပြုရာမှ အာဇာနည်စကား စခဲ့သည်။ – (ဓမ္မဘေရီ အရှင်ဝီရိယ) အင်္ဂလိပ်စာအဖွင့်တွင်မူ Martyr : A person who is killed because of their religious or other beliefs. ဟုဖွင့်ပါ၏။ သို့ဆိုသော် […]


စဆရ ႀကီးJuly 15, 20161min011
၂၀၁၅ ရ လပိုင်း ၁၆ ရက်နေ့က နောက်ဆုံးရေးခဲ့တယ်ဆိုတော့ ခုဆို တစ်နှစ်တင်းတင်းပြည့် အမှတ်တရ(ကိုယ့်ဘာသာ) ဖြစ်လိုက်ပါတယ်။ ကျွန်တော်နှင့် စိတ်ဝမ်းကွဲသူများ၊ ကျွန်တော့်အား ကြည့်မရသူများ၊ ကျွန်တော့်အား စမ်းစမ်းတင့်ဖြစ်သူများအားလုံးအား မင်္ဂလာဆောင်ပါ။ တစ်ချို့ကား နေမြဲ၊ တစ်ချို့ကား ခုတစ်လောပြန်သိရသလောက် အရင်လို ငြင်းခုန်ခြင်း အနုပညာမရှိတော့ပဲ ငါ့စကားနွားရများ၊ အရင်လို ကိုယ့်အမြင်၊ အတွေးအခေါ်များကို လွတ်လွတ်လပ်လပ် ချမရေးတတ်တော့ပဲ နောက်ဆုံးမှာ ပျောက်ကွယ်သွားကြသူများ၊ ဘယ်လိုဖြစ်ဖြစ်ပါ။ တစ်ချိန်တုန်းကကို ကျွန်တော်အလွန်သဘောကျပါတယ်။ ကျွန်တော်တိုု့လို စာမရေးတတ်သူများ စာတွေရေးချင်လာအောင်၊ ဘယ်လိုရေးရင်ကောင်းမယ်ဆိုတာကိုပါ သွန်သင်လမ်းပြ အားပေးခဲ့ကြသူများကို လွန်စွာမှ ကျေးဇူးတင်ပါကြောင်း။ ဟုတ်ကဲ့ ကျွန်တော် စမ်းစမ်းတင့်(ရွာပြင်)မှ သတင်း၊ အတင်းများကို စဉ်ဆက်မပြတ် ထုတ်လွှင့်နေပါကြောင်း။ ၂ နှစ်လောက်ရှိပြီထင်ထားရာကနေ ခုမှပြန်ကြည့်မိတော့ တစ်နှစ်လောက်ပဲရှိေသေးတယ်ဆိုတော့ အားမလို […]


ဇီဇီJuly 13, 20161min025
ဂွဇွတ်ရွာမှ စိန်ခေါ်သံ (သို့ ) ချက်တင်တောင်ထိတ်မှ မီးတစ်စ – အပိုင်း (၁) က ဒီမှာဖတ် ဂွဇွတ်ရွာမှ စိန်ခေါ်သံ (သို့ ) ချက်တင်တောင်ထိတ်မှ မီးတစ်စ – အပိုင်း (၁) :mrgreenn:   ~~~~~~~~~~~~~~~~~~ အွန်သိုင်းလောကအတွင်း၌ အရေးတော်ပုံတစ်ခုပေါ်ပေါက်နေသည် ။ နှစ်ပေါင်းများစွာတည်တန့်လာသောရှောင်လင်ဂိုဏ်းအတွင်း သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေလေ၏ ။ အတွင်းရှောင်လင်ဂိုဏ်းနှင့် အပြင်ရှောင်လင်ဂိုဏ်းဟူ၍ဖြစ်သည် ။အတွင်းရှောင်လင်ဂိုဏ်းမှာ အေးချမ်းစွာတရားဓမ္မနှင့်ပျော်မွေ့ချင်လျှက်လောကီကိစ္စများ၌မပါဝင်လို … အပြင်ရှောင်လင်ဂိုဏ်းသည်ကား တိုက်ခိုက်ခြင်း လက်တုန့်ပြန်ခြင်းနှင့် အကြမ်းနည်းသုံး၍ ကာကွယ်ခြင်းတို့ကို မွေ့လျော်လေသည် ။ ထို့ကြောင့် အွန်သိုင်းလောက၏ပကတိအခြေအနေသည်လည်း ပေါက်ကွဲလု ချိန်ကိုက်ဗုံးတစ်လုံးနှယ် စိုးရိမ်စရာကောင်းလှလေသည် ။ ထိုအချိန်တွင် နယ်စားကြီးပေါင်ချိန်ဖြိုးမှ ရှောင်လင်အပြင်ဂိုဏ်းအားခွဲထွက်ခြင်းကို ကန့်ကွက်ခဲ့ရာ အွန်သိုင်းလောကတခွင်တွင် အငြင်းပွားစရာများဖြစ်ပေါ်လာလေတော့၏။ ဤသို့သောအခြေအနေကို နှစ်တစ်ထောင်ကျိန်စာအဖိုးအိုနှင့် […]