ကျောက်ကျိယန်၏ လ ျှို့ဝှက်မှတ်တမ်း စာအုပ်ကို တိန်အင်န်မင်ရင်ပြင် လူသတ်ပွဲ အနှစ်၂ဝ ပြည့် နှစ်ပတ်လည် မတိုင်ခင် ထုတ်ဝေလိုက်သည်။ (၂၀၀၉ခုနှစ်က) နိုင်ငံတော် အကျဉ်းသား စာအုပ်မှ ကောက်နှုတ်တင်ပြချင်တာ ….. တိန်အင်န်မင်ရင်ပြင် ဖြိုခွင်းမှုကို သူဆန့်ကျင်ပြီးနောက် ဖြုတ်ထုတ်သတ် လုပ်ခံရ သော တရုတ်ကူမြူနစ်ပါတီ အထွေထွေအတွင်းရေးမှုး ကျောက်ကျိယန် ကြုံတွေ့ရသည့် နောက်ဆက်တွဲ အကျိုးဆက်များ ….. ….. ကျောင်းသား ဆန်ဒပြပွဲအပေါ် ခိုင်မာစွာ ရပ်တည်ခဲ့တဲ့ ကျနော့်အမြင် နဲ့ အင်အားသုံး ဖြိုခွဲရေး ဆုံးဖြတ်ချက်ကို လက်ခံရန် ငြင်းပယ်ခဲ့လို့ ဘယ်လို အကျိုးဆက် ရရှိမည်၊ ဘယ်လို ပြုမူဆက်ဆံ ခံရလိမ့်မည်ကို သိပြီးသားပါ။ ကိုယ့်အမြင်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားလျင် အဆုံးမှာ ရာထူး အထုတ်ပယ်ခံရဖို့ စိတ်ပိုင်းဆိုင်ရာ […]
