ယခုလမှာ Grammar ကို လက်တွ့အသုံးချပြီး ဝါကျလေးတွေရေးတတ်လာေအောင်လေ့လာကြပါစို့။ ယခင်လက အင်္ဂလိပ်စာ ကောင်းကောင်းရေးတတ်လိုလျှင် ဝါကျ ၄မျိုးရေးတတ်ဖို့လိုအပ်ကြောင်း ဖော်ပြခဲ့ပြီး ပါပြီ။ Simple sentences Compound sentences Complex sentences Compound complex sentences ဖော်ပြပါဝါကျ ၄ခုအနက် အလွယ်ဆုံးလို့ ကျောင်းသူကျောင်းသားအများစု ထင်တတ်တဲ့ Simple sentences ကို အဓိကထားပြီးလေ့လာကြရအောင်၊အရင်လက ပြောခဲ့သလိုပါပဲ Simple sentences ဆိုတာ subject သို့မဟုတ် verb တခုတည်းသာပါတဲ့ဝါကျတွေကို ဆိုလိုပါတယ်။ ဦးစွာပထမလွယ်ကူတဲ့ ဝါကျလေးတွေကိုကြည့်ကြရအောင်။ ဖော်ပြပါ structure ကို အရင် လေ့လာဖို့လိုပါတယ်။ Subject + verb +/- object Subject +subject + verb […]
