နိုဝင်ဘာ ၃ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲအတွက် မြန်မာ-အမေရိကန်တို့မဲပေးကြရမည်။ ဆုံးဖြတ်ပြီးသူ/မဲပေးပြီးသူတို့ရှိပြီးဖြစ်ပါလိမ့်မည်။ မဆုံးဖြတ်ရသေးသူတို့အတွက် အခြေအနေအရပ်ရပ်ကိုခြုံသုံးသပ်နိုင်ရန်နှင့် မိမိရောင်စဥ်ကိုပုံဖေါ်သိနိုင်ရန် မီဒီယာအနေနှင့် မြန်မာဆန်ဆန်အချက်အလက်ထုတ်ပြခြင်းပါ။အမေရိကား၏နိုင်ငံရေးစနစ်တွင် ပါတီကြီး၂ခု ဘယ်-ညာ၊ လစ်ဘရယ်နှင့်ကွန်ဆာဗေးတစ်၊ လွတ်ပြန့်စွဲနှင့်ရှေးရိုးစွဲသာ ထင်ရှားရှိသည်။လစ်ဘရယ်ပါတီမှာ ဆိတ်တံဆိပ် အပြာရောင် ဒီမိုကရက်တစ်ပါတီဖြစ်ပြီး ကွန်ဆာဗေးတစ်ပါတီမှာ ဆင်တံဆိ အနီရောင် ရီပါ့ဗလစ်ကန်ပါတီတည်း။ Are You Liberal or Conservative?ခြုံပြောရလျှင် လစ်ဘရယ်တို့သည် လူနေမှုဘဝ၊လူ့အခွင့်အရေး၊ခွင့်တူညီမျှမှုတို့ကိုထိမ်းကြောင်းညှိနှိုင်းပေးရန် အဖွဲ့အစည်းတရပ်/အစိုးရမှ တာဝန်ယူစေသည်။ နိုင်ငံရေးရောင်စဥ်အရ ဘယ်ဖက်။ကွန်ဆာဗေးတစ်ဟူသည် လူတဦးချင်းကိုတန်ဖိုးထား၍ ဘာသာရေးယုံကြည်ကိုင်စွဲကာ အမေရိကန်မူလတန်ဖိုးယူ၏။ ညာဖက်။၁၇၈၉ခုနှစ် ပြင်သစ်တော်လှန်ရေးကာလတွင် အမျိုးသားညီလာခံ၌ ဘယ်-ညာခွဲထိုင်ကြ၍ နိုင်ငံရေးရောင်စဥ်ဖြာ၌မြင်လွယ်အောင် ဘယ်-ညာဟုပေးထားခြင်းရယ်ပါ။အမေရိကန်ဖြစ်ပြီး သင့်နိုင်ငံရေးရောင်စဥ် ဘယ်သို့ဖြာသည် တိတိကျကျသိလိုလျှင် အောက်ပါအမှတ်ပေးစနစ်နှင့်သွားပါလေ။ ၁)သေဒဏ် L.မပေးသင့်။ R.ရှိသင့်/ပေးသင့် ၂) ကိုယ်ဝန်ဖျက်ချ L.အမျိုးသမီးသည်သူ့ခန္ဓာသူပိုင်၍ သူ့စိတ်ကြိုက်ဆုံးဖြတ်နိုင်သည်။ R.ကိုယ်ဝန်အားမည်သည့်အကြောင်းနှင့်မျှ ဖျက်ချခွင့်မရှိ။ […]
