အင်္ဂလိပ်စာ လေ့လာကြပါစို့ဟု ဆိုလျှင် ခက်ခက်ခဲခဲ၊ နက်နက်နောနော စာပေများကို လေ့လာရမည်ဟုထင်ကြသူ များပါသည်။ Ph.D အဆင့် မဟုတ်တောင်၊ MA အဆင့် မဟုတ်တောင် အနည်းဆုံး BA အဆင့်လောက်ရှိတဲ့စာအုပ်စာပေတွေကို ဖတ်ဖို့လိုသည်ဟု ထင်ကြသူ များပါသည်။ သို့သော် ယခုလတွင် မရှိမဖြစ် စာအုပ်တအုပ်အဖြစ်သတ်မှတ်ခံထားရသော စာအုပ်လေးတအုပ်ကို ဖော်ပြလိုပါသည်။ စာအုပ်လေးရဲ့အမည်ကတော့ All I really need to knowI learned in Kindergarten ။ဒီစာအုပ်လေးဟာ ရေးသားသူ Robert Fulghun ကိုယ်တိုင်ပင် အံ့ဩသွားလောက်အောင် Best Seller ဘဝသို့ရောက်ခဲ့ရသည့် စာအုပ်လေးတအုပ် ဖြစ်ပါသည်။ စာဖတ်သူအားလုံး၊ စာကောင်းပေကောင်းကို မြတ်နိုးသူအားလုံး၏စာအုပ်စင်ပေါ်တွင် ရှိနေသင့်သည့် စာအုပ်လေးတအုပ် ဖြစ်ပါသည်။ Robert Fulghun […]
