Naung Taw LayMarch 12, 20121min06
  “အရှင်ရုပ်ကစိုးနတ်မင်းကြီး ကျွန်တော့်သားလေးရဲ့ အမိုက်အမဲကို ဗွေမယူပါနဲ့ ကျွန်တော့်အိမ်မှာ အိမ်သာမရှိ တဲ့ အတွက် အရှင့်သစ်ပင်ခြေရင်းမှာ မစင်စွန့်မိပါတယ်” ဒီလိုတိုင်တည်ပြီးပြောစရာ အကွက် ကကြုံလာပြီ။ အရှင်လွှတ်တော် အမတ်မင်းများ ကျွန်တော်မျိုးတိို့ရဲ့ ထမင်းမေ့ ဟင်းမေ့ ကိုရီးယား မှိုင်းမိနေတာကို ဗွေမယူ ပါနဲ့ အရှင်တို့ရဲ့ “ မြန်မာ့အသံ၊ မြဝတီ နဲ့ MRTV4 စတာတွေကနေ ကိုရီးယားဇာတ်လမ်းတွဲတွေကို နေ့စဉ်ရက် စက် အပိုင်းအပိုင်း အတစ်တစ်လုပ်ပြီး ပြနေတဲ့အတွက် စမိပြီဆိုတာနဲ့ ဖြတ်မရတော့ပဲ ကြည့်မိပါတယ်။ ရုပ်ကစိုး နတ်မင်းကြီးလိုတော့ “အောင်မာ အောင်မာ” တော့မလုပ်နဲ့။ မြန်မာ့အသံ တို့ မြဝတီတို့ ပြည်တွင်းရုပ် သံလိုင်းတွေကနေ မြန်မာတွေ အတုယူမှားအောင် လုပ်နေတာကို လွှတ်တော်အမတ်မင်းများလည်း သိတယ် တော့လုပ်။  […]


linpin zawMarch 11, 20121min05
မန်းလေး ပြည်ကြီးတံခွန်မြိုနယ် ၆၈လမ်းနှင့်၆၉လမ်းကြား၊ ဝေသာလီလမ်းနှင့် မြိုရိုးလမ်းကြား၊(က)ရပ်ကွက်၊(၀-၈)၊အိမ်အမှတ်(၃၄) တွင် မတ်လ ၁ဝရက်နေ့ည၈နာရီတွင် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့သည်။ အဆိုပါမီးလောင်မှုမှာ မီးအားမြှင့်စက် အပူလွန်ကဲမှုကြောင့် မီးလောင်ခဲ့ခြင်းဖြစ်သည်။၂၅ပေပတ်လည် ထရံကာ၊ပျဉ်ခင်း၊သွပ်မိုး မြေစိုက် တစ်ထပ်လူနေအိမ်အား မီးလောင်ခဲ့ပြီး ငွေကျပ်၂၅၀၀၀ဝဖိုးခန့် ဆုံးရှုံးခဲ့သည်။မီသတ်ကား ၁၃ စီဖြင့် မီးငြှိမ်းနိုင်ခဲ့သည်။


ဆူးMarch 11, 20123min0286
သီတဂူ သုမေဓာ ဆေးရုံကြီး ဖြစ်ပါသည်။ ပန်းတနော် မြို့မှ ကားဖြင့် ဆက်သွားမယ် ဆိုလျှင် နာရီဝက်ခန့် မောင်းနှင်လျှင် ရောက်ရှိမည် ဖြစ်ပါသည်။ ရန်ကုန် မှ ပန်းတနော် ကိုတော့ လမ်းခရီး ကြာချိန် ၂နာရီ မောင်းနှင်လျှင် ရောက်ရှိနိုင်ပြီးတော့ နေ့ချင်းပြန် ခရီးဖြင့် သွားနိုင်ပါသည်။ ယခု လက်ရှိမှာတော့ ဆေးရုံကြီးဟာ ဆောက်လုပ်ရေး လုပ်ငန်းများ အပြီးတိုင်အောင် မပြီးစီးသေးပေမဲ့ လုပ်လက်စ လုပ်ငန်းများ ကို မြို့ခံ မြတောင် ဆရာတော်၏ ကြီးကြပ် ကွပ်ကဲမှုနှင့် ကျောင်းနေ ရဟန်း သံဃာတော်များ ရွာခံ ရွာသားများက လုပ်အားပေး ကူညီနေကြပါတယ်။ အဆောက်အအုံအတွက် ကြီးစွာသော အထောက်အပံ့ကို သီတဂူ ဆရာတော် ဦးဆောင်ပြီး လှူဒါန်းခြင်း ဖြစ်ပါသည်။ […]


linpin zawMarch 10, 20121min07
မတ်(၇)ရက်(တပေါင်းလပြည့်နေ့)တွင်ကျွန်တော်တို့ ရွှေစာရံဘုရားပွဲ သို့ သွားရာ မန်းလေး-ပြင်ဦးလွင်လမ်းမကြီး အုန်းချောကျေးရွာ ရွှေစာရံလမ်းခွဲတွင် နေ့လည်၂နာရီမှ ညအထိ ကားများပိတ်ကျပ်သွား ခဲ့သည်။ထိုနေ့က ဘုရားဖူးများသည် ကား၊ထော်လာဂျီ၊ဆိုင်ကယ်များ နှင့် မေမြို့သိုသွားသော ကားဆိုင်ကယ်များသည် ရွှေစာရံလမ်းခွဲတွင် တစ်စီးကိုတစ်စီး ဦးစားမပေးဘဲ ကျော်တက် ရာမှ တစ်ဖက်နှင့်တစ်ဖက် သွားလာမရတော့ဘဲ ယာဉ်ကြောပိတ်ဆို့မှု အချိန်ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့ရသည်။ယာဉ်ကြောပိတ်ဆို့မှုကြောင့် ဘုရားဖူးများနှင့်ခရီးသွားများထဲမှ သက်ကြီးရွယ်အိုများနှင့်ကလေးများ ကားထဲတွင်ပိတ်မိပြီး ရေငတ်ခြင်း၊မူးဝေခြင်း၊ပူလောင်ခြင်းများ ခံရကာ နီးစပ်ရာကျေးရွာဆေးခန်း များတွင်ဆေးကုသမှုခံယူပြီး မော်တော်ယာဉ် အချင်းချင်းလုမောင်း ရာမှ တိုက်မိခြင်း၊ကားပျက်ခြင်း ကြောင့်ယာဉ်များထပ်ပိတ်ရပြန်သည်။ ပုသိမ်ကြီးရဲ၊ယာဉ်ထိန်းရဲများရှင်းလင်းမှုကြောင့်ညတွင်းချင်း ယာ်ဉ်ကြောများပြန်လည်ပွင့်သွားခဲ့သည်။


ကျောင်းသူ/ကျောင်းသားတွေ အတွက် ဒီမိုကရေစီ အကြောင်း ကို ပုံပြင်လေးနဲ့ ပြောထား တဲ့ The Democracy ဆိုတဲ့ စာအုပ် ကလေးပါ။ ဒီစာအုပ်ကို ရေးသားတဲ့ Dr. Jerry Dean Epps, (Ph. D. in Human Services, M.A. in Sociology, B.A. in education) ဟာ အမေရိကန်မှာ နေထိုင်ပြီး တက္ကသိုလ် ဆရာ လဲ ဖြစ်၊ အတိုင်ပင်ခံပညာရှင် လဲ ဖြစ်ပါတယ်။ သူဟာ အမေရိကန် က 9/11 ဖြစ်ရပ် အပြီးမှာ အဲဒီလို အကြမ်းဖက်မှုမျိုးတွေကို ဘယ်လို ရပ်အောင် လုပ် ရမလဲဆိုတာကို စဉ်းစားရင်း ဒီစာအုပ်ကိုရေး ခဲ့ပါတယ်။ […]


    မင်းဟာ…ကိုယ် ့ဘဝ အတွက် သိပ်ကို…အရေးပါတဲ ့ သူပါ ။ နှုတ်က ဖွင့်ဟပြီး..ခဏခဏ မပြောပေမယ့်…. ငါ့ ရင် ထဲမှာ… အမြဲ..ထာဝရ..သိမ်းဆည်းထားတဲ ့ ခံစားမှုလေး တစ်ခုပါ ။ အခက်အခဲတွေ.. ကြုံတွေ ့လာတဲ ့အခါမှာ သောက ဝန်ထုပ်ကြီးကို….မင်းရဲ ့အကုူအညီတွေ ၊ နားလည်မှုတွေ..၊ ပံ့ပိုးမှုတွေနဲ ့… လျော့ပါး စေခဲ့တာ….။ မင်း…ကိုယ့်ကို…အောင်မြင်စေချင်မှန်း… ကိုယ်…သိပါတယ် ။   ဒါ့ အပြင်….    မင်းရဲ ့ တစ်ကိုယ်ကောင်း မဆန်မှု.. ၊  အားပေးမှုတွေ.က… ကိုယ် အစွမ်းကုန်..ကြိုးစားအောင်.. နှိုးဆော်ပေးခဲ့တယ် ။   ဒီလို ဂရုတစိုက်နဲ ့…ဘဝကို ပုံပြိးတော့..ပေးတာမျိုး.. သူငယ်ချင်းများစွာ..တို ့… […]


Swal Taw YwetMarch 9, 20128min052
ဒီရက်ထဲမှာ ဟိုးတုန်းက ဖတ်ထားခဲ့ဘူးတဲ့ ကဗျာတို စာစလေးတွေ ခဏခဏ ပြန်ပြန် ပေါ်နေတယ်။ ဒီစာစုလေးခေါင်းစဉ်က “ကဗျာဝိုင်း၊ စာဝိုင်းနှင့် ကျနော်” လို့ ထင်နေတယ်။ သတိရနေတဲ့ စာသားလေးတွေက ဒီလို…. “ဤသို့ဖြင့် အမှန်တရားသည် ပုန်းကွယ်ရာမှ ရှေ့သို့ထွက်လာသည်။  အိပ်နေရာမှ နိုးထလာသည်။ နိုးထရာမှ ထင်ရှားလာသည်။ ထင်ရှားရာမှ ပျံတက်လာလေတော့သည်။  ဤကား ဤစကားဝိုင်းလေး၏ အနှစ်သာရပင်တည်း ”   အခုလည်း ဝင်ငွေခွန်ကိစ္စနဲ့ ပတ်သက်ပြီး ကိုကြီးမိုက်နဲ့ ကျနော် ဆွေးနွေးတဲ့နေရာမှာ တခြားသူတွေရဲ့ အတွေ့အကြုံတွေ၊ မတူနိုင်တဲ့ ရှုထောင့်အမြင်တွေ စုပေါင်းပြီး ကောင်းသထက်ကောင်းတဲ့ အဖြေတစ်ခု ရလာစေချင်လို့ ဆရာသစ်မရှိတုန်း ကြားဖြတ် ဆီမီနာလေးအသွင် ဖန်တီးကြည့်ချင်ပါတယ် ဗျို့ …. ဝိုင်းကြပါဦးနော… အစပျိုးပုံလေးက စပါမယ်။ […]


ေရႊညာသားMarch 8, 20121min012
မြန်မာ့ဆက်သွယ်ရေးမန္တလေးက ဝန်ထမ်းတွေငွေလိမ်တောင်းနေပါတယ်ဗျို့   အရင်ပေါ် (၁၅)သိန်းတန် GSM တွေကို ဒီလ (၁ – ၃ – ၂၀၁၂ )နေ့မှာ ငွေဖြည့်ကဒ် စံနစ်ပြောင်းလိုက်တဲ့အတွက် အကုန်အဆင်ပြေပြီဆိုပြီးတော့မှဝမ်းသာနေရာကနေပြီး ဒီနေ့ ဆက်သွယ်ရေးရုံး မန္တလေးက ဝန်ထမ်းတွေကြောင့် ခံစားခဲ့ရတာကို တင်ပေးလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မနေ့က ( ရ – ၃ – ၂၀၁၂ ) နေ့ကြီး လပြည့်နေတောင်မှ Message ဝင်လာပါတယ်။ကြွေးကျန်ရှိနေတဲ့အတွက် ( ၁၆ – ၃ – ၂၀၁၂ )နောက်ဆုံးထားပြီး အကြွေးသွင်းပါရန်ဆိုပြီးမှပါ။ဒီတော့ အဲဒီ့ ဆက်သွယ်ရေး – စောက်ရုံးကိုသွားရပြန်တာပေါ့။ ဒါပေမဲ့ ငွေဖြည့်ကဒ်စံနစ်သုံးမို့ ကြွေးကျန်ပဲဆောင်မယ်ဆိုတာကို ဆက်သွယ်ရေးက ကောင်မ ( သူများမယားငယ်ခံတဲ့ […]


black chawMarch 8, 20127min013
မနေ့က တပေါင်းလပြည့်နေ့။ ရွှေတိဂုံဘုရားကြီး နှစ် ၂၆၀ဝ ပြည့်ပွဲတော်ကြီးရဲ့ နောက်ဆုံးရက်။ နယ်က ညီမတွေက သွားချင်တယ်ဆိုလို့ လပြည့်နေ့ဆို ရွှေတိဂုံဘုရားရှောင်လေ့ရှိတဲ့ ကျွန်တော် ရွှေတိဂုံဘုရားတက်ဖြစ်ခဲ့ပါတယ်။ လူတွေလူတွေ တချို့များ ထမင်းတွေဟင်းတွေ ချက်ယူလာပြီး ဘုရားပေါ်ကျမှ ပျော်ပွဲစားထွက်သလို စားနေကြတာလည်း တွေ့ရဲ့။ လမ်းကို မနည်းလျှောက်ယူရလောက်အောင် လူတွေကများလွန်းပါတယ်။ ထုံးစံအတိုင်း ကင်မရာလေးနဲ့ လက်ဆော့လာခဲ့တယ် ပေါ့ဗျာ။ အဝေးရောက် မြန်မာပြည်ကို လွမ်းနေကြသူတွေ၊ နယ်မှာနေသူတွေအတွက် အလွမ်းပြေ ပေါ့ဗျာ။


black chawMarch 8, 20121min014
မှတ်မှတ်ရရ မတ်လ ၆ ရက် ညပိုင်းက ပါရမီ စိန်ဂေဟာကို ရောက်ပါတယ်။ ထုံးစံအတိုင်း မဒမ်ဘလက်နဲ့ တူတွေ တူမတွေ ရှော့ပင်းထွက်နေတုန်း မြေညီထပ်က စာအုပ်ဆိုင်မှာ စာအုပ်တွေလိုက်မြည်းမိပါတယ်။ ၂၀၁၂ ခုနှစ် မတ်လထုတ် ရနံ့သစ်မဂ္ဂဇင်း ကောက်မြည်းလိုက်မိတဲ့အခါ လက်ကပြန်မချမိတော့ဘဲ ဝယ်ဖြစ်သွားပါတယ်။ စာအုပ်ထဲမှာပါတဲ့ NLD ဦးတင်ဦးကြီးရဲ့ တော်လှန်ရေးအတွေ့အကြုံတွေ၊ ဆရာဆူးငှက် ရဲ့ မန်းတက္ကသိုလ် အကြောင်းရေးထားတဲ့ ဆောင်းပါးရယ်၊ သခင်ဗဟိန်းအကြောင်းရေးထားတဲ့ ဆောင်းပါးရယ်၊ အခုဖေါ်ပြပေးမယ့် ဆရာ ပြည်သွေးနိုင် ရဲ့ ဆောင်းပါးရယ် ဖတ်စရာစုံလင်လွန်းတာကြောင့် ဝယ်ဖြစ်သွားတာပါ။ အောက်ပါဆောင်းပါးကို ရေးခဲ့တဲ့ ဆရာ ပြည်သွေးနိုင် ဟာ အခုလက်ရှိ ရနံ့သစ်မဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ဖြစ်ပါတယ်။ စီးပွားရေးတက္ကသိုလ်ကျောင်းသားဟောင်းတစ်ယောက်ဖြစ်ပြီး မေခ ဆောင်မှာနေပြီး ကျောင်းတက်ခဲ့တာဖြစ်ပါတယ်။ ဆိုတော့ […]


JUDGEMENTMarch 7, 20121min021
မြို့ရွှေမန်းကသတင်းစကား အပိုင်း(၃) လာဘ်စားသော မန္တလေးတိုင်းဝန်ကြီးချုပ်ဦးရဲမြင့်   Judgement အနေနဲ့ပြီးခဲ့တဲ့ ချဲထွက်မဲ့နေ့မှာ  ချဲကိုတရားဝင်လုပ်ကိုင်ခွင့်ရနေတဲ့ ဒိုင်တွေအကြောင်းကို Mandalay Gazette မှာဖွင့်ချခဲ့ပေမဲ့ ဘယ်ရဲမှဖမ်းတာမတွေ့ရပဲနဲ့ အကုန်လုံးဘယ်သူမှအဖမ်းခံရတယ်မကြားမိပါဘူး။ ဒါဟာ သက်ဆိုင်ရာ တိုင်းဝန်ကြီးချုပ် ဦးရဲမြင့်လာဘ်စားတယ်ဆိုတာဟာ တနိုင်ငံလုံးသိ အောင်ကြေညာလိုက်တာပါပဲ။ဘာကြောင့်လဲဆိုတော့ မြို့တော်ဝန် ဦးဖုန်းဇော်ဟန် လာဘ်စားတာကိုလည်း ပိုပြီးတော့မှ လာဘ်ယူလို့ကောင်းတဲ့ ဘဏ္ဍာရေးဝန်ကြီးနေရာကိုပို့ လိုက်ပါတယ်။ဦးရဲမြင့် ဘယ်လောက်ရတယ်ဆိုတာ သူပဲသိပါလိမ့်မယ်။ အဲဒီ့နေက ချဲဒိုင်တွေစာရင်းနဲ့ အမှတ်(၆)စခန်းမှူး နဲ့အဖွဲ့ လာဘ်ယူတဲ့ ဓါတ်ပုံ ၊ အမှတ်(၈) စခန်းမှူးနဲ့ အဖွဲ့ လာဘ်ယူတဲ့ပုံတွေကို တင်ပြပေးခဲ့တဲ့အပြင် သက်ဆိုင်ရာ ရဲမှူးကြီး ရဲ့ လာဘ်ယူပုံကိုဝန်ကြီးချုပ်ဦးရဲမြင့်ဆီကိုတရားဝင် စာပို့ တင်ပြပေးခဲ့ပါတယ်။အရေးလဲမယူခဲ့ပါဘူး။ ဒါကြောင့် ဦးရဲမြင့်အနေနဲ့ လာမဲ့ ရွေးကောက်ပွဲမှာ ပြုတ်ဖို့သေချာနေပါပြီ။ NLD နဲ့ပြိုင်တဲ့ရွေးကောက်ပွဲဆိုရင်တော့ […]


black chawMarch 7, 20122min051
ဟုတ်ကဲ့ ဘလက်ချောပြောနေပါတယ်ခင်ဗျာ။ အော်တီးတိုင်းရောက်နေပြီလား…။ အခုချက်ခြင်း လဖက်ရည်ချိုပေါ့ကျလေး စီစဉ်ပေးလိုက်ပါ့မယ်။ ကောင်းပါပြီခင်ဗျာ။ အားပေးတာ ကျေးဇူးပါ။ သာဓုခေါ်စရာ သတင်းလေးနဲ့ စလိုက်ရအောင် ကျောင်းဒကာ။ မနောအလှ ဂီတည ရန်ပုံငွေ ဖျော်ဖြေပွဲမှ ရရှိတဲ့ ငွေကျပ်သိန်း ၆၅ဝ ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာရှိတဲ့ ကယ်ဆယ်ရေးစခန်းဆယ်ခုမှာ အဆိုတော် အယ်လ်ခွန်းရီ၊ ကေဂျာနူးတို့ ဦးဆောင်တဲ့ သရုပ်ဆောင်အဆိုတော်များက မတ်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့ တွေမှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ပါတယ် လို့ ပေါ်ပြူလာဂျာနယ်မှာ ဖေါ်ပြလာပါတယ်ခင်ဗျာ။ ကြည်နူးစရာသတင်းလေးအတွက် သာဓုခေါ်ပါ ကျောင်းဒကာ။ သာဓု သာဓု သာဓု ပါ ဒေါ်အယ်လ်ခွန်းရီနဲ့ မနောအလှ ဂီတည အဖွဲ့သားများ ခင်ဗျား။ သူတို့တတွေ ရဲ့ […]


alinsettMarch 7, 20121min07
(ကိုယ့် အကြောင်း….) ဘာအကြောင်းမှ မရှိပါဘဲ……… ကြယ်တွေ ကြွေကျ လို ့ ကာရန်မဲ့ လိပ်ပြာတွေလည်း….. တဝုန်းဝုန်း လဲပြိုကျရင်း……သေ အဲဒီနေ ့ဟာ ဘီလူးလို လူရဲ ့သွေးကို ဖောက်ပစ်တဲ့နေ့ပါ။ ။ (ညင်သာ ရက်စက်စွာ…..ပေါ့) ဘာရယ်လို့ မဟုတ်ပါဘဲ…… မနက်ဖြန်တွေ ဟာ…ခလုပ်တိုက် ကုန်ပြီ။ ဘာရယ်လို့ မဟုတ်ပါဘဲ……….. ပင်လယ် တစ်စင်း…မီး ထ လောင်တယ်။ ဘာရယ်လို ့…………………….. ထားပါတော့……………………. ငါ့ နှလုံးသား ထဲက ထွက်လာတဲ့ ဘီလုူးရစ်သမ် ကို တိတ်ဆိတ်စေဖို့ ဆိုရင် မင်းရဲ့ မျက်ရည် အစစ်… တစ်စက်လောက် တော့………လိုပါတယ်။ အလင်းဆက် __________________________________ (အလွမ်းတေး…..) ကျပျောက်ခဲ့ဖူးတဲ့ စာရွက်ဖြူလေးပါ…… ….. ပြန်တွေ […]