padonmarMarch 26, 20121min063
ပုဂံမြို့ ဗူးဘုရားအနီး ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ ဓမ္မောတဿ ဆိုတဲ့ ဆေးခန်းလေး တစ်ခု ၂၀၁၁၁ ဩဂုတ်လ ကစပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ဆေးခန်လေးကို ဦးစီးသူကတော့ Road To Mandalay (ပုဂံညောင်ဦးနဲ့ မန္တလေး ပြေးတဲ့ Shuttle Ship)က ဒေါက်တာ လှထွန်း (1986 batch IM 1) ပါ။ဒေသခံဆရာဝန် ၂ ယောက်လည်း အားဖြည့်ထားပါတယ်။ လူနာတွေကို ဒီဆေးခန်းမှာ ကုသမှုခံယူရင် ကိုယ်နိုင်သလောက် ဆေးဖိုးပေးသွားနိုင်တဲ့သူလည်းပေး၊မပေးနိုင်ကြတဲ့ သူတွေကိုတော့ အခမဲ့ကုပေး ဆိုတဲ့ စနစ်နဲ့ကုပေးပါတယ်။ အများစုကတော့ အခမဲ့ပေါ့။ရွာနီးချုပ်စပ်တွေကပါ လာကုကြပါတယ်။ ပခုက္ကူ၊စလင်းဖက်တွေကတောင် ဧရာဝတီမြစ်ကို လှေနဲ့ ကူးပြီးလာကုကြပါတယ်။ ဆေးခန်း တစ်ပတ်ကို သောကြာ၊စနေ၊တနင်္ဂနွေ ၃ရက်ဖွင့်ပြီးကုပေးနေပါတယ်။လူနာဦးရေ တိုးတိုးလာတာ အခုဆို တစ်နေ့ကို လူနာ […]


alinsettMarch 25, 20121min010
* သူငယ်ချင်းေ၇… မင်းရဲ ့လက်တွေနဲ ့ ဖန်ဆင်းတဲ့.. ပျိုးခင်း လှလှတွေ.. ဘယ်သူ ဆွဲ နှုတ်နေခဲ့သလဲ.. ? * မင်းတို ့ ငါတို ့ရဲ့ မျက်ရည်ကို ညှစ် ထုတ်နေတဲ့ လက်တွေ….။ * ချွေး စက်တွေ..နဲ ့ ပျိုးတဲ့…စိုက်ခင်းတွေကိုတောင်… အပိုင်..စိုး…လို ့.. ငါတို ့ပဲ…. ငိုရတယ် ။ * အဲဒီနောက်… ငါတို ့ပဲ..ငိုကြွေး.ရတယ်။ * သူငယ်ချင်းရေ… ကြောက်ရွ ံ့သူတွေရဲ ့နယ်မြေထဲ..ကို… အလိုကြီးသူတို့ ….စီး..တတ်တယ် ။ * သူငယ်ချင်းလေးရေ…. အစ အန မကျန်အောာင်.. မရှင်းလင်းနိုင်သေးသ၍တော့ ငါတို ့…..”.မှောင် ” …နေရဦးမယ် ။ […]


မိုခ်ိဳMarch 25, 20121min026
ဂေဇတ်မှာ  မိုချို    ဓါတ်ပုံ အပါဝင် ပိုစ့် ၃ပုဒ် အောင် အောင်မြင်မြင် တင်ခဲ့ ပြီး ပါပြီ။ ကိုယ့်ကို ကိုယ် မန်းဂေဇတ်ရဲ့ ရွာသူအသစ် မှ ရွာသူအစစ် ဖြစ်သွားပြီဟု မှတ်ယူလို်က်ပါပြီ။  ရွာသူ မိုချို မှ သဂျီးသို့ ကတိ ၃ ခု ပေးပါမည်။ ကတိ(၁) – မိုချို   forward mail များနှင့် တခြား site  များမှ ပိုစ့်များကို လင့်ခ် ပေး၍ ကော်ပီ ကူးတင်ခြင်း  လုံးဝ လုပ်မည်မဟုတ်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အီး မေးကို တလနေလို့ တခါမဖွင့်ဖြစ်ခြင်း၊  facebook  account ရှိသော်လည်း မည်သူတဦးတယောက် […]


black chawMarch 21, 20123min060
စိတ်ကို ကိုက်မယ့် ခြင် ကိုယ်တို့နှစ်ယောက်ရဲ့အချစ် လန်းဆန်းမှုရှိရင် အမုန်းများဝေးသွား ရင်ခုန်သံတွေရယ် နှလုံးသားတေးသစ် ကြားလားဟေ့ချစ်သူ မဆုံးတဲ့တေးသွား ဆိုနေမယ်ချစ်သီချင်းလေး… ချစ်သူလေး.. ကိုငှက်နဲ့ အောင်ရင်တို့ ကျားကျားခြင်းစုံတွဲဆိုခဲ့တဲ့ မဆုံးတဲ့သီချင်း ဆိုတဲ့ သီချင်းထဲက စာသားအချို့ပါ ကျောင်းဒကာ။ မျက်စိနောက်နေကြမှာစိုးလို့ ဝေ့မနေတော့ပါဘူး။ အဲဒီသီချင်းကိုရေးတဲ့လူက ကိုငှက်ရဲ့ သူငယ်ချင်း ကိုကြွက်နီပါ။ အဲဒီ ကိုကြွက်နီက ကိုငှက်တို့ ကျောင်းသားဘဝမှာ ဒရမ်မာတဲ့ နော်ဟေ့လူ ဘာမှတ်နေလဲ။ ထူးဆန်းတာက ရှားရှားပါးပါး ထူးအိမ်သင် သူငယ်ချင်းဖြစ်ပါလျက်နဲ့ ဒီသီချင်းတစ်ပုဒ်ထဲ ရေးပြီး ကျေနပ်နေတတ်ခဲ့သူပါ။ နောက်တော့ စာပေလောကထဲ ခြေစုံပစ်ဝင်ပြီး ဂျာနယ်အယ်ဒီတာဘဝ၊ မဂ္ဂဇင်းစာရေးဆရာဘဝနဲ့ အခုအချိန်ထိဖြတ်သန်းနေပါတယ်ဗျာ။ စာပေလောကထဲမှာကျတော့ သူ့ကလောင်နာမည်က သိမ်းတင်သားတဲ့။ ပုဆိုးတိုတို၊ ရှပ်အင်္ကျ ီ လက်တို၊ ဘေးမှာလွယ်အိတ်တစ်လုံးလွယ်ပြီး မုတ်ဆိတ်မွှေးဗရဗျစ်နဲ့ […]


လိုင်းကားပေါ်မှာ..ကြုံတွေ ့ရသော အတွေ ့အကြုံ.တချို ့ကို..ရင်ထဲကနေ ချပြချင်နေတာ ကြာပါပြီ။ သို ့ပေမယ် ့အကြောင်း အမျိုးမျိုးတို ့ကြောင့် စာမျက်နာပေါ် ရောက်မလာခဲ့ပါဘူး။ အခုတော့..တကယ့်ကို မနေနိုင်တော့လို ့.. (ရင် ထဲမှာပေါ့သွားအောင် .) ရေးလိုက်မိပြီ ။ မောင်နှင့် အစ်မ ၊ သားနဲ ့အမိ ၊ နှမချင်း..မစာနာနိုင်သော…လူတချို့မှာ.. ကျွန်တော် အလုပ့်သွား..အလုပ်ပြန်.. စီးနေသော.( DYNA ) ကားပေါ်မှာ .ကြုံခဲ့ရသော..( ဇာတ်လမ်းမဟုတ်ပါ ) အဖြစ်အပျက်ပါ ။ ကျွန်တော်နှင့်..ကားမှတ်တိုင်မှ အတူ တက်သော..လူသုံးယောက်နှင့်.. အမျိုးသမီးငယ်.တစ်ယောက်.. ပထမတော့ လမ်းခရီး အတူသွား..မို ့.. သတိမထားမိပါဘူး။ သတိထားလိုက်မိသော အချိန်မှာ.. ထိုသုံးယောက်ထဲ..မှ… ဂျင်းဘောင်းဘီ…ဝတ်ထားသော..လူက ထိုမိန်းကလေး၏နောက် သို့ […]


ကိုယ် ့ဘဝထဲ…ကို… ဘယ်တော့ မှ…ဝင်မလာဖို ့… တားမြစ် ပိတ်ပင် လိုက်မိတယ် ။ “” ဖြတ်သန်းသွားလာခွင့် မပြု.. “” လို ့ ဆိုင်းဘုတ်..တင်ထားမိရဲ ့ ။ ကိုယ်ဟာ..သတိရခြင်းတွေ. ပါဝင်နေခဲ့မိတယ် ။. (ရှက်ဖို ့ကောင်းလေစွ ) ထားပါဦးတော့….။ ကိုယ်ဟာ အရမ်း ဝမ်းနည်းတဲ ့အခါ ဖြစ်ဖြစ်… ၊ အရမ်း ဝမ်းသာတဲ ့အခါမျိုးပဲ..ဖြစ်ဖြစ်.. မင်းကို သတိရတတ်တာ… အဆန်းတကြယ်တော့…မဟုတ်တန်ကောင်းဘူး …သူငယ်ချင်း ရယ်……။ ကိုယ်တစ်ခု ဆုတောင်းမိတာက….. ကိုယ်တို ့ရဲ ့ မြန်မာ နှစ်သစ်ကူး ပွဲတော်လေးကို.. မင်း..တက်ရောက် နိုင်ပါစေ..လို ့.. ဆုတောင်းလိုက်တယ်လေ….။ ကိုယ်တို ့ရဲ ့ပွဲတော်လေးကို… နှစ်ယောက်သား […]


padonmarMarch 19, 20121min079
မနေ့က မုံရွာကမိတ်ဆွေတစ်ယောက် ရန်ကုန်ကိုအလုပ်ကိစ္စနဲ့လာရင်း ကျွန်မဆီကို လက်ဆောင်ပေးအလည်ရောက်လာပါတယ်။ အလုပ်အကိုင်တွေ အဆင်ပြေရဲ့လားလို့နှုတ်ခွန်းဆက်တော့ ဆရာမရေ အခုထိတော့ ဖုတ်လှိုက်ဖုတ်လှိုက်ပါဘဲ၊ မကြာခင်တော့ လုံးပါးပါးပြီး ရပ်တော့ မယ်ထင်ပါရဲ့လို့ပြောလာပါတယ်။ မိတ်ဆွေက မုံရွာမှာ ဂွမ်းဖတ်စက်နဲ့ မုံရွာစောင်ယက္ကန်းလုပ်ငန်းလုပ်တာပါ။ အထည်ချုပ် စက်ရုံတွေ အလုပ်ကောင်းစဉ်က ကုန်ကြမ်းဖြစ်တဲ့ ဖြတ်စညှပ်စတွေကလည်း ဈေးပေါပေါနဲ့ များများဝယ်လို့ရ၊ မြန်မာပြည်ထဲကလည်း ကျေးလက်တွေမှာ ဒီမုံရွာစောင်တွေအသုံးများ၊ အိနိ္ဒယ ဘက်ကိုတောင် ပို့ခဲ့ရပါတယ်။ အခုတော့ အထည်ချုပ်စက်ရုံအရေအတွက် လျော့သလို ကုန်ကြမ်းကလည်းလျော့လာ တယ်။ ရှားပါးတော့ ဈေးကလည်းပိုပေးရပါတယ်။ လေးပြီးကြမ်းတဲ့ မုံရွာချည်စောင်တွေနေရာမှာ ပေါ့ပြီးလှပတဲ့ တရုတ်စောင်၊ကိုရီးယားစောင် ဆိုတာတွေက အစားထိုးလာပါတယ်။ ဈေးချင်းကလည်း သိပ်မကွာတော့ ပြည်တွင်းရော အိန္ဒိယကိုပါ မထိုးဖောက်နိုင်တော့ပါဘူး။ စားသုံးသူတွေကိုလည်း ပြည်တွင်းဖြစ်ကိုအားပေးပါလို့ ဇွတ်ကြီးပြောလို့မရနိုင်ပါဘူး။ ဟိုအရင် အင်္ဂလိပ်ခေတ်က ဆရာကြီးသိန်းဖေမြင့်တောင်မှ […]


alinsettMarch 18, 20121min017
ကျွန်တော်…ချစ်သော…အမေ… ကျွန်တော့် ဘဝမှာ… အမေ နှစ်ယောက် .ရှိပါသည် ။ ပထမ အမေသည်..ကျွန်တော့်ကို မွေးဖွါးသန့်စင်ပေးခဲ့သော…မွေးမေမေ ဖြစ်သည်။ မေမေ့ကို ကျွန်တော်..ချစ်သည် ။ ကိုးကွယ်..သည် ။ မေမေသည်… ကျွန်တော့် ဘဝ ဖြစ်သည် ။ အဲသည်..မေမေ အပြင်..နောက်ထပ် အမေတစ်ယောက် ထပ်..ရှိလာပါသည် ။ ဒုတိယ…အမေ…။ သို ့သော်…..ထိုမေမေသည်….ကျွန်တော် တစ်ဦးတည်း ၏ အမေ မဟုတ်ပါ ။ ကျွန်တော်တို ့တိုင်းပြည်..လက်ရှိ မျိုးဆက်….လူငယ်များ..အားလုံး၏ အမေ လည်း..ဖြစ်ပါသည် ။ ထိုအမေ..ကို အမေစု…ဟု ခေါ် ရုံဖြင့်….တစ်ကမ္ဘာလုံးမှ..သိကြပါသည် ။ အမေ့ ဂုဏ်သတင်း.၊ အမေ့…တည်ကြည်မှု..၊ အမေ့ ငြိမ်း ချမ်းရေးနှင့် …အမေ့ ဇွဲ သတ္တိ…တို ့ကို…အားလုံးက […]


alinsettMarch 16, 20122min020
၁ ။ ပါးစပ်သေနက် မိန်းမတို့ရဲ့ မွေးရာပါလက်နက်ပါပဲ — သမီးရည်းစား ဘဝမှာ သိပ်မသုံးတက်ကြဘူး ။ အိမ်ထောင်ရှင်ဖြစ်မှ ထုပ်သုံးကြ တာ — တစ်အိမ်လုံးကိုစက်သေနက်နဲ့ မွှေသလို မွှေတက်ကြတာ ။ အိပ်ရင်တောင် ကျည်ထိုးမောင်းတင်ပြီးမှ အိပ်တက် ကြတာ ။ တစ်ရေးနိုး ထပစ်ရင်တောင် ပစ်တက်ကြတာ ။ ( သိပ်ကြောက်စရာကောင်းတာနော် ) ၂။ မျက်စောင်း အဲဒီ မျက်စောင်းက အမျိုးမျိုးရှိတယ် ။ မူကွဲတွေပေါ့ အချစ်မျက်စောင်း ၊ အမုန်းမျက်စောင်း ၊ ရောစွပ်မျက်စောင်း ၊ —- (ရောစွပ်မျက်စောင်း ဆိုတာအရေးကြီးတယ် — ဘာသာပြန်မှန်ဖို့လိုတယ် ။ ချစ်သလိုလို မုန်းသလိုလို ဘာကြီးမှန်းကို မသိတဲ့ မျက်စောင်းမျိုးလေ – […]


linpin zawMarch 15, 20123min012
မန်းလေးမြို၁၉လမ်း(နန်းရှေ့လမ်း)အဆုံးမှာရှိတဲ့ ရန်ကင်းတောင်ရဲ့ အရှေ့ဘက်တည့်တည့်မှာရှိတဲ့  ရှင်သူငယ်တောင်ပေါ်မှာတည်ထားပါတယ်။ အဲ့ဒီတောင်ကတော့ ရေထွက်ကျေးရွာအုပ်စုဘက်မှာရှိပါတယ်။ထိုဘုရားကို သွားရောက်ဖူးမျှော်ချင် ရင် ရန်ကင်းတောင်နားက လူတွေကိုမေးမြန်းသွားနိုင်ပါတယ်။ ဒါကတော့ ရေထွက်ကျေးရွာ အဝင်လမ်းဖြစ်ပါတယ်။ ဒါကတော့ ဘုရားအဝင် မုခ်ဦးဖြစ်ပါတယ်။ လှေကားမှတက်ရပါတယ်။ အပေါ်ဆုံးမရောက်ခင် ဒုတိယအဆင့်မှာ ရှိတဲ့ ပုံစံငယ်ပါ။ အပေါ်မှမြင်ရသော လှေကားမြင်ကွင်းပါ။ တွေ့နေရတာကတော့ ရန်ကင်းတောင်တောင်ရိုးကြီးပါ။ အပေါ်ဆုံးမှ ကျိုက်ထီးရိုးပုံတူစေတီတော် ကြည်နူးစရာမြင်ကွင်းပါ။ မိတ်ဆွေတို့…                               ပျော်ရွှင်ကြည်နူးစရာနေရာလေးကို ရောက်ဖူးအောင်သွားလိုက်ကြပါ။


မြန်မာပြည်မှာ ဝန်ထမ်းတွေအတွက် ရှားပါးစရိတ်နဲ့ နေ့တွက်လုပ်ခတွေ တိုးပေးနေပြီတဲ့..။ ကျုပ်တို့ရွာသူားတွေကိုရော သဂျီးဘယ်လို လုပ်ပေးမှာလဲ။ သဂျီးမှာပဲ ပါးစပ်ပေါက်ရှိတာမဟုတ်.. ကျုပ်တို့မှာလည်း ရှိတယ်။ သဂျီးစားတတ်ဝါးတတ်သလို ကျုပ်တို့လည်းစားတတ် ဝါးတတ်တယ်၊ စားချင်ဝါးချင်တယ်..။ သဂျီးနောက်ဆုံးပေါ် ဇိမ်ခံကားစီးသလို ကျုပ်တို့လည်း ချယ်ရီဝက်ဂွန်လောက်တော့ အနည်းဆုံး စီးချင်တာပေါ့။ ဂေဇက်ရွာထောင်ပြီး ၂နှစ်လောက်အတွင်း သဂျီးသာ တိုက်ဆောက်ကားစီး ပုံစံပြောင်းသွားတယ်.. ရွာသူသားတွေမှာ ဒုံရင်းက ဒုံရင်းပဲ..။ သူ့လက်ဝေခံ လက်တဆုပ်စာ (အင်္ဂလိပ်လိုတော့ crony) လောက်ပဲ သိန်းနဲ့ချီရသွား ကျိကျိတက် ချမ်းသာသွားဂျတယ်။ ကျုပ်တို့ ခေါင်းပေါ်နင်းတက်သွားဂျတယ်။ ဘာလုပ်ပေးပါလို့ ပြောနေစရာ မလိုဘူး… သဂျီးဘက်က သိတတ်ရင် သိတတ်၊ နို့မို့လို့ကတော့.. မီးဒုတ် မီးဒုတ် ရှို့ရှို့….သဂျီးအီးတချက်ပေါက်ရင် ရွာမီးဟုန်းဟုန်းတောက်စေရမယ်..။ 👿


black chawMarch 14, 20122min052
စီယာတိုင်မပါတဲ့ ကားလေး မောင်းနှင်ခြင်း ကြိုပြောထားမယ်နော်၊ ကျွန်တော် သောကြာသားမဟုတ်ပါဘူး။ ဟေးဟေး စကားကြော ရှည်နေရင် နည်းနည်းတော့ ခွင့်လွှတ်။ ဇွန်စီ ကြော်ငြာထဲက ခိုင်သင်းကြည် ပစ်ပြသွားတဲ့ တင်လေးနဲ့ စလိုက်ရအောင်ဗျို့။ ပြောမယ့်သာပြောရတာ၊ အဲဒီ ဇွန်စီ ကြော်ငြာမှာ ပစ်ပြသွားတဲ့ ခိုင်သင်းကြည် တင်လေးတွေကို ပြန်မြင်ယောင်ကြည့်လိုက်စမ်းပါ ကျောင်းဒကာ။ (ဆရာမကြီးတို့ အစ်မ ပဒုမ္မာတို့ ရွာသူတွေ ကန်တော့ပါဗျာ) အို လိမ္မော်သီးလေးလို ဇွန်စီ ဟာ တကယ်ကိုကောင်း… ဆိုပြီး တင်လေးကို ပစ်ပစ် ပြသွားတာလေ။ ဘယ်လိုမှ လင်စိတ်သားစိတ်မပေါက်စေတဲ့ ဆွဲဆောင်မှု မရှိသော (တစ်နည်း ဆက်ဆီ မဖြစ်သော) တင်ပစ်မှုကြီး တစ်ခုလို့သာ ခေါင်းစဉ်တတ်လိုက်ချင်တော့တယ်ဗျာ။ ကျွန်တော်တော့ အဲဒီတုန်းက ကြည့်ခဲ့တုန်းကလည်း လင်စိတ်သားစိတ်မပေါ်ခဲ့တာ အမှန်ပါ။ […]


alinsettMarch 13, 20121min05
အသံတစ်ခု ကျယ်ကျယ်လောင်လောင် ရွေ ့လျားသွားသည် ။ မကြောက်ပါနဲ ့ ။ “” တိတ်ဆိတ်ခြင်းသည်….ဒဏ်ရာ အနာတရ”‘ ဖြစ်စေခဲ့ပြီပဲ…။ အသံသည်….စိတ္တဇ ဆန်သော တေးသွားတစ်ခုထက် ပို၍ နက်ရှိုင်းသည် ။ သို ့သော်……မကြောက်ပါနဲ ့။ “”အသံမဲ ့ခြင်းထက် ဘယ်အရာကမှ ကြောက်စရာ..ပိုမကောင်းခဲ့ပါ ။”” ထို ့ကြောင့်…..မကြောက်ပါနဲ ့ ။ ထပ် ….မှာကြားပါရစေ..။ လုံးဝ မကြောက်ပါနဲ ့ ။ __________________________________ တိမ်တိုက် မည်းညစ်ညစ်များ…..လေထဲတွင် ပျံသန်းနေကြသည် ။ ညနေခင်းသည် တစ်စုံတစ်ရာပေါင်းများ..စွာ….ဖြစ်ပျက်သွားရာ…ညနေခင်းဖြစ်သည် ။ ထို ့ကြောင့်……. အားလုံးလည်း..အံ့ဩနေခဲ့သည် ။ မကြာခင် အလင်းတန်းများ….. ဖြာ..ကျ လာမလား …။ အမှောင်ထုက လွှမ်းအုပ်သွားမလား…… […]