Kaung Myat HtutApril 15, 20121min03
                အစည်းအဝေးမှတ်တမ်းတင်ဖို့အတွက် software တွေအများကြီးရှိပါတယ်။ အခမဲ့ရနိုင်တဲ့ software၊ web-based၊ စသည့်ဖြင့်ပုံစံမျိုးစုံရှိပါတယ်။ ရှိတဲ့အထဲမှာမှ အများကြီးလေ့လာကြည့်တဲ့အခါမှာ အကောင်းဆုံးက Microsoft OneNote ဖြစ်ကြောင်းတွေ့ခဲ့ရပါတယ်။ ထိပ်ဆုံး software ငါးခုထဲမှာမှ Microsoft OneNote ဟာစစ်တမ်းအရ ၄၅% ကကြိုက်နှစ်သက်ကြောင်းမဲပေးခဲ့ကြသည်။ ၎င်းဟာအစည်းအဝေးမှတ်တမ်းယူတာထက်ပိုပြီး များစွာလုပ်ဆောင်နိုင်ပါတယ်။ Desktop version ဆိုရင်တော့ Windows တစ်မျိုးတည်းမှာပဲအသုံးပြုနိုင်ပါတယ်။ အဓိကအားသာချက်ကတော့ လူတိုင်းနီးပါးက Microsoft Office တွေကိုသုံးနေကျဖြစ်လို့ ရင်းနှီးမှုရနေတာကြောင့်ဖြစ်ပါတယ်။ ဒုတိယနေရာမှာရှိနေတာက Web app ဖြစ်တဲ့ Minutes.io ဖြစ်ပြီး ၂၃% ကကြိုက်နှစ်သက်ပါတယ်။ တတိယနေရာက LessMeeting ကတော့ အခမဲ့ရနိုင်ပြီး ၁၂% […]


Kaung Myat HtutApril 13, 20122min05
လမ်းသွားရင်း သင့် smartphone နဲ့စာရိုက်ရတာ အလွန်ခက်ခဲပါတယ်။ Keyboard ကိုလည်းထိအောင် ရိုက်ရသလို အရှေ့မှာလည်း ဝင်မတိုက်မိအောင် ကြိုးစားလျှောက်ရပါတယ်။ ဒါကြောင့် Camera ရဲ့အကူအညီနဲ့ Transparent screen အဖြစ်ပြောင်းလဲပြီး စာတွေရိုက်မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ သုံးစွဲပုံကလည်း Application ဖွင့်လိုက်ပြီး Transparent level လိုသလိုချိန်ပြီး အသုံးပြုနိုင်ပါတယ်။ ဒီလို App တွေဟာ battery သုံးစွဲမှုများတာကြောင့် အမြဲတမ်းဖွင့်ပြီးသုံးလို့ အဆင်မပြေပါဘူး။ ကောင်းတာတစ်ခုက ဒီ app ကို https://market.android.com/details?id=botweb.transparent.screen မှတဆင့် အခမဲ့ ရနိုင်ပါတယ်။


alinsettApril 13, 20121min01
* ငါ့ရှင်တို ့က ဘာလဲ.. ငါက ဘာလဲ.. နာမည်တွေ မြေကြီးပေါ် ပစ်ချပြီး.. လှလှပပ ပြိုင်ရဲပါတယ် ။ တစ်နေ့တော့..တွေ ့ကြမယ် ။ * နှစ် ဖက် သွား..ဓါးတစ်လက်လို.. ပြိုးပြက် ဝင်းဖိတ်.. သူည ဂူမှာလည်း..ငါ..မှေးအိပ်ခဲ့ပြီးပြီ ။ * အိမ်အပြန်လမ်း.. အမေနဲ ့တွေ ့မှ နမ်းမယ့်.. ငြ်ိမ်းချမ်း နှင်းဆီ.. ငါ့ရင် ဘက်မှာ.. သွေးတစ်စက်လို..နီ နေတယ် ။ * ချစ်သူ ကလေးရေ… မြို ့တံခါးကို ဖွင့်.. မီးအ်မ်တို ့နဲ ့အတူကြိုပါ… လရောင်စက်တဝေဝေနဲ ့.. သင့်ရဲ ့နွေရာသီ မြင်းစီး ခရီးသည်.. ဓူဝံ ထက်မြင့်တဲ ့ကြယ်ကို […]


Kaung Myat HtutApril 13, 20121min00
Microsoft OneNote ဟာမှတ်စုတွေမှတ်ထားဖို့အတွက် အသင့်တော်ဆုံး bullet များ၊ checkbox များ၊ ပုံများ၊ to-do list များစသည့်ဖြင့် စုံစုံလင်လင်သုံးနိုင်တဲ့ software တစ်ခုဖြစ်ပါတယ်။ iPhone မှာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက အသုံးပြုနိုင်ပေမယ့် Android အပေါ်မှာတော့ အခုမှစသုံးနိုင်မှာဖြစ်ပါတယ်။ ၎င်းဟာ Microsoft ရဲ့ online storage ဖြစ်တဲ့ SkyDrive နဲ့လည်း တွဲသုံးနိုင်ပါတယ်။ ထို့ကြောင့် ဘယ်နေရာရောက်ရောက် အင်တာနက်ရှိနေရင် ဖုန်းနဲ့သာမက မည်သည့် device နဲ့မဆို မှတ်စုတွေကို ဖွင့်ကြည့်နိုင်ပါတယ်။ အခမဲ့သုံးမယ်ဆိုရင်တော့ မှတ်စုပေါင်း ၅၀ဝ အထိပဲရပါတယ်။ သုံးချင်ရင်တော့ Windows Live ID ရှိဖို့တော့ လိုအပ်ပါတယ်။ စမ်းသုံးမယ်ဆိုရင်တော့ https://market.android.com/details?id=com.microsoft.office.onenote မှတဆင့်ရနိုင်ပါတယ်။


Kaung Myat HtutApril 13, 20125min09
Gmail ဟာ သူတစ်ခုတည်းဆိုရင် အစွမ်းမထက်ပါဘူး။ Gmail lab ပါပါမှ စွမ်းဆောင်ရည်ပြည့်ပြည့်သုံးနိုင်မှာပါ။ Gmail lab setting ကို Settings အောက်မှာတွေ့နိုင်ပါတယ်။ Theme အသုံးပြုထားတာတွေ၊ HTML view နဲ့ကြည့်နေတာတွေအပေါ်မူတည်ပြီး Lab ကိုရှာဖွေနိုင်ပုံ ကွဲပြားနိုင်ပါတယ်။ 10. Undo Send နာရီဝက်၊ တစ်နာရီလောက်ကြာအောင် စာတွေစီ၊ စာတွေရိုက်၊ အမှားတွေပြင် ပြီးတော့ send ဆိုပြီးပို့လိုက်တော့မှ လိပ်စာမှားနေတာတွေ၊ Subject မှားနေတာတွေဆိုရင် အခက်အခဲ ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီအခက်အခဲကို ဖြေရှင်းဖို့ Undo Send ဆိုတဲ့ feature ကို enable လုပ်ထားနိုင်ပါတယ်။ setting အပေါ်မူတည်ပြီး 5, 10, 20, 30 စက္ကန့်စသည်ဖြင့် […]


ကထူးဆန္းApril 12, 20122min028
ပြောရရင်တော့ လူပျင်း အလုပ်လုပ်တာပါ။ အသေးစိတ် မေးပေးမယ် စိတ်ထဲတို့ထားပေမဲ့ အချိန်မပေး မလုပ်ဖြစ်ခဲ့ပါဘူး။ သူကြီး တစ်ခါက ရန်ကုန်က ကျောင်းတွေ အကြောင်း သိချင်တယ် ။ ပြန်လာမဲ့ သူတွေ ၊နိုင်ငံခြားသားလေးတွေ အတွက် ဘယ်ကျောင်းဘယ်လိုထားမလဲ ဆိုတာ တင်ပေးနိုင်ရင်ကောင်းမယ်လို့ အကြံပေးခဲ့ဘူးပါသည်။ နိုင်ငံခြားမှ ဆိုတော့ ကွန်နက်ရှင်လည်း ကောင်းသည်မို့ ရှာ၍ ရသော ကျွန်တော် သိသော ကျောင်းများ၏ web address များသာ ရှာ၍တင်ပေးလိုက်ပါသည်။ ၁. International School Yangon အမေရိကန် စံနစ်လို့ သိရပါသည် ။ ကျွန်တော် သိသလောက် မြန်မာနိုင်ငံမှာ ဈေးအကြီးဆုံး ကျောင်းပါ။ တစ်ချိန်က ပိုက်ဆံရှိတာတောင် မြန်မာများ ဝင်ခွင့်ရရန် မလွယ်ခဲ့ပါဘူး။ အခုတော့ […]


ေရႊညာသားApril 12, 20121min015
မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီနဲ့ ရေပေးဝေရေးဋ္ဌာနတို့ရဲ့ယုတ်မာတဲ့လုပ်ရပ် ဒီနေ့ဟာမြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူးအတာသင်္ကြန်ရက်မြတ် ( အကြိုနေ့)ပါ။ ဒါပေမဲ့ သင်္ကြန်မှာရေပတ်ဖို့နေနေသာသာ ရွှေညာသားတို့မှာရေတောင်မှ သုံးစရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွှေညာသားတို့ကိုရေဖြတ်ထားတာ မတ်လ (၁၀) ရက်နေ့ထဲကပါ။ သူများတွေပြောသလို ရွေးကောက်ပွဲကြောင့်များလားလို့ထင်မိပေမဲ့ မီးပျက်တော့ ရေလာတဲ့အချိန် မီးမလာ / မီးလာတော့ရေပျက်နဲ့ လုံးလည်လိုက်နေတာပါ။ ဒါပေမဲ့လုံးဝမလာတော့တာကတော့ မတ်လ (၁၅)ရက်လောက်ကစပြီး ရေလုံးဝမပေးတော့ပါဘူး။ ရေမီတာရုံးကို သွားမေးတော့လည်း စည်ပင်သာယာနဲ့ပဲဆိုင်တယ်ဆိုလို့ဖုန်းဆက် တော့လည်း  ဘာမှတိတိကျကျမပြောပါဘူး။သူတို့ပြောတော့ စောက်ဒီမိုကရေစီရပြီဆို။   ပြည်သူ့အခွင့်အရေးဆိုတာဘယ်မှလဲ။ ရေမလာတာတောင်ဘယ်ပြောရမှန်းမသိဘူး။ဘော်လီဘောပုတ်နေကြတာ။   ထူးဆန်းတာတစ်ခုက ရေမီတာစစ်တဲ့ သူလာပြီးရင် /ရေခွန်ဆောင်ပြီးရင် ရေပျက်တော့တာပဲ။ အခုပျက်နေတာကတော့ ၇ရ – လမ်း ၊ ၃၁ – ၃၂ ကြားက တိုက်တန်းတွေအကုန်လုံးပါပဲ။ ပြီးတော့ ၃၁ […]


မြှောက်ပေးဒါဒေါ့ဟုတ်ဖူး.. 1saleaday.com မှာ ပြည်တွင်းကရွာသူားများအတွက် deal ကောင်းကောင်းလေး တခုတွေ့မိလို့ပါ။ တလောတုန်းက သဂျီး ရွာအတွက် နှစ်သစ်ကူး လက်ဆောင်ပေးဖို့ ဆမ်ဆောင်းလက်ကိုင်ဖုန်း ဝယ်တယ်သတင်း ကြားတယ်။ ၃ကျပ်တန်ဖုန်းကို unlock လုပ်လိုက်တာ သယ်ခနဲ့ဆို သုံးလေးဆယ် ကျတယ်ဆိုဘဲ…။ ဆင်ဖိုးထက် ချွန်းဖိုးကြီးနေတယ်ဗျို့..။ အခု ဖုန်းဆက်လေးက အဲဒီဟာထက် အပုံကြီးသာတယ်။ ဈေးလည်းသင့်တယ်၊ အားလုံးအပြီးအစီး ၄၅ဒေါ်လာ ပလပ်စ် သယ်ခ ၁ဝ – ၂ဝ ဒေါ်လာ ပဲရှိတယ်။ သဂျီးအတွက် မထောင်းတာပါဘူး။ သောကြာညတိုင်း ခုနှစ်လွှာချွတ်ပွဲသွားကြည့်တာရဲ့ အပုံတရာပုံတပုံတောင် မရှိပါ။ ရွာသားများ သဂျီးကို တောင်းဆိုချင်ရင် အချိန်မှီနိုင်အောင်လို့ အချိန်expire (နယူးယောက်စံတော်ချိန် ည ၁၂နာရီဆို ပိတ်ပြီ) မဖြစ်ခင် အသိပေးပါတယ်။ အခု […]


မြန်မာ့သမိုင်းပါမောက္ခကြီး ဒေါက်တာသန်းထွန်းက မအအောင် သမိုင်းသင်ကြရမယ် လို့ ပြောထားဖူးလေတော့ကာ အားလုံးကို ကျနော်ကြိုပြီး ဝန်ခံထားချင်တာတွေရှိပါတယ်။ ကျနော်ဟာ တော်တော်ကြီးကို အ.ပြီး တော်တော်ကြီးကိုညံ့တဲ့ လူအ.လူညံ့လေး တစ်ယောက်ပါဗျာ။ ဆယ်တန်းမှာ သချင်္ာ ၉၅ မှတ်ရအောင်ဖြေနိုင်ခဲ့ပေမယ့် သမိုင်းအဖြေလွှာမှာ ၁၅ မှတ်ဖိုးလောက် ပါသွားဖို့ အတော်ဖြစ်ညှစ်ရေးခဲ့ရလောက်အောင် ညံ့လှ၊ အ.လှ ပါတယ်။ ကိုစံလှကြီး ရေးနေတဲ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ အကြောင်းရုပ်ပုံလွှာ ပို့စ်တွေကိုလည်း ရှေးရှေး တခေတ်ဆီက ဘုရင်တပါးအကြောင်းရယ်သာပဲလို့ (ကျနော့အနေနဲ့) ဟိုးငယ်ငယ် မောင်ရှင်လောင်းလှည့်တုန်းက ရွှေထီးဆောင်းခဲ့တဲ့ အဖြစ်လောက်တောင် ပြန်အောက်မေ့စရာမထင်ခဲ့တော့ ဖွင့်မဖတ်မိတဲ့အကြောင်း ထပ်ပြီး ဝန်ခံပါအုံးမယ်။ ဘဖောကြီးရေးတဲ့ စဉ်းစားကြစေလိုပါတယ်(၁၈) ကိုဖတ်မိတော့မှပဲ ဟာ.ဟင်ဆိုပြီး ရွာထဲမှာခေါင်းစားနေကြတဲ့အကြောင်းသိပြီး ဦးအောင်ဇေယျကိုရော၊ လူမျိုးကြီးဝါဒ မြန်မာပြည်ကိုပါ ပြန်လှန်လှောကြည့်မိပါတော့တယ်။ အဲဒီကမှ […]


kaiApril 11, 20121min034
လူမျိုးရေးနဲ့မြန်မာပြည် တိုးသွားလိုက် ကျယ်လာလိုက်ဖြင့့် မြန်မာလူမျိုးရေးအကြောင်းဆွေးနွေးကြ တိုက်တွန်းကြသည်ကို ကြားတွေ့နေရသည်။ ။ ၂၁ရာစုတွင် လူမျိုးရေးပဋိပက္ခတို့သည် ငြိမ်းချမ်းခြင်းနှင့် တိုးတက်သောနိုင်ငံတော်ဖြစ်တည်ခြင်းအတွက် ကြီးစွာသော အဟန်ု့အတားတို့ဖြစ်သည်ကိုကား သိသာနေကြမည်ထင်ပါသည်။ ယခုခေတ်တွင် မြန်မာတို့ကမ္ဘာအနှံ ့ဖြန့်ကျက်နေထိုင်နေကြကာ မြန်မာပြည်ဥပဒေပြုလွှတ်တော်တို့တွင် နိုင်ငံတကာအတွေ့အကြုံရင့်ကျက်သူ ကမ္ဘာတန်းအဆင့်ခေါင်းဆောင်ရောက်နေချိန်ဖြစ်သဖြင့် တိုင်းရင်းသား(၁၃၅)မျိုးနေထိုင်ပါသည်ဆိုသော ပြည်ထောင်စုအတွက် လူမျိုးရေးကို ကိုင်တွယ်ဖြေရှင်းရန်အသင့်လျှော်ဆုံးအချိန်ဟု ဆိုချင်သည်။ မြန်မာတို့ဘာတွေဖြစ်ခဲ့သည် ဖြစ်ဖူးသည်တို့ကို လှမ်းကြည့်လျှင် ရှေ့ဆက်၍ဘာလုပ်သင့်ကြသည်ကို ထင်ရှား မြင်သာပါလိမ့်မည်။ ကုလားမြန်မာအဓိကရုဏ်း ပုဂံခေတ်၏ ဆေးရေးပန်းချီများတွင် မှောင်သောအရောင်၊ ပြူးသောမျက်လုံး၊ ဖြူသောအရေ။ မှေးသောမျက်ဝန်းတို့နှင့် လူပုံများလည်း တွေ့ရပေသည်။ အာသံကိုမြန်မာတို့သိမ်းခဲ့သည်။ စစ်တကောင်း၊မဏိပူရလည်း ရဖူးပါသည်။ ထိုထိုဒေသမှ လူသားတို့ မြန်မာပြည်တွင်းဆီ ဥဒဟိုဝင်ထွက်သွားလာဖူးကြပါလိမ့်မည်။ သွေးနှောအမျိုးရောကြပါလိမ့်မည်။ သူတို့သည် မြန်မာ့ဘိုးဘေးတို့ဖြစ်ကြပါလေ၏။ ၁၉-၂ဝရာစုတွင် အိနိ္ဒယတောင်ပိုင်းသား ချစ်တီးတို့လည်း မြန်မာ့မြေတွင်သွေးရောနေထိုင်ကာ လူမျိုးသွေးနှောအခြေချခဲ့ဖူးသည်။ […]


Swal Taw YwetApril 9, 20123min03
သဝဏ်လွှာ (၃၉) by May Aye Oo on Wednesday, March 14, 2012 at 8:43am · “သနားခြင်းဟူသည်မှာ အလွယ်ကူဆုံး အလုပ်တစ်ခုဖြစ်ပြီး တာဝန်ယုူခြင်းဟူသည်ကား အလွန်ခက်ခဲသော အလုပ်တစ်ခုဖြစ်သည်။” ~ ဘဝအိပ်မက် ပန်းအိပ်မက် / မစန္ဒာ ~   History / Preparation period for the — ယဉ်ကျေးလိမ္မာသင်တန်း ၄၂/၂၀၁၂ အခမဲ့ဆေးခန်း နှင့် အင်္ဂလိပ်စာသင်တန်း ၂၄ – ၂ရ မတ်လ၊ ၂၀၁၂ လယ်ပြင်တောရကျောင်း၊ အင်းလေးမြိုင်ရပ်ကွက်၊ မြိတ်တောင်ကျေးရွာ၊ မြိတ်မြို့နယ်၊ တနသာင်္ရီတိုင်းဒေသကြီး။   ၂၀၁၁ အကုန်၊ ၂၀၁၂ အဆန်းလောက်က ကျမ […]


black chawApril 9, 20121min047
ဒီပို့စ် တင်ကာနီး ဆရာမကြီး TTNU ရဲ့ အရက်ကို ကြိုက်လို့ သောက်တဲ့သူ ဆိုတဲ့ ပို့စ်လေးကို အရင်ဖတ်ဖြစ်တယ်ဆိုတာ ဝန်ခံပါရစေ။ သို့သော်လည်း ပျော်စေချင်တဲ့ စိတ်လေး တစ်ခုတည်းနဲ့ အရက်သောက်တဲ့ ပို့စ်လေးကို တင်ဖြစ်ခဲ့ပါတယ်။ ဆရာမကြီး ခွင့်လွှတ်ပေးပါလို့ တပည့် ဘလက်ချောက အနူးအညွတ်တောင်းပန်ပါတယ် ခင်ဗျာ။ ပြီးခဲ့တဲ့ စနေနေ့က ဖြစ်ပါတယ်။ မွန်းလွဲ ၃ နာရီခန့်မှာ ကိုကြီးမိုက် ဖုန်းဆက်လာပါတယ်။ သူတို့ အဖွဲ့အနေနဲ့ ရန်ကင်းစင်တာ နားက NICE မှာ ရောက်နေကြပါပြီတဲ့။ ကျွန်တော်ကလည်း ဒါမျိးဆို သွားချင်တဲ့ စိတ်က ထိန်းမရသိမ်းမရ။ လေဒီဘလက်နဲ့ ညှိနှိုင်းပြီး ခွင့်ပြုချက်ရသည်နှင့် ဇောင်းထဲမှ လွှတ်လိုက်သည့် မြင်းလို ရန်ကင်းစင်တာနားက NICE သို့ အပြင်းချီတက်ခဲ့ပါသည်။ […]


black chawApril 6, 20121min09
မနက်ဖြန် ဧပြီလ ရ ရက်နေ့ဆိုရင် အမေ လူထုဒေါ်အမာ ကွယ်လွန်တာ၄ နှစ်တင်းတင်း ပြည့်တဲ့နေ့ပါ။ ဧပြီလ ၁ ရက် ရွေးကောက်ပွဲမှာ မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အောင်ပွဲခံသွားတဲ့ ပုံရိပ်တွေကိုကြည့်ရင်း အမေ့ကို သတိရနေမိပါတယ်။ အခုလို ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ အောင်ပွဲခံနေတာတွေကို အမေ မြင်မသွားရရှာပါဘူး။ အမေလူထုဒေါ်အမာ ကွယ်လွန်တဲ့ ၄ နှစ်ပြည့် အမှတ်တရ အလွမ်းစကားလေးတွေ ရေးကြရအောင်ဗျာ။ အမေလူထု ဒေါ်အမာ ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီထက်ပိုရေးချင်ပေမယ့် ဒီလောက်ပဲ ရေးနိုင်တာကို ခွင့်လွှတ်ပေးကြပါ။ အမေ လူထုဒေါ်အမာကို ကျွန်တော်တို့ ရွာသူားတွေ လွမ်းဆွတ်ခြင်း အမှတ်တရ အနေနဲ့ ကွန်းမန့်လေးတွေ ရေးပေးကြပါလို့ လေးလေးစားစား တောင်းဆိုပါရစေ ခင်ဗျာ။