kaiMay 22, 20181min00
သမိုင်းမှတ်တမ်းမြေအုတ်ကျောက်အုတ်တို့ သက်သေရှိသည့် ပျူတို့မြို့ပြခေတ် အေဒီ၄ရာစုမှစတွက်သော် သက်တမ်း၁၆၀ဝနှစ်ကျော်ရှိသည့် မြန်မာ့မြေနေလူဦးရေသည် ယခုနှစ်တွင် ၅၃သန်းမျှရှိနေပြီဖြစ်ပါသည်။ လွန်ခဲ့သောနှစ်၁၀၀ဝခန့်က ပထမမြန်မာနိုင်ငံတော်တွင် ပေါင်းလူဦးရေ ၁သိန်း(သာ)ရှိခဲ့သည်ဆိုငြားအံ့။ အလွန်အပြစ်ကင်းကင်း သက်တမ်းပြည့်နေ မွေးဖွားတိုးတက်နှုန်းနှင့်ဆိုပါလျှင်) ကမ္ဘာ့လူဦးရေတိုးနှုန်းပျမ်းမျှ ၁.၂ နှင့် ဖေါ်မြူလာတွင်းထည့်တွက်ကြည့်လျှင် ယခုရာစုနှစ်ဦးတွင်လူသန်း၁၅ဝထက်မနည်းရှိနေရပါလိ့မ်မည်။ သို့ဆိုပါသော် ရှိရမည့်ထဲ လူသန်းပေါင်းများစွာ ဘယ်ဆီလေလွင့် ရောက်ကုန်ပါသနည်း။ “ဂိမာန် ဝဿန် ဟေမာန်” မြန်မာပြည်တွင် နွေ၊မိုး၊ဆောင်း ရာသီ၃ပါးရှိကာ အီကွေတာနှင့်နီးသဖြင့် နွေတွင် ခြစ်ခြစ်တောက်ပူပြင်းသည်။ နွေခေါင်ခေါင်တွင်ခရမ်းလွန်အန္တရာယ်ရှိစကေး(Ultraviolet index 11+) ဖြင့် ဖြာကျနေသော နေရောင်ခြည်သည် သက်ရှိဆဲလ်များကိုလောင်မီးကျသွားလောက်သည်။ မိုင်၁၂၀ဝ ပင်လယ်ကမ်းနှင့်ဆက်စပ်ပင်လယ်ပြင်ကြီးရှိငြား ဖမ်းလာသမျှ သားငါးတို့နေ့မကူးနိုင်၊ ပုပ်သိုးရိကျကုန်သည်။ လူသားတို့စွမ်းအားဖြင့် တည်ဆောက်ထားသော ပစ္စည်းဟူသမျှ နေရောင်အောက်တွင်ကျွတ်ရွပျော်ကျ၍ သက်တမ်းတိုစေသည်။ ထို့အတူ မိုးရာသီ၏မုတ်သုန်မိုးကြီးသည် သွန်ချသလိုရွာကာ ရှိသမျှပျိုးပင်ပျိုးပေါက် […]


kaiApril 29, 20181min05
နိုင်ငံရေးစနစ်မျိုးစုံ၊ တိုင်းရင်းသားစုံခဲ့သော မြန်မာပြည် ကိုယ့်လှေကိုယ်ထိုးရင်း သွားခဲ့ကြသည်မှာ နှစ်၇ဝကျော်ပြီ။ တိုးတက်ခြင်းနှင့် ငြိမ်းချမ်းခြင်းမှာ တနေ့တလံနှင့်ပုဂံဘယ်မရွေ့နေပါငြားပြောင်းပြန်ကြီးလျှောက်မိရက်သားနှင့်ဝေးသထက်ဝေးသွားပုံရလေသည်။ ဘာနိုင်ငံရေးစနစ်နှင့်အုပ်ချုပ်ချုပ်၊ ဘယ်ခေါင်းဆောင်မျိုးတက်တက် ဆွဲစေ့ကာညီညာ စည်းရုံးနိုင်မည့်ပုံမပေါ်သေး။ သို့ဆိုသော် ရှေးရိုးရာနှင့်ယဉ်ကျေးမှုတို့ကို စိစစ်ဝေဖန်ကာ သစ်လွင်ခေတ်မှီအောင်လုပ်သောတော်လှန်ရေးတခုလိုပြီလားဟူ၍ … ပြတိုက်ဝင်ဥပဒေများ မြန်မာ့ဥပဒေအများစုတို့သည် အင်္ဂလိပ်၏ကိုလိုနီခေတ်မှဥပဒေများဖြစ်ကြသည်။ အင်္ဂလိပ်ပြည်မှတိုက်ရိုက်ကော်ပီများပင်မဟုတ်၊ အိနိ္ဒယပြည်နယ်ကိုလိုနီအမှုတွဲနှင့်ရခဲ့ကာ မူလကျောရိုးအခိုင်အခန့်လည်းမရှိခဲ့။ ခေတ်နှင့်မလျှော်ညီ ထင်သည်များကို တတ်နိုင်သလောက်ဖာထေးပြုပြင်ခဲ့သော်လည်း စစ်အာဏာရှင်ကြီးများ၏တဦးတည်းသဘောနှင့်ဥပဒေကဲ့သို့အာဏာတည်သောအမိန့်များထုံမွှန်းလွန်းရသည်။ အထင်ရှားဆုံးဥပမာပြုရလျှင် ဦးနေဝင်း၏ ၁၉၈၂ခုနှစ်နိုင်ငံသားဥပဒေဖြစ်ပါသည်။ ဥပဒေပါ အမြင့်ဆုံးဒဏ်ကြေးများပင်ကျပ်ငွေထောင်ဂဏန်းနှင့် ယခုခေတ်အတွက်ရယ်စရာပါ။ ပြည်သူတင်မြှောက်ထားသော အစိုးရသည်တရားဥပဒေစိုးမိုးရေးချည်းလှိမ့်အော်နေ၍ကားမရ၊ စိုးမိုးရမည့်ဥပဒေသည် နေ့စဉ်အသစ်ထွက်နေသည့် လူ့အသုံးအဆောင်၊ ယာဉ်ယန္ဒယား၊ လူမျိုးသစ်၊ နိုင်ငံသစ်၊ နိုင်ငံရေးစနစ်၊သိပ္ပံ၊ ဝိဇ္ဇာ၊ နည်းပညာ၊ မျိုးရိုးဗီဇ၊ သဘာဝဂေဟ စသည်အားလုံးနှင့် သဟဇာတရှိရန် ပြင်ဆင်နေဖို့လည်းလိုပါသည်။ ယခုအမေရိကပြည်တွင်ပင်လျှင် ဖေ့စ်ဘုတ် စီအီးအိုမတ်ခ်ဇက်ကာဘတ်ကို ဥပဒေပြုသူများက ကွန်ဂရက်၊ […]


kaiMarch 29, 20181min02
မစ္ဆရိယခေါ်သံ J Calling ဥပါယ်တံမျဉ်နှင့် မုဒြာရဲ့ခေါ်သံရုပ်ရှင်ကား၂ကားတင်ပြီးနောက်ဝယ် မြန်မာလူထုအတွက် စိတ်ဓာတ်ရေးရာနှင့်အတွေးအခေါ်ကိုယ်ကျင့်တရားပိုင်း၏ညွှန်ဆရာတဆူဖြစ်သော ရုပ်ရှင်နယ်ပယ်၏အခြေအနေတို့ ပွင့်ပေါက်ထွက်လာသည်။ မတ်လ ၂၃ရက်နေ့က ကျင်းပပြီးစီးခဲ့သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပြီး ရွာသား/မြို့သားသမုတ်သံများ၊ အပြန်အလှန်စာများ၊ ရုပ်သံများ၊ လျှို့ဝှက်အုပ်စုဖွဲ့ပြောစာများ အားလုံးခြုံငုံသုံးသပ်ကာ လူအများစုကောက်ချက်ချမိကြသည်ကား ဆိုင်ရာပညာရပ်နယ်ပယ်တွင်ရှိသောသူတချို့ ဣဿာမစ္ဆရိယစိတ်များနေကြသည်ဟူ၍ဖြစ်၏။ တကယ့်အခြေအနေကိုကြည့်ပါ။ ရုပ်ရှင်နယ်ပယ်တွင်အသုံးပြုသည့် ကင်မရာ၊ ဖလင်၊ အသံဖမ်း မီးထိုးစက်ပစ္စည်းများမှသည် ယုတ်စွ အလင်းအမှောင်မီးလုံး။ မိတ်ကပ်သုံးပစ္စည်းများအထိ ပြည်တွင်းဖြစ်မရှိ။ နိုင်ငံခြားမှ မှာယူရပါသည်။ အဆိုပါနိုင်ငံခြားဟူသည် ဆိုင်ရာပစ္စည်များကို ရမ်းသမ်းထုတ်လုပ်ထားခြင်းမဟုတ်။ ဆိုင်ရာနယ်ပယ်တွင်ကျွမ်းကျင်သူများက အကြိမ်ကြိမ်အခါခါစမ်းသပ် ဈေးကွက်တင် အောင်မြင်ပြီးမှ စီးပွားဖြစ်ထုတ်ရောင်းကြခြင်းဖြစ်သည်။ ဟောလိဝုဒ်၊ ဘောလိဝုဒ်တို့တွင် ရုပ်ရှင်တခုဖြစ်လာရန်အတွက် ဝတ္တု၊ဇတ်ညွှန်း၊တည်းဖြတ်၊ထုတ်လုပ်၊ရုံတင်၊ဖြန့်ဝေ သာမကငွေကြေးရင်းနှီးမြုတ်နှံမှုအပိုင်းတွင်ပင် လုပ်ထုံး၊ဥပဒေများနှင့် စနစ်တကျရှိသည်။ ရုပ်ရှင်လောကတွင်ထိုထိုထုံးများကို နတ်သိကြားပေးထားခြင်းဖြင့် မိုးပေါ်မှရခဲ့သည်လည်းမဟုတ်ပါလေ။ ရုပ်ရှင်ပေါ်စ ၁၈၉၅ မှစ၍အဆင့်ဆင့်တိုးတက်ပြောင်းလဲပြင်ယူလာခဲ့သည်ဖြစ်ပါ၏။ ထိုအတွေ့အကြုံတို့မှ […]


kaiMarch 9, 20182min019
➜ U.S. တွင်ကျင်းပခဲ့သော တိုင်းရင်းသားယဉ်ကျေးမှုပွဲတော်များ။ ➜SCBCA နှစ်သစ်ကူးညစာစားပွဲသတင်း။ ➜U.S တွင်ကျင်းပခဲ့သော ထမနဲပွဲများသတင်း။ ✔မောင်စွမ်းရည်ရဲ့ လူထုဦးလှ၊ ဟံသာဝတီဦးဝင်းတင်နှင့်ခြင်္သေ့တကောင်ဆောင်းပါး။ ✔မောင်မိုးညိုရဲ့အရေးပေါ်ဆေးကုသရခဲ့သော် ဆောင်းပါး။ ✔Henry Kao ရဲ့ ပုံဆောင်တဲ့ဇလုံတောင် ခရီးသွားဆောင်းပါး။ ✔တိမ်မည်းရဲ့ Drone ဘာလဲ ဆောင်းပါး။ ✔တေးသံရှင် မဒီနှင့် အမေးအဖြေ။ ✔မတ်လအလှပန်းMillennie Chen ✔မသန္တာအောင်(ဆေးပညာဘွဲ့)ရဲ့ အန္တရာယ်ကြီးလေးဘက်နာရောဂါ။ ✔✔လစဉ်ဖော်ပြနေက ျ ဆရာမျိုးကျေ်မြင့်ရဲ့ အင်္ဂလိပ်စာသင်င်္ခန်းစာဆောင်းပါး။ ကဗျာ။ ကာတွန်း။ ဗေဒင်။ အစားအသောက်ကဏ္ဍများကို သုတရသစုံလင်စွာ ဓာတ်ပုံဝေဝေဆာဆာဖြင့် ၂၀၁၈၊ မတ်လထုတ် မြန်မာ့ဂဇက် ထွက်နေပါပြီ။     Download https://l.facebook.com/l.php?u=http%3A%2F%2Fmyanmargazette.net%2Ffiles%2FMyanmar%2520Gazette_111%2520Mar%25202018.pdf


kaiMarch 2, 20181min04
အမေရိကပြည်ထောင်စုသည် ကမ္ဘာတွင် စစ်အင်အားအကြီးဆုံး စူပါပါဝါနိုင်ငံဖြစ်သည်။ အစိုးရတွင်မဆိုထားနှင့် သန်း၃၂ဝလူထုအတွင်း၌ပင် သေနတ်အလက်ပေါင်းသန်း၃၀ဝကျော်ကိုင်ဆောင်ထားကြသည်ဟု စစ်တမ်းများကပြဆိုပေရာ အမေရိကန်တို့သည်သေနတ်လက်နက်နှင့်ရင်းနှီးကျွမ်းဝင်ဆုံးများဟုဆိုလျှင်လည်းမှားမည်မဟုတ်ပေ။ နိုင်ငံတည်ထောင်သူဖခင်ကြီးများသည် လူတိုင်းသေနတ်လက်နက်ကိုင်ဆောင်ခွင့်ကို အခြေခံဥပဒေထဲထည့်၍ အကာအကွယ်ပေးထားခဲ့သည်။ Amendment II – A well regulated Militia, being necessary to the security of a free State, the right of the people to keep and bear Arms, shall not be infringed. ရည်ရွယ်ရင်းမှာသေနတ်နှင့်အမဲလိုက်စားကြရန်မဟုတ်။ လက်နက်နှင်ဗိုလ်ကျစိုးမိုးလာမည့် အစိုးရနှင့်စစ်တပ်ကို ပြန်လည်ခုခံရန်ဖြစ်သည်ဟုဆိုပါသည်။ သို့ဆိုသော် အမေရိကားသည် လက်နက်ကြောင့် ကမ္ဘာ့အင်အားအကြီးဆုံးဖြစ်လာခဲ့သလို လက်နက်ကြောင့်ပင် အပြစ်မဲ့လူအသေရဆုံးနိုင်ငံလည်းဖြစ်ပါသည်။ တမိနစ် ၁တောင့်မှသည် […]


kaiFebruary 16, 20181min012
ဖေဖော်ဝါရီ ၂၁၀၈ ထုတ် မြန်မာ့ဂဇက် ထွက်နေပါပြီ..။ တိမ်မည်းရဲ့.. Bitcoin ဘာလဲ၊ဘယ်လဲ။ ဒုတိယမြန်မာ-အမေရိကန်မျိုးဆက်.. Myint ရဲ့ ခေတ်စမ်းလုလင် မောင်လူပေရေးတဲ့.. ချိုင်းနိစ်နှစ်သစ် ၂၀၁၈၊ ခွေးနှစ်အကြောင်း ဟောစာ..ပြောစာ ဖေဖော်ဝါရီအလှပန်းအဖြစ်.. မြန်မာပြည်က.. MieMie Ko မသန္တာအောင်(ဆေးပညာဘွဲ့) ရဲ့.. ပင်ပန်းခြင်းရောဂါများ ဂျေမောင်မောင်နဲ့..သူအမေရိကားရောက်တုံးအင်တာဗျူး ကေဇီရဲ့.. နှပ်ပြီးစားမည် ပီအိုင်ဂျီ မောင်စွမ်းရည်ရဲ့.. ရွှေမန်းသားစာရေးဆရာကြီး မြမျိုးလွင် ဖေဖော်ဝါရီလအတွက်.. ဗေဒင်..။ အမေရိကားက.. အာမခံအကြောင်းတွေ..၊ ဓာတ်ပုံအက်ဆေးတွေနဲ့.. မြန်မာ့ဂဇက်..ထွက်နေပါပြီ..။ မြန်မာစတိုးဆိုင်တွေမှာရယူပါ။


kaiJanuary 30, 20181min01
#MeToo မီတူး-အမေရိကား အမေရိကပြည်မှာ မယ်စကြဝဠာအဖွဲ့ကြီးရဲ့ ပိုင်ရှင်ဟောင်းမစ္စတာထရမ့်တက် သမ္မတဖြစ်လာကထဲက အမေရိကန်မိန်းမထုကြီးကိုပုတ်နှိုးလိုက်သလိုဖြစ်ခဲ့ပါတယ်။ မနှစ်ဇန်နဝါရီလကထရမ့်ရဲ့ သမ္မတအဖြစ်ကျမ်းကျိန်တဲ့နေ့တင်တနိုင်ငံလုံးမှာအမျိးသမီးထုကြီးချီတက်ဆန္ဒပြတဲ့လှုပ်ရှားမှုကြီးဖြစ်ပါတယ်။ ဝါရှင်တန်မြို့တော်မှာ လူ၅သိန်းလောက်ထွက်လာကြပြီးအဲဒီလူထုကို အသံပြတ်ပြတ် နဲ့ ဟောပြောခဲ့တဲ့ မင်းသမီး အက်ရှ်လီဂျပ်ဒ်ရဲ့ “Nasty Woman” မိန့်ခွန်း ကိုသတိရမိကြမှာပါ။ အဲဒီအရှိန်ဟာ တနိုင်ငံလုံးက အမျိုးသမီးထုဆီတမွေ့မွေ့ကူးစက်သွားပြီး ဟောလိဝုဒ်က မင်းသမီးတွေကို လုပ်ပိုင်ခွင့်ကိုင်လို့ ထိုင်စားနေတဲ့ ဟာဗီဝိုင်းစတိန်း ရဲ့အပြုအမူကို လူသိရှင်ကြားဝေဖန်ရှုံ့ချ တရားစွဲတာကတဆင့် တနိုင်ငံလုံးကိုပေါက်ထွက်ခဲ့ပါတယ်။ အောက်တိုဘာလ ၂၀၁ရမှာ Me Too Movement (#MeToo) နဲ့ လေဒီတွေလှုပ်ရှားလာတာတွေ့ရမှာပါ။ နိုင်ငံရဲ့အာဏာပါဝါအရှိဆုံးကြီးတွေဖြစ်တဲ့ ဆီနိတ်တာတွေ၊ တရားသူကြီးတွေအထိ ပေါက်ခဲ့ပြီး ပြုတ်သူပြုတ်၊ထွက်သူထွက်နဲ့ အခုသမ္မတထရမ့် အိမ်ဖြူရောက်တနှစ်လည်တဲ့အချိန်မတော့ အမေရိကန်အမျိုးသမီးတွေ နိုင်ငံအနှံ့ ထပ်မံဆန္ဒပြကြခြင်းနဲ့အတူ သမ္မတထရမ့်နဲ့ လိင်ကာမဖျော်ဖြေကားရိုက်ကူးသူအပြာမယ် စတုန်းမီဒန်နီယယ်စ်တို့အိပ်ယာဝင်ဇတ်လမ်းကိုလူမသိအောင်နှုတ်ပိတ်လျှော်ကြေးပေးထားတာမှာ တခန်းရပ်လို့နေပါတယ်။ လပ်စ်ဗေးဂတ်စ်မြို့မှာလုပ်နေတဲ့ […]


kaiJanuary 9, 20182min011
    U.S. မြန်မာခရစ်ယာန်အသင်းအဖွဲ့တွေ့ရဲ့ ခရစ်စမတ်အခမ်းအနားသတင်းများနဲ့ ခရစ်စမတ်ဆုတောင်းသတင်းများ။ LA မြန်မာကောင်စစ်ဝန်ချုပ်တက်ရောက်ခဲ့တဲ့ Chanukah ပွဲတော်။ Los Angeles မှာက ျင်းပခဲ့တဲ့ Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine ရန်ပုံငွေပွဲ။ One Myanmar Community က လူငယ်တွေ မြန်မာပြည်ကိုသွားရောက်ပြုခဲ့တဲ့ကုသိုလ်။ မောင်စွမ်းရည်ရဲ့ မင်းသစ်အလွမ်းစာ။ အောင်ဝေးရဲ့ ချစ်လို့ရေးတဲ့ကဗျာ(၁)။ ခင်မောင်အေး(Azusa)ရဲ့ ချစ်တဲ့တစိမ်းများ။ မောင်မိုးညိုရဲ့ SoC&Coverage Declaration ကို နားလည်ခြင်းဆောင်းပါး။ ဝင်းဗိုလ် ရဲ့ ၂၀၁ရ ဝက်သိုးလည်ပြန်သယော်စာ။ U.S. ရောက် တေးသံရှင် ရှင်ဖုန်းနဲ့ ခဏတာ အင်တာဗျူး။ မသန္တာအောင်(ဆေးပညာဘွဲ့)ရဲ့ ဂေါက်အဆစ်ယောင်ရောဂါ။ KZ […]


kaiDecember 30, 20171min08
၂၀၁၈ရောက်၍တဆောင်းသစ်သွားပြန်ပြီ။ ဒီဆောင်းကတော့ ကယ်လီဖိုးနီးယားမှာ သမိုင်းစံချိန်တင် တောမီးတွေလောင် အပူချိန်တွေတက် လေရူးသရမ်းပြီးခြောက်သွေ့သလောက် ဝါရှင်တန်-နယူးယောက်အရှေ့မြောက်ဒေသတွင် အနုတ်၃၄ဖာရင်ဟိုက်အထိသွားတွေ့ကာ မှတ်တမ်းသစ်တင်၍ ကျန်တပြည်လုံးမတော့ စံချိန်တင်အောင်အေးသည်တဲ့။ ကျွန်ုပ်တို့၏ချစ်လှစွာသောသမ္မတကြီးကတော့ “good old global warming,” ဟုဆိုကာ ကမ္ဘာရာသီအပြောင်းကို ပျက်ရယ်ပြုပါသည်။ ၂၀၁ရကို လည်ပြန်ကြည့်လျှင် နည်းပညာနှင့်ငွေကြေးလောက(သွား)ပေါင်းစည်း၍ အပြောင်းအလဲကြီးတခု သိသာထင်ရှားသည်။ တို့ထိမရ ငွေကြေးဖြစ်သည့် Bitcoin ခေါ် Cryptocurrency တည်း။   အသည်းလေးကျန်ခဲ့ ပြောင်းခိုသူများဖြစ်သော မြန်မာ-အမေရိကန်တို့သည် နေ့တဓူဝ လုပ်ရင်းကိုင်ရင်း နေထိုင်ရင်းနှင့်ပင် မိမိငယ်ဘဝကျန်ခဲ့ရာ အဖမြန်မာပြည်အတွက်လည်း အမြဲထည့်စဉ်းစားကြရသည်။ လူခန္ဓာသည်သာ ဤမြေမှာတည်လျှက် အသည်းလေးကား ဟိုမှာကျန်ခဲ့သည်မဟုတ်ပါလား။ မဟာမြန်မာရွေ့ပြောင်းမှုကြီးဖြစ်သော ၁၉၉ဝ နောက်ပိုင်း မွေးရာမြေမှစွန့်ခွာထွက်ကြရာ ယခုအနှစ်၃ဝကပ်ခဲ့ပြီ။ ရောက်ရာနိုင်ငံတို့တွင် ၁ဝနှစ်မက အခြေကျလာသူတို့ပင်ရှိကြကုန်ရာ အခြေကျယုံမက ဖင်ထိုင်ပင်ကျ၍ […]


kaiDecember 8, 20174min017
► Las Vegas မှာ Miss Universe ၂၀၁ရ ပြိုင်ပွဲဝင်ခဲ့တဲ့ Miss Universe Myanmar ဇွန်သံစဉ်။ ► Los Angeles ရဲ့ Plus Three Band စင်တင်ဂီတည။ ►San Francisco က YSE လူငယ်အဖွဲ့ရန်ပုံငွေ စင်တင်ဂီတပွဲတော်။ ► မောင်စွမ်းရည်ရဲ့ အမျိုးသားနေ့ရောက်ပါပြီ ဆောင်းပါး။ ►ကမ္ဘာ့ဗုဒ္ဓသာသနာပြုပီနန်ဆရာတော်ကြီးရဲ့နောက်ဆုံးမိန့်ကြားချက်ဩဝါဒကထာ။ ► ဝင့်ပြုံးမြင့်ဘာသာပြန်တဲ့ The First Bishop of Rangoon ► မောင်မိုးညိုရဲ့ Insurance ဝယ်သင့်မဝယ်သင့် ဆောင်းပါး။ ► U.S. ဖျော်ဖြေရေးခရီးလာတဲ့ ၃ထပ်ကွမ်းအကယ်ဒမီထွန်းအိန္ဒြာဗိုနဲ့ အမေးအဖြေ။ ► ဒီဇင်ဘာအလှပန်း 2017 Miss Universe Myanmar ဇွန်သံစဉ်နဲ့အမေးအဖြေ။ […]


kaiNovember 27, 20171min02
၂၀၁ရကိုလည်ပြန်ကြည့်ချရေးရင်း ၂၀၁၈ကိုကြိုဆိုမျှော်တွေးမည်ဖြစ်ပါသည်။ အော်စကာဆုပေးထုံးစံများအတိုင်း ဆုပေးနီးသည့် ၄လပိုင်းအတွင်း ရုံတင်ရုပ်ရှင်များသည်သာ “ရ”တတ်သည်ဖြစ်၍ ယခုသတင်းဝေဖန်သုံးသပ်သည်ကိုလည်း အမေရိကားနှင်မြန်မာပြည်၏နောက်ပိုင်း၄လကိုသာ အဓိကထားမည်ဖြစ်ပါကြောင်း။ ထရမ့်နဲ့ပူတင် ထရူတင် ရုရှန်းတို့နှင့်ပူးပေါင်းကြံစည်ကာ သမ္မတရွေးပွဲအနိုင်ရခြင်းမဟုတ်ဟု သမ္မတကြီးထရမ့်မှ ဖိငြင်းနေရင်းနှင့်ပင် အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်မှ ရောဘတ်မူလာတို့အဖွဲ့ တလှမ်းခြင်းတိုး၍နင်းလာပေသည်။ အက်ဘီအိုင်မှ ညွှန်ကြားရေးမှုးဟောင်းရောဘတ်မူလာသည် အလွန်စနစ်ကျပြီး ပိတ်ဖမ်းရာတွင်နာမယ်ကြီးသူဖြစ်၏။ ၎င်းအား တရားရေးဝန်ကြီးဌာနမှ ယခုနှစ်မေလလည်တွင်စတင်ခန့်အပ်ပြီးနောက် ၆လကျော်ယခုအချိန်တွင် သမ္မတ၏သားနှင့်သားမက်ဆီသို့ပင် စစ်ဆေးရေးများစိတ်စိတ်ဝင်လာနေပြီဖြစ်သည်။ ညောင်မြစ်တူးရင်းဖြင့်ပုတ်သင်ဥများပေါ်သည်ဆိုရမည်လား၊ အမြစ်လှန်ရင်း ညောင်ပင်အောက်မှ ရေချမ်းစင်အိုးကျကွဲသည်လားမဆိုနိုင် ငွေကြေးခဝါချမှုတွင် နာမယ်ထွက်လာသော ပနာမားပြည်ရှိ အခန်းထောင်ချီသည့် ပနားမားတာဝါ အရောင်းအဝယ်များတွင် ထရမ့်အော်ဂနှိုက်ဇေးရှင်းပါဝင်ပါတ်သက်မှုများပါ ပြိုပြဲထွက်လာသည်။ ထရမ့်နှင့်ပူတင်မည်မျှခင်မင်ကြသည်ကို ၂၀၁၈နိုဝင်ဘာရှိ ကွန်ဂရက်အထွေထွေရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမည်ဖြစ်ပါသည်။ အတိုက်အခံဒီမိုကရက်ပါတီမှ မဲအများစုရ၍ ကွန်ဂရက်တွင်အမတ်ထိုင်ခုံပိုရခဲ့ပါလျှင် အယုံအကြည်မရှိအဆိုတင်သွင်းနိုင်ခြင်းအပါအဝင် အိမ်ဖြူတော်ထိုင်ထရမ့်၏အခြေအနေ သိသာစွာယိုင်နိုင်သည်။ နိုင်ငံရေးတွင် ကျပြီဆိုလျှင်ကား ပုဝါကမ်းရဲသူပင်မရှိလောက်။ ပါဝါလူဖြူနဲ့ […]


kaiNovember 8, 20171min021
☑ Los Angeles စာပေဟောပြောပွဲမျက်နှာဖုံးသတင်း။ ☑ Azusa ဗြဟ္မဝိဟာရကျောင်းတိုက်ရဲ့ ၁ရကြိမ်မြောက်အသံမစဲပဌာန်းပွဲမျက်နှာဖုံးသတင်း။ ☑ Marion, Texas က အလိုတော်ပြည့်အောင်မြေဓမ္မရိပ်သာရဲ့ပထမအကြိမ်တရားစခန်း၊ ကေ ျာင်းရေစက်ချနဲ့ကထိန်ပွဲသတင်း။ ☑ မောင်စွမ်းရည်ရဲ့အဆင်း ဆောင်းပါး။ ☑ စာရေးဆရာချစ်ဦးညို၊ ဂ ျူး၊ ထင်လင်းဦးတို့ရဲ့ U.S. စာပေဟောပြောပွဲအတွေ့အကြုံစကားဝိုင်း။ ☑ ဝင်းဗိုလ်ရဲ့ တွေးမိတွေးရာ ခနဲ့ဟာသဆောင်းပါး။ ☑ ပန်းရိပ်ဖြူရဲ့ ပုံတူ-၄ကဗျာ။ ☑ ခင်မောင်အေးရဲ့ကေ ျာက်ကပ်ထည့်သွင်းမှုတခုသောမှတ်တမ်း။ ☑ ဝင့်ပြုံးမြင့်ရဲ့ Skull an Bones, the Elite of the Empire ဆောင်းပါး။ ☑ ဆရာမျိုးကျော်မြင့်ရဲ့အင်္ဂလိပ်စာသင်္ခန်းစာဆောင်းပါး။ ☑ လစဉ်ဖော်ပြနေက ျ ကာတွန်း၊ ဗေဒင်၊ U.S. ပြည်နယ်အသီးသီးက […]


kaiOctober 24, 20171min06
“We’ve seen nationalism distorted into nativism, forgotten the dynamism that immigration has always brought to America,” George W. Bush (October 19, 2017) ထရမ့်ခေတ် လူဖြူကြီးစိုးရေးဖြစ်လာမှုကို သမ္မတဟောင်းဘုရှ်က အထက်ပါအတိုင်းဖွင့်ပြောလာရသည်။ ကွန်ဆာဗေးတစ်တို့၏အမျိုးသားရေးဟူသည် အစိုးရပေါ်လစီတွင်သွား၍တုတ်စည်းမိသည်ရှိသော် အမေရိကားပြည်တည်ထောင်ထားခြင်း၏ မူလရည်ရွယ်ချက် ကမ္ဘာသစ်နှင့်အမေရိကန်အိပ်မက်တို့ကိုပင် ပျက်ပြယ်ထိခိုက်စေလေသည်။ တကယ်တော့ ရှေးရိုးစွဲတို့၏ အမျိုးသားရေးဟူသည် တံခါးပိတ်ဝါဒဆီသို့သာ ဦးတည်စေ၍ အမေရိကနိုင်ငံကဲ့သို့ ရှေ့မှတွက်လျှင် ၁ဝထဲပါသည့် တိုင်းပြည်မျိုးသည်ပင် ခံနိုင်ခြင်းမရှိရာတည်း။ သို့ဆိုသော် မြန်မာပြည်ကဲ့သို့ နောက်မှတွက်လျှင် ၁ဝထဲဝင်သည့်နိုင်ငံအတွက်ကား ဆိုဖွယ်မရှိ။ ချိုင်းနားသည် ဆိုရှယ်လစ်ဝါဒနှင့် သူ၏ခေတ်သစ်ထောင်ကာ ကမ္ဘာကိုအုပ်စိုးမည်ဟု ယခုအောက်တိုဘာကွန်ဂရက်မှ ကြွေးကြော်နေပြီ၊ ဂျပန်သည် သူ၏ဖက်ဆစ်ဂျပန်စစ်အင်အားနိုင်ငံအဖြစ်ကို […]