kyawkyaw11January 31, 20121min04
ကျွန်တော်တို့ သံတွဲမှာ ဒီနှစ်ဆရာတော်တိုက်တိုက်ဆိုင်ဆိုင်ပြန်လွန်တော်မူသွားကြပါပြီ ကျီးကန်းရဲဆရာ်တော်၊ ဂျိတ္တောဆရာတော်၊ နန်းချောင်းဆရာတော်၊ ဇီးဖြူကုန်းဆရာတော် အံတော်ဆရာတော်၊ ကုလားပုန်းဆရာတော်၊ ပွဲတော်တွေကိုတော့ ရက်တွေမတိုက်အောင်စီစဉ်ပြီးကျင်းပတော့မည်လို့သိရပါတယ် ဒီဆရာတော်တွေအတွက် အလှူတော်တွေပါဝင်ပေးကြပါလို့ ဂျိတ္တောသားငထွား


SandyJanuary 25, 20121min06
ငယ်ငယ်တုန်းကပညာပေးသင်ခန်းစာတွေအများကြီးသင်ခဲ့ဖူးပါတယ်။ရတန်းကလေးကိုသင်ရင်းနဲ့လူတွေကိုပြန်မှတ်စေဖို့ဒီ”post”ကိုတင်လိုက်တာပါ။ ပုံပြင်လေးတွေပါ………………………………… “The Fox and the Grapes”…မြေခွေးနုင့်စပျစ်သီး တစ်နေ့မှာမြေခွေးတစ်ကောင်တောထဲမှာအစာရှာရင်းစပျစ်ပင်ကြီးအောက်ရောက်တော့စပျစ်သီးတွေမြင်တော့”အရမ်းချိုပဲဆိုပြီး”စဉ်းစားရင်းစပျစ်သီးကိုခူးဖို့ကြိုးစားတယ်။ ဒါပေမဲ့စပျစ်ကိုင်းကိုမမှီတော့ဘယ်လောက်ခုန်ခူးခူးမမှီဘူးပေါ့။ သူအလွန်မောပန်းလာတာပေါ့၊အဲ့ဒီအချိန်မှာသူစကားတခွန်းပြောတယ်”ဒီစပျစ်သီးတွေငါမလိုချင်တော့ဘူး၊အဲ့ဒါတွေအရမ်းချဉ်တယ်ဆိုပြီးထွက်လာခဲ့တယ်။” ဒီပုံပြင်ကိုကြည့်ချင်းအားဖြင့်…………………..လူတွေကကိုလိုချင်တာရဖို့ဆိုရင်ဘာမဆိုလုပ်ပြီးယူတတ်ကြတယ်။ သူတို့လိုချင်တာမရတော့ဘူးဆိုရင်တော့အဒီအရာကိုပြစ်တင်ကဲ့ရဲ့တတ်ကြပြီး၊မကောင်းဘူးဆိုပြီးပြောတတ်ကြတယ်။ ဒီပုံပြင်လေးကလူတွေရဲ့စိတ်နေသဘောသဘာဝကိုဖော်ပြလိုက်တာပါ။အမှတ်တမဲ့ဆိုပေမဲ့လူတွေတော်တော်များများသတိလက်လွတ်ပြောမိကြပါတယ်။ ဒုတိယပုံပြင်လေးကတော့…………………………………… “The Dog in the manger”…….နွားစာခွက်ထဲကခွေး တစ်နေ့မှာခွေးတစ်ကောင်၊နွားစာခွက်တဲဝင်ပြီးနေတယ်။ နွားတွေကောက်ရိုးစားဖို့လာတော့လာသမျနွားတွေကိုဟောင်လွတ်ပစ်လေတယ်။ သူကိုယ်တိုင်ကတော့ကောက်ရိုးကိုမစားဘူး၊ဒါပေမဲ့ဘယ်သူမှစားမရအောင်လုပ်တယ်လေ။ ဒီပုံပြင်ကိုကြည့်ချင်းအားဖြင့်………………….လူတွေကကိုလည်းအသုံးမတဲ့သူများကိုလည်းမပေးနိုင်။ ဒါကတော့လူတွေဖြစ်တတ်ပါတယ်၊ကိုနဲ့လည်းအသုံးမတည့်၊သူများကိုလည်းတွန့်တိုပြီးမပေးနို်င်၊ရှင်းရှင်းပြောရရင်တော့မက်မောခြင်းပါ။ ဒီပုံပြင်တွေကို”ဂရိပညာရှိ…” “Aesop” ရေးသားခဲ့တာပါ၊ “Aesop’s fables” Aesop ရဲ့ သင်ခန်းစာများဆိုပြီးအမည်တွင်ခဲ့ပါတယ်။ ိ


kaiDecember 25, 20111min023
၂၀၁၁တွင် မြန်မာ-အမေရိကန်တို့အတွက် ကြီးမားသော အပြောင်းလဲများဖြစ်ခဲ့သည်။ ၂၀၁ဝ သန်းခေါင်စာရင်းအရ အမေရိကတွင်နေထိုင်သူမြန်မာဦးရေ ၁၀၀၂၀၁ ယောက် စာရင်းထွက်ခဲ့ကာ မြန်မာ-အမေရိကအစိုးရပိုင်းဆက်ဆံရေးပြန်ချိတ်ဆက်သွားသဖြင့် ဗီဇာနှင့်လူဝင်မှုကြီးကြပ်ရေးစံနစ်တို့တွင်လည်း မြန်မာတို့အတွက်ဂယက်ရိုက်ခဲ့ပါလေသည်။ ကမ္ဘာထိပ်တန်း နိုင်ငံများဖြစ်သော အမေရိက၊တရုတ်၊ဂျပန်၊အင်္ဂလန်၊ရုရှား၊အိနိ္ဒယတို့မှ မြန်မာပြည်သို့အာရုံတို့စုပြုံကျခဲ့ရာနှစ်ဟုလည်း ဆိုချင်သည်။ ဟီလာရီကလင်တန်၏ခရီးစဉ် အမေရိကအစိုးရအဖွဲ့၏ တတိယနှင့်အမေရိကနိုင်ငံ၏ စတုတ္ထအရေးအကြီးဆုံးရာထူးရှင်၊ သမ္မတဟောင်းဘီလ်ကလင်တန်၏ဇနီးသည်၊ အမေရိကနိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်သည် ၅၅နှစ်ကျော်အတွင်းပထမအကြိ်မ်အဖြစ် (ရာထူးအကြီးဆုံးကိုယ်စားပြုကာ) နိုဝင်ဘာ၃ဝရက်နေ့ကမြန်မာပြည်သို့အလည်အပတ်သွားရောက်ခဲ့သည်။ ခရီးစဉ်တွင် မြန်မာသမ္မတ ဦးသိန်းစိန် ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ စူပါပါဝါနိုင်ငံ ရာထူးမြင့်ခေါင်းဆောင်တဦး၏ခရီးစဉ်သည် ကမ္ဘာသို့လည်းမီးစိမ်းပြလိုက်ခြင်းလည်းဖြစ်နေပေရာ သူမ၏နောက်မှ ဘင်္ဂလားဒေ့ရှ်၊ထိုင်းဝန်ကြီးချုပ်များ၊ ဂျပန်၊အင်္ဂလန်နိုင်ငံခြားရေးဝန်ကြီးများ၏ ခရီးစဉ်များတွဲပါလာသည်ကို တွေ့နိုင်မည်။  ယခုနှစ်ဇွန်လက အတိုက်အခံ (ရီပါ့ဗလစ်ကန်င်ပါတီ)မှထိပ်တန်း ခေါင်းဆောင်တဦးဖြစ်သူ ဆီနိတ်တာ ဂျွန်မက်ကိန်းသွားရောက်ထားသဖြင့် ယခုချည်းကပ်မှုတို့သည် အမေရိကပါတီ၂ရပ်၏ မဟာဗျူဟာမြောက်သော လှုပ်ရှားမှုများဟုပင်အမည်တပ်လိုပါ၏။ အမေရိက၏ စိတ်ဝင်စားမှုတို့သည် လာမည့် ဆယ်စုနှစ်တို့တွင် အရှေ့တောင်အာရှ၊တောင်အာရှနှင့် […]


kaiDecember 18, 20111min049
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသောမိန့်ခွန်းကောက်နှုတ်ချက်။ ကျွန်မ ပြည်သူတွေကို မေတ္တာရပ်ခံ ပါရစေ။ ကျွန်မတို့နဲ့ ဆက်ဆံတဲ့ အခါမှာ ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိ ပြောဆို ဆက်ဆံကြပါ။ ကျွန်မတို့ကို ဟိုဟာ ပြောရကောင်းလား၊ ဒီဟာ ပြောရ ကောင်းလားဆိုပြီး။ ကျွန်မတို့ ဘာမှမလုပ်ပါဘူး။ ပြောစရာရှိတာကို ပြောပါ။ သဘောမတူ လို့ရှိရင် သဘော မတူဘူး ဆိုတာကိုတော့ ပြန်ပြောမှာပါ။ ဒါကတော့ ဒီမိုကရေစီရဲ့ အခြေခံလေ။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ဆိုတာ လွတ်လပ်စွာ ဆဲဆိုပိုင်ခွင့်နဲ့ မတူဘူးလေ။ တစ်ခါတစ်လေတော့ ကြိမ်းမောင်း တာလေးတော့ ပါချင်ပါမှာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် နားလည်အောင် ပြောဆိုဖို့ အင်မတန်မှ အရေးကြီး ပါတယ်။ တစ်ယောက်နဲ့ […]


kaiDecember 13, 20111min06
Wall Street မှပေးပို့လိုက်သော သတင်းစကား အားလုံးရကြမည်ထင်ပါသည်။ အမေရိကန်တို့၏ နေ့စဉ်ဘဝအချိန်တချို့ကို သိမ်းပိုက်လိုက်သော နယူးယောက် ဝေါစထရိ အနီးရှိ(Zuccotti Park)ပန်းခြံမှစတင်လိုက်သည့် လှုပ်ရှားမှုသည် ကမ္ဘာအနှံ့ခြေဆန့်ခဲ့ပြီးဖြစ်သည်။ သူတို့ဘာလုပ်ကြသနည်း Occupy Wall Street (OWS)  ခေါင်းစဉ်ဖြင့် ဆန္ဒပြနေသူတို့ က သူတို့ သည် ၉၉% ဖြစ်ကြောင်း ထင်ရှားပြထားကြသည်။ အချို့မှာမူကျန်၁%  ၏လောဘကြီးမှုတို့ လျှော့ချရပ်တန့်အောင် တောင်းဆိုနေသည်ဆိုလေသည်။ အချို့မှာ အလုပ်လုပ်မဲ့ဖြစ်ရခြင်း၊ ကျမ်းမာရေးစောင့် ရှောက်မှုတို့ လျှော့နည်းနေခြင်း၊ဝယ်ပြီးအိမ်များ ဘဏ်လက်သို့ပြန်အပ်နေရမှု စသည်တို့ကို မီးမောင်းထိုးပြောနေကြသည်။ အမေရိကန်တို့၏ ၁ %သည်အမေရိက ပြည်ထောင်စု ချမ်းသာကြွယ်ဝမှုအားလုံး၏ ၄၀% ကို ပိုင်ဆိုင်ထားသော တနှစ် ၆သိန်းနှင့်အထက်ဝင်ငွေရှိသူများဖြစ်ပြီး ကျန် ၉၉% သည် အခြေခံလူတန်ုးစားနှင့် အလယ်လတ်တန်းစားကို ကိုယ်စားပြုသူများဖြစ်သည်။၉၉% […]


kaiNovember 28, 20111min024
“ဒီတလော ကြိုက်ဖြစ်တာလေးတွေ..”ဆိုတဲ့ခေါင်းစဉ်အတိုင်းပဲ..။ ကြိုက်တာလေးတွေ.. ဖတ်စေချင်လို့  တိုက်ရိုက်ပဲကူးတင်ပါတယ်.။ ဝေဖန်..တွေးပေး..ဆွေးနွေးကြစေလိုပါတယ်..။ 🙂 အဲ.. ဆိုင်ရာဝက်ဘ်ဆိုက်.. စာရေးသူတွေကို ခရက်ဒစ်ပေးပါကြောင်းနဲ့.. လင့်ခ်များလည်း တင်ပေးထားပါတယ်ခင်ဗျား..။ = ရွှေချဖို့ လိုပါသည် Sunday, 27 November 2011 11:00 အောင်သင်း ယခုတလောတွင် ရာသီဥတု ပူနွေးလာသည်။ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရမည်။ သစ်တော သစ်ပင်တွေကို စောင့်ရှောက်ရမည် ဟူသော အသံတွေကို ကျွတ်ကျွတ်ညံ အောင်ကြားနေရသည်။ ထိုသို့သော ကယ်ပါယူပါ အသံတွေ ထွက်လာသည်မှာ နည်းနည်းတောင် နောက်ကျနေပြီလားဟု စိုးရိမ်နေမိခဲ့သည်။ တကယ်တော့ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ် လောက်က ထွက်ခဲ့ဖို့ကောင်းသည်။ အရင်းရှင်စနစ်ကြောင့် မိုးခေါင်ရသည် ဟုပြောလိုက်လျှင် ကျွန်တော့်ကို ကွန်မြူနစ် လေသံပါလား၊ လက်ဝဲ ဆန်လှချည်လား၊ ဒီအရွယ်မှ […]


kaiNovember 12, 20112min05
အမေရိကနိုင်ငံ.. လော့စ်အိန်ဂျလိစ်မှာ November 12, 2011 (Saturday)  5pm-9pm လုပ်မှာဖြစ်ပါတယ်.. ဘုန်းကြီးကျောင်းမှာဖြစ်ပြီး အကြွေးအမွေး လှူဒါန်းတာ ပါကြောင်းပါနော..။ စနေနေ့ မနက်ဖြန်မိုးရွာမှာဖြစ်ပေမဲ့.. ဘုန်းကြီးကျောင်းက ကျယ်ကျယ်ဝန်းဝန်း.. ဖြစ်ပြီး.. အမိုးအကာရှိပါတယ်..။ နောက်ပြီး.. ညနေပိုင်းမိုးတိတ်မယ်တော့ မိုးလေဝသခန့်မှန်းချက်ကပြောထားပါတယ်..။ နောက်ပြီး ဒီနေ့ထွက်တဲ့.. မန္တလေးဂေဇက်သတင်းစာကို အဲဒီမှာ အခမဲ့ဝေပါမယ်..။ ( အရင်ကလည်း အခမဲ့ပါပဲ..။  😆  )   Dear ALL, I would like to cordially invite everyone to attend DaSoungDai 1000 Lights and 1000 Flowers ceremony.   Location: La Puente Temple […]


alinsettOctober 25, 20111min014
ကျွန်တော် ရေးတဲ ့ စာတွေကို မြင့်တယ်..လို ့ ကိုကြောင်ကြီးက မှတ်ချက်ချဖူးပါတယ် ။ ကိုပေ..ကလည်း တဖြည်းဖြည်း မြင့်တတ်လာတယ်..တဲ့။ ဘယ်လို…ဘာက မြင့်တာမှန်း သေချာ မသိလို ့ ကျွန်တော်မှာ..ဝမ်းသာရခက် ဝမ်းနည်းရ ခက် ဖြစ်နေရပါသေးတယ်။ ထားပါတော့လေ..။ ကျွန်တော်ကတော့ ရေးတတ်သလို ချရေးလိုက်တာပါပဲ။ မြင့်တယ် ဆိုတာက နားလည်ရ ခက်ခြင့်း နဲ ့တွဲနေပါတယ်။ နားလည်ရခက်တဲ ့ စာတွေကို ရေးနေမိတာဟာ.. ကျွန်တော်ကိုယ်တိုင်က Modern / Post Modern သီအိုရီတွေ. သဘောတရားတွေနဲ့ ဖက်တွယ် ကြိးပြင်းလာရလို ့များ လား……? မသေချာပါဘူး။ သေချာတာ တစ် ခုကတော့.. ကျွန်တော်က စကားပြေရေးသားခြင်း အတတ်မှာ..ညံ့ပါတယ်။ ကျွန်တော် ညံ့ကြောင်းကိုလည်း… […]


kaiAugust 17, 20111min038
အကြောင်းအမျိုးမျိုးကြောင့်အဖြစ်အမျိုးမျိုးတို့ကို ငြင်းခုန်ပြောကြ။ ဝေဖန်ဆွေးနွေးကြသည်မှာ လူ့ဓမ္မတာဖြစ်သည်။ အနိုင်ရမှု၊ ကျော်ကြားမှုဆီသို့ဦးတည်မသွားပဲ အဖြေတခုထွက်ရန်ရည်ရွယ်သော ဆွေးနွေးငြင်းခုန်မှုတို့သည် ကောင်းသောလူမှုဘဝ အခြေအနေတို့ကိုဖန်တီးနိုင်သည့် စွမ်းအားစွမ်းအင်များဖြစ်လေသည်။ အတိုက်အခံပြုခြင်း၊ ဆွေးနွေးညှိနှိုင်းစကားပြောခြင်းတို့ဖြင့်သာ ကိစ္စများမြောင် အဖြေထွက် ပြေလည်သွားစရာ အကြောင်းရင်းရှိပါသည်။ ပညာလိုလား စိတ်နှလုံးသားနှင့်ဆွေးနွေးခြင်းတို့သည် တိုးတက်ခြင်းကိုလည်း ဖြစ်စေနိုင်သည်။ ထိုသို့စွမ်းနိုင်သည်ကို “ငြင်းခုန်ခြင်း အနုပညာ”ဟု ဆိုပါမည်။ မြန်မာတို့ငြင်းခုန်ကြသည်။ သို့သော် သမိုင်းတလျှောက် စံနစ်တကျ စစ်တမ်းကောက်ယူခြင်း အချက်အလက်စုဆောင်းခြင်းအားနည်းခဲ့ကြခြင်းနှင့် ဆိုရှယ်လစ်ခေတ်၊အာဏာရှင်တို့စံနစ်၏(ကျောင်းတွင်းစကားရည်လုပွဲလေးမျှပင် ခွင့်မပြုဝံ့ခဲ့သည့်)နိုင်ငံရေးခေါင်းဆောင် ဦးတည်ဖြစ်စေနိုင်သည့်အပြုအမှုအလေ့အကျင့်တို့ကို သင်းသတ်သည့်အုပ်ချုပ်ရေးစံနစ်ကြောင့် “ငြင်းခုန်ခြင်းအနုပညာ”ကျွမ်းကျင်မှုအားနည်းသည်ဟုဆိုချင်ပါသည်။ ထိုထိုသောအကြောင်းရင်းတရားတို့ကြောင့် မြန်မာတို့စကားပြောရာ၌ ငြင်းခုန်ရသည့်အခြေအနေရောက်လာလျှင် မညီမညွတ် ငြင်းခုံခိုက်ရန် ဖြစ်ပွားခြင်းဟူသော အကျိုးတရားဖက်ကူးပြောင်းသွားလေ့ရှိသည်။ အယူသဘောကွဲလွဲခြင်းခြင်းမှသည် “ရန်ငါစည်း”ဝင်လာကာ အုပ်စုကွဲပြား တင်းပြတ် ပြတ်သွားသည့်အဖြစ်တို့ လူမှုရေးနှင့်နိုင်ငံရေးနယ်တို့တွင် များစွာတွေ့ကြရပါလိမ့်မည်။ အချို့သူတို့သည် ထိုသောနိမိတ်အခြေတို့ကို ကြိုမြင်မိသဖြင့် ဝေဖန်ရေးမပြုဖြစ်အောင် တားမြစ်ပိတ်ပင်ခြင်း […]


kaiMay 16, 20114min06
အောက်ကသတင်းဆောင်းပါးလေးသေသေချာချာ ဖတ်ကြပါ..။ ဟိုတလောကပဲ..ကျုပ်က ဒီမှာ ပြောဖြစ်သေးတယ်.. ။ ဘုရားသခင်ကို မိခင်သဘာဝတရားနဲ့နှိုင်းပြီးတော့…။ အခု… ဟော့ကင်းလည်း ပုံစံတမျိုးနဲ့ ပြောလာတယ်..။ “What could define God [is a conception of divinity] as the embodiment of the laws of nature. တဲ့..။ ဆိုတော့… နောက်ဘဝ ဆိုတာလည်း…  ဘာတဲ့.. fairy story တဲ့..။ အောင်မလေး… ဗုဒ္ဓဘုရားသခင်…။ 🙂 Stephen Hawking says afterlife is a fairy story By Liz Goodwin Renowned physicist Stephen Hawking […]


kaiApril 20, 20111min032
လက်ဖက်ရည် အဖန်သောက်လျှင်ဖြင့် ကျက်သရေအမှန် ရောက်ပေလိမ့်၊ ကြံသလောက်ပြီးတဲ့ ရေ ================= လက်ဖက်ရည်ကြမ်း ဘိုးဘွားစဉ်ဆက်၊ တို့လက်ထက်ထိ လက်ဖက်ရည်ကြမ်း၊ ရေနွေးကြမ်းကို လက်ကမ်း၍သာ၊ သောက်သုံးလာသည် မြန်မာဓလေ့ တို့ကြည်မွေ့။ ခေတ်သစ်ကမ္ဘာ၊ ဆေးပညာက ကျန်းမာရေးတွက်၊ ဆေးတလက်ဟု လက်ဖက်ရည်ကြမ်း၊ ရေနွေးကြမ်းကို ဖော်ညွှန်းထုတ်ပြ၊ သုတေသန။ ထိုရောအခါ၊ စာဆိုငါလျှင် ဝမ်းသာအားတက်၊ လွန်နှစ်သက်၍ လက်ဖက်ရည်ကြမ်း၊ ရေနွေးကြမ်းကို ဝမ်းမြောက်ဝမ်းသာ၊ သောက်သုံးရာမှ မြေမှာလျောင်းသွား၊ တို့ဘိုးဘွား၏ ကြီးမားကျေးဇူး၊ ဂုဏ်ရည်ထူးကို ချီးကျူးမဝနိုင်ပါတကား။ မင်းယုဝေ (၂၀၀၆-ခု နိုဝင်ဘာလထုတ် မင်္ဂလာမောင်မယ် စာစောင်) ========================== အပေါ်ကရေးကြတာ ..အဖန်ခေါ်တဲ့ လက်ဖက်ခြောက်အကြမ်းခြောက် အကြောင်းတွေပါပဲ..။ ကျုပ်က လက်ဖက်ရည်ကြိုက်တေ့ာ.. ဋီကာလေးများရေးမလားစိတ်ကူးပါတယ်..။ အဲဒါ သိသူတတ်သူတွေ ဝင်အားဖြည့်ကြပါဦး…။ အင်း.. ခေါင်းစဉ်ကြည့်ပြီးလန့်မသွားပါနဲ့..။ […]


kaiJanuary 31, 20112min0600
Reasons to join Mandalay Gazette … Join a supportive community of writers Publish your work immediately Earn on your articles Compete for increased earnings in Marketplace Rules for Writers << Must Read! ပွိုင့်ပေးစံနစ်  (Jan 22 2011) Number of points for each comment:        10 ( ကော်မန့်တခုအတွက် ၁ဝ ပွိုင့်) Number of points for each post: […]