black chawFebruary 23, 20122min051
မနေ့က တင်တဲ့ chinese or burmese ရဲ့ ယဉ်ကျေးမှုဖလှယ်ခြင်း ဆိုတဲ့ပို့စ်မှာ ကျွန်တော် ရိုက်ခဲ့ဘူးတဲ့ နိုင်ငံခြားသားစုံတွဲပုံလေးပါလာပါတယ်ခင်ဗျာ။ ရိုက်သူကို အတိအကျ မသိတာ ပို့စ်တင်သူရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဓါတ်ပုံမှာ အမှတ်အသားမထည့်ထားမိလို့ ဒီလိုဖြစ်ရတာပါ။ ဒါပေမယ့် မှတ်ဉာဏ်ကောင်းလှတဲ့ မိုးစက်က လင့်နဲ့တကွ ဘဘဘလက် ရိုက်တာပါလို့ ပြောနိုင်ခဲ့တာကြောင့် ပီတိဖြစ်ရပါတယ်။ တကယ်ကို ကျေးဇူးတင်ပါတယ် တူမတော် မိုးစက်ရေ။ ဒီဓါတ်ပုံလေးကို ဧရာဝတီဘလော့ဂ်မှာလည်း ဖေါ်ပြထားတယ်ဆိုတော့ ကျေနပ်ရပါတယ်။ တစ်ခုစဉ်းစားမိတာက ကျွန်တော်တို့ တင်တဲ့ ပုံတွေမှာ ကျွန်တော်တို့ နာမည်လေးတွေ ထိုးထားသင့်ပြီ ဆိုတာလေးပါ။ ကိုပေါက်ရဲ့ အမြင်လေးကိုလည်း သိချင်ပါတယ်ဗျာ။ ဒီတစ်ပတ် လည်း ချိုပေါ့ကျ လဖက်ရည်အရသာလေးရအောင် ကြိုးစားထားပါတယ်။ လဖက်ရည်ပွဲလေး မစခင် […]


etoneFebruary 20, 20121min049
အန်တီပဒုံမ္မာရဲ့ ပဒုံမ္မာဆေးခဲ့သော အိမ်သာများ(၁) ပို့စ်ကို ဖတ်ပြီး ..  ဒီပို့စ်လေးရေးဖို့ အကြံရခဲ့ပါတယ် … ။ ကျွန်မရောက်ဖူးသမျှ အိမ်သာလေးတွေအကြောင်း … တစေ့တစောင်းပြောပြပေးမှာပါ … ။ အရေးကြုံလို့ပဲ ဝင်ရ ဝင်ရ … တမင်သက်သက်ပဲ ဝင်ဝင် .. စိတ်အနှောက်ယှက်မဖြစ်စေဖို့ … သိသမျှလေး .. ပြန်ဖောက်သည်ချပေးလိုက်ပါတယ် … ။ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံ ၊ ကော်ဖီဆိုင်၊ ဘီယာဆိုင်နဲ့ …  ဟိုတယ်တွေကို .. အပေါင်းသင်းတွေနဲ့စားသောက်ရင်းဖြစ်ဖြစ် … ၊ အလုပ်ကိစ္စနဲ့ … စားသောက်ရင်းဖြစ်ဖြစ် ၊ ဧည့်သည်လိုက်ပို့ရတာဖြစ်ဖြစ် … ရောက်သွားခဲ့လျှင် … မစူးစမ်းပဲ မနေနိုင်တာကတော့ .. အိမ်သာပါပဲ .. ။ […]


padonmarFebruary 20, 20121min044
ကိုဘလက်က အလုပ်ပေးထားတာ အိမ်သာတက်ရင်း သေသွားရတဲ့အကြောင်း ဖြေပေးဖို့။ ကျွန်မက အဲဒါလေး အကြွေးထားပြီး အိမ်သာ version တစ်ခုရေးချင်ပါတယ်။ တီချာနုက ကိုသစ်ရဲ့ post တစ်ခု မှာ မန့်တဲ့အထဲ (ဒီစာရေးထားတာကြာတော့ နည်းနည်း အလှမ်းဝေးသွားပါတယ်) အင်မတန်ပြည့်စုံတဲ့ လေဆိပ်ကအိမ်သာမှာတောင် ဆိုတာလေးရေးသွားတော့ မကြာခင်ကရောက်ခဲ့တဲ့ လေဆိပ်အိမ်သာလေးသတိရမိပါတယ်။ ကျွန်မတူမလေး ပြန်လာတာကို သွားကြိုရင်း အချိန်ကလည်းစောသေး၊ရာသီဥတုကလည်းအေးတော့ ဝိတ်လျှော့ဖို့ လေဆိပ်အိမ်သာကိုသွားမိပါတယ်။ (ဒီနေရာမှာကြုံလို့ ကိုပေါက်စကားလိုကြွယ်ပြရရင် ကျွန်မက စားသောက်ဆိုင်အသစ်တစ်ခုခုသွားရရင်ဖြစ်စေ၊ မရောက်ဖူးတဲ့နေရာကို အကဲခပ်ချင်ရင်ဖြစ်စေ အိမ်သာကို သွားကြည့်လေ့ရှိပါတယ်။ ရှေ့မှာဘယ်လို ပန်းအိုးတွေ အလှပြထားပါစေ အိမ်သာ သန့်သန့်လေးမှမရှိတဲ့ နေရာကို အထင်မကြီးချင်ပါဘူး။ ( ဒီလိုရေးပြလို့ ကျွန်မကို အိမ်လည်ခေါ်ဖို့တော့ မတွန့်ကြနဲ့နော်၊မကြည့်စေချင်ရင် မကြည့်ပါဘူး):D အိမ်သာက ကျွန်မစိတ်ထင် ၆ […]


        ဤစာရေးဖြစ်ခြင်း၏အကြောင်းရင်းကား   တခုတည်းသာ.. ဦးပါလေရာတယောက် စာအလွန်ရေးချင်နေသောကြောင့်သာတည်း။ အခြေအနေပေးလျှင်ပေးသလို လွန်စွာစကားများလှသော ဦးပါလေရာသည် မန်းဂေဇက်တည်းဟူသောရွာသို့ ဝင်ရောက်လည်ပတ်ရာ၌လဲ သူများရေးတာငြိမ်ငြိမ်ဖတ်ရုံဖြင့်အားမရ- မိမ်ိဉာဏ်တစ်ထွာတမိုက်မျှဖြင့် ဟိုစပ်စပ်သည်စပ်စပ် ရေးချင်ပြောချင်ပြန်သေးသည်။   ထို့ကြောင့် ရေးရန်အကြောင်းရှာ၏။ ဘာအကြောင်းရေးရပါ့မလဲ ?? သူများကို အပြစ်ပြောခြင်းနှင့် သူများကိုဩဝါဒပေးခြင်း တည်းဟူသော လောကတွင်အလွယ်ဆုံးအလုပ်နှစ်မျိုးရှိလေရာ ဒုတိယအမျိုးအစားကိုကားမလုပ်ဝံ့..။ ဒီဆိုက်ထဲဝင်ဖတ်မိကတည်းက ဒီရွာသားတွေ နှယ်နှယ်ရရမဟုတ်မှန်းလောက်တော့ ခန့်မှန်းမိပါ၏။ ထို့ကြောင့် ပထမအမျိုးအစားကို ရွေးချယ်ရန် အားထုတ်၏။ အမြင်မတော်သော ဌာနများကို ပိုးစိုးပက်စက် ဝေဖန်ပြောဆိုရန် ဟန်ပြင်၏။   သို့ရာတွင်- မဖြစ်သေး …. ဦးပါလေရာကား သူ့သူငယ်ချင်းနှစ်ဦးဖြစ်သော ရဲဘော်ဟောင်း နှင့် ဗေဒင်ဆရာ တို့ကဲ့သို့ သေသေဝပ်ဝပ်နေသည်မဟုတ်။ မိတ်ဆွေအပေါင်းအသင်းမင်လှသဖြင့် ဟိုလူနှင့်တွေ့ချင် ဒီလူနှင့်တွေ့ချင် […]


ムラカミFebruary 16, 20127min035
MaaS လော ?     Music as a Service? ကျနော်တို့ဆီမှာများ ပြောပါတယ် …သီချင်းတွေ ဝယ်စရာ မလိုတော့ဘူးလား … အလကား စိတ်ကြိုက်နားထောင်ခွင့် ရပြီလား..??   နည်းနည်းလောက် တူးဆွကြည့်ချင်လို့ပါ…။   ၁။ အနုပညာ   သိပ်လှတဲ့ မြန်မာစာလုံးပါဗျာ။ ဆြာကြီး ဒဂုန်တာရာ တီထွင်တာ လို့ မှတ်ဖူးရဲ့ ….။ ဂီတဟာ အနုပညာ တပါးပါ … ။ အဲ … တခုတော့ ရှိရဲ့ …. ဂီတရပ်ဝန်းကို ဘိုလို ရေးကြည့်ရင် ပိုပြီးရှင်းတယ်…။ Music Industry တဲ့ … Music NGO မဟုတ်ဘူးခင်ဗျ. ..။ […]


CharTooLanFebruary 15, 20121min049
အရမ်းကြီးဆန်းနေသလား ဘာလားတော့မသိဘူး ကိုယ့်ခေါင်းစဉ် ကိုယ်တော့သဘောကျနေတယ် 😀 ဒီအကြောင်းရေးပီး ခေါင်းစဉ် စဉ်းစားနေတာ တော်တော်ကြာတယ် နောက်ဆုံးတော့ ဆြာအေကေကေအိုရဲ ့ အမျိုးသမီးရောဂါဆိုင်ရာ (အဖြူဆင်းခြင်းအကြောင်း) ဆိုတဲ့ခေါင်းစဉ်ကိုတန်းမြင်မိလို့ မြှီငမ်းပေးလိုက်တာ။ အမျိုးသားတွေအတွက် ဒါကလဲရောဂါပဲ မစားရမနေနိုင်တဲ့ရောဂါ စားပြီးရင် ဖြစ်လာမယ်နောက်ဆက်တွဲတွေကလဲ ရောဂါတွေပဲ ဘာတစ်ခုမှကိုကောင်းကျိုးမပေးတာ။ ဒါကိုပဲ တန်းတန်းစွဲစားနေကြတာ။ အဖြစ်ကဒီလို…..တနေ့..မနက်စောစောစီးစီးရုံးသွားဖို့ ဝတ်စုံပြည့်နဲ့ အိမ်ကနေ ကားမှတ်တိုင်ကို ကိုယ့်ကိုယ်ကို သရဏဂုံတင်ရင်း သွားနေကျလမ်းအတိုင်း ထွက်လာခဲ့တယ်။ တာမွေမီးပွိုင့်မီးနီနေတုန်း ကားတွေရပ်ထားတာမို့ စိတ်အေးလက်အေးနဲ့ကူးလာလိုက်တာ တစ်ဖက်လမ်းလဲရောက်ရော ၃၃လိုင်းကာကြီးပေါ်ကနေ အနီတွေဒလဟော ဝေါခနဲဆင်းချလာလိုက်တာများ ချာတူးလန်တစ်ယောက်ရှောင်ချိန်တောင်မရခဲ့လိုက်ဘူး။ ဟာ………သွားပါပီ ရွံစရာကောင်းလိုက်တာများ                    ဘယ်ဘက်ပုခုံးတစ်ခြမ်းလက်တွေနဲ့ လွယ်အိတ်မှာပါ မြင်မကောင်းလောက်အောင် ပေပွသွားတဲ့ ကွမ်းတံတွေးတွေကို ကြည့်ပီး ရွတ်ဖတ်လာတဲ့ သရဏဂုံတွေပျောက် ဒေါသတွေ ဟုန်းခနဲ့ တောက်သွားတယ်။ ဒီလောက် […]


etoneFebruary 13, 201217min082
  မန္တလေးဂေဇက်ဧ။ ်ပထမဆုံး စုပေါင်းအလှူကို ယခင်သတ်မှတ်ထားသည့်အတိုင်း ၁၂-၂-၁၂ တွင် ၊ နာရေးကူညီမှုအသင်းချုပ်(မြောက်ဒဂုံ)သို့ စာဖတ်သူများ နှင့် ရွာသူ ရွာသားများ(စုစုပေါင်း ၂၄ယောက် ) အတူတကွ သွားရောက်လှူဒါန်းခဲ့ကြသည် ။ ကောက်ခံရရှိငွေ စုစုပေါင်းမှာ ဆယ့်သုံးသိန်း ရှစ်သောင်း (၁,၃၈၀,၀၀ဝ ကျပ်) တိတိဖြစ်ပြီး ၊ အကြွင်းကျန်မရှိ အကုန်လှူဒါန်းပြီးစီးခဲ့သည် ။ ဤအလှူအောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် ပါဝင်အားဖြည့် ကူညီခဲ့ကြသူများအားလည်းကောင်း  ၊ သဒါ္ဓတရားယုံကြည်ထက်သန်စွာ အလှူငွေပါဝင်လှူဒါန်းခဲ့ကြပါသော စာဖတ်သူများ နှင့် စာရေးသူ ရွာသူရွာသားများအားလည်းကောင်း  ၊ အဝေးနိုင်ငံများမှ ငွေလွှဲပေးကြသော စာဖတ်သူ/မန်ဘာ များအားလည်းကောင်း၊  အလှူငွေလိုက်လံကောက်ခံပေးပါသော AKKO ,မန္တလေးမှ ပေါက်၊ပေ၊ပု အဖွဲ., ရွှေတိုက်စိုး ၊ ET နှင့် မသဲနုအေးတို့အားလည်းကောင်း […]


ムラカミFebruary 13, 20124min027
ခေါင်းစဉ်ဖတ်ပီး ရည်းစားဆယ်ယောက် ထားဖို့ ကြံနေတယ် မထင်လိုက်ပါနဲ့ခညာ ….။ Lust Caution ထဲက တီလုပ်မင်းတမီးလေး Tang Wei ကို ရည်စူးတယ် လို့လည်း မထင်လိုက်ကြပါနဲ့..။ (ဖန်ပင်းပင်း ပဲ ကြိုက်ပါတယ် ဆို ..) အင်ဖိုဂရပ်ဖစ်မှာတွေ့တဲ့ ၂၀၁၂မှာ ရောင်းအားကောင်းစေဖို့ နည်း ၁ဝနည်း ကို မျှဝေချင်လို့ပါ (သူကအွန်လိုင်း အခြေပြု ရေးထားပေမယ့် …. နည်းနည်း ဗမာမှုပြုပြီး ရေးကြည့် အဲ့လေ ရွှီးပါ့မယ်ဗျ..)   ၁။ ခွဲခြမ်း စိတ်ဖြာပါ …။       တခြားမကြည့်နဲ့ သဂျီးကို ကြည့် …။ ဂူဂဲလ် အနဲလတစ် ဆိုတာကြီးထည့်ပြီး သူ့ဆိုက် ကို တနေ့ […]


နွယ်ပင်February 8, 20124min032
အိချောပိုရဲ့ ပွဲတက်ဖက်ရှင် စိုးပြည့်သဇင်ရဲ့ ပွဲတက်ဖက်ရှင် ဖွေးဖွေးရဲ့ ပွဲတက်ဖက်ရှင် ခင်လေးနွယ်ရဲ့ ပွဲတက်ဖက်ရှင် သန္တာဗို နှင့် ချောရတနာတို့ရဲ့ ပွဲတက်ဖက်ရှင် ဂျင်းနီရဲ့ ပွဲတက်ဖက်ရှင် သဇင်ရဲ့ ပွဲတက်ဖက်ရှင် ခိုင်နှင်းဝေရဲ့ ပွဲတက်ဖက်ရှင် Melody ရဲ့ ပွဲတက်ဖက်ရှင် ချမ်းမီမီကိုရဲ့ ပွဲတက်ဖက်ရှင် ဖူးစုံရဲ့ ပွဲတက်ဖက်ရှင် ပုလဲဝင်းရဲ့ ပွဲတက်ဖက်ရှင် မိုးဟေကိုရဲ့ ပွဲတက်ဖက်ရှင် နန်းဆုရတီစိုးရဲ့ ပွဲတက်ဖက်ရှင် ခရစ္စတီးနားတို့ ညီအစ်မ ရဲ့ ပွဲတက်ဖက်ရှင် သင်ဇာဝင့်ကျော်ရဲ့ ပွဲတက်ဖက်ရှင် အေးမြတ်သူရဲ့ ပွဲတက်ဖက်ရှင် ကလေးသရုပ်ဆောင် ယွန်းယွန်းရဲ့ ပွဲတက်ဖက်ရှင် မိုးယုစံရဲ့ ပွဲတက်ဖက်ရှင် အကယ်ဒမီဆုရှင် သက်မွန်မြင့်ရဲ့ ပွဲတက်ဖက်ရှင်


2 နံနက်ခင်းအရုဏ်တက် ဝင်းပတဲ့နေရောင်ခြည် ။ကိုရင်လေးများအစီအရီ လာပြီကွဲ့ ရွာအတွင်း ၊ လောင်းလှုမယ်ပြင်ဆင်ကြ ချစ်စရာ့ရွာအဆင်း 3 နံနက်ခင်း တကယ် မပျင်းအားပါဘု  အိမ်စိုက်ခင်းရယ်နဲ့ အလုပ်တွေပို ။ ကွမ်းရွာညှာစိုစိုစိမ်း ပျိုချစ်သူ အသာဝါးရအောင်ခူးလို့ပျိုသိမ်း။ 4 မြသိန်းတန်စေတီတွင်းရယ်က လှမ်းမြင်ရ ပုထိုးတော်။  ဘိုးတော်ကောင်းမူ့ရယ်ကကြီးမားလှသေနာ်။သု့ိပါသော် အသံတိတ်ရယ်နဲ့၊  မမြဲခန္ဓာ အမှန်ပါ သက်သေပြသလို  ပြိုကျနေခြင်း။ 5 အပြင်မှာဆယ်နေကဲပါလို့ အေးရိပ်ကိုရှာ၊ မြတ်ဗုဒ္ဓရှေ့မှောက်မှာ ပူဇော်ကာ ဦးချ။ မြင်ရသူ ဘဝင်အေးတယ်  မြင်ကွင်းကလှ။ 7 မြင်းသည်တော် အရှေ့က သွားပါလို့ မင်းခင်းလို့ဝင်းတည် ။ လူတန်းက အစီရီ သီပါလို့စီတန်း ရှေးရိုးရာ မူမပျက်တယ် မြန်မာ့ထုံးတမ်း။ 8ရွှေထီးကို အသာဆောင်းပါလို့မောင်ရှင်လောင်းကိုလ  မြင်းပေါ်တင်  ။ စေတီက […]


kyawkyaw11February 4, 20121min016
အစိုးရဝန်ထမ်းလစာတွေကို ဒီနှစ်ဘားဂျက်ကုန် မတ်လကုန်မှစပြီး အာဆီယံလစာနှင့်ညီအောင် တိုးမြင့်ပေးတော့မယ်လို့  စစ်တပ်အရာရှိတစ်ဦးဆီက သတင်းတိုးတိပ်တဲ့သတင်းထွက်လာပါပြီ အနိမ့်ဆုံးဝန်ထမ်းက 1သိန်းကျော်ရမည်ဟုလဲ တိုးတိပ်စွာသိရပါသည် ဒို့ပြည်သူဝန်ထမ်းတွေဝမ်းသာနိုင်ကြပါစေ   ငထွား


kyawkyaw11February 4, 20121min00
သံတွဲ ဂျိတ္တော မှ ဆရာတော်ကြီး ဘဒ္ဒန္တကုသလမဟာထေရ်မြတ် ၏ ဈာပနပွဲတော်ကို လာမည့် လပြည့်နေ့နှင့် လပြည့်ကျော်(1)ရက်နေ့များမှာ စီကားသိုက်မြိုက်စွာကျင်းပတော့မှာပါ တိုင်းကျော်ဇာတ်သဘင်အဖွဲ့က မိုးအလင်း(2)ည ကပြမှာဖြစ်ပြီး နွားပြိုင်ပွဲ၊ ချောတိုင်တက်၊ ခြင်းခတ်နှင့် အခြားအားကစားပွဲတော်များကျင်းပနေပါပြီ ရွာသားများ ကြွရောက်လှည့်ပါ   ဂျိတ္တောသားငထွား