black chawMarch 21, 20123min060
စိတ်ကို ကိုက်မယ့် ခြင် ကိုယ်တို့နှစ်ယောက်ရဲ့အချစ် လန်းဆန်းမှုရှိရင် အမုန်းများဝေးသွား ရင်ခုန်သံတွေရယ် နှလုံးသားတေးသစ် ကြားလားဟေ့ချစ်သူ မဆုံးတဲ့တေးသွား ဆိုနေမယ်ချစ်သီချင်းလေး… ချစ်သူလေး.. ကိုငှက်နဲ့ အောင်ရင်တို့ ကျားကျားခြင်းစုံတွဲဆိုခဲ့တဲ့ မဆုံးတဲ့သီချင်း ဆိုတဲ့ သီချင်းထဲက စာသားအချို့ပါ ကျောင်းဒကာ။ မျက်စိနောက်နေကြမှာစိုးလို့ ဝေ့မနေတော့ပါဘူး။ အဲဒီသီချင်းကိုရေးတဲ့လူက ကိုငှက်ရဲ့ သူငယ်ချင်း ကိုကြွက်နီပါ။ အဲဒီ ကိုကြွက်နီက ကိုငှက်တို့ ကျောင်းသားဘဝမှာ ဒရမ်မာတဲ့ နော်ဟေ့လူ ဘာမှတ်နေလဲ။ ထူးဆန်းတာက ရှားရှားပါးပါး ထူးအိမ်သင် သူငယ်ချင်းဖြစ်ပါလျက်နဲ့ ဒီသီချင်းတစ်ပုဒ်ထဲ ရေးပြီး ကျေနပ်နေတတ်ခဲ့သူပါ။ နောက်တော့ စာပေလောကထဲ ခြေစုံပစ်ဝင်ပြီး ဂျာနယ်အယ်ဒီတာဘဝ၊ မဂ္ဂဇင်းစာရေးဆရာဘဝနဲ့ အခုအချိန်ထိဖြတ်သန်းနေပါတယ်ဗျာ။ စာပေလောကထဲမှာကျတော့ သူ့ကလောင်နာမည်က သိမ်းတင်သားတဲ့။ ပုဆိုးတိုတို၊ ရှပ်အင်္ကျ ီ လက်တို၊ ဘေးမှာလွယ်အိတ်တစ်လုံးလွယ်ပြီး မုတ်ဆိတ်မွှေးဗရဗျစ်နဲ့ […]


padonmarMarch 19, 20121min079
မနေ့က မုံရွာကမိတ်ဆွေတစ်ယောက် ရန်ကုန်ကိုအလုပ်ကိစ္စနဲ့လာရင်း ကျွန်မဆီကို လက်ဆောင်ပေးအလည်ရောက်လာပါတယ်။ အလုပ်အကိုင်တွေ အဆင်ပြေရဲ့လားလို့နှုတ်ခွန်းဆက်တော့ ဆရာမရေ အခုထိတော့ ဖုတ်လှိုက်ဖုတ်လှိုက်ပါဘဲ၊ မကြာခင်တော့ လုံးပါးပါးပြီး ရပ်တော့ မယ်ထင်ပါရဲ့လို့ပြောလာပါတယ်။ မိတ်ဆွေက မုံရွာမှာ ဂွမ်းဖတ်စက်နဲ့ မုံရွာစောင်ယက္ကန်းလုပ်ငန်းလုပ်တာပါ။ အထည်ချုပ် စက်ရုံတွေ အလုပ်ကောင်းစဉ်က ကုန်ကြမ်းဖြစ်တဲ့ ဖြတ်စညှပ်စတွေကလည်း ဈေးပေါပေါနဲ့ များများဝယ်လို့ရ၊ မြန်မာပြည်ထဲကလည်း ကျေးလက်တွေမှာ ဒီမုံရွာစောင်တွေအသုံးများ၊ အိနိ္ဒယ ဘက်ကိုတောင် ပို့ခဲ့ရပါတယ်။ အခုတော့ အထည်ချုပ်စက်ရုံအရေအတွက် လျော့သလို ကုန်ကြမ်းကလည်းလျော့လာ တယ်။ ရှားပါးတော့ ဈေးကလည်းပိုပေးရပါတယ်။ လေးပြီးကြမ်းတဲ့ မုံရွာချည်စောင်တွေနေရာမှာ ပေါ့ပြီးလှပတဲ့ တရုတ်စောင်၊ကိုရီးယားစောင် ဆိုတာတွေက အစားထိုးလာပါတယ်။ ဈေးချင်းကလည်း သိပ်မကွာတော့ ပြည်တွင်းရော အိန္ဒိယကိုပါ မထိုးဖောက်နိုင်တော့ပါဘူး။ စားသုံးသူတွေကိုလည်း ပြည်တွင်းဖြစ်ကိုအားပေးပါလို့ ဇွတ်ကြီးပြောလို့မရနိုင်ပါဘူး။ ဟိုအရင် အင်္ဂလိပ်ခေတ်က ဆရာကြီးသိန်းဖေမြင့်တောင်မှ […]


black chawMarch 14, 20122min052
စီယာတိုင်မပါတဲ့ ကားလေး မောင်းနှင်ခြင်း ကြိုပြောထားမယ်နော်၊ ကျွန်တော် သောကြာသားမဟုတ်ပါဘူး။ ဟေးဟေး စကားကြော ရှည်နေရင် နည်းနည်းတော့ ခွင့်လွှတ်။ ဇွန်စီ ကြော်ငြာထဲက ခိုင်သင်းကြည် ပစ်ပြသွားတဲ့ တင်လေးနဲ့ စလိုက်ရအောင်ဗျို့။ ပြောမယ့်သာပြောရတာ၊ အဲဒီ ဇွန်စီ ကြော်ငြာမှာ ပစ်ပြသွားတဲ့ ခိုင်သင်းကြည် တင်လေးတွေကို ပြန်မြင်ယောင်ကြည့်လိုက်စမ်းပါ ကျောင်းဒကာ။ (ဆရာမကြီးတို့ အစ်မ ပဒုမ္မာတို့ ရွာသူတွေ ကန်တော့ပါဗျာ) အို လိမ္မော်သီးလေးလို ဇွန်စီ ဟာ တကယ်ကိုကောင်း… ဆိုပြီး တင်လေးကို ပစ်ပစ် ပြသွားတာလေ။ ဘယ်လိုမှ လင်စိတ်သားစိတ်မပေါက်စေတဲ့ ဆွဲဆောင်မှု မရှိသော (တစ်နည်း ဆက်ဆီ မဖြစ်သော) တင်ပစ်မှုကြီး တစ်ခုလို့သာ ခေါင်းစဉ်တတ်လိုက်ချင်တော့တယ်ဗျာ။ ကျွန်တော်တော့ အဲဒီတုန်းက ကြည့်ခဲ့တုန်းကလည်း လင်စိတ်သားစိတ်မပေါ်ခဲ့တာ အမှန်ပါ။ […]


ဆူးMarch 11, 20123min0286
သီတဂူ သုမေဓာ ဆေးရုံကြီး ဖြစ်ပါသည်။ ပန်းတနော် မြို့မှ ကားဖြင့် ဆက်သွားမယ် ဆိုလျှင် နာရီဝက်ခန့် မောင်းနှင်လျှင် ရောက်ရှိမည် ဖြစ်ပါသည်။ ရန်ကုန် မှ ပန်းတနော် ကိုတော့ လမ်းခရီး ကြာချိန် ၂နာရီ မောင်းနှင်လျှင် ရောက်ရှိနိုင်ပြီးတော့ နေ့ချင်းပြန် ခရီးဖြင့် သွားနိုင်ပါသည်။ ယခု လက်ရှိမှာတော့ ဆေးရုံကြီးဟာ ဆောက်လုပ်ရေး လုပ်ငန်းများ အပြီးတိုင်အောင် မပြီးစီးသေးပေမဲ့ လုပ်လက်စ လုပ်ငန်းများ ကို မြို့ခံ မြတောင် ဆရာတော်၏ ကြီးကြပ် ကွပ်ကဲမှုနှင့် ကျောင်းနေ ရဟန်း သံဃာတော်များ ရွာခံ ရွာသားများက လုပ်အားပေး ကူညီနေကြပါတယ်။ အဆောက်အအုံအတွက် ကြီးစွာသော အထောက်အပံ့ကို သီတဂူ ဆရာတော် ဦးဆောင်ပြီး လှူဒါန်းခြင်း ဖြစ်ပါသည်။ […]


ကျောင်းသူ/ကျောင်းသားတွေ အတွက် ဒီမိုကရေစီ အကြောင်း ကို ပုံပြင်လေးနဲ့ ပြောထား တဲ့ The Democracy ဆိုတဲ့ စာအုပ် ကလေးပါ။ ဒီစာအုပ်ကို ရေးသားတဲ့ Dr. Jerry Dean Epps, (Ph. D. in Human Services, M.A. in Sociology, B.A. in education) ဟာ အမေရိကန်မှာ နေထိုင်ပြီး တက္ကသိုလ် ဆရာ လဲ ဖြစ်၊ အတိုင်ပင်ခံပညာရှင် လဲ ဖြစ်ပါတယ်။ သူဟာ အမေရိကန် က 9/11 ဖြစ်ရပ် အပြီးမှာ အဲဒီလို အကြမ်းဖက်မှုမျိုးတွေကို ဘယ်လို ရပ်အောင် လုပ် ရမလဲဆိုတာကို စဉ်းစားရင်း ဒီစာအုပ်ကိုရေး ခဲ့ပါတယ်။ […]


Swal Taw YwetMarch 9, 20128min052
ဒီရက်ထဲမှာ ဟိုးတုန်းက ဖတ်ထားခဲ့ဘူးတဲ့ ကဗျာတို စာစလေးတွေ ခဏခဏ ပြန်ပြန် ပေါ်နေတယ်။ ဒီစာစုလေးခေါင်းစဉ်က “ကဗျာဝိုင်း၊ စာဝိုင်းနှင့် ကျနော်” လို့ ထင်နေတယ်။ သတိရနေတဲ့ စာသားလေးတွေက ဒီလို…. “ဤသို့ဖြင့် အမှန်တရားသည် ပုန်းကွယ်ရာမှ ရှေ့သို့ထွက်လာသည်။  အိပ်နေရာမှ နိုးထလာသည်။ နိုးထရာမှ ထင်ရှားလာသည်။ ထင်ရှားရာမှ ပျံတက်လာလေတော့သည်။  ဤကား ဤစကားဝိုင်းလေး၏ အနှစ်သာရပင်တည်း ”   အခုလည်း ဝင်ငွေခွန်ကိစ္စနဲ့ ပတ်သက်ပြီး ကိုကြီးမိုက်နဲ့ ကျနော် ဆွေးနွေးတဲ့နေရာမှာ တခြားသူတွေရဲ့ အတွေ့အကြုံတွေ၊ မတူနိုင်တဲ့ ရှုထောင့်အမြင်တွေ စုပေါင်းပြီး ကောင်းသထက်ကောင်းတဲ့ အဖြေတစ်ခု ရလာစေချင်လို့ ဆရာသစ်မရှိတုန်း ကြားဖြတ် ဆီမီနာလေးအသွင် ဖန်တီးကြည့်ချင်ပါတယ် ဗျို့ …. ဝိုင်းကြပါဦးနော… အစပျိုးပုံလေးက စပါမယ်။ […]


black chawMarch 7, 20122min051
ဟုတ်ကဲ့ ဘလက်ချောပြောနေပါတယ်ခင်ဗျာ။ အော်တီးတိုင်းရောက်နေပြီလား…။ အခုချက်ခြင်း လဖက်ရည်ချိုပေါ့ကျလေး စီစဉ်ပေးလိုက်ပါ့မယ်။ ကောင်းပါပြီခင်ဗျာ။ အားပေးတာ ကျေးဇူးပါ။ သာဓုခေါ်စရာ သတင်းလေးနဲ့ စလိုက်ရအောင် ကျောင်းဒကာ။ မနောအလှ ဂီတည ရန်ပုံငွေ ဖျော်ဖြေပွဲမှ ရရှိတဲ့ ငွေကျပ်သိန်း ၆၅ဝ ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာရှိတဲ့ ကယ်ဆယ်ရေးစခန်းဆယ်ခုမှာ အဆိုတော် အယ်လ်ခွန်းရီ၊ ကေဂျာနူးတို့ ဦးဆောင်တဲ့ သရုပ်ဆောင်အဆိုတော်များက မတ်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့ တွေမှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ပါတယ် လို့ ပေါ်ပြူလာဂျာနယ်မှာ ဖေါ်ပြလာပါတယ်ခင်ဗျာ။ ကြည်နူးစရာသတင်းလေးအတွက် သာဓုခေါ်ပါ ကျောင်းဒကာ။ သာဓု သာဓု သာဓု ပါ ဒေါ်အယ်လ်ခွန်းရီနဲ့ မနောအလှ ဂီတည အဖွဲ့သားများ ခင်ဗျား။ သူတို့တတွေ ရဲ့ […]


asiamastersMarch 6, 20121min010
  ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းမှာ အထူးသဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရကာစ ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာပေါ်မှာ အင်အားကြီးမားလာတဲ့နိုင်ငံရေးစနစ်ကတော့ ကွန်မြူနစ်စနစ် ဖြစ်ပါ တယ်။ ဆိုဗီယက်ရုရုား ဦးဆောင်တဲ့ ကွန်မြူနစ်စနစ်ဟာ အလွန်လွှမ်းမိုးလာခဲ့တယ်။ အစောပိုင်းမှာ တရုတ်နဲ့ ရုရှားဟာ ကွန်မြူနစ်စနစ်နဲ့ပတ်သက်ပြီး သဘောတရားရေးရာတူခဲ့ပေမဲ့ နောက်ပိုင်းမှာ လုံးဝသဘောထားကွဲခဲ့ပါတယ်။ အိန္ဒိယမှာလည်း ကွန်မြူနစ်စနစ်ကခေါင်းထောင်လာခဲ့ပါတယ်။ ဒီလိုကွန်မြူနစ်စနစ်ကို ဦးစီးဦးရွက်ပြုလာတဲ့နိုင်ငံကြီးတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အပေါ်လွှမ်းမိုးဖို့ အတွက် နည်းမျိုးစုံနဲ့ကြိုးစားခဲ့ကြပါတယ်။ ဒီနေ့ အမေရိကန်နိုင်ငံဟာ ရေနံရဖို့နဲ့ ဩဇာအာဏာ လွှမ်းမိုးနိုင်ဖို့ လုပ်သလိုမျိုးပေါ့။ ကွန်မြူနစ်စနစ်အကြောင်းကို နဲနဲပြောမှရမယ်။ တကယ်တော့ ကွန်မြူနစ်စနစ်ဟာ ဥရောပမှာ စပြီးပေါ်ခဲ့တဲ့ Political Theory တစ်ခုဖြစ်ပါတယ်။ စပြီးပေါ်လာတာကတော့ Political Theorist တွေဖြစ်တဲ့ ကာလ်းမာခ်နဲ့ အိန်ဂျယ်တို့ရဲ့ Communist Manifesto ကွန်မြူနစ် အရင်းကျမ်းစခဲ့ပါတယ်။ […]


“ကျနော်ဘယ်နားကလမ်းလျှောက်ရမ လဲဗျာ”   ပြီးခဲ့တဲ့ရက်က နယ်က သူငယ်ချင်းတစ်ယောက်မန်းလေးရောက်လာပါတယ်။ သူက မုံရွာဘက်က လာတော့ 22စီလမ်းဘက်က သိရိမန္တာကား ဝင်းကြီးမှာ ကားဂိတ်ဆုံးပါတယ်။ ကျနော်ဆီဘယ်လိုလာရမလဲမေးတော့ လာခေါ်ရမလားမေးပေမယ့် မရောက်တာကြာလို့ လမ်းလျှောက်ချင်တယ်လို့ပြောပါတယ်။ နောက်သူက သယ်စရာ ခရီးဆောင်အိတ်တစ်လုံးဘဲပါလာတော့လာမကြိုနဲ့ဆိုပြောပါတယ်။. အဲဒါနဲ့သူနဲ့ကျနော်ဆုံရအောင် လမ်း30 80-81 ကြားကလက်ဖက်ရည်ဆိုင်မှာချိန်းလိုက်ပါတယ်။ သူအလွန်ဆုံးကြာ နာရီဝက်ပေါ့။ ကျနော်လဲသူနဲ့ဖုန်းပြောပြီး အတော်လေးကြာတာတော့ လက်ဖက်ရည်ဆိုင်ကနေသွားစောင့်နေလို်က်ပါတယ်။ မလာမလာ နဲ့စောင့်နေလိုက်တာ လမ်းများမှားသွားလားလို့တောင် ပူမိပါတယ်။ သူဖုန်းဆက်ပြီး တစ်နာရီကျော်ကျော်လောက်ကြာမှ မောကြီးပန်းကြီးနဲ့ရောက်လာပါတယ်။ ဘာလို့ဒီလောက်ကြာလဲဆိုတာကို မေးတော့ “လမ်းလျှောက်စရာနေရာမရှိလို့ပါတဲ့” လမ်းမပေါ်တက်လျှောက်တော့လဲ ကားတွေဆိုင်ကယ်ပြည့်ညှပ်နေတော့ မလျှောက်ရဲဘူးတဲ့ဗျာ။ သူကျနော်ကို မေးတဲ့မေးခွန်းက   “ကျနော်ဘယ်နားကလမ်းလျှောက်ရ မလဲဗျာ”တဲ့။ နောက်နေ့ ကျနော်အပြင်ထွက်ရင် ဟိုနားဒီနား တို့တို့တိတိနဲ့ လက်ဆော့ခဲ့ပါတယ်။ ဒီပုံတွေကိုပြန်ကြည့်လိုက်မှ သူမေးခွန်းကိုဘယ်လိုဖြေရမှန်းမသိဖြစ်သွားပါတယ်။. ကျနော်တို့ကသွားလေရာရာ […]


ムラカミMarch 1, 20121min010
အော်… ရယ်… ခက်ကပြီ … ကိုယ့်ဆြာလေး ကို ကိုယ်အားပေးတဲ့ဂီ တ ကို အစစ်အမှန်ဝယ်ယူတဲ့အတွက် လေးစား ချီးကျူးပါရဲ့ဗျာ …. ဒါပေမယ့် ကိုယ့်ဆြာလေး ရဲ့ အတွေးအခေါ်ပိုင်း လမ်းချော်နေတာလေးကိုတော့ ပြောပြချင်ရဲ့ …. ဒါ အားလုံးလည်း သိသင့်လို့ပါဗျ… (ရှည်သွားရင် ခွင့်လွှတ် ..) သည်တော့ စစချင်း နည်းနည်းလေး ခွဲပြီးဆွေးနွေးကြည့်ရအောင်နော.. နိုင်ငံခြား ရုပ်ရှင်ကား မြန်မာကား (ရုပ်ရှင် ကို ခနဖယ်ထား..) ကျုပ်တို့ ခိုးသုံးနေတဲ့ ဆော့ဖ်ဝဲ တွေကို ခန ဖယ်ထား … မြူးဇစ် ကိုပဲ ဆွေးနွေးမယ်ဗျာ …နော.. အဲ့ ..မေ့တော့မလို့ နိုင်ငံခြားကလာတဲ့ မြူးဇစ်ကိုလည်း ဖယ်ထား.. ပြည်တွင်း ဂီတ ဗျာ […]


black chawFebruary 29, 20124min043
ကဲ ကျောင်းဒကာ။ တီးတိုင်းရောက်ပြီ…။ ခံတွင်းချဉ်နေတယ်ဗျာ။ လဖက်ရည်ချိုပေါ့ကျလေးတစ်ခွက်လောက်သောက်ကြရအောင်။ လဖက်ရည်သောက်ရင်း ဂျာနယ်ထဲက သတင်းလေးတွေအကြောင်း ပြောကြရအောင်ဗျာ။ ထူးအိမ်သင်ရဲ့ ချိုပေါ့ကျသီချင်းလေး ကို နောက်ခံမြူးဇစ်လေး အဖြစ် ဖွင့်ထားလိုက်ဗျာ။ ရော့ဒီမှာ ကိုငှက်ရဲ့ ချိုပေါ့ကျ သီချင်းလေး အလွယ်တကူသာ ဒေါင်းပြီး ဖွင့်တော့ဗျာ။ ကိုငှက်ကိုလွမ်းလို့ မျက်ရည်ကျရင် ကျုပ်နဲ့ မဆိုင်ဘူးနော်။ chopawtkya အိုကေ စလိုက်ကြစို့…။ ဗိုလ်ချုပ်အောင်ဆန်း နှင့် ကိုကိုကြီး (Messenger) မရည်ရွယ်ပါဘူးကျောင်းဒကာ။ အခုတလော ဒေါက်တာတွေဘက် ဓါတ်ကျနေတယ်လို့တော့ မစွတ်စွဲပါနဲ့။ ဒေါက်တာစိုင်းခမ်းလိတ် ရေးခဲ့တဲ့ သီချင်းလေးတစ်ပုဒ်အကြောင်းပြောမလို့ပါ။ ဟောကြည့်၊ စိုင်းခမ်းလိတ်ဆိုတာနဲ့ စိုင်းထီးဆိုင်ကြီး ပြေးမြင်လိုက်ပြီ မဟုတ်လား။ ကောင်းရောဗျာ။ ပလက်ဖေါင်းမင်းသား ဆိုတဲ့ သီချင်းလေးနည်းနည်းညည်းပြမလို့ပါ ကွယ်။ ရေးနေရင်းနဲ့မှ သတိရသွားပြန်ပြီဗျို့။ တိုက်ဆိုင်မှု ဆိုတာကြီးကကြောက်စရာကြီးနော့။ […]


black chawFebruary 27, 20122min042
(ဟိုင်းဝေးလမ်းမကြီးထက် မင်းလက်တွဲခေါ်ပြေးလွှား အားလုံးထားခဲ့ပစ်လိုက်စမ်းပါ အချစ်လေး ဝေးကြဖို့တော့ သတ္တိမရှိပါ တို့မဝေးဘူး အတူဆိုပျော်မယ်သိတယ် အားလုံးအဝေးပြေးချင်တယ်) ဟေးဟေး။ ဟုတ်တော့ ဟုတ်နေပြီ ကျောင်းဒကာ ရယ်။ နည်းနည်းတော့ သည်းခံပြီး ဖတ်ပေးဗျာ။ အပေါ်က စာသားတွေ ပါဝင်တဲ့ သီချင်းလေးက မင်းရဲ့သူရဲကောင်း ဆိုတဲ့ စီးရီးနဲ့ အောင်မြင်တဲ့ အဆိုတော်ဘဝကို နေ့ခြင်းညခြင်းရောက်သွားခဲ့တဲ့ ဆရာဝန်အဆိုတော်လေး တေးရေးတေးဆို ဒေါက်တာဆောင်းဦးလှိုင်ရဲ့ သီချင်းလေး တစ်ပုဒ်ပါ။ အဲဒီအခွေက အစပြုလို့ ဂီတလောကမှာ ဒေါက်တာဆောင်းဦးလှိုင် စိုက်ထူခဲ့တဲ့ ဂီတ မှတ်တိုင်တွေကို လည်း အစပြန်ဖေါ်ပေးလိုက်ဦးမယ်ဗျာ။ ခရီးသွားငါးယောက် ဆိုတဲ့ အဖွဲ့လေးဖွဲ့ပြီး ထုတ်ခဲ့တဲ့ စီးရီးကလည်း အောင်မြင်ခဲ့ပါတယ်။ နောက် စည်သူလွင်၊ အဲလက်စ် တို့နဲ့ သုံးယောက်ပေါင်းပြီး 19:18 ဆိုတဲ့ စီးရီးတွေကလည်း […]


ムラカミFebruary 24, 20122min030
သူမ နာမည်ဟာ Marie Colvin ဖြစ်ပါတယ် … အမေရိကန်နိုင်ငံသူ သူမဟာ တချိန်က ကိုယ့်ကိုကိုယ် ကမာ္ဘမြေအတွက် မီးသတ်သမား အဖြစ် ကင်ပွန်းတပ်ခဲ့တဲ့ သတင်းထောက်တယောက် ဖြစ်ပါတယ်..။ နိုင်ငံရပ်ခြားဒေသတွေမှာ တာဝန်ထမ်းဆောင်တဲ့ မကြောက်မရွံ့့သော ရဲရင့်သော သတင်းထောက် အဖြစ် လက်ရှိမျိုးဆက် တခုလုံးက လေးစားရတဲ့သူပါ..။ ၂၀၀၁ခုနှစ် သီလိလင်္ကာ နို်င်ငံမှာ ဗုံးဆန်ထိမှန်ပြီး ကတည်းက ဆုံးရှုံးခဲ့ရတဲ့ ဘယ်ဘက် မျက်လုံး မှာ မျက်လုံး အကာတပ်ဆင်ပြီး ဆက်လက် တာဝန်ထမ်းဆောင် ခဲ့သူ ကမာ္ဘတဝှမ်းက မီဒီယာတွေ ပေါ်မှာ မကြာခန တွေ့မြင်ရတတ်သူလည်း ဖြစ်ပါတယ်…။     ၁၉၈၅ ခုနှစ်ကတည်းက ဗြိတိသျှ သတင်းစာ the Sunday Times အတွက် […]