“ အလုပ်ထွက်စာပါအစ်ကို…” ကျွန်တော်မော့ကြည့်လိုက်မိသည်… မွန်မွန်ဆိုသောမိန်းခလေးတစ်ယောက်… ကျွန်တော့်ထက် တစ်နှစ်မျှသာငယ်သော်လဲ အလုပ်ရာထူးအရတလေးတစား “အစ်ကို”ဟု သူခေါ်လေ့ခေါ်ထရှိသည်… “ ဘာလို့အလုပ်ထွက်ချင်ရတာလဲ… မွန်မွန်…” “ ညီမဆက်မလုပ်ချင်တော့ဘူး… ရုံးထဲကလူတွေကိုလဲညီမရင်မဆိုင်ချင်တော့ဘူး…” “ ရုံးကလူတွေက မွန်မွန့်ကို ဘာပြောလို့လဲ… မွန်မွန်အလုပ်မှာအဆင်ပြေနေသားနဲ့…” မွန်မွန်ငြိမ်ကျသွားသည်… ထို့နောက်… “ အားလုံးနဲ့ညီမအဆင်ပြေပါတယ်… ဒါပေမယ့်ဟိုနေ့ကဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး… ညီမအလုပ်ဆက်လုပ်ချင်စိတ်မရှိတော့လို့ပါအစ်ကို…” ကျွန်တော်နားလည်လိုက်ပါပြီ… သူ့အလုပ်ထွက်စာကိုလက်ခံထားပြီး… နောက်ထပ်(၃)ရက်ခန့် စဉ်းစားစေလိုကြောင်းနဲ့ အကယ်၍အလုပ်မထွက်လိုသေးလျှင် ပြန်လာနိုင်သေးကြောင်းပြောပြီပြီး မွန်မွန်ကို အိမ်သို့ပြန်စေပါသည်… အခန်းအတွင်းမှထွက်သွားသော မွန်မွန်ကိုကြည့်နေရင်း ကျွန်တော့်စိတ်ထဲတွင် မည်သည့်အခါမှပြန်မလာသောထွက်သွားခြင်းကို ခံစားမိလိုက်ပါသည်…. လွန်ခဲ့သော ဆယ်နှစ်ခန့်ကအဖြစ်အပျက် အကျိုးအကြောင်းတိုက်ဆိုင်သဖြင့် ဒီနေ့ကျွန်တော်တွေးလိုက်မိ၏… အဲဒီနေ့က မွန်မွန်ဘာကြောင့်အလုပ်ထွက်သွားခဲ့သလဲ… အဲဒီနေ့မတိုင်ခင် (၃)ရက်လောက်က မွန်မွန်ရုံးကနေခွင့်ယူခဲ့သည်… အကြောင်းကား […]
