အရင်ဆုံးပြောချင်တာတစ်ခုက ဒီစာရေးတဲ့နေတဲ့အချိန် ဆိုဒ်ပေါ်တင်သင့်မတင်သင့် တော်တော်ကြီးစဉ်းစားတယ်… ရေးပြီးတော့လဲ ပြောသင့်မပြောသင့်သေသေချာချာဆုံးဖြတ်ပြီးမှ ပြောသင့်တယ်ထင်လို့ပြောပါတယ်… အမှားတစ်စုံတစ်ရာပါခဲ့မယ်ဆိုရင်… တွေးခေါ်ရေးသားသော ကျွန်ုပ်၏ တာဝန်သာဖြစ်ကြောင်း ပြတ်ပြတ်သားသားတာဝန်ယူပါသည်… အရင်ဆုံးပြောချင်တာက… ဂဇက်ဆိုတဲ့ရွာကြီးအကြောင်းပါ… ဂဇက်ဆိုတဲ့အွန်လိုင်းရွာကြီးကို ကျွန်တော်တို့အားလုံး မြတ်နိုးစွာ ဒီမိုရွာကြီးဟု နှစ်နှစ်သက်သက်လက်ခံထားသည်… ဟုတ်ပါပြီ… ဒါဆိုရင် ရွာသူရွာသားတွေရော ဘယ်လောက်တောင်ဒီမိုဆန်နေကြပြီတုန်း… ဒီမိုဆိုတာကို ဘယ်လောက်အထိ လက်ခံထားနိုင်ကြပြီတုန်း… သေသေချာချာပြန်စဉ်းစားကြည့်ရအောင်… အရင်ဆုံး ကျွန်တော်စိတ်မကောင်းစွာတွေ့ရတာက ရခိုင်အရေးဆွေးနွေးတိုင်း ဂဇက်မန်ဘာဝင်တွေ တော်တော်များများ အားရဝမ်းသာဝိုင်းဆဲကြတဲ့အဖြစ်… ဒီမိုရွာမှာ သူ့အမြင်ကိုရေးရင် ကိုယ့်ဘက်ကလဲ ခိုင်မာတဲ့အထောက်အထားနဲ့ တိတိပပချေပနိုင်ရင်ချေပ… မချေပနိုင်တဲ့အနေအထားဆိုရင် ပါးစပ်ပိတ်ပြီး ဒေါင့်မှာသွားထိုင်နေရုံပဲ… ပုဂ္ဂိုဟ်ရေးမနှစ်သက်မှုတစ်ခုနဲ့ ဗုဒ္ဓသာသာဝင်မဟုတ်သော အခြားသူတစ်ဦးဦးကို ဆဲရေးတိုင်းထွာတာ… ခါးအောက်ပိုင်းမိုးမွှန်အောင်ဆဲတာမျိုးက လူကြီးလူကောင်းဆန်သော အပြုအမူ မဟုတ်ဘူးဆိုတာတော့ ကောင်းကောင်းသတိပြုစေချင်တယ်… အခုအချိန်မှာ ကြီးကြီးကျယ်ကျယ်ပြောရရင် ကျွန်တော်တို့နိုင်ငံ ဒီမိုနိုင်ငံအဖြစ်ဦးတည်နေတယ်… အဲဒီတော့ […]
