အားလုံးပဲ မင်္ဂလာပါနော် … ဒီရက်ပိုင်း ဘာမှ ရေရေရာရာ position မဟုတ်ပဲ အလုပ်တွေရှုပ်နေတာက တကြောင်း ၊ စာရေးရင်းနဲ့ အဆုံးမသတ်ပဲ ထားခဲ့တာတွေလည်းရှိတာက တကြောင်း၊ ပျင်းနေဖြစ်တာကလည်း တကြောင်းမို့ ပို့စ်မရေးဖြစ်တာ ကြာသွားခဲ့ပါတယ် ။ အခုတော့ ကိုယ်တိုင်လည်း မျက်မြင် ကြုံတွေ့ခဲ့ပြီး ၊ စိတ်ထဲ အတော်လေး ကသိကအောက်ဖြစ်နေ တဲ့ အကြောင်းရာလေးတွေကို မိမိရဲ့ တစ်ဦးတစ်ယောက်တည်း အမြင်ကနေ ဇောင်းပေးရေးသွားမှာ ဖြစ်တာကြောင့် ၊အရေးသား အသုံးနှုန်းတွေပေါ်မှာပဲဖြစ်ဖြစ် ၊ ကြုံခဲ့ရတဲ့ အတွေ့ကြုံပေါ်မှာဖြစ်ဖြစ် ထိခိုက်နစ်နာမှုများ ရှိလျှင် ခွင့်လွှတ်ကြပါလို့ ကြိုတောင်းပန်ထားပါရစေ ။ %%%%%%%%%%%%%%% ပြီးခဲ့တဲ့ တပတ်စနေနေ ့က လှည်းတန်းဘက်ကို အိမ်ကခိုင်းတဲ့ ကိစ္စတစ်ခုကြောင့် ခဏတာ ရောက်ဖြစ်ခဲ့ပါတယ် ။ […]
