kaiJanuary 17, 20221min01
ယခု ၂၀၂၂ ပထမဆုံးလမှာ မြန်မာတွေကို တော်တော်လေး ဒုက္ခပေးတတ်တဲ့ -ed အသံလေးကို မှန်မှန်ကန်ကန် အသံထွက်တတ်ရန် လေ့လာကြပါစို့။ -ed မှာ အသံထွက် ၃မျိုးတိတိ ရှိပါတယ်။ မြန်မာလို ‘တ’နဲ့ တူတဲ့ /t/ ဆိုတဲ့ အသံလေးရယ်၊ မြန်မာ ‘ဒ’နဲ့ တူတဲ့ /d/ ဆိုတဲ့ အသံလေးရယ်၊ မြန်မာ ‘အစ်’ သံနဲ့ တူတဲ့ /id/ ဆိုတဲ့အသံလေး ဖြစ်ပါတယ်။အကြမ်းအားဖြင့်တော့ /p,k,/ ဆိုတဲ့ အသံလေးတွေရဲ့နောက်မှာ /t/ သံ ထွက်ရပါတယ်။ ဉပမာ pumped, dumped, linked, pickedအလားတူပင် /b,g,n,m/ ဆိုတဲ့ အသံလေးတွေရဲ့ နောက်မှာ /d/ ထွက်ရပါတယ်။ ဉပမာ lobbed, logged, […]


kaiDecember 14, 20211min01
ယခုလမှာတော့ Accent modifications လို့ ခေါ်တဲ့ accent ကို ပြုပြင်ပြောင်းလဲပေးနိုင်အောင် accent reduction လို့ ခေါ်တဲ့ accent ကို လျော့နည်းသွားနိုင်အောင် အထောက်အကူ ပေးနိုင်မဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ဦးစွာပထမ Accent ဆိုတာ ဘာလဲ၊ ဘာကြောင့် ပြုပြင်ပြောင်းလဲပေးဖို့ လိုအပ်တာလဲ ဆိုတာကို နားလည်ထားဖို့ လိုပါတယ်။ accent ဆိုတိုင်း မကောင်းတာ မဟုတ်ပါ။ မြန်မာစကားမှာတောင် ကိုယ်သဘောကျနေတဲ့ ကချင်မလေးက ကချင်သံဝဲဝဲလေးနဲ့ မြန်မာစကားပြောတော့ … “တယ် နားဝင်ချိုပါလား” တဲ့။ ကိုယ် ကြည့်မရတဲ့ လူမျိုးခြားတယောက်က မြန်မာစကားကို ဝဲတဲ့အခါကြတော့ “နားထဲ သံရေပူနဲ့လောင်းထည့်လိုက်သလို ခံစားရပါလား”။တချို့ကပြောတတ်သေးတယ်။ native speaker တယောက်နဲ့ တူအောင် ပြောတတ်မှ […]


kaiNovember 15, 20215min02
Learn to Speak English             ယခင်လက အင်္ဂလိပ်စကားပြောသည့်အခါ အသံထွက်ကောင်းဖို့ အင်္ဂလိပ်စကားရဲ့ Rhythm ကို အတုယူပြီး ပြောနိုင်ဖို့ လေ့ကျင့်ထားနိုင်တဲ့ Exercise လေးတွေ ဖော်ပြခဲ့ပါတယ်။ ယခုလမှာတော့ မြန်မာတွေကို ဒုက္ခပေးတတ်တဲ့ ဝေါဟာရလေးတွေကို မှန်မှန်ကန်ကန် အသံထွက်နိုင်ဖို့ အကြံပေးလိုပါတယ်။ ဉပမာ – walk နဲ့ work ဆိုပါတော့။             လူတော်တော်များများကို ဒုက္ခပေးတတ်ပါတယ်။ ဒီနေရာမှာ စာရေးသူရဲ့ မိတ်ဆွေ တယောက်လည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက် တယောက်လည်း ဖြစ်တဲ့ Marsha Chan ကို ညွှန်းလိုပါတယ်။ သူ့ရဲ့ you tube video တွေမှာ အသံထွက် မှန်အောင် ပါးစပ်ကို ထားပုံထားနည်း၊ လျှာကို ထားပုံထားနည်းများကို […]


kaiOctober 15, 20215min01
            မည်သူမဆို အင်္ဂလိပ်စကား ပြောသည့်အခါ အသံထွက် မှန်လိုကြပါသည်။ မည်သူမျှ အင်္ဂလိပ်စကားကို မြန်မာသံကြီးနှင့်၊ ငပိသံကြီးနှင့် မပြောလိုကြပါ။ ဒီတော့ အင်္ဂလိပ်စကားကို ပီပီသသနှင့် တဖက်သူ နားလည်နိုင်အောင် ပြောတတ်ဆိုတတ်ဖို့ လိုပါသည်။ ဒီလိုပြောနိုင်အောင် ဉီးစွာပထမ မြန်မာစကားနှင့် အင်္ဂလိပ်စကားတို့ရဲ့ ကွာခြားမှုကို သိထားဖို့ လိုပါသည်။ မြန်မာစကားမှာ အသံတမျိုးတည်း ရှိသည့် စကားလုံး များပါသည်။              Monosyllable ဟုလည်း ခေါ်ဆိုနိုင်ပါသည်။ အင်္ဂလိပ်စကားမှာတော့ polysyllable ဟု ခေါ်သည့် အသံ ၂မျိုး၊ ၃မျိုး၊ ၄+၅ မျိုးအထိ ရှိသည့် ဝေါဟာရတွေ များပါသည်။  ဉပမာ –  psychology (4 syllables) argumentative (5 syllables) ။ […]


kaiOctober 13, 20213min00
လက်သုံးချောင်းထောင်တော်လှန်ရေးစခဲ့သူမှာ စူဇန်းကောလင်းစ် ရေးသားသော The Hunger Games Trilogy ဝတ္တုကိုရုပ်ရှင်ရိုက်ကူးသည့် ဇတ်ကောင်ဆယ်ကျော်သက် ကက်နစ်စ်အဲဗာဒင်းန်အမည်ရ Gen Z အမျိုးသမီးငယ်ဖြစ်သည်။ ညာဖက်လက်၏လက်သုံးချောင်းကိုပူး၍ နမ်းပြီးထောင်ပြသောဟန်ကို ပြင်သစ်တော်လှန်ရေးအမှတ်အသား လွတ်လပ်ခြင်း၊ညီမျှခြင်း၊သွေးစည်းချစ်ကြည်ခြင်းတို့ပေါင်းထည့်ယူ၍ ၂၀၁၄ထိုင်းစစ်အစိုးရအာဏာသိမ်းခြင်းကို ဆန္ဒပြရာ၌သုံးခဲ့ကြသည်။ ဟောင်ကောင်မှ ၂၀၁၄နှင့် ၂၀၁၉-၂၀ ဆန္ဒပြလှုပ်ရှားမှုများတွင်လည်း အသုံးပြုခဲ့ပြီး ၂၀၂၁တွင် မြန်မာတို့လက်ပေါ်ရောက်ခဲ့ခြင်းပါ။ဂရိဒဏ္ဍာရီကို အခြေခံထားသော စာရေးဆရာ၏ဇတ်ကွန့်မြူးမှုတို့သည် တခါတရံ တကယ့်အဖြစ်တို့ကိုလွှမ်းမိုးသည်လည်းရှိ၏။ တကယ့်အဖြစ်တို့က ပို၍ဆန်းကြယ်သည်လည်းဖြစ်၏။ဇတ်လမ်း၃တွဲပါ အဆိုပါရုပ်ရှင်သည် ခရိုင်အသီးသီး၏ အကောင်းဆုံးလူငယ်များကို အချင်းချင်းသတ်ဖြတ်စေကာ ခေါင်းဆောင်ညွှန့်တုံးစေရင်း အာဏာကို ၇၅နှစ် ဆုပ်ကိုင်ထားနိုင်သော သမ္မတစနိုး၏ ဂိမ်းကစားကွက်ဖြင့် အခြေတည်သည်။ အချင်းချင်း သတ်ဖြတ်နေကြရင်း သူမ၏မဟာမိတ်တဦးအသတ်ခံလိုက်ရသည်ကို ထိခိုက်ခံစားလိုက်ရသော ကက်နစ်စ်သည် ကစားကွက်၏ မူလရည်ရွယ်ရင်းမှခွဲထွက်လျှက် လက်သုံးချောင်းထောင်ပြရင်း ဆိုင်ရာခရိုင်အသီးသီး၏ တော်လှန်ရေးစိတ်ဓာတ်ကို လှုပ်နှိုးလိုက်သည်။ Mockingjay […]


kaiOctober 4, 202117min00
YiYi Kline, 56, is one of the best known Burmese personalities in the U.S. since she migrated to the U.S. from Burma in 2000. In addition to her job as a registered nurse in the I.C.U. at Kindred Hospital Riverside in Los Angeles, she was active on social media, with almost 64,000 followers on Facebook. […]


kaiSeptember 9, 20216min00
Recall Election = California ပြည်နယ်၏ လက်ရှိ governor ကို ဖြုတ်ချပြီး အသစ်ရွေးချယ်မည့် electionLarry Elder = Governor ရွေးကောက်ပွဲ၌ republican ပါတီ၏ candidate တဦးMask Mandate = Mask မဖြစ်မနေ တပ်ဆင်ခိုင်းသည့် စည်းကမ်း ဥပဒေAnti-Vaxxers = ကာကွယ်ဆေး မထိုးလိုသူများ ဖော်ပြပါ dialog လေးကို လေ့လာထားရင် စကားပြောတဲ့အခါ၊ ဆွေးနွေးခွင့် ကြုံရတဲ့အခါ အဆင်ပြေပါလိမ့်မယ်။Friend: What’s your position on the recall election?You: You know me, I think it is totally unnecessary.Friend: Why? What […]


kaiAugust 25, 20211min00
လော့စ်အိန်ဂျလိစ် ကောင်တီမှ အသိအမှတ်ပြုထောက်ခံသောသတင်းစကား။ COVID-19 (ကိုဗစ်-၁၉ ) ဆေးစစ်မှုနှင့်ပတ်သက်ပြီး ဆရာဝန်တစ်ဦး၏မှတ်စု။Dr. Erika Flores Uribe, လော့စ်အိန်ဂျလိစ် ကောင်တီပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများဌာန။ COVID-19 (ကိုဗစ်-၁၉ )ဆေးစစ်ခြင်းအားဖြင့် ကျွန်ုပ်အတွက် ရောဂါကူးစက်ခြင်းကိုတားဆီးဖို့ရာ ဘယ်လိုဘယ်ပုံကူညီသလဲ။COVID-10 (ကိုဗစ်-၁၉) ဆေးစစ်ခြင်းအားဖြင့် အကယ်၍ သင့်မှာ ကိုရိုနာဗိုင်းရပ်စ်ရှိနေသည်ဆိုပါ သင့်အားသိရှိရန်ကူညီပေးပြီး သင့်မိသားစု၊ မိတ်ဆွေများနှင့် လူမှုအသိုင်းအဝိုင်းကို မပျံ့နှံ့မကူးစက်စေရန် ကာကွယ်ပေးပါသည်။ အကယ်၍ ဆေးစစ်ချက်သည် ပေါ့စတစ်/ရောဂါပိုးရှိသည်ဟုဆိုပါက သင်ကတဆင့်အခြားသူများကို မပျံ့ပွားမကူးစက်စေရန် သီးသန့်ခွဲနေပါ။ သင့်အနီးပတ်ဝန်းကျင်ကသူများကိုလည်း သူတို့တတွေလည်း သီးသန့်ခွဲနေရောဂါခြေချုပ်ပြုလုပ်နိုင်ရန်အတွက် သင့်မှာရောဂါပိုးရှိကြောင်းကို သူတို့အား သိရှိပါစေ။ အဆိုပါနည်းအားဖြင့် ကျွနု်ပ်တို့သည် ဗိုင်းရပ်စ်ပျံ့ပွားကူးစက်မှုကို ရန်တန့်စေနိုင်မှာဖြစ်ပြီး အနာဂတ်မှာ COVID-19(ကိုဗစ်-၁၉)ရောဂါတဟုန်ထိုးဖြစ်ပွားမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။COVID-19 (ကိုဗစ်-၁၉)ဆေးစစ်မှု နည်းလမ်းအမျိုးမျိုးဟာ တိကျတဲ့အဖြေရရှိမှုမှာ ကွာခြားကြပါသလား? ထိုသို့ဆိုပါက ဘယ်ဆေးစစ်နည်းက […]


kaiAugust 13, 202110min01
မြန်မာပြည်မှာ စစ်တပ်က သောင်းကျန်းလို့ အားရတော့ ယခု COVID 19 ရဲ့ အလှည့် ရောက်လာပါပြီ။ လူတွေ တဖြုတ်ဖြုတ်နဲ့ သေနေကြချိန်မှာ ဒီမှာရှိတဲ့ မြန်မာတွေအနေနဲ့ ဆုတောင်းပေးရုံ၊ လှူဒါန်းပေးရုံကလွဲလို့ ဘာမှ မတတ်နိုင်တဲ့ အချိန်ပါ။ ဒီတော့ I want, I need, I hope စတဲ့ စကားစုလေးတွေကို သုံးတတ်လာအောင် dialog လေးတွေနဲ့ ဖော်ပြပေးလိုပါတယ်။ I want ဆိုတာကတော့ မိမိ ဖြစ်စေချင်တာလေးတွေပေါ့နော်။ You: I really want peace in Myanmar. Friend: We all do, but now you have a bigger […]


Thakhin Kai BworJuly 14, 20218min00
            ယခုလမှာ ခေတ်စားပြီး လူအသုံးများနေတဲ့ Expression လေးတွေကို နားလည်လာအောင်၊ ကိုယ်တိုင် စကားပြောတဲ့အခါ သုံးတတ်လာအောင် dialog လေးတွေနဲ့ ပူးတွဲပြီး ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဉီးစွာပထမ G.O.A.T ဆိုတဲ့ expression လေးကို တွေ့ဖူးကြမှာပါ။ G.O.A.T ဆိုရင် ဆိတ်ပေါ့။ ဆိတ် ဆိုရင် ချက်စားပစ်လိုက်မယ် မထင်ကြပါနှင့်။ G.O.A.T ဆိုတဲ့ expression လေးရဲ့ အဓိပ္ပါယ်ကတော့ greatest of all time ပါ။ ဉပမာ – မြန်မာတွေ ငြင်းခုံကြမယ်ပေါ့။ ဘောလုံးသမားတွေထဲမှာ ယခု နံမည်ကြီးတွေ ဖြစ်တဲ့ Ronaldo တို့ Messi တို့  Neymar တို့နဲ့ တချိန်က နံမည်ကြီးခဲ့တဲ့ Pele […]


Thakhin Kai BworJuly 14, 20211min00
“သတ္တန္တရကပ်”ပြီးခဲ့သော ဆယ်စုနှစ်တွင်း မြန်မာနိုင်ငံ ရွေးကောက်ပွဲဝင် ပါတီကြီးနှစ်ခု၏ အယူအဆကွဲမှသည် ပေါ်လစီ ခေါင်းဆောင်မှုနိုင်ငံရေးအားပြိုင်ခဲ့ကြသည်။ ဒီမိုကရေစီစနစ်တွင် ပါတီတို့ဘယ်ညာ အထက်အောက်ကွဲခြင်းသည် ထုံးစံ။ ထိုပါတီတို့ပဋိပက္ခသည် တရားသူကြီးဖြစ်သည့်လူထုမဲဖြင့် ရွေးကောက်ပွဲလုပ်အပြီးဆုံးဖြတ်ချက်ကျရသည်။ ထိုကျပြီးသော ဆုံးဖြတ်ချက်ကို လက်နက်ကိုင်အင်အားစုမှ ဝင်စွက်ဖက်ခြင်းပြုလိုက်ပါလျှင် ဆိုင်ရာပါတီဝင်တို့သာမက မဲပေးထားသူတိုင်းကို စော်ကားရာရောက်၏။ ထို့အတူ ရွေးကောက်တင်မြှောက်မဲပေး တက်လာသည့် ကမ္ဘာ့နိုင်ငံအသီးသီး၏အစိုးရတို့နှင့် ပါတီ/နိုင်ငံဖြစ်တည်မှုများကိုလည်း ပျက်ရယ်ပြုရာဖြစ်၏။ သို့နှင့် သဘာဝပေးတာဝန်အရ တရားမျှတမှုခေါင်းစဥ်အောက်တွင် လူသားဆန်သူတိုင်း အလိုလိုကန့်ကွက်ပြရတော့သည်။မနှစ်၂၀၂၀ ကဖြစ်ခဲ့သည့် ကိုဗစ်-၁၉ ၏ပထမ/ဒုတိယလှိုင်းများတွင် မြန်မာနိုင်ငံသည် ထိရောက်စွာပိတ်စို့နိုင်မှုကြောင့်လော၊ အချိန်မသင့်သေး၍လော ထိုဗိုင်းရပ်စ်မျိုးကွဲက အရှေ့တောင်အာရှ၏ ရာသီဥတုနှင့် ဟန်မကျသေးသလောမသိ။ အနောက်နိုင်ငံများနှင့်နှိုင်းလျှင် လူ့အသက်တို့ကိုများစွာမချွေခဲ့။ NLD အစိုးရ၏ အပိတ်အတားတို့ကြောင့် ၂၀၂၀တွင်းပြည်တွင်းစီးပွားရေးထိုင်းမှိုင်းသွားရသည်။ အစိုးရသည် ကိုဗစ်အတွက် နောင်ခါလာနောင်ခါစျေးသဘောထား လိုသည်ထက်ပို၍ လူအင်အား ဘဏ္ဍာရေးအင်အားပုံအောသုံးခဲ့ပါသည်။ […]


Thakhin Kai BworJuly 8, 20214min00
Ethereum ဆိုတာ Bitcoin ပြီးရင် ဒုတိယ နာမည်အကြီးဆုံး ကွိုင်ပါ။ Bitcoin နဲ့ မတူတဲ့ အချက်က သူ့ကို မူတည်ပြီး ပေါက်ဖွားနေတဲ့ သူရဲ့ blockchain ကိုသုံးနေတဲ့ တခြား Coin တွေ အများကြီးရှိပါတယ်။ ပြောရရင်တော့ သူက Infrastructure တခုပေါ့။ ဒါကြောင့် အသုံးဝင်မူမှာ Bitcoin ထက်သာတယ်လို့ ပြောရမလားပါပဲ။ သို့ပေသိ နာမည်ကြီးတာကတော့ Bitcoin ပေါ့နော်။ လူသုံးများတာကိုး။ဆိုတော့ အခုထက်ထိ Bitcoin ရော Ethereum ရောမှာ တူတာကတော့ အသစ် တခုထွက်လာဖို့ Mining လုပ်ရတာပါပဲ။ Mining လုပ်တယ်ဆိုတာကလည်း တကယ်တော့ transaction ကို အပြိုင်လုပ်ရတာပါ။ တနည်းအားဖြင့် Proof-of-work လို့လည်း ခေါ်ပါတယ်။ […]


kaiJune 16, 20218min01
Learn to Speak English (12)             အင်္ဂလိပ်စကား ပြောတတ်လိုသူတိုင်း အခွင့်ကြုံတိုင်း ပြောဖို့၊ လေ့ကျင့်ပေးဖို့ လိုပါသည်။ သို့သော် စကားစဖို့ ခက်နေ၍ မပြောရ၊ မပြောရ၍ လိုအပ်သော လေ့ကျင့်မှု မရဘဲ ဂျာအေး သူ့အမေရိုက်သလို လည်နေတတ်ပါသည်။ ထို့ကြောင့် ယခုလတွင် Ice breakers ဟု ဆိုအပ်သော conversation starters လေး အချို့ကို dialog လေးများနှင့် အတူ ဖော်ပြလိုပါသည်။             လူအများ စိတ်ဝင်စားမည့် အကြောင်းအရာလေး တခုနှင့် စကား စလိုက်လျှင် conversation တခု ဖြစ်လာဖို့ လွယ်ကူပါသည်။ ဉပမာ Why is a river rich? ဆိုသည့် […]