kaiOctober 15, 20234min00
ကမ္ဘာ့ကပ်ရောဂါ Covid-19 က US ကိုရောက်လာတဲ့အချိန်ကနေ အခုချိန်တွေထိ အာရှလူမျိုးများကို ပစ်မှတ်ထားပြီး ရန်ရှာ၊ တိုက်ခိုက်တဲ့အဖြစ်အပျက်တွေဟာ California အပါအဝင် US တနိုင်ငံလုံးမှာ ဖြစ်ပျက်နေပါတယ်။ ပြောင်းရွှေအခြေချနေထိုင်သူ Immigrants များနဲ့တည်ထောင်ထားတဲ့ United States သမိုင်းမှာ လူမျိုးရေးခွဲခြားမှုအဖြစ်အပျက်တွေဟာ လူမျိုးစုတွေကြားမှာ ရှိနေခဲ့ပါတယ်။ လူမျိုးစုအသီးသီး အာဖရိကန်အမေရိကန်တွေ၊ အာရှလူမျိုးတွေ၊ Spanish တွေက တိုက်ယူခဲ့တာတွေဟာ အကြိမ်ကြိမ်ရှိနေခဲ့ပါတယ်။ လူဖြူက အသားအရောင်နဲ့လူမျိုးကြောင့် ရန်လိုရွံမုန်းခြင်းနဲ့တိုက်ခိုက်တာတွေရှိသလို လူမျိုးစုအသီးသီးကြားမှာလဲ တခုနဲ့တခု ရန်လိုရွံမုန်းခြင်းနဲ့တိုက်ခိုက်ခြင်းတွေ ရှိနေကြတာပါပဲ။ ဒီလို ရန်လိုရွံမုန်းခြင်းနဲ့တိုက်ခိုက်ခြင်းတွေကို United States က ဥပဒေနဲ့အကာအကွယ်ပေးထားတဲ့အတွက်၊ ဒီနိုင်ငံမှာ နေထိုင်နေတဲ့သူတဦးချင်းစီရဲ့ Civil Rights ရှိနေတဲ့အတွက် အဖြစ်အပျက်တွေဟာ ဥပဒေမဲ့ စည်းမဲ့ကမ်းမဲ့နဲ့တော့ အဆုံးသတ်မသွားပါဘူး။ သို့သော်လည်း ဥပဒေပြုသူတွေ […]


kaiSeptember 30, 20231min00
ရန်လိုရွံမုန်းစကားများနှင့် လူတစ်ဦးချင်းစီ၏ တာဝန်ကျနော်တို့လူသားတွေအဖို့ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်မှာပဲဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်မှာပဲဖြစ်စေ ခံနိုင်ရည်ရှိမှုဟာ အကန့်အသတ်ရှိပါတယ်။ ခက်ခဲမှုတွေ၊ရုန်းကန်ရမှုတွေ၊ခွဲဆက်ဆံခံရမှုတွေနဲ့ ရန်လိုရွံမုန်းခြင်းစကားတွေ ပြောဆိုခံရမှုတွေနဲ့ ကြိမ်ဖန်များစွာကြုံတွေ့ရင်ဆိုင်လာရတဲ့အခါ အချိန်တွေ ကြာလာတာနဲ့အမျှ ဒီအဖြစ်အပျက်တွေဟာ တုန်လှုပ်ဖွယ်အိပ်မက်ဆိုးကြီးတစ်ခုလို သက်ရောက်ခံစားလာရတတ်ပါတယ်။ဒီအဖြစ်ပျက်တွေ၊အကြောင်းအရာတွေကို မကြာခဏပြန်တွေးမိနေတာမျိုးပဲဆိုပါတော့။ ဒီအတွက်ကျနော်တို့ ဘယ်လိုရှောင်ရှားကြမလဲ၊ဘယ်လိုလျော့ချကြမလဲနဲ့ ရန်လိုရွံမုန်းခြင်းစကားတွေနဲ့ ခွဲခြားဆက်ဆံမှုတွေလျော့ကျသွားတဲ့ လူ့ပတ်ဝန်းကျင်နဲ့ လူသားကမ္ဘာဖြစ်လာစေဖို့အတွက် ရန်လိုရွံမုန်းခြင်းစကားပြောဆိုသူတွေနဲ့ ခွဲခြားဆက်ဆံသူတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ရမှာပါ။ဒါဟာ လွယ်ကူတဲ့အရာမဟုတ်တာသေခြာပေမဲ့ ကျနော်တို့အနေနဲ့ ကျနော်တို့ကိုယ်တိုင် လုပ်ဆောင်နိုင်တဲ့အချပ်တစ်ချက်တော့ အသေအချာရှိနေပါတယ်။ ဒါဟာ ဘာလဲဆိုရင် မိမိကိုယ်တိုင်ကစပြီး ရန်လိုရွံမုန်းခြင်းစကားတွေနဲ့ခွဲခြားဆက်ဆံခြင်းကို မပြုလုပ်ဖို့ပါပဲ။ တစ်ခါတုန်းက ကျနော်ဟာ ကာလီဖိုးနီးယားမှာ လမ်းပျောက်ခဲ့ပါတယ်။ ကျနော်နေထိုင်ရာ အခန်းကနေ လမ်းလျှောက်ထွက်လာပြီး အိမ်အပြန်မှာတော့ လမ်းမမှတ်မိတော့ပါဘူး။ အမေရိကကိုစရောက်ခါစ ကျနော့်မှာ အင်တာနက်လည်းမရှိသလို မိုဘိုင်းဖုန်းဆက်သွယ်မှုလည်း မရှိသေးပါဘူး။ ဒီတော့ ဘယ်သူ့ကိုမှ အဆက်အသွယ်လုပ်လို့မရ […]


kaiSeptember 21, 20232min00
ယခင်လက Zoom သင်တန်းလေးများအကြောင်း ရေးသားဖေါ်ပြခဲ့ပါတယ်။ ယခု ဒီ Zoom သင်တန်းလေးတွေရဲ့ benefits သို့မဟုတ် advantages လေးတွေ ထပ်မံ တင်ပြလိုပါတယ်။ ပထမဦးဆုံး တွေ့ရှိရတဲ့ benefit ကတော့ အကြိမ်ကြိမ် အဖန်ဖန် ပြန်လည်ကြည့်ရှုနားထောင်နိုင်ခြင်း ဖြစ်ပါတယ်။ In – person သင်တန်းမှာ ဆရာနှင့်၊ ဆရာမနှင့် တကြိမ်သာ တွေ့ခွင့် ရှိပါတယ်။ ယခု Zoom session တွေကို recording လုပ်ထားသည့်အတွက် တကြိမ်မဟုတ်၊ နှစ်ကြိမ်မဟုတ် ကြိမ်ဖန်များစွာ ပြန်လည် ကြည့်ရှုနားဆင်နိုင်ပါသည်။ နားမလည်မခြင်း၊ သဘောမပေါက်မခြင်း ပြန်လည် ကြည့်ရှုနားဆင်နိုင်ပါသည်။ တကယ့်ကို တန်ဖိုးကြီးတဲ့ advantage တခုပါ။ဒုတိယအချက်ကတော့ သင်ကြားပို့ချသွားတဲ့ lesson ကို နားထောင်နိုင်ရုံမက transcript […]


kaiSeptember 16, 20236min00
သဘာဝကပေးတဲ့ခန္ဓာကိုယ်နဲ့ ခန္ဓာကိုယ်ကပြဌာန်းထားတဲ့သတ်မှတ်ချက်တွေကို ငြင်းဆန်ပြီး အများစုနဲ့ ကွဲလွဲတဲ့ လိင်ခံယူမှုနဲ့ လိင်တိမ်းညွှတ်မှုရှိသူတွေဟာ လူမျိုးပေါင်းစုံတွေမှာ နှစ်ပေါင်းများစွာလက်ခံထားတဲ့ လူမှုရေးစံနှုံးSocial norma တွေ၊ ဘာသာပေါင်းစုံကပြဌာန်းချက်တွေနဲ့ ကြားထဲက ကျယ်ပြောနက်ရှိုင်းလှတဲ့အကွာအဝေးကြီးကို နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ညှှိုယူခဲ့ကြရတာဟာ ဒီနေ့ထက်ထိပါပဲ။ ဒီနေ့ထိလဲ သူတို့ဟာ သူတို့ရဲ့ရပိုင်ခွင့်တွေအတွက် ဆက်ပြီးတိုက်ပွဲဝင်နေကြရတာပါပဲ။ ရှေ့ကာလတွေမှာ လူမျိုးပေါင်းစုံတွေရဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေနဲ့ ဘာသာပေါင်းစုံရဲ့ပြဌာန်းချက်တွေနဲ့ထိပ်တိုက်တွေ့ခဲ့ကြတဲ့အခါမှာ သမိုင်းမှတ်တမ်းဖြစ်လာခဲ့တဲ့ LGBTQ + တွေရဲ့ အကျအဆုံးတွေ၊ နှိမ့်ချခွဲခြားဆက်ဆံခံရခြင်းတွေဟာ ဒီတိုက်ပွဲတွေကိုဖန်တီးပေးတဲ့အကြောင်းအရာတွေဖြစ်ခဲ့သလိုဒီတိုက်ပွဲတွေခွန်အားကောင်းအောင် စိတ်ဓာတ်ပိုင်းဆိုင်ရာတွန်းအားပေးနေတဲ့စွမ်းအင်တွေလဲဖြစ်ခဲ့ပါတယ်။ LGBTQ+ ဆိုတာနဲ့ နာမ်စားစကားလုံးတွေ LGBTQ+ ဆိုတဲ့အက္ခရာတလုံးချင်းစီရဲ့ အဓိပ္ပာယ်တွေဖြစ်တဲ့ lesbian, gay, bisexual, and transgender, queer or questioning ဆိုတာကို လူတော်တော်များများသိပြီးသားဖြစ်ကြမှာပါ။ အဲ့ဒီ့မှာ သတိပြုစရာက LGBTQ+ ဆိုတာဟာ အက္ခရာစုလိုက် လူမှုအဖွဲ့အစည်းတခုအနေနဲ့ […]


kaiAugust 31, 20233min00
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီး တစ်လနီးပါးအကြာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၇ရက်နေ့မှာ ကျနော်ဟာရန်ကုန်မြို့၊ကမာရွက်မြို့နယ်၊ ဆင်ရေတွင်းမှတ်တိုင်နားက ဂမုန်းပွင့် ဈေးဝယ်စင်တာအနီးမှာ သတင်းယူနေရင်း အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်ထဲမှာ လေးလကြာနေထိုင်ခဲ့ရပါတယ်။ ထောင်ကပြန်ထွက်လာပြီးနောက်ပိုင်း ကျနော်ဟာ လွတ်မြောက်နယ်မြေတစ်ခုဖြစ်တဲ့ ကရင်ပြည်နယ်ထဲက လေးကေ့ကော်လို့ခေါ်တဲ့ ‌ KNU နယ်မြေထဲမှာ ခိုလှုံခဲ့ပါတယ်။ ကျနော်ကို အာဏာသိမ်းတပ်သား‌ တွေ သေနတ်နဲ့ ထိုးချိန်ပြီးဖမ်းဆီးဖို့ကြိုးစားချိန်မှာ ကျနော်က“သတင်းထောက်ပါ။သတင်းထောက်ပါ”လို့ ‌ယမ်းခိုးယမ်းငွေ့တွေ အူနေတဲ့ကြားထဲကနေ အော်ပြောပါသေးတယ်။အဲ့ဒီအချိန်မှာ သေနတ်ပစ်သံတွေကျနော်ကြားနေရပါတယ်။ အဲ့ဒီ ကိုးယောက်‌လောက်ရှိတဲ့အထဲက တပ်ကြပ်ကြီးတစ်ယောက်က“သတင်းထောက်လည်းဖမ်းကွာ၊ မင်းထွက်ပြေးလို့ကတော့ ပစ်မှာနော်။ ဒီမှာတွေ့လားသေနတ်”ဆိုပြီး ကျနော့် ဘယ်ဘတ်ရင်ဘတ်အပေါ် သေနတ်ထောက်ပြီး ပြောပါတယ်။ အဲ့ဒီတော့ ကျနော်ဘာဖြစ်လည်း။ကြောက်ရွံစိုးထိတ်စိတ်နဲ့ အဲ့ဒီအာဏာသိမ်းတပ်သားတွေကို အမှုန့်ကြိတ်ချင်လောက်အောင် ရွံ့ရှာမုန်းတီးစိတ်ဖြစ်ခဲ့ပါတယ်။ကျနော့်စိတ်ထဲမှာ မတရားဖမ်းးဆီးခံရတယ်ဆိုတဲ့စိတ်ဟာ တငွေ့ငွေ့လောင်ကျွမ်းနေခဲ့ချိန် ဖြစ်ခဲ့ပါတယ်။ ထောင်ထဲရောက်ခဲ့ချိန် တရားရုံးထွက်မှာလည်း အချူပ်ကားစောင့် ရဲတပ်သားတစ်ယောက်က […]


kaiAugust 24, 20233min00
တက်နိုလိုဂျီသုံး၍ အင်္ဂလိပ်စာ သင်ယူကြပါစို့။ယခုခေတ်က Technology ခေတ်လို့ ဆိုရင် မှားမည်မထင်ပါ။ စာရေးသူတို့ မျက်စေ့ရှေ့မှောက်၌ပင် ယခင်က လုံးဝမဖြစ်နိုင်ဟု ထင်ခဲ့သည့်ကိစ္စများ အမှန်တကယ် ဖြစ်လာသည်ကို တွေ့ရှိနေကြရပါသည်။ Driverless cars ဆိုတာမျိုးကို တချိန်က ယုံတမ်းစကားလို ပြောခဲ့ကြတာပေါ့။ ယခုတော့ လက်တွေ့မြင်နေကြရတော့ တကယ်ပါလို့ လက်ခံရပြီပေါ့။ ဒီလို ထူးထူးဆန်းဆန်းတွေ ဖြစ်နေချိန်မှာ အင်္ဂလိပ်စာ သင်ယူကြသည့်အခါ၌လည်း Technology ကို လေးလေးနက်နက် လေ့လာပြီး မိမိတို့အကျိုးအတွက် အသုံးချတတ်ဖို့ လိုလာပြီပေါ့နော်။ ဦးစွာပထမ Zoom သင်တန်းလေးများအကြောင်း ဖေါ်ပြလိုပါသည်။ Covid ကာလမှစ၍ in-person သို့မဟုတ် face-to-face အင်္ဂလိပ်စာ သင်တန်းလေးများအစား Zoom သင်တန်းများ ပေါပေါက်ခဲ့ပါသည်။ ယခု Covid ကာလ ကျော်လွန်ခဲ့ပြီဖြစ်သော်လည်း […]


kaiAugust 5, 20234min00
Hate speech ကို “ရန်လိုရွံမုန်းခြင်းစကား”လို့ ဆိုလိုက်ရင် မုန်းတီးခြင်းတမျိုးထဲသာမကဘဲ နောက်ဆက်တွဲ အဲ့ဒီထက်ပိုမိုနက်ရှိုင်းပြီးဆိုးရွားတဲ့ လူမျိုးရေးခွဲခြားမှု၊ အသားအရောင်ခွဲခြားမှု၊ လိင်ကွဲပြားမှုနဲ့ လိင်ခံယူမှုတွေကိုအရင်းခံတဲ့ ရန်လိုခြင်းအန္တရာယ်တွေပါ အကျိုးဆက်အနေနဲ့ တစ်တွဲထဲ ပါလာတာမျိုးမို့ ဒီဝေါဟာရဟာ ဘယ်လိုလူမှုအသိုင်းအဝိုင်းမှာမဆို အန္တရာယ်မီးတဟုန်းဟုန်းတောက်စေတဲ့ မီးပွားပါပဲ။ နှုတ်နဲ့စတဲ့ရန်လိုရွံမုန်းခြင်းစကားဟာ လေထဲမှာမပျောက်ဘဲ လေထဲကနေ ဗိုင်းရပ်စ်ပိုးလို လူသိန်းချီသန်းချီကူးစက်သွားသလို အခုလို နည်းပညာတိုးတက်တဲ့ကာလမှာ Social media ကနေ Post, Live video, Comment တွေကနေအစပျိုးလိုက်တဲ့ ရန်လိုရွံမုန်းခြင်းစကားတွေဟာ မပြီးနိုင်မစီးနိုင်ဘဲ စက္ကန့်ပိုင်းအချိန်ကာလမှာတင် ရန်လိုမုန်းတီးခြင်းတွေကို လူသိန်းချီသန်းချီ ကမ္ဘာအနှံ့ကို ပျံ့နှံ့သွားစေတဲ့အကြောင်းတရားတခုဖြစ်တာမို့ အဟန့်အတားမရှိ လွတ်လပ်စွာပြောပိုင်ခွင့်ကို ဒီမိုကရေစီစနစ်နဲ့ဖွင့်ပေးထားတဲ့နိုင်ငံတွေမှာလည်း ဒီကိစ္စဟာ စိန်ခေါ်မှုတခုဖြစ်နေပါတယ်။ နည်းပညာတိုးတက်မှုကို ခြေလှမ်းတွေတဆင့်ပြီးတဆင့်လှမ်းတက်နေချိန်မှာ အဲ့ဒီနည်းပညာတိုးတက်မှုကိုအသုံးချပြီး လူမှုအသိုင်းအဝိုင်းကိုအကျည်းတန်စေတဲ့ Hate speech ကို ဟန့်တားနိုင်ဖို့လည်း […]


kaiJuly 21, 20232min00
ယခုလမှာ စာဖတ်သူတိုင်းရဲ့ ကိုယ်ပိုင်စာကြည့်တိုက်လေးများမှာ ရှိသင့်ရှိထိုက်တဲ့ Self-help စာအုပ်လေးများအကြောင်း ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။ Selp-help ဆိုတာ ယခုခေတ်မှာ တော်တော်လေးထင်ပေါ်ကျော်ကြားလာတဲ့ genre လို့လည်း ခေါ်နိုင်ပါတယ်။ ဒီလို Self-help စာအုပ်လေးများကို အချို့က How- to စာအုပ်လေးများလို့လည်း ခေါ်ပါတယ်။ဦးစွာပထမ အားလုံးကြားဘူးကြတဲ့ Dele Carnegie ရဲ့ How to Make Friends and Influence People ဆိုတဲ့ စာအုပ်လေးကို ညွှန်းလိုပါတယ်။ ဒီစာအုပ်လေးကို မသိသူ ရှားပါတယ်။ ဖတ်ဘူးကြမှာပါ။ သို့သော် နေအိမ်မှာ ဝယ်ယူသိမ်းဆည်းထားတဲ့အဆင့်တော့ ရောက်ချင်မှရောက်မှာပေါ့။ ဒီတော့ ဝယ်ယူဖြစ်အောင် ဝယ်ယူပြီး တမြတ်တနိုးဖတ်ရှုကြဖို့ တိုက်တွန်းလိုပါတယ်။ အလုပ်မှာရော၊ Personal Life မှာရော ထူးထူးခြားခြား […]


kaiJune 22, 20232min00
Some secrets can’t stay buried – the brilliant new Lucas Davenport thriller from the number – one New York Times – bestselling author is filled with his trademark razor-sharp plotting and some of the best characters in suspense fiction Buried Prey is further proof that “John Sanford is at the top of his game.” At […]


kaiMay 19, 20233min00
ယခုလမှာ ကိုယ်တိုင်စာကြည့်တိုက်လေးများမှာ ရှိသင့်ရှိထိုက်တဲ့ ကမ္ဘာကျော် Playwright များရဲ့ Play များကို ဖော်ပြထားတဲ့စာအုပ်လေးများကို ညွှန်းလိုပါတယ်။ မြန်မာလို ပြဇာတ်လို့ခေါ်တဲ့ Play များကို ရွေးချယ်ရတာ အကြောင်းရှိပါတယ်။ ဧပြီ၂၃ရက်နေ့မှာ စာရေးသူရဲ့ညီမငယ် မေမမကျော်မြင့်ဟာ Florida မှာ ကွယ်လွန်အနိစ္စရောက်သွားခဲ့ပါတယ်။ မေကျော်လေးဟာ စာရေးသူတို့မိသားစုမှာ ထူးထူုးခြားခြားအနုပညာကို ဝါသနာပါပါတယ်။ အထူးသဖြင့် ပြဇာတ်လေးတွေ၊ အငြိမ့်လေးတွေ ဝါသနာပါပါတယ်။မေကျော်လေးကို အမှတ်တရအနေနဲ့ သူအထူးနှစ်သက်တဲ့ပြဇာတ်ရေးဆရာကြီးတွေရဲ့စာအုပ်လေးများကို ဖော်ပြပေးလိုပါတယ်။ ဦးစွာပထမ ဖော်ပြလိုသူကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Shakespeare ပါ။ Shakespeare ရဲ့ comedies တွေ၊ tragedies တွေကို အားလုံးရင်းနှီးပြီးသားပါ။ Shakespeare ရဲ့စာအုပ်ဆို အထူးရွေးနေစရာမလိုပါ။ Shakespeare ရဲ့ play တိုင်း မကောင်းဘူးဆိုတာ မရှိပါ။ အားလုံးဝယ်ယူထားသင့်၊ […]


kaiMarch 18, 20231min00
မြန်မာခလေးများသည် ဉာဏ်ရည် အထူးကောင်းမွန်ကြပါသည်။ မိဘများက ပြုစုပျိုးထောင်ပေးမည်ဆိုလျှင် ပျိုးထောင်ပေးနိုင်သလောက် အကျိုးရှိမှာ သေချာလှပါသည်။ ဒီလိုနေရာမျိုးမှာ စာအုပ်စာပေထက် ကောင်းသောအရာ မရှိပါ။ ခလေးငယ်များအတွက် စာအုပ်ကောင်းလေးများ ရှာဖွေပေးရန် မိဘတိုင်းမှာ တာဝန်ရှိပါသည်။ ယခုလတွင် 3rd Grade to 6th Grade အရွယ် ခလေးငယ်များနှင့် သင့်တော်မည့် စာအုပ်လေးများကို ဖော်ပြလိုပါသည်။ ဦးစွာပထမ Patricia Maclachlan ၏ Sarah, Plain and Tall ဆိုသည့် စာအုပ်လေးကို ညွှန်းလိုပါသည်။ စာရေးသူ ငယ်ငယ်က ဖတ်ခဲ့ဘူးသည့် စာအုပ်လေးပါ။ မိခင်မဲ့နေသည့် ခလေးနှစ်ယောက်နှင့် Sarah ဆိုသည့် ဂရုဏာရှင်မလေးတယောက်တို့ရဲ့ အကြောင်းကို လှပစွာ သရုပ်ဖော်ထားသည့် စာအုပ်လေးတအုပ် ဖြစ်ပါသည်။ ရိုးသည်၊ ရှင်းသည်။ […]


kaiJanuary 18, 20233min00
A lot of Professors give talks titled The Last Lecture. Professors are asked to consider their demise and to ruminate on what matters most to them: What wisdom would we impart to the world if we knew it was our last chance? If we had to vanish tomorrow, what would we want as our legacy?ဝမ်းနည်း […]