kaiSeptember 2, 20161min012
ZIKA ဗိုင်းရပ်စ်ရောဂါ ဆောင်းရာသီသို့ရောက်လာသောအခါ လူအတော်များများသည် Flu ခေါ် Influenza ခေါ် တုပ်ကွေး ရောဂါကိုခံစားရလေ့ရှိပါသည်။ ဆောင်းရာသီအစ အောက်တိုဘာလတွင် တုပ်ကွေးကာကွယ်ဆေးကို ကြိုတင် ထိုးထားပါက ဖြစ်သော်လည်း သိပ်ပြင်းပြင်းထန်ထန် မခံစားရပါ။ ယခုနှစ်ဆောင်းရာသီတွင် တုပ်ကွေးရောဂါနှင့် တပြိုင်တည်းနာမည်ကြီးလာသော ရောဂါမှာ ZIKA virus ရောဂါဖြစ်ပါသည်။ ကျွန်ုပ်တို့ ခန္ဓာကိုယ်တွင်းသို့ ရောဂါကူးစက်ပုံ (၆) မျိုးရှိပါသည်။ ၁. တိုက်ရိုက်ထိတွေ့မှု (Direct) ရောဂါရှိသူနှင့် ကူးစက်မည့်သူအကြား တိုက်ရိုက်ထိတွေ့မှုကြောင့်ကူးစက်ခြင်း ဥပမာ – တုပ်ကွေးဖျား (Influenza) ၂. တဆင့်ခံ (Indirect) ရောဂါပိုးများက တနေရာ ဥပမာ – ပစ္စည်းတခုပေါ်တွင်တင်ရှိပြီး အခြားသူများသို့ ကူးစက်ခြင်း ဥပမာ – တုပ်ကွေးဖျား (Influenza) ၃. […]


kaiAugust 24, 20162min04
Articles လေးတွေကအကြောင်းပြောစရာအများကြီးကျန်ပါသေးတယ်။ ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းတွေအကြောင်းဖတ်ရတာများလာရင် ငြီးငွေ့သွားမှာကို စိုးရသေးတယ် မဟုတ်လား။ ဒီတော့ အင်္ဂလိပ်စာလေ့လာလိုသူ မြန်မာတိုင်း ကိုဒုက္ခပေးတတ်တဲ့ tense လေးတွေအကြောင်း ဒီလပြောင်းပြီး လေ့လာကြရအောင်။ ဦးစွာပထမ simple present tense အကြောင်းပြောကြရအောင်။ တကယ်တော့ ဒီ simple present tense ဟာလွယ်လည်းမလွယ်လှဘူး။ ပစ္စုပ္ပန်အချိန် နှင့်လည်းလားလားမျှမဆိုင်ဘူး။ ဒါပေမဲ့ နာမည်လေးကြောင့်မှားယွင်းစွာ သုံးစွဲမိသူတွေအများကြီး။ simple present tense လို့ခေါ်ပေမဲ့ present ပစ္စုပ္ပန်အချိန်နှင့်လုံးဝမဆိုင်တာကို အရင်ဆုံးသတိပြုမိဖို့လိုပါတယ်။ ဖိုးဝကြီးလို့ခေါ်ပေမဲ့ ပိန်ချုံး ချိနဲ့နေတဲ့ လူတယောက်လိုပေါ့။ simple present tense ကို မှန်မှန်ကန်ကန်လေးသုံးတတ်အောင် ဘယ်လိုအခြေအနေမျိုးမှာ သုံးရမယ်ဆိုတာ နားလည်ထားဖို့လိုပါတယ်။ ပထမဆုံးမှတ်ထားဖို့ကတော့ Simple present tense ကို […]


kaiAugust 8, 20161min03
ဧရာဝတီမြစ်ကိုသိရန် မြစ်ဝကျွန်းပေါ်၊ မြစ်ဆုံသာမက မေခနှင့်မလိခ အထိလိုက် ကြည့်မှပြည့်စုံမည်။ ၈-၈-၈၈ အရေးအခင်း၊ ဖုန်းမော်နေ့ စသည်တို့ကို မွေးဖွားပေးလိုက်သော ၁၉၈ရ ခု၊ စက်တင်ဘာလ ၅ ရက်နေ့ သုံးစွဲနေကြသည့် ငွေစက္ကူများကို တရားမဝင်ကြေညာလိုက်၍ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား များ လမ်းပေါ်ထွက် ဆန္ဒပြကာ ရဲရင့်ပြောင်မြောက်စွာ မဆလ အစိုးရအား စိန်ခေါ်လိုက်ခြင်းကို သေးသိမ်းမှေးမှိန်အောင် လုပ်လို့ရနိုင်မည်မဟုတ်။ သတင်းသမားအနေနှင့် ရေးသည့်ဆောင်းပါးကို ဖတ်ကြည့်ပါ။ ၁၉၈၈ ခု၊ မတိုင်မီကဆို မဆလ လက်အောက်သေကြရမည်ဟု ထင်မှတ် ထားခဲ့ကြ၏။ ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းက ပြုပြင်ပြောင်းလဲ လုပ်တော့မည်ဆို၍ ချိချိနဲ့နဲ့အားညှစ်ကာ ယုံဖို့ကြိုးစားခြင်းကို ကျနော့သတင်းသမားဦးနှောက်က လက်မခံပယ်ချလိုက်သည်။ ၁၉၆၂ ခုကတည်းက ကြားနေကျ၊ နောက်ဆုံးအဖျား ရှူးသွားမြဲကိုး။ ယခုအကြိမ်တွင်မူ ပိုဆိုးမည့် […]


kaiJuly 23, 20162min04
အရင်လက ဇယားလေးကိုပြန်ကြည့်လိုက်ရင် Pronoun (၂)မျိုးတိုးလာတာကို တွေ့ရလိမ့်မယ်။ ပထမတစ်ခုကတော့ Reflexive Pronoun လေးတွေပေါ့။ ဘာကိစ္စမဆို မိမိကိုယ်တိုင်လုပ်နိုင်ရင် အကောင်းဆုံးမဟုတ်လား ။ ဒီတော့ myself, yourself,ourselves, himself စတဲ့ pronounလေးတွေကိုဘဲ သုံရပါတယ်။ ဥပမာ-ချစ်သူခင်ပွန်းအတွက် ကိုယ်ကိုတိုင်ညစာချက်ပေးထားတယ်ဆိုပါစို့- “I cooked dinner myself”ပေါ့။ တချို့များမိဘနဲ့နေတုန်းက တော့ ထမင်းဟင်းချက်ဖို့မပြောနဲ့ မီးဖိုချောင်ဘယ်မှာရှိလည်းတောင်မသိဘူး။ အဲခင်ပွန်းနဲ့လည်းကြရော ကြက်သားဟင်း၊ ဆိတ်သားဟင်း၊ ဝက်သားဟင်း၊ ငါးဟင်း စသည်ဖြင့်ဟင်းမျိုးစုံကိုကိုယ်တိုင်ချက်ရမှ ကိုယ်တိုင်ခူးခတ်ကျွေး ရမှ စိတ်ချမ်းသာတယ်ဆိုဘဲ။ ” I cooked the curry myself. I made the dessert myself. I prepared everything myself” စသည်ဖြင့်ပေါ့လေ။ […]


၂၀၁၅ ရ လပိုင်း ၁၆ ရက်နေ့က နောက်ဆုံးရေးခဲ့တယ်ဆိုတော့ ခုဆို တစ်နှစ်တင်းတင်းပြည့် အမှတ်တရ(ကိုယ့်ဘာသာ) ဖြစ်လိုက်ပါတယ်။ ကျွန်တော်နှင့် စိတ်ဝမ်းကွဲသူများ၊ ကျွန်တော့်အား ကြည့်မရသူများ၊ ကျွန်တော့်အား စမ်းစမ်းတင့်ဖြစ်သူများအားလုံးအား မင်္ဂလာဆောင်ပါ။ တစ်ချို့ကား နေမြဲ၊ တစ်ချို့ကား ခုတစ်လောပြန်သိရသလောက် အရင်လို ငြင်းခုန်ခြင်း အနုပညာမရှိတော့ပဲ ငါ့စကားနွားရများ၊ အရင်လို ကိုယ့်အမြင်၊ အတွေးအခေါ်များကို လွတ်လွတ်လပ်လပ် ချမရေးတတ်တော့ပဲ နောက်ဆုံးမှာ ပျောက်ကွယ်သွားကြသူများ၊ ဘယ်လိုဖြစ်ဖြစ်ပါ။ တစ်ချိန်တုန်းကကို ကျွန်တော်အလွန်သဘောကျပါတယ်။ ကျွန်တော်တိုု့လို စာမရေးတတ်သူများ စာတွေရေးချင်လာအောင်၊ ဘယ်လိုရေးရင်ကောင်းမယ်ဆိုတာကိုပါ သွန်သင်လမ်းပြ အားပေးခဲ့ကြသူများကို လွန်စွာမှ ကျေးဇူးတင်ပါကြောင်း။ ဟုတ်ကဲ့ ကျွန်တော် စမ်းစမ်းတင့်(ရွာပြင်)မှ သတင်း၊ အတင်းများကို စဉ်ဆက်မပြတ် ထုတ်လွှင့်နေပါကြောင်း။ ၂ နှစ်လောက်ရှိပြီထင်ထားရာကနေ ခုမှပြန်ကြည့်မိတော့ တစ်နှစ်လောက်ပဲရှိေသေးတယ်ဆိုတော့ အားမလို […]


kaiJune 24, 20161min013
စင်စစ်လူသည်အသားစားသတ္တဝါမဟုတ်ပေ။ အသားစားသတ္တဝါတို့တွင် အစွယ်နှင့်ရှည် လျားချွန်ထက်သောခြေသည်းလက်သည်းတို့ ပါရှိသည်။ သားကောင်ဖမ်းသည့်အခါတွင်မှ ထုတ်သုံးလေ့ရှိသဖြင့်သာမာန်အား ဖြင့်မမြင်နိုင်၊ မတွေ့နိုင်ပေ။ ထို့ကြောင့်မြန်မာစကား၌ ကြောင်လက်သည်းဝှက်ဟု ခိုင်းနှိုင်းလေ့ရှိကြသည်။ ရေကိုသောက် သည့်အခါတွင်လည်း လျှာဖြင့် ပလက်ပလက်မြည်အောင်လျှက် သောက်တတ်၏။ အစာဟောင်း အိမ်၌ အသားငါးတို့အလွန် အပုပ်မြန် တက်သဖြင့် အစာဟောင်းမြန်မြန်စွန့်ထုတ်ပစ်နိုင်ရန်လိုအပ်၏။ ထို့ကြောင့်အသားငါးသတ္တဝါတို့၌ အူသည်အလျှားတိုရသည်။အခန်းတစ်ခုထဲ၌ လိမ္မော်သီးတစ်ခြင်းပုပ်နေလျှင် မသိသာသော်လည်း ကြွက်တစ်ကောင်သေနေပါက မနေနိုင်မထိုင်နိုင်အောင် အနံ့ဆိုးလှသည်။ အသီးအနှံသည် သားငါးတို့ကဲ့သို ့အပုပ် မမြန်သောကြောင့် သီးနှံစားသတ္တဝါ တို့၏ အူအကန့်သည် ရှားလျားသည်။ ထိုအချက်တို့ကိုနှိုင်းယှဉ်၍ လေ့လာကြည့်မည်ဆိုပါက လူသည် အသားစားသတ္တဝါ အမျိုးအစား၌ မပါဝင်ကြောင်း ပေါ်လွင်သိသာပါသည်။ လူ၏အူမှာလည်း မထင်မှတ်လောက် အောင် ရှည်လျားလှပါပေသည်။ သို့သော်လူတို့သည် အမဲသားငါးတို့ကိုနေ့စဉ်လိုလို တရှိုက်မက်မက်စား သောက်နေကြပေသည်။ လွန်ခဲ့သော ၁၉၇၈ခုနှစ်ပတ်ဝန်းကျင်ခန့်က […]


kaiJune 22, 20162min05
Nouns လေးတွေအကြောင်းကို(၂)လတိတိပြောခဲ့ပြီးပါပြီ။ အတော်အသင့်တော့ ပြည့်စုံသွားပါပြီ။ ယခုလမှာ nouns တွေကိုယ်စားအသုံးပြုရတဲ့ pronouns လေးတွေအကြောင်းဆက်လက်ဖော်ပြ လိုပါတယ်။ ပထမဦးဆုံး နားလည်ထားဖို့က အင်္ဂလိပ်စကားဟာ တတ်နိုင်သလောက် စကားလုံးထပ်ခြင်းကို ရှောင်ပါတယ်။ တို့မြန်မာစကားကတော့ “ ကိုကို၊ ညိုညို၊ အောင်အောင်၊ ကျော်ကျော် ” စသဖြင့် စကားလုံးလေးတွေကို ထပ်ပြီးသုံးကြတယ်။ English မှာတော့ noun တစ်ခုခုကို ထပ်တလဲလဲသုံးနေမဲ့အစား pronoun လေးတွေနဲ့ပြောင်းပြီးသုံးလေ့ရှိပါတယ်။ Pronoun (၃)မျိုးကို အရင်ခွဲခြားပြပါမယ်။ English လို First Person မြန်မာလိုတော့ “ ပြော သူ(သို့)ရေးသူ ”ဆို တဲ့ “ I, Me, My ” English လို Second Person […]


kaiMay 18, 20163min03
အရင်လက Nouns လေးတွေအကြောင်း အတော်အတန်ပြည့်စုံအောင်ဖော်ပြခဲ့ပြီးပါပြီ။ Nouns တွေကို လေ့လာတဲ့အခါ သဒ္ဒါစည်းမျဉ်းစည်းကမ်းတွေကို မှတ်သားနေရုံနဲ့ မပြီးသေးပါ။ အချို့နေရာများ၌ ဝေါဟာရလေးတွေကို အလွတ် ကျက်မှတ်ထားပြီး အခွင့်ကြုံသလိုသုံးသွားဖို့လိုပါတယ်။ ဆိုကြပါစို့ cat, dog, tiger စသည့် words လေးတွေကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့် ဒီအကောင်ပေါက်စလေးတွေကို ဘယ်လိုခေါ်သလဲဆိုတာ လူတိုင်းမသိကြပါ။ မြန်မာလိုကတော့ ရှင်းပါတယ်။(ပေါက်စ) တလုံးတတ်ထားရင်ပြီးပြီပေါ့။ ကျားပေါက်စလေး၊ ကြောင်ပေါက်စလေးပေါ့။ အင်္ဂလိပ်လိုကြတော့ မသိသေးရင်ကျက် မှတ်ထားဖို့ကိုလိုပါလိမ့်မယ်။ ဥပမာ – Tigers        Cubs Cats        Kittens Dogs        Puppies Cows        Calves Birds        Chicks အုပ်စုလိုက်နေကြတာကို မြန်မာလိုက ရှင်းတယ်။ […]


kaiApril 22, 20162min013
ခုလောလောဆယ်… တဧက ၃၅ဒေါ်လာတန်ကို.. ၉ဒေါ်လာနဲ့ရောင်းနေပါတယ်..။ လူ၁ထောင်ကျော်ဝယ်ပြီးနေပြီး သူများကိုလက်ဆောင်အဖြစ်ဝယ်ပေးလို့လဲရပါတယ်…တဲ့..။ ဝယ်လို့ရှိရင်.. ကိုယ်ပိုင်မြေကွက်နေရာရှိရာ မြေတိုင်းမြေပုံ။ ပိုင်ဆိုင်မှုစာချုပ်၊ NASA ကရိုက်ယူထုတ်ပြန်ထားတဲ့ ဓာတ်ပုံစာအုပ်နဲ့ မှတ်တမ်းတွေကို ဒစ်ဂျစ်တယ်နဲ့ရမယ်ဆိုပဲ…။ smile emoticon One Acre of Land on Mars from Buy Planet Mars ($35 Value) The Deal One acre of land on Mars ($35 value) Novel gift for entertainment purposes only. Buy Planet Mars Buying land on Mars sounds like a […]


kaiApril 12, 20161min019
အတာအိုး အတာအိုးဆိုတာ သင်္ကြန်တွင်းမှာ သိကြားမင်းက လူ့ပြည်ကို ဆင်းလာတယ်လို့ အယူရှိတယ်။ အဲ့ဒီအချိန်မှာ သိကြားမင်းကို ကြိုတာပေါ့။ အဲ့ဒီအချိန်အတွင်းမှာ မကောင်းမှု တတ်နိုင်သမျှမလုပ်ဘဲ ကောင်းမှု ကုသိုလ်နဲ့ပဲမွေ့လျော် ကြပါတယ်။ ဒီလိုပါပဲ အတာအိုးနဲ့ အတူ အတာပန်းဆိုတာရှိတယ်။ အတာပန်းတွေကတော့ တနင်္ဂနွေဆို အ-ဥ -အုန်းရွက်၊ဩဇာရွက် ၊ တနင်္လာအတွက်ဆို … က -ခ-ဂ-ဃ-င ထဲက ကန့်ကော်ပန်း၊ခရေ … အင်္ဂင်္ါဆို ဇီးရွက်၊ ဗုဒ္ဓဟူးဆို ရွက်လှ၊ရေတမာ၊ ကြာသပတေးဆို မြေဇာ၊မာလကာရွက်၊ သောကြာဆိုသပြေပန်း၊ စနေဆို တမာရွက်၊ ဒန်းပန်း၊ အစရှိသဖြင့်ပေါ့။ စသည်ဖြင့် နေ့ ရ နေ့ကိုကိုယ်စားပြုတဲ့ ရ နေ့နံပန်းနဲ့ပါ။ တစ်ချို့ကလဲ ပတ်ဝန်းကျင်ကိုမူတည်ပီး ဒန်း၊ ဇီး၊ စသည်ဖြင့် ထည့်ကြတယ်။ […]


kaiApril 10, 20165min015
ဒီတလောနားထောင်ဖြစ်နေတဲ့…အပျော်သီချင်းလေးတွေ…။ သိတာလေးတွေတင်ပေးကြပါဦး..။ ယူတုကသီချင်းလင့်ရယ်.. စာသားရယ်ပေါ့…။ ဘိုသီချင်း..။ ဂျပန်၊ စိန့်ပြည်..။ ကိုရီးယား..၊ ဗမာ..။ ကုလား.. ကြိုက်တာ..။ နှစ်ကူးနီးပြီမို့လေ…။ ပျော်ရွှင်ပါစေ..။ My Oh My Lyrics :Punch Brothers Rise up blinking in the sun Wrapped in invisible wire Something beautiful’s gonna come Out from underneath our thumbs To let freedom vibrate not ring ‘Cause we can’t listen to (listen to (listen to)) everyone If […]


kaiMarch 23, 20161min04
“အင်္ဂလိပ်ဝေါဟာရကြွယ်ဝလိုသော် ” ဆောင်းပါးလေးကို ရေးလာခဲ့တာ ဘာလိုလိုနဲ့တစ်နှစ်ခွဲတောင်ကျော်လာခဲ့ပါပြီ။ အင်္ဂလိပ်စကားကို ထိထိမိမိလှလှပပခန့်ခန့်ငြား ငြားယဉ်ယဉ်ကျေးကျေးသိမ်သိမ်မွေ့မွေ့ပြောနိုင်ဖို့၊ ရေးနိုင်ဖို့လေးတွေ phrasal verb လေးတွေ၊ Euphemism လေးတွေ အကြောင်းနှင့် အခြားသိကောင်းစရာ Expression လေးတွေအကြောင်း တော်တော်လေးပြည့်စုံအောင် ဖော်ပြခဲ့ပြီးပါပြီ။ နောက်လကစပြီး “အင်္ဂလိပ် သဒ္ဒါတက်ကျွမ်းလိုသော်”ဆိုတဲ့ အမည်နဲ့ သဒ္ဒါအကြောင်း သိသင့်သိထိုက်တာလေးတွေကို ဖော်ပြဖို့ ရည်ရွယ်ထားပါတယ်။ ယခုလမှာတော့ စာရေးသူသိပ်ကိုသဘောကျတဲ့၊ အတွေးလှပတဲ့ဝေါဟာရလေးတွေ expression လေးတွေကိုဖော်ပြခွင့်ပြုပါ။ ဦးစွာပထမ intimate နှင့် intimacy ဆိုတဲ့လှပတဲ့ ဝေါဟာရလေးတွေကို ကြည့်ကြရအောင်။ လူရယ်လို့ဖြစ်လာရင် Intimacy ကိုမကြောက်မှ လူသားပီပီပျော်ရွှင်ချမ်းမြေ့စွာနေနိုင်မှာဖြစ်ပါတယ်။ Those who are afraid of intimacy are condemned to live in […]


kaiFebruary 26, 20161min05
ဗိုလ်အောင်ကျော်ဆိုတာ ဘယ်သူလဲ၊ ဘယ်လိုလူလဲဆိုတာက တချို့လူငယ် လေးများ မသိကြတော့ပါ၊ မသိအောင်လုပ်ထားခဲ့ကြလို့ မသိခဲ့တော့တာကို အပြစ်တင်လို့လဲမဖြစ်ပါ။ စစ်အာဏာရှင် အစိုးရများခေတ် တလျှောက်လုံးမှာကျောင်းသားခေါင်းဆောင်၊ ကျောင်းသားအရေးအခင်း၊ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားသပိတ် ဆိုတဲ့စကားလုံးတွေကို မကြားလို၊နားခါးတယ်။ဒါကြောင့် အတတ်နိုင်ဆုံး ဖုံးကွယ်ဖိနိပ်ထားခဲ့ကြပါတယ်။ တကယ်တော့ ဗမာ့လွတ်လပ်ရေးသမိုင်းကို မပြောလို့မသင်ကြားလို့မရနိုင်ပါ။ လွတ်လပ်ရေးသမိုင်းကိုပြောတိုင်း ကျောင်းသားလှုပ်ရှားမှုသမိုင်းကလည်း မပါလို့မဖြစ်ပါ။ ၁၉၂ဝ ပထမကျောင်း သားသပိတ်၊၁၉၃၆-ဒုတိယကျောင်းသားသပိတ်၊၁၉၃၈-တတိယကျောင်းသားသပိတ်။ သမိုင်းဆက်သွားတဲ့ ရဲဘော်သုံးကျိပ်မှာလဲ၊ဗိုလ်တေဇ၊ ဗိုလ်ဇေယျာ၊ ဗိုလ်လကျ်ာ၊ ဗိုလ်စကြာတို့က ကျောင်း သားခေါင်းဆောင်တွေ။ရဲဘော်သုံးကျိပ်ခေါင်းဆောင်တွေ၊ဗိုလ်အောင်ကျော် ၁၉၃၈မှာမကျဆုံးခဲ့ရင် ရဲဘော်သုံးကျိပ်ထဲတောင်ပါသွားမယ် ထင်ပါရဲ့။တချို့ကလေးတွေက ဗိုလ်အောင်ကျော်ကို ရဲ ဘော်သုံးကျိပ်ဝင်ထင်လိုထင်။ ဗိုလ်အောင်ကျော်ဆိုတာ ရဲဘော်သုံးကျိပ်ဝင် မဟုတ်ပါဘူး၊ “ဗိုလ်”ကလဲ စစ်တပ်ထဲကရတဲ့ ဗိုလ်ဘွဲ့ ဗိုလ်ရာထူးလဲမဟုတ်ပါဘူး၊ပြည်သူလူထုက “နေမျိုးသီဟသူရ”ဘွဲ့နဲ့တကွ ကြံတောသုဿာန် မှာ ပေးလိုက်တဲ့ဘွဲ့ပါ။ ကြံတောသုဿာန်မှာပဲ ဗိုလ်အောင်ကျော်ရဲ့အုတ်ဂူ တည်ဆောက်ခဲ့ကြပါတယ်။ ဗိုလ်အောင်ကျော်ကြည်ညိုတဲ့ […]