ကုသိုလ်ပြုနည်း တစ်မျိုး မျက်စိလှူက မျက်ကြည်ရ မြတ်သည့်လှူဒါန ယခုဘဝ မျက်စိလှူက ချမ်းသာစိတ်သွင် မြင်ကြည်အေးမြ ဘဝဆက်တိုင်း အနှိုင်းမသိ ကုသိုလ်ထူးဘိ…. မျက်ကြည်လွှာအစားထိုး ကုသသည်ဆိုသည်မှာ…. – မျက်စိတစ်လုံးလုံးကို အစားထိုးကုသခြင်း မဟုတ်ပါ။ – လူမျက်စိ၏ မျက်ကြည်လွှာကိုသာ အစားထိုးကုသခြင်း ဖြစ်ပါသည်။ – မျက်ကြည်လွှာလဲလှယ် ခွဲစိတ်ကုသမှု၏ ၉၀% အောင်မြင်မှုရရှိပါသည်။ – မည်သည့်အသက်အရွယ်မဆို အစားထိုးကုသ၍ ရပါသည်။ မျက်စိဘဏ် ရန်ကုန်ကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေး (၂) မြို့မှာသာ မျက်စိဘဏ်ရှိပါသည်။ ဆင်းရဲနွမ်းပါး၍ ဆေးမကုသနိုင်သော မျက်ကြည်တိမ်ဝေဒနာရှင်များကို ကူညီ၍ ကုသပေးပါသည်။ မျက်စိဘဏ်သည် မျက်ကြည်လွှာ စုဆောင်းခြင်း၊ စစ်ဆေးခြင်း၊ လိုအပ်သော ဆေးရုံများသို့ ဖြန့်ဝေခြင်းတို့ကို […]
