Yin Nyine NwayApril 12, 20111min01
ကျန်းမာရေးနှင့် မညီညွတ်သည့် အချက် ၈ချက် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေ အနည်းဆုံး တစ်ခု၊ နှစ်ခုလောက်တော့ သင့်မှာ ရှိနေနိုင်ပါတယ်။ သင်သတိမထား မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ ဒီလို အမူအကျင့်တွေ ရှိနေရင်တော့ ဒီနေ့ကစပြီး ပြင်ဆင်လိုက်ပါ။ ခြေထောက်ချိတ်ထိုင်ခြင်း ခြေထောက်နှစ်ချောင်းယှက်ပြီးထိုင်တာ စတိုင်ကျလှပပေမယ့် သင့်ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ခြေထောက်သွေးလှည့်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ခြေထောက် သွေးကြောထုံးခြင်း(Varicose Vein)ကို ဖြစ်စေနိုင်ပါတယ်။ ဒူးအထက်ကနေ ခြေထောက်ကိုချိတ်ပြီး ထိုင်မယ်ဆိုရင်တော ့သွေးကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုအဟန့်အတား ဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ သင့်ခြေထောက် နှစ်ချောင်းကို ကြမ်းပေါ်တစ်ပြေးတည်း ချထားတာဟာ သင့်ခန္ဓာကိုယ် အလေးချိန်ကို ညီညီမျှမျှ ထိန်းထားပြီးသား ဖြစ်စေပါတယ်။ သွားပွတ်တံမလဲဘဲ ဆက်သုံးနေခြင်း သွားပွတ်တံတစ်ချောင်းကို ကြာရှည်သုံးစွဲတာ မကောင်းပါဘူး။ သုံးလကို […]


nigimi77April 9, 20111min07
Bungee  Jump   အဲဒါက ဘာလဲ ဆိုတော့  ….ရုန်းအားကောင်းတဲ့ သားရေကြိုး (elasticity  Rope)  ရဲ  ့တစ်ဖက်ကို  လူရဲ  ့ ကိုယ်ခန္တာ ဒါမှ မဟုတ်  ခြေထောက်မှာ ချည်ပြီးတော့ မြင့်မားတဲ့ နေရာကနေ ခုန်ချပြီး မြေပြင် (သို ့) ရေပြင်နဲ ့ ထိလုနီးချိန်မှာ ကြိုးရဲ  ့ ရုန်းအားကြောင့် အပေါ်ကို ပြန်ဆွဲတင်ရင်း ပြန်ကျရင်းနဲ ့  သားရေကြိုးကို ပေးလိုက်တဲ့ ဆွဲဆန် ့အား ကုန်သွားတဲ့ အထိ နိမ် ့လိုက်မြင့်လိုက်နဲ  ့ ရင်ခုန်မှု၊ စွန် ့စားမှု တို ့ကို သာယာစေတဲ့  Outdoor Sports တမျိုးပါပဲ။  Bungee  Game […]


weiweiApril 8, 20111min07
ပြီးခဲ့တဲ့ပိတ်ရက်က ဆရာတော်တစ်ပါးဆီသွားတဲ့အချိန်မှာ ကျွန်မ အလွန်ခါးနာနေပါတယ်။ ခါးကုန်းလို့မရအောင်နာနေတာနဲ့ ဆရာတော့်ကို ဦးချပြီး မကန်တော့နိုင်ခဲ့ပါဘူး။ အဲဒီလို အဖြစ်အပျက်မျိုး မကြာခဏဖြစ်လေ့ရှိပြီး ပုံမှန်လဲ အမြဲခါးနာနေတတ်တယ်လို့ ဆရာတော့်ကိုပြောမိလို့ ဆရာတော်က နည်းလမ်းတစ်ခု ပြောပြပါတယ်။ လုပ်နည်းက လွယ်လွယ်လေးပါ … မနက်မိုးလင်း အိပ်ယာထတဲ့အခါ (မျက်နှာသစ်၊ သွားတိုက်၊ အပေါ့အပါးသွား) ဘာမှမလုပ်ရသေးခင် ခါးကို ရေအရင်လောင်းပါတဲ့ … ခါးတစ်နေရာတည်းကို ရေလောင်းနိုင်ရင်ပိုကောင်းတယ်ဆိုလို့ ကျွန်မကတော့ ဘိုထိုင်အိမ်သာမှာ ထိုင်ပြီး ခါးနေရာကို ရေပန်းနဲ့ရေလောင်းပါတယ် … တစ်ပတ်လောက်လုပ်ကြည့်တော့ တော်တော်သက်သာလာလို့ အဲဒီနည်းလေးကို မျှဝေလိုက်ပါတယ် …


myuemyueApril 7, 20112min05
ကျွန်မတို့နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ လူ့ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့ ဆင်တူတဲ့အစားအစာလေးတွေ ပါရှိတတ်ပါတယ်.. အဲဒီအစားအစာတွေက သူတို့နဲ့ဆင်တူတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ဘယ်လိုအကျိုးဖြစ်စေတယ်ဆိုတာလေး ဖတ်မိလို့ ဘာသာပြန်ပြီး မျှဝေလိုက်ချင်ပါတယ်.. မုန်လာဥနီကို ထက်ပိုင်းလှီးထားတာလေးက သေသေချာချာကြည့်ရင် မျက်လုံးထဲက မျက်ဆံလေးနဲ့ဆင်တူပါတယ်.. ထူးဆန်းစွာပါပဲ မုန်လာဥနီကိုစားပေးခြင်းအားဖြင့် မျက်စိအမြင်အာရုံကို ပိုကောင်းလာစေတဲ့ အစွမ်းမျိုးရှိပါတယ်တဲ့.. မုန်လာဥနီမှာပါတဲ့ ဘီတာကယ်ရိုတင်းက အသက်ကြီးလို့ မျက်စိမှုန်တာမျိုးကို လျော့ပါးစေပါတယ်..   သစ်ကြားသီးကို အခွံခွာပြီးကြည့်ရင် လူ့ဦးနှောက်နဲ့ တော်တော်လေးတူတာတွေ့ရပါမယ်.. သစ်ကြားသီးကိုစားပေးခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားခြင်းကို လျော့ပါးစေပါတယ်.. သစ်ကြားသီးမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ်တွေပါပြီး ဦးနှောက်အတွင်းက အချက်ပေးစနစ်တွေကို ပိုမိုကောင်းမွန်စေပါတယ်.. အနီရောင်ဝိုင်အရက်ကတော့ သွေးနဲ့ဆင်တူတယ်ပေါ့.. တနေ့ကို ဝိုင်တခွက်စီသောက်ပေးခြင်းဖြင့် သွေးလှည့်ပတ်မှုကို ပိုကောင်းစေပြီး နှလုံးအတွက်လဲ ကောင်းပါတယ်တဲ့.. နီရဲနေတဲ့ခရမ်းချဉ်သီးတလုံးမှာ အခန်းအကန့်လေးခုတိတိပါတတ်တဲ့ အသွင်အပြင်က လူ့နှလုံးသားနဲ့ဆင်တူပါတယ်.. […]


မမေလးApril 6, 20111min018
Eugenia အလုံလမ်း         …. ကြေးအိုး  ၂၇၀ဝ ( ပုဇွန်နှင့် ၃၀၀ဝ )  ၊ ရေခဲမုန့်ကြော် ၁၅၀၀ ပန်းစွယ်တော် အလုံလမ်း     …သံပုရာရည် ၁၂၀ဝ ( ဂတ်စ် နည်းနည်းပါတယ် ) သင်အာ  ( ၂ လမ်းထိပ် )     … ကြက်သားလုံးချိုချဉ် ၂၅၅ဝ ၊ တောက်တောက်ကြော် ၂၅၅ဝ ၊ ကြက်ချဉ်စပ် ၂၅၅၀ လသာလမ်း Sho Da         … ဆူရှီဆိုင်  တစ်ပွဲ ၁၀၀၀ စဉ့်အိုးတန်းလမ်း အောင်ငွေ    … ပသျှူးထမင်းကြော် ၁၈၀ဝ ၊ ထမင်းပေါင်း ၁၅၀ဝ […]


weiweiApril 5, 20111min016
အခုပေးမဲ့ နည်းလမ်းက ကြိုတင်ကာကွယ်နည်းဖြစ်သလို ကျောက်တည်နေသူများအတွက်လည်း အသုံးဝင်ပါတယ်။ တကယ်ဝေဒနာခံစားပြီး ဒီနည်းနဲ့ ဝေဒနာပျောက်ကင်းသွားသူ နှစ်ဦးဆီက ကိုယ်တိုင်ကြားခဲ့ရလို့ တခြားသူတွေလဲ သိရအောင် မျှဝေပေးလိုက်ပါတယ် … နည်းလမ်းက အလွန်လွယ်ပါတယ် … အပေါ့သွားချင်စိတ်ပေါ်လာရင် ရေအရင်သောက်ပါတဲ့ … ပြီးမှ ချက်ခြင်းအပေါ့သွားလိုက်ပါတဲ့ … အဲဒီအလေ့အကျင့်ကို မှန်မှန်လုပ်ရင် ကျောက်တည်ခြင်း၊ ဆီးကြိတ်ဖြစ်ခြင်းတို့မှ ကင်းဝေးမယ် … ကျွန်မလဲ အဲဒီအကျင့်ကို လုပ်ကြည့်မယ်ဆိုပြီး အားခဲထားတာ ယနေ့အထိ ၃ ရက်သာ ရှိသွားတယ် … အကြိမ်တိုင်း သတိမေ့နေလို့ အိမ်သာထဲမှာပဲ ရေသန့်ဗူးတစ်ဗူးထည့်ထားလိုက်ရင် ကောင်းမလားလို့တောင် တွေးနေမိပါတယ် 😛 ….


ဦးကောက်March 28, 20111min012
မှတ်ဉာဏ်ကောင်းချင်ရင် နေ့လယ်တစ်ရေးအိပ်   သင့်အနေနဲ့ သတင်း အချက်အလက် အသစ်တွေ မှတ်သားဖို့ လိုလာပြီ ဆိုရင် ပထမ ဦးစွာ နေ့လယ် နေ့ခင်းမှာ တစ်ရေး လောက် မှေးပြီး အိပ်စက် လိုက်ပါတဲ့။   အမေရိကန် သိပ္ပံ ပညာရှင် တစ်စု လေ့လာ တွေ့ရှိချက် အရ ဦးနှောက် အတွင်းမှာ ရှိတဲ့ ဟစ်ပို ကမ်းပတ်စ် (Hippo- campus) လို့ ခေါ်တဲ့ နေရာသည် သတင်း အချက်အလက် အတွေ့ အကြုံ အမြင်အကြား အသစ် တွေကို လက်ခံ ပေးတဲ့ နေရာ ဖြစ်ကြောင်း၊   တစ်နေ့တာ ကာလ အတွင်း သတင်း အချက်အလက် အသစ်များ […]


မမေလးMarch 26, 20111min06
* ပြီးရင် စိတ်တွေ တည်ငြိမ်ဖို့  တင်ပလေခွေထိုင်လိုက်ပါ ။ ထိုင်ပုံကတော့ ယောဂကျင့်စဉ်မှာ ထိုင်သလိုပေါ့ အားလုံးသိပါတယ် … ပထမဆုံးတော့ မရနိုင်ပါဘူး … ခြေထောက်နှစ်ချောင်းကို ထပ်မထားပါနဲ့ ။ တစ်ချောင်းကို ရှေ့ နောက်တစ်ချောင်းကို အနောက်မှာထားပါ ။ နှစ်ဖက်စလုံး ကြမ်းပြင်နဲ့ထိပါစေ ။ * ၁ . လက်မ နဲ့ လက်ညှိုး ကို ထိထားပါ ။ စက်ဝိုင်းပုံစံလေး ဖြစ်သွားပါပြီ ၂. ပေါင်ပေါ်မှာ တင်ထားပါ ။ ၃ . မျက်လုံးကို မှိတ်ပါ ။ ၄. ဦးခေါင်းခွံ ၊ မျက်နှာ ၊ တင်းအားတွေ အားလုံးကိုလျော့လိုက်ပါ ။  ပြုံးလိုက်ပါ မျက်နှာကြောတွေ […]


မမေလးMarch 26, 20111min03
ယောဂကျင့်စဉ်က BC 300 လောက်က ယောဂရဲ့ဖခင်လို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ အိနိယလူမျိုး ပက်တန်းဂျလိ ခေါ် ရသေ့တစ်ပါးက ယောဂဆူတျာ လို့ခေါ်တဲ့ ယောဂကျမ်းကို ပြုစုရေးသားခဲ့ပါတယ် … ခုပြောပြမယ့်ကျင့်စဉ်ကတော့ သွေးလည်ပတ်မှုအားကောင်းပြီး အကြောတွေပြေလျော့စေတယ် ၊ အချိုးအစားလှပစေတယ်   ၊  ရုပ်ရည်တင်မယ်  ၊ နုပျိုစေမယ် ၊ အစာချေဖျက်အားကောင်းစေမယ် ၊  စိတ်တည်ငြိမ်မှု ၊ ခနာကိုယ်ပျော့ပျောင်းသန်စွမ်းမှု ၊ ယုံကြည်မှုတွေဖြစ်စေတဲ့ ဟတ်တယောဂကျင့်စဉ် ဖြစ်ပါတယ် ။ စိတ်လတ်ပေါ့ပါးစွာနဲ့ နေ့စဉ်လေ့ကျင့်ပေးပါ ။ *မနက်ပိုင်းလေ့ကျင့်ရင်တော့ တစ်ညလုံးညောင်းညာနေတာတွေကို တစ်နေ့လုံးပေါ့ပါးနေစေပါတယ် ။ *ညနေပိုင်းလေ့ကျင့်ရင်တော့ တစ်နေ့လုံး ပင်ပမ်းသမျှတွေကို ပြေပျောက်စေပြီး ကောင်းကောင်းမွန်မွန် အိပ်ပျော်စေပါတယ် ။  ( ရောဂါရှိတယ်ဆိုရင်တော့ ဆရာဝန်ကို အရင် မေးကြည့်ဖို့လိုအပ်ပါတယ် ) […]


zoxnetMarch 24, 20111min03
ရန်ကုန်မှာ ကွမ်းစားတဲ့သူ တော်တော်များပါတယ်။ မြန်မာနိုင်ငံမှာလို့ ပြောရင်လည်း ပြောနိုင်ပါတယ်။ ဘာကြောင့်လည်း ဆိုရင် ကျွန်တော်တို့ နိုင်ငံကြီးရဲ့ မြို့ပြမှာရော၊ တောရွာမှာပါ လမ်းပေါ်ကြည့်လိုက်ရင် ကွမ်းတံတွေးကွက်တွေကို နေရာအနှံ့ တွေ့မြင်နေရပါတယ်။ မြို့ပြက ကတ္တရာမည်းမည်းတွေဆိုရင်လည်း ကြက်သွေးရောင် ကွက်လေးတွေရဲ့ အလှဆင်ခြင်းကို ခံစားနေကြရပါတယ်။ ဘယ်သူတွေ အလှဆင်နေကြသလဲ ဆိုတာကတော့ ကာယကံရှင်တွေပဲ သိလောက်မယ် ထင်ပါတယ်။ ကွမ်းစားတာဟာ အဟာရပြည့်သည်ဖြစ်စေ၊ ကျန်းမာဝဖြိုးစေသည် ဖြစ်စေ ဘယ်လို အကျိုးတွေရှိနေသလဲ ဆိုတာကို သိစရာမလိုဘူးလို့ ထင်ပေမယ့် ကွမ်းထဲမှာပါတဲ့ ဆေးတွေဟာ လူကို ဘယ်လိုဆိုးကျိုးတွေ ပေးတယ်ဆိုတာကတော့ ကျန်းမာရေးပညာရှင်တွေ ကနေပြီး အမျိုးမျိုး အသိပညာပေးမှုတွေ ပြုလုပ်နေကြပါတယ်။ အိုကေ။ ဒါဆိုရင် ကွမ်းကို ဆေးတွေ မထည့်ပဲ စားမယ်ဆိုရင်ရော လူကို ဘယ်လိုအကျိုးယုတ် […]


weiweiMarch 18, 20111min023
သတ်သတ်လွတ် အစားအစာတစ်မျိုးဖြစ်ပါတယ်။ ပါဝင်သောပစ္စည်းများ ထမင်း (နို့ဆီဗူးတစ်ဗူး) အာလူး (၁၅ ကျပ်သားခန့်) ခရမ်းချဉ်သီး (၁၅ ကျပ်သားခန့်) ကြက်သွန်ဖြူဆီချက် ဆား ပြုလုပ်ပုံအဆင့်ဆင့် အာလူးနှင့် ခရမ်းချဉ်သီးကို နူးအောင်ပြုတ်ရပါတယ်။ ထို့နောက် အခွံခွာပြီး အတုံးသေးသေးလေးတွေတုံးပါတယ်။ ထမင်း အာလူးနဲ့ ခရမ်းချဉ်သီးကို ကြက်သွန်ဖြူဆီချက်မှ ဆီနှင့် ဆားသင့်တော်သလိုထည့်ပြီး နယ်ရပါတယ်။ ခပ်စေးစေးပိုင်ပိုင်ဖြစ်အောင် နယ်ပြီးနောက် လက်နှစ်ဖက်ဖြင့် အလုံးပုံသဏ္ဍာန်ဖြစ်အောင် ပြုလုပ်ပါတယ်။ ကြက်သွန်ဖြူ ဆီချက်အဖတ်၊ မြေပဲကြော်၊ ပဲပုတ်ကြော်နှင့် ဂျူးမျှစ်အစိမ်းတို့ပြီး စားနိုင်ပါပြီ … အကုန်အကျသက်သာပါတယ်။ ပြုလုပ်ရတာလည်းလွယ်ပါတယ်။ အလုပ်တော့ နဲနဲရှုပ်တယ်။