တမြန်နေ့က  သားကိုထိန်းမနိုင်တာနဲ့  ထိန်းလို့ရလိုရငြား  ရွှေဘုန်းမြင့်ဘုရားကို ခေါ်သွားခဲ့ပါတယ်။ ဘုရားရင်ပြင်ပေါ်မှာ ကလေးတစ်ဦးကို မိဘတွေက ဘယ်ညာတွဲပြီး လမ်းလျှောက်သင်ပေးနေကြတယ်။ ကလေးက ပိန်လှီပြီး လမ်းလျှောက်ဖို့နေနေသာသာ မတ်တတ်တောင်မရပ်နိုင်သေး။ ကျမသား နင်းကန်ပြေးနေရာကနေ သူတို့နားရောက်သွားတော့  ကလေးမိဘတွေနဲ့ ကျမ  စကားစမြည်ပြောရာကနေ စကားဝိုင်းလေး စည်ခဲ့တယ်။ သူတို့သားလေးက ၁ နှစ်နဲ့ ၃လ၊ ကျမသားက ၁ နှစ်နဲ့ ၂လ။ သန်စွမ်းဖွံ့ဖြိုးမှုခြင်းက ခေါက်ချိုးလောက်ကွာတယ်။ ကျမက နို့ဘူးတိုက်မွေးခဲ့ကြောင်းပြောပြဖြစ်တော့  ဟိုဘက်က အမေလုပ်တဲ့သူ အံ့ဩသွားတယ်။ သူတို့သားလေးက ဘာရောဂါမှ မရှိဘဲ  သန်သန်စွမ်းစွမ်း မရှိလှဘူး။ အရယ်အပြံ ုး တွေနဲ့ အလုပ်များနေသင့်ပြီဖြစ်တဲ့ မျက်နှာလေးက တွေတွေလေး။ မိဘတွေကိုကြည့်တော့ ရွှေတွဲလွဲ ငွေတွဲလွဲ နဲ့  မရှိမရှားထဲက။  သားလေးကို မချိ  […]


padonmarFebruary 18, 20142min024
14.1.2014 ဓမ္မဗျူဟာတွင် ကျင်းပသော Dr.ခင်နွယ်ဝင်း (USA) ၏ ဒုတိယအကြိမ် ကျန်းမာရေးပညာပေးဟောပြောပွဲကောက်နှုတ်ချက် (သက်ရှည်ကျန်းမာချင်လျှင်၊မြန်မာ့လူနေမှုဘဝကိုပြင်) အရေးတကြီးသိမှတ်ရန် ကင်ဆာ+ဆီးချို+သွေးတိုး နာတာရှည်ရောဂါများ ကာကွယ်နိုင်ရန်အတွက် (၁) ခန္ဓာကိုယ်တွင်း ဓာတ်တိုးခြင်း(=သံချေးတက်ခြင်း=Oxidation) မဖြစ်အောင်နေရမည်။ကင်ဆာဆဲလ်များသည် အက်ဆစ်ဓာတ်နှင့် အချိုဓာတ်တွင် ပိုပွားနိုင်သဖြင့် ခန္ဓာကိုယ်ကို အက်ဆစ်ဓာတ် မဖြစ်အောင် နေရမည်။အချိုရှောင်ရမည်။ (၂) ခုခံအားကောင်းအောင် အစားအသောက် ၊ အနေအထိုင် ပြုပြင်ရမည်။ (၃) အကျိုးဝေဒနာကို ကုဖို့ထက်အကြောင်းရင်းကို ရှာကုရမည်။ (၄) အဆိပ်အတောက်များ၏ ပေါင်းခြင်း (အဆိပ် ၁+၁+၁+၁) သည် အဆိပ် ၄ မကပဲ အဆိပ် ၄ဝ ဖြစ်သွားနိုင်သည်။ (၅) မည်သည့်အချိန်မဆို ပြုပြင်လျှင် နောက်မကျသေးပါ။ အချိန်မီပါသေးသည်။ (၆) အသက်ရှည်ခြင်း၏ သော့ချက်သည် အစားနည်းခြင်း၊ချင့်ချိန်စားခြင်း […]


ဇီဇီFebruary 17, 20143min065
ဂဇက် လိ(ခ) ကွ။ နာ့ ကို ဟင်းစပ်မပေးပဲ တူ့ ရှစ်တူကိုပဲ ဟင်းချက်ချက်ကျွေးနေတဲ့ လူဂျီးးးးး ခု သူ့ ချစ်ချစ် ဆီ က ဓာတ်ပုံတွေနဲ့ ဟင်းစပ်တွေ တင်တယ်ကွာ။ မှတ်ပလားးး ဟေးဟေးဟေးးးး ချက်နည်းသိချင်ရင် ဒီလူဂျီးကို မေးကြပါကုန်။ 😀 ~~~~~~~~~~~~~~~~~~~`     အသီးအရွက်ကြော်ရင် အနူးမလွယ်တာကို အရင်ကြော်ပါတယ်… ဆီအတော်ပူမှ ဂေါ်ရခါးသီးနဲ့ ကြက်သွန်ဖြူကိုထည့် ၊ နူးလောက်ပြီဆိုမှ မုန်လာဥနီနဲ့ ခရုဆီထည့်ပြီးကြော်ပါတယ် ။ သဘာဝအချိုမို့ အချိုမှုန့် အသားမှုန့် ဘာမှမထည့်ပါဘူး ။ မှိုဟင်းခါးကတော့ ရေဆူဆူမှာ သကာရည်နဲ့စပ်ထားတဲ့ Soup Base ၊ ပင်အပ်မှို ၊ ကြက်သွန်ဖြူဓားပြားရိုက် ၊ ဓားနဲ့မွှန်းထားတဲ့ ငရုပ်သီးစိမ်း […]


  Home made Valentine’s Day Special… အိမ်မှာနေရင်းငွေကုန်ကြေးကျနဲတဲ့နည်းလေးပါ…အိမ်မှာအသင့်ရှိတဲ့ကြက်ဥ၊ကြက်သားချောင်း၊ပါမုန့်နဲ့တင်ရတဲ့နည်းလေးပါ.. နည်းလေးကတော့….ဦးစွာပထမ ကြက်သားချောင်းတစ်ချောင်းကိုထိပ်ပိုင်းအနည်းငယ်ချန်ပြီးအလယ်မှဓါးနဲ့ခြမ်းပါ ၊ပြီးလျှင်အခြမ်းနှစ်ခုကိုထိပ်ချင်းထိ အောင်ဘေးသို့ကွေးချလိုက်ပါ၊သွားထိုးတံလေးနဲ့ထိုးပြီးထိပ်ချင်းဆက်ထားလိုက်ပါ…ထိုနောက် ဒယ်ပြားကိုမီးပူပေးပြီး၊မီးပူလျှင်ဆီအနည်းငယ်ထည့်ပြီး ကြက်သားချောင်းကိုထည့်ပါ ပြီးလျှင် ခွဲထားတဲ့ကြက်ဥကိုထိုကြက်သားချေုာင်းပုံစံခွက်အတွင်းသို့ထည့်ပြီးကျော်ပါ… ကြက်သားချောင်းနဲ့ကြက်ဥကျက်လျှင်ပုဂံထဲထည့်ပါ၊ပါမုန်ုကိုလည်းအသဲပုံပေါ်အောင်ကပ်ကျေးနဲ့ညှပ်ပါ ပြီးလျှင်Toster ထဲထည့်ကင်လိုက်ပါ..ပြီလျှင်မိမိနှစ်သက်ရာ စတော်ဘယ်ရီယိုတို့နှင့်သုံးဆောင်နိုင်ပါသည်။ မရေးတာကြာလို့အဆင်မပြေရင် ခွေးလွှတ်ကြပါနော်… တော်သေပြီ….


ဇီဇီFebruary 10, 20142min040
၆ နာရီခွဲ နှိုးစက်သံ အစမှာပဲ ဖြူ့ မျက်လုံးတို့ပွင့်ကာ နိုးလာခဲ့ပြီ။ ဒီနေ့ ဈေးသွားရမဲ့နေ့ပဲ။ ဈေးမသွားခင်လည်း ဖေဖေ့ဖို့ မနက်စာစီစဉ်ရဦးမည်ဖြစ်သည်။ ဘာမှ ဆန်းကြယ်သော စီစဉ်မှုမဟုတ်သော်လည်းး ဒီနေ့က ဖြူတစ်ယောက်တည်းစီစဉ်ပေးရမဲ့ အစားအသောက်ကိစ္စမို့ ဒီလောက် ဝီရီယစောနေခြင်းသာ။ ဖြစ်ပုံက ဖြူတို့ မောင်၂ မှ ၂ ယောက်က မန်းလေးမှာ ကျောင်းတက်ရသည်။ မေမေက ဖေဖေနဲ့ တာဝန်ကျရာ နယ်လိုက်နေရ၏။ ဖြူ့ကျောင်းက အတန်းတင်စာမေးပွဲပိတ်ခိုက် နယ်ကို ခဏလိုက်လာတုန်းးး မေမေက မောင်လေးဆီ သွားချင်တယ်ဆိုပြီး မန်းလေးသို့သွားသည်။ ဒီလိုနှင့် ဖေဖေ့ စားရေးသောက်ရေး ဖြူ့ တာဝန်ကျလာ၏။ ရ ရက်စာ ဖေဖေ့ကို ဖြူလက် အပ်လိုက်သည်ဆိုပဲ။ ဒီနေ့က တနင်္လာနေ့။ အတွေးတို့ ခဏရပ်ပြီး အိပ်ယာက […]


ဇီဇီFebruary 3, 20141min029
ဒီတစ်ပတ်တော့ လေးဇီးကွတ် ချစ်မမ အလှည့်။ လေးဇီးကွတ် ပီသစွာ တစ်ရက် ဟင်းတစ်မျိုးပဲ အဝချက်ပေးမယ်ဆိုလို့ ဟင်းစပ်ဖို့ စဉ်းစားရပါတယ်။ အဲ !!!! ဆိုင်ရှင်ကလည်း လေးဇီးကွတ်ထက် လေးဇီးသမို့ မစဉ်းစားတော့ပဲ ရ ရက်လုံး ဒီ ဟင်းတွေ ချက်ထားပြီး ကြိုက်ရာတွဲစားခိုင်းမလားလို့ စိတ်ကူးတာပဲ။ အဟေးဟေးးး ဖတ်ကြည့်ကြပါဦးးး ဟင်းရည်ပါတယ်။ အသုပ်ပါမယ်၊ အသီးအနှံပါမယ်၊အသားဟင်းပါမယ်။ အိုကေတယ်ဟုတ်?? ~~~~~~~~~~~~~~~~~~ လေးဇီးကွတ်က အပျင်းထူနေတာနဲ့ တစ်နေ့တစ်မျိ ုးနဲ့ ဟင်းစပ်တွချက်မယ့်အစား တခါတည်း ချက်ချင်တာတွေ ချက်ထားတယ်။ ကြိုက်ရာကိုရွေးပြီး အသင့်စားနိုင်လို့ ဘီးဇီးမန်းတွေအတွက် အဆင်ပြေနိုင်ကောင်းပါရဲ့။ သက်ရှည်ကျန်းမာချင်ရင် စားသောက်နေထိုင်မှုဘဝကိုပြင်လို့ ရွာထဲမှာ ဒေါက်တာပဒုမ္မာက အော်နေလေတော့ ဒီအခါဒီရာသီနဲ့ကိုက်ညီအောင် ဆီမများပဲ လုံးချက်ကလေးချက်ထားတဲ့ ကြက်သားကရင်ချက် ကလေးချက်ချင်ပါတယ်။ အိမ်ချက်မို့ အစပ်အဟပ်ကို […]


Ma MaJanuary 30, 20141min026
ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် လုပ်လိုက်အုံးမယ်။ သူတကာတွေလို ကောင်းကောင်းမွန်မွန် ဖွယ်ဖွယ်ရာရာတွေ မလုပ်တတ်တော့ ကိုယ်တတ်သမျှကို သိသူကျော်သွား၊ မသိသူဖော်စား (မသိသူကျော်သွား၊ သိသူဖော်စားမဟုတ်ပါ) ဖို့ နည်းပေးလမ်းပြလုပ်ခြင်းသာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ……… ခိုင်ဇာရဲ့ ထမင်းဆိုင်အတွက်ချက်ဖို့ စဉ်းစားထားပြီး တကယ်ချက်ပေးတဲ့အခါကျတော့ မေ့ကျန်ခဲ့တဲ့ ဟင်း၂မျိ ုးပါ။ ချက်ပုံချက်နည်းတွေက လွယ်ကူလွန်းလို့ တတ်သိကြသူတွေများမယ်လို့ မှန်းမိပေမယ့် မသိသေးတဲ့ ကိုယ့်လိုပဲလေးဇီးတဲ့သူတွေအတွက်တော့ အသုံးဝင်မယ်ထင်ပါတယ်။ :kwi: ကိုယ်တိုင်လည်းကြိုက်ပြီး အလွယ်တကူလည်း ချက်စားနိုင်တဲ့ ဝက်သားအချိ ုချက်၊ ဝက်သားအငံချက်နဲ့ ဝက်သားငါးခြောက်ဟင်းတွေပါပဲ။ ဝက်ထဲက မထွက်တာတော့ မပြောနဲ့နော်။ 😀 ဝက်သားအချိ ုချက်ဖို့ ဆီ၊ သကြား၊ ဆားနဲ့ ဝက်သားပဲ လိုပါတယ်။ ဝက်သားကို ခုတ်ထစ်ရေဆေးဆားနယ်ထားပါ။ အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး ပူလာရင် […]


Shwe EiJanuary 27, 20141min030
သင့်မျက်လုံးအတွက် Yoga ကွန်ပျူတာကြည့်တာလေးခဏရပ်ပြီး ဟောဒီကလေ့ကျင့်ခန်းလေးတွေနဲ့ ညောင်းညာကိုက်ခဲနေတဲ့ မျက်လုံးတွေကို သက်သာအောင် လုပ်ကြစို့ Nicole Kwan တခါတရံမှာ ကျွန်မတို့ ဟာ ကွန်ပျူတာစခရင်ကို နာရီပေါင်းများစွာကြာအောင် သတိလက်လွတ် စိုက်ကြည့်နေမိတတ်ပါတယ်။ သိထားရမှာက ရှင့်ရဲ့ နောက်ကြောတွေ ပုခုံးတွေလိုဘဲ ရှင့်မျက်လုံးဟာလဲ ညောင်းညာကိုက်ခဲတတ်ပါတယ်။ မျက်လုံးအတွက် လေ့ကျင့်ခန်းလုပ်တာဟာ တနေကုန်အညောင်းထိုင်ပြီး လေလည်လိုက်သလိုပါဘဲ လို့ Karin Wiedemann of Urban Yoga in Washington, DC ကပြောပါတယ်။ (စိတ်ထဲထင်သလိုဘာသာပြန်ခြင်းဖြစ်သည် 😛 ) အောက်ဖေါ်ပြပါ နည်းလမ်းတွေကို အသုံးပြုပြီး eye strain ဖြစ်တာသက်သာအောင် ဒါမှမဟုတ် eye strain မဖြစ်အောင် ကာကွယ်ကြတာပေါ့။ Eye Warming ၁) ထိုင်ခုံမှာထိုင်လိုက်ပါ၊ […]


ဇီဇီJanuary 27, 20141min055
(((ထမင်းဆိုင် ပြန်ဖွင့်မို့လေ။ အီးဇီးကွတ် ဝေ ဘီးဇီးကွတ် ကျောက် လေးဇီးကွတ် မမ အီကိုကွတ် တီဒုံ ပင်တိုင် စားဖိုမှူးကြီး မွသဲ ဒေသစုံ အစားအသောက်ချက်ပြုတ်မဲ့ ဦးဆာမိ တို့ ကူကြ ညီကြပါဦးးးးး နည်းနည်းအားပြီ ဆိုတော့ ဘယ်သူ့ အပူကပ်ရမလည်း စဉ်းစားနေပြီ။ ))) အဲဒီလို စတေးတပ်တင်ပြီး စားဖိုမှူးချုပ်တွေကို ပြန်ဒုက္ခပေးလိုက်တာ။ အနီးကပ်ဆုံး မွသဲ ဆီက ရပါတယ်။ ကေဇီက ထမင်းကြိုက်သမားမို့ ထမင်းမျိုးစုံကို အရမ်းကြိုက်တာ။ အဲဒါ ရ မျိုးပြည့်အောင်စဉ်းစားပြီး မွသဲကို ပြတော့ အမက အကုန်ချက်တတ်သတဲ့။ ဒီတော့ ဒီ ရ ရက်ဟာ ထမင်း အမျိုးမျိုး စားရမှာပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ MONDAY ၁. ကြက်ဆီထမင်း […]


Shwe EiJanuary 24, 20141min036
၇ဝရာခိုင်နှုန်းသော အရွယ်ရောက်ပြီးသူတိုင်း မျက်လုံးနဲ့ပတ်သတ်တဲ့ပြသနာတော့ရှိကြတာပါဘဲ..သတိမထားမိတာကလွဲလို့ပေါ့လေ။ ကာကွယ်ခြင်း မကြာမကြာပြန်ဖြစ်လေ့ရှိတဲ့ မျက်စိဝေဒနာဟာ ကုသဖို့ခက်ခဲတဲ့ရောဂါအဆင့်ထိဖြစ်လာတတ်ပါတယ်။ By Markham Heild အမေရိကန်လူမျိုးတွေဟာ စမတ်ဖုန်း၊ လက်ပ်တော့ပ်၊ ဒါမှမဟုတ် တက်ဘလက် တခုခု အစရှိတဲ့ ကွန်ပျူတာစခရင်လိုပုံစံမျိုးကို တနေ့ ခြောက်နာရီမှကိုးနာရီလောက်ထိ စိုက်ကြည့်နေလေ့ရှိပါတယ်။ ရှင်တို့လဲ တူတူဘဲဖြစ်လိမ့်မယ်လို့ခန့်မှန်းပါရစေ။ အိုက်လိုသာဆိုရင်တော့ “Digital Eye Strain” ဆိုတဲ့ ဝေဒနာတမျိုးခံစားနေကြရတဲ့ ၇ဝရာခိုင်နှုန်းသော အရွယ်ရောက်ပြီးသူ လူတန်းစားထဲမှာ ရှင်လဲတစ်ယောက် အပါအဝင်ဖြစ်လို့ရပါပြီ။ “Digital Eye Strain” ဆိုတာ မကြာမကြာပြန်ဖြစ်လေ့ရှိတဲ့ မျက်စိဝေဒနာတစ်ခုအဖြစ်ကနေ ကုသဖို့ခက်ခဲတဲ့ မျက်စိဝေဒနာအဆင့်ကို ရောက်သွားနိုင်တဲ့ ရောဂါအခြေအနေတခုဖြစ်ကြောင်း The Vision Council လို့ခေါ်တဲ့ အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခု (Non Profit Organization ) ကသတင်းထုတ်ပြန်ထားပါတယ်။ The […]


ムラカミJanuary 21, 20146min023
ကျွန်းတောလမ်း နဲ့ နာနတ်တောလမ်း ထောင့် က ASAGIRI အစဂိရိ (ဒဿဂီရိ နှင့် အမျိုးမတော်ပါ) (တော်ကြာ အစားဂီရိ ဆိုပီး ခေါင်းဆယ်လုံးနဲ့ စားတဲ့ ဆိုင် မှတ်နေမစိုးလို့ …ငိငိ) ဆိုတဲ့ Japanese & European Food ရောင်းတဲ့ ဆိုင်ကလေး အတွက် ရိုက်ဖြစ်ခဲ့တဲ့ ပုံတွေပါ ကျနော့်အတွက် ပထမဆုံးသော Tabletop Session ဖြစ်သလို အကူအညီပေးခဲ့တဲ့ … ဘော်ဒါဘော်ဂျွတ် ဒတ်သေဆြာ သူတော် ကိုလည်း အထူးကျေးဇူးတင်မိပါကြောင်း…     Ramen (ခေါက်ဆွဲပြုတ်များ)             European Foods များ       […]


ခင္ခJanuary 21, 20141min012
” သိစေချင်လို့ပြောတာနော် “   ဒီနေ့ဖတ်လိုက်ရတဲ့ The Voice Weekly သတင်းလေးတစ်ခုကို ဖတ်ပြီးမျှဝေချင်စိတ်လေး ပေါက်သွားမိတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ မန္တလေးဈေးကွက်အတွင်း တင်သွင်းလာတဲ့ပန်းသီးတွေဟာနေ့စဉ် ခြောက်ဘီးကားရှစ်စီးခန့် ဝင်ရောက်လျက်ရှိပြီး အဲဒီပန်းသီးတွေထိခိုက်ပွန်းပဲ့မှု မရှိစေရန် ဖယောင်းသုတ် ထားမှုရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ပန်းမန်စိုက်ပျိုးတင်ပို့ရောင်းချသူများအသင်း ဥက္ကဌဦးကိုကိုထွေးက ပြောကြားသည်။ အဆိုပါ ဖယောင်းအနည်းငယ်သုတ်ထားသော ပန်းသီးကိုစားသုံးပါက အဆိပ်မဖြစ်နိုင် သော်လည်း စားသုံးမှုများပြားလာပါက အူပိတ်၍အော့အန်ခြင်းများ ဖြစ်လေ့ရှိသောကြောင့် အဆိုပါ ဖယောင်းသုတ်ထားသော ပန်းသီးများစားသုံးမည်ဆိုပါက ရေဆေးအခွံနွာလို့ စားသုံးသင့်ကြောင်း မန္တလေး ဆရာဝန်များအသင်း အတွင်းရေးမှုးဒေါက်တာနေဝင်းကရှင်းပြပါသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ပန်းသီးအများစုသည် အမြင်တွင် အလုံးကြီးထွားပြီး ပြောင်လက်စေရန် ဖယောင်းသုတ်လေ့ရှိကြောင်း သစ်သီးရောင်းသူတစ်ဦးကဆိုခဲ့ပြီး ပြီးခဲ့သည့် ဇန်နာဝါရီလဆန်းက သတ္တမတန်း ကျောင်းသားတစ်ဦးသည် ပန်းသီးကိုရေမဆေးဘဲ […]


မြသဲ ( 17082011 )January 14, 20142min052
မြန်မာလူမျိုးတွေရဲ့ ကျန်းမာရေးအတွက် Food Safety ဟာလဲ တထောင့်တနေရာ ကနေလိုအပ်တယ်လို့ထင်မိပါတယ်။ ကျွန်မတို့မြန်မာလူမျိုးတွေဟာ Food Safety လုပ်ရမယ်လို့ပြောလိုက်တာနဲ့လန့်သွားတတ်ကြပါတယ်။ အရမ်းလဲကုန်ကျစရိတ်များ မယ်လို့ပြောတဲ့သူကလဲပြောပါတယ်။ တကယ်ကတော့ Food Safety ဆိုတာ သေးသေးလေးကနေစရတာပါ။ ဒါပေမဲ့ ကြုံသလိုအသားကျနေတဲ့ နှမျောတတ်တဲ့ ကျွန်မတို့အဖို့ကတော့ အဲဒီသေးသေးလေးကိုတောင်လိုက်နာဖို့ခက်နေပါတယ်။ ကျွန် မကိုယ်တိုင်သင်တန်းတက်၊ သင်ကြားရေးတွေမှာပါဝင်နေပေမဲ့ ကိုယ်လဲလစ်ရင်လစ် သလိုချိုးဖောက်မိပါရဲ့။ အခုဒီပိုစ့်ကလေးကတော့ တနိုင်တပိုင် မိသားစုအတွက်ပဲဖြစ် ဖြစ်၊ ဆိုင်မှာပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ညီညွတ်စွာ အစားအသောက်ပြင်ဆင်နိုင်အောင် ဗဟုသုတရစေဖို့ရည်ရွယ်ပြီး သိသမျှအချက်အနည်းငယ်တင်ပြပေးလိုက်ပါတယ်။ ကျွန်မကိုယ်တိုင်လဲ အများကြီးမသိပေမဲ့ သိသလောက်ကလေးကိုတော့ အပိုင်းလိုက် ခွဲခြားတင်ပြပေးလိုက်ပါတယ်။ 1. Personal Hygiene ပထမဆုံးအနေနဲ့ကတော့ Personal Hygiene လို့ခေါ်တဲ့ တကိုယ်ရေသန့်ရှင်းမှု့ပါ။ ဒါကတော့ အားလုံးသိပြီးသားဖြစ်ပေမဲ့လဲ သူသတ်မှတ်ထားတဲ့ အဆင့်လေးတွေ တင်ပြပေးလိုက်ပါတယ်။ […]