ဒီ တစ်ခါ ရှု “စား” ဖို့ ကတော့ သိပ်ပြီး ရောင်းပန်းလှ မှာတော့ မဟုတ်။ ကိုမျိုး မှတ်ချက်ပေးခဲ့တဲ့ “ဟင်းတွေ မှာ နံနံပင် အမြဲထည့် နေရခြင်း” ရာဇဝင်ကို လဲ ဒီမှာ တွေ့လိမ့်မယ်။ :-)) ရွာပြန်တုန်းက ပါလာတဲ့ ရယ်ဒီမိတ် မြောင်းမြဒေါ်ချို မုန့်ဟင်းခါးတစ်ထုတ် ကျန်နေတာ အခု မှ ချက်ဖြစ်တာ မို့ မှတ်တမ်းတင်ခဲ့တာ။ ဒီမှာ နံနံပင် ကို စူပါမာ့ကက်ကြီး တွေမှာ ရပါတယ်။ ဈေးကြီးတယ်တော့ ခေါ်မယ်။ တစ်စည်း ကို တစ်ပေါင် လောက်ပေးရတယ်။ ဒီတော့ သိပ်ပြီး ဝယ်မစားဖြစ်ပါဘူး။ မုန့်ဟင်းခါး ချက် မှာမို့ နံနံပင်လေး နဲ့ မှ တင့်တယ်မှာမို့ ဝယ်ခဲ့ပါတယ်။ […]
