ကြော်လိုက်ပါဦးမယ်…

Ma EiJune 11, 20152min021

 

ဒီတစ်ခါတော့ ကြက်သားကြော် နဲ့ ပုဇွန်ပွကြော် ကြော်မှာပါ….

ကြက်ကြော် အတွက် ကြက်ရင်ပုံတစ်ခြမ်း ကို အသားထွင် မထူမပါးလှီး ဆားနနွင်း အရသာမှုန့်နယ်ပြီးနှပ်ထားပါ…

ကြက်ဥတစ်လုံး ခလောက်ထားပါ…

အကြော်မှုန့်၊ ပေါင်မုန့်ခြောက်အမှုန့် တွေကိုတော့ အလွယ်တကူ ရယ်ဒီမိတ်အမှုန့်တွေဘဲ သုံးလိုက်ပါမယ်နော်…

IMG_6181
ကြက်ကြော်အတွက် လိုအပ်သည်များ…

မီးဖိုပေါ်မှာတော့ အကြော်အိုးကို ဆီများများထည့်လို့ ဆူအောင်တည်ထားပါနော်…

အဲ့ဒီနောက် နာရီဝက်လောက် နှပ်ထားတဲ့ ကြက်သားကို အကြော်မှုန့်နဲ့ နယ်လိုက်ပါမယ်…

 

IMG_6182
ဒီလိုပြင်ပါ..

ပြီးရင် တစ်ဖတ်ချင်းစီ ကြက်ဥခလောက်ရည်ထဲထည့်လိုက် ပေါင်မုန့်ခြောက်မှုန့်ကပ်လိုက်လုပ် ကာ

ဆီပူအိုးထဲထည့်ကြော်ပါ.

IMG_6184
ဆီများများနဲ့ ကြော်ပါ

ရွှေညိုရောင် သန်းလာရင်တော့ ဆယ်ပြီးဆီစစ်ထားလိုက်ရင် မွှေးကြွပ်ရွနေတဲ့ ကြက်ကြော်ရပါပြီ…

IMG_6185
ကြက်ကြော် မွမွ

ပုဇွန်ပွကြော် အတွက် ပုဇွန်ကို အမြီးချန်ခွာပါ.. အကြောပြတ်စေရန် ပုဇွန်ဗိုက်ကို ကန့်လန့်ဖြတ် သုံးချက်လောက်မွှန်းလိုက်ပါ…

ဒါမှ ကြော်တဲ့အခါ ကွေးမသွားမှာ ဖြစ်ပါတယ်..ပြီးရင် ဆားနနွင်း အရသာမှုန့်နဲ့နယ်ပါ…

မုန့်နှစ်ရည် အတွက် အကြော်မှုန့်ကို ရေနဲနဲနဲ့ပြစ်ပြစ်ဖျော်ပါ…ကြက်ဥတစ်လုံးထည့်ခလောက်ပါ…

မုန့်နှစ်ရည်ထဲ ပုဇွန်နှစ်လိုက် ပေါင်မုန့်ခြောက်မှုန့်ပန်းကန်ထဲထည့် မှုန့်ခြောက်မှုန့်ကပ်လိုက်လုပ် ကာ ဆီပူအိုးထဲထည့်ကြော်ပါ..

ရွှေညိုရောင် သန်းလာရင်တော့ ဆယ်ပြီးဆီစစ်ထားလိုက်ရင် မွှေးကြွပ်ရွနေတဲ့ ပုဇွန်ပွကြော်ရပါပြီ…

IMG_6194
ပုဇွန်ပွကြော်

စားသောက်ဆိုင်တွေမှာတော့ ကြာဇံကြွပ်ကြော်အောက်ခံထားပြီး အလှဆင်ရောင်းကြပါတယ်…ဆိုင်မှာ ပုဇွန် ဆယ်ကောင်လောက်တစ်ပွဲကို အနည်းဆုံး ခြောက်ထောင်လောက် ရောင်းကြပါတယ်.. တစ်ကယ်ကုန်ကျစရိတ်တွက်လိုက်ရင် နှစ်ထောင်လောက်ဘဲကျတာမို့ ဆိုင်မှာ စားရင် နှမြောတသ ဖြစ်ရပါတယ်… ဒီကြားထဲ commercial tax 5% ကို စားသုံးသူက ပေးရသေးတာ… ဒီတော့ နဲနဲပင်ပန်းပေမယ့် တန်ပါတယ်… ကိုယ်တိုင်များများကြော်စားတော့မယ်…

IMG_6187
အချဉ်ရယ်…မရိုးနိစ် ဆော့စ် ရယ်…

ပုဇွန်ပွကြော်ကို..ဆော့စ်လေးရယ်..မရိုးနိစ်ထဲ မုန်လာဥနီဖြူးထာတာလေးရယ်နဲ့ တို့စားပါနော်…တီအိ သမီးလေးကတော့ ပုဇွန်ပွကြော်ပိုကြိုက်ပါသတဲ့ သူ စားကောင်းတာမို့ ထပ်စားဖို့ ဆက်ပြီး ကြော်လိုက်ပါဦးမယ်…

ကြော်လိုက်ပါဦးမယ်…

21 comments

  • ခင်ဇော်

    June 11, 2015 at 11:43 am

    ကြည့်ရင်း ကြော်နံ့ပါ မွှေးလာပြီ။
    အကြော် အားဂျီး ကြိုက်လွန်းလို့ ဆီလျှော့နေရတယ်။
    အဟင့်။

    😥

    Reply

    • Ma Ei

      June 11, 2015 at 12:35 pm

      ဆွိရေ.. ဆီလေ ျှာ့စားတာကျန်းမာရေးနဲ့ ညီပါတယ်…
      ပြည့်ဝဆီတွေဖြစ်တဲ့ စားအုန်းဆီ၊ ဝက်ဆီ၊ ဆီခဲများ၊ပြန်ကြော်ဆီတွေစားရင် အဆီအအိမ့် လွန်ကဲမှုများ ဖြစ်စေတဲ့ပြင်ကိုလက်စထရော လည်း တက်လာပါလိမ့်မယ် ဒါကြောင့်
      ပဲဆီ စစ်စစ်ကိုသုံး…အကြော်အလှော ်တွေလဲ ဆီစစ်ပြီးမှစားတယ်ဆိုပေမယ့် သက်ရောက်မှုတော့ ရှိမှာပါဘဲ… တစ်ခါတလေပါ ဆိုပြီး ဖြေစားနေရပါတယ်…
      🙂

      Reply

  • Wow

    June 11, 2015 at 11:55 am

    ခုတစ်လော ကြက်ဓာတ်ကျနေတာ.. ကြက်သားကာလသားချက်၊ ကြက်ကြော် :mrgreen:
    မွအိ လို အကြော်မှုန့်လေးနဲ့ ကြော်စားကျိမယ် :kwi:

    Reply

    • Ma Ei

      June 11, 2015 at 12:44 pm

      ကြက်သားကို အကြော်မှုန့်နဲ့ နယ်ကြော ်တာထက်
      မုန့်နှစ်ရည်ထဲ နှစ် ပေါင်မုန့်ခြောက်မှုန့်ပန်းကန်ထဲထည့်
      မှုန့်ခြောက်မှုန့်ကပ်ကြော ်တာပိုကောင်းပါတယ်…
      ပိုပြီး ရွရွလေးဖြစ်ပါတယ်… စားကောင်းတယ်…

      Reply

  • Mike

    June 11, 2015 at 1:07 pm

    .သွားရည်က ျသွားတယ်မွအိေ၇

    Reply

    • Ma Ei

      June 11, 2015 at 1:15 pm

      အားနာလိုက်တာ…
      🙂

      Reply

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    June 11, 2015 at 1:24 pm

    သများလည်း အကြော်ကြိုက်ဘာဒယ်..

    သများအကြိုက်ဆုံး အကြော် ဂ

    သင်ချာဝင့်ကြော်…

    😀

    Reply

    • Ma Ei

      June 11, 2015 at 3:54 pm

      အဲ့ဒါတော့ ကြော ်တတ်ဘူး…
      🙂

      ဝင့်ပြုံးမြင့်…
      ကေ ျွှးခ ျင်ပါတယ် မ ျှစ်ရေ…

      Reply

  • ဝင့်ပြုံးမြင့်

    June 11, 2015 at 1:28 pm

    .စားချင်လိုက်တာ။

    Reply

  • ​ဒေါ် လေး

    June 11, 2015 at 2:32 pm

    ကြော် ကြည့်အုံးမှ
    စားကောင်းမယ့် ပုံ
    အိမ်မှာကြော်တာတော့ သက်သာပါရဲ့
    မီးဖိုပြန်သုတ်ရတာ မသက်သာဘူး

    Reply

    • Ma Ei

      June 11, 2015 at 3:02 pm

      မလေးရေ…
      ငွေသက်သာပေမယ့် လူပင်ပန်းတာအမှန်ပါဘဲ…
      မီးဖိုပြန်သုတ် အိုးခွက်ပန်းကန် ပြန်ဆေးရတာ မသက်သာဘူးပဲ…
      ဓာတ်ပုံရိုက်ချင်သေးတာဆိုတော့ ပန်းကန်လဲထည့်ပြင်ဆင် ပိုအလုပ်များ
      ဒါပေမယ့် လုပ်ချင်တာလုပ်နေရတာမို့ ပင်ပန်းတယ်မထင်…
      ဝါသနာကိုးနော ်…

      Reply

  • ကြည်ဆောင်း

    June 11, 2015 at 2:44 pm

    ကျန်းမာရေးနဲ့ မညီလဲ အကြော်ကတော့ကြိုက်တယ်
    မြင်တာနဲ့ စားချင်ထှာ
    မအိ သမီးကံကောင်းချက် းးးး

    Reply

    • Ma Ei

      June 11, 2015 at 3:57 pm

      သမီးကတော့ အစားဆို စိတ်ချရပါတယ်…
      🙂
      အမအေး…
      ကြော ်ာကြည ့်ပါနော်…
      သားတွေကြိုက်လို့ ခဏခဏကြော ်နေရတော့မှာ..
      🙂

      Reply

  • aye.kk

    June 11, 2015 at 3:36 pm

    မအိရေ
    ကျေးဇူးပါနော်။
    မအိလက်ရာလေးကိုမြင်ပြီးစားချင်မိတယ်။
    မအိလုပ်ပြထားတာလေးနည်းယူပြီး၊ကြော်စားကြည့်လိုက်မယ်။

    Reply

  • မြစပဲရိုး

    June 12, 2015 at 4:31 am

    တို့ညီမ အကြော်တွေက စားချင်စရာ။

    ဒီမှာတော့ အဲဒီလို အကြော်တွေ မစားတာကြာပြီ အိ ရဲ့။
    အသား ဆို Oven ထဲ မှာ ထည့်တာများတယ်။
    . ရွှေပြည်ပြန်တုန်းကတော့ မနက်တိုင်း အကြော်စုံ စားဖြစ်ခဲ့တာ။

    ဆီအများကြီး သုံးဖို့ မလိုတဲ့ အကြော်အိုး ရှိနေပြီ။ Pressure Cooker လို ပုံမျိုး ကို ဆီ နဲနဲ ပါရုံ ဘဲထည့် ရတာ။
    ကိုယ့်မှာတော့ မရှိပါဘူး။ ကြော်ငြာ တွေ့ဖူးတာ။

    Reply

    • Ma Ma

      June 12, 2015 at 7:08 pm

      Air Fryer ဆိုပြီး ဆီမပါပဲ ကြွပ်အောင်ကြော်လို့ရတယ်ဆိုပြီး ကြော်ငြာနေတာ ဝယ်ချင်စရာပဲ။
      တကယ်အလုပ်ဖြစ်မဖြစ် မသိတာနဲ့၊ ဝယ်ပြီးမသုံးဖြစ်ရင် အလဟဿ ဖြစ်မယ်ဆိုပြီး စဉ်းစားနေတာနဲ့ မဝယ်ဖြစ်သေးဘူး။

      Reply

    • Ma Ei

      June 16, 2015 at 5:00 pm

      အဲ့ဒီအိုး ကြော ်ငြာတွေ့ထဲက လိုချင်နေတာ …
      နှမြော နေပေမယ့် လိုချင်နေလို့ ဝယ်ပါဦးမယ်…
      ကျေးဇူး မလတ်

      Reply

  • Shwe Sin Swe Zin

    June 16, 2015 at 3:00 pm

    စားချင်စရာ ။ အိမ် မှာ လုပ် စား မယ်။

    Reply

    • Ma Ei

      June 16, 2015 at 5:15 pm

      ရွှေစင် ဆွေဇင် ဆိုတာ အမအိ သိတဲ့သူများလား…သိချင်တယ်..

      Reply

  • Crystalline

    June 16, 2015 at 7:35 pm

    ဂ​နေ့…မအိနည်​းနဲ့​ကြော်​စားဖြစ်​တယ်​.. ပထမအိုးက​တော့..
    ဆီအရမ်​းပူချိန်​ ကြက်​သားထည်​့မိလို့.. မဟူရာကြက်​​ကြော်​ဖြစ်​..
    အိုးပါလဲလိုက်​ရတယ်​.. :mrgreenn:
    ​နောက်​အသုတ်​​တွေကရှယ်​… ဆိုင်​မှာစားရင်​.. တစ်​နပ်​စာ..၇​ထောင်​​လောက်​ကျတာကို
    ကွကိုယ်​​ကြော်​​တော့.. သုံး​ထောင်​ဖိုးနဲ့.. ကြက်​​ကြော်​ဆို.. တပတ်​​လောက်​လှည်​့မကြည်​့ချင်​
    ​လောက်​​အောင်​စားလိုက်​ရ… ​ကျေးဇူးပါအစ်​မ​ရေ… :))

    Reply

Leave a Reply

Your email address will not be published.