weiweiDecember 25, 20111min020
ကျွန်မကတော့ ထမင်းစားရင် ဟင်းရည်တစ်မျိုးမျိုးပါမှ စားတတ်ပါတယ်။ ပဲအမျိုးမျိုးနဲ့ အသီးအရွက်တွေကို ဟင်းရည်ချက်သောက်လေ့ရှိပြီး တစ်ခါတစ်ရံဘာမှအလွယ်တကူမရှိတဲ့အခါမျိုးမှာ ရေညှိဟင်းရည်လုပ်သောက်ပါတယ်။ ရေညှိတွေကို ဝယ်ဆောင်ထားတာမို့ အရမ်းလွယ်ကူလျှင်မြန်စွာချက်စားလို့ရပါတယ်။ city mart ကနေ ဟင်းချိုချက်သောက်တဲ့ရေညှိဝယ်လို့ရပါတယ်။ ကြက်ဥနဲ့ နှမ်းဆီမွှေးရှိရင်ချက်လို့ရပါပြီ။ အိုးသေးတစ်အိုးစာအတွက် ရေညှိအဝိုင်းတစ်ဝိုင်းရဲ့လေးပုံတစ်ပုံကိုညှပ်ထုတ်ပြီး ရေခဏစိမ်ရပါတယ်။ ရေမစိမ်ရင် သဲအနည်းငယ်ပါတတ်သဖြင့် ရေစိမ်ပြီးမှထည့်တာပိုကောင်းပါတယ်။ ကြက်ဥတစ်လုံးခေါက်ထားတယ်။ ရေနွေးဆူပွက်ချိန်မှာ စိမ်ထားတဲ့ရေညှိ၊ ကြက်ဥနဲ့ ဆားထည့်ပြီး တစ်မိနစ်လောက်တည်ရမယ်။ ပြီးရင် နှမ်းဆီမွှေးဖြန်းလိုက်ရင် စားလို့ရပါတယ် … လုပ်နည်းမှန်မမှန်တော့ မသိဘူးနော် … တရုတ်ပြည်မှာ စားခဲ့တဲ့အရသာနဲ့တစ်ထပ်ထဲတူပါတယ် … ကိုရီးယားမှာနေတဲ့သူတွေ ဟုတ်မဟုတ် ကွန်မန့်ပေးကြပါအုန်း …


hmeeDecember 23, 20112min029
ကိုဘလက်က အသားမပါဘူးလာ မေးလို့ ကမန်းကတမ်း အသားပါကြောင်း သက်သေပြဖို့ အပြေးအလွှား ဓါတ်ပုံရိုက်ပြီး ထပ်တင်လိုက်ပါတယ်။ 🙂 ပညာသည်မဟုတ်တဲ့ ပညာဝယ်လေး  မလုပ်တတ် လုပ်တတ် လုပ်ထားတာမို့ သူ့ခမျှာ ရုပ်လေးကတော့ မလှရှာပါဘူး။ ဒါပေမဲ့ အရသာတော့ ကောင်းတာမို့ အားပေးသွားပါဦး။ အားပေးပါဦး ကြက်သားပေါက်စီလေး။ ဒါက အနီးကပ်ပုံ။ ဇိမ်ပို့စ်ထဲမှာ အင်ဇာဂီက ပေါက်စီဓါတ်ပုံလေး တင်ထားတာတွေ့လို့  ပေါက်စီအကြောင်း ပို့စ်တင်ဖို့ အာရုံရသွားတယ်။  တမနက်လုံး ပေါက်စီလုပ်ဖို့ ဂျုံနယ်၊ အဆာအတွက်ပြင်နဲ့ အလုပ်ကိုရှုပ်လို့။ အားလုံးပြီးသွားတော့ ပေါက်စီတလုံး လက်ကကိုင်ပြီး ရွာထဲလည်း ဝင်လိုက်ရော မောင်မောင်ဂီဂီရဲ့ ပေါက်စီနဲ့ တန်းတိုးတာပဲ။  ဒါနဲ့  ရွာသူားတွေ ကိုယ်တိုင် အလွယ်လုပ်စားလို့ရအောင် ပေါက်စီလုပ်နည်းလေးတင်လိုက်ပါတယ်။ ပေါက်စီ (၈)လုံးစာ ၁. ဂျုံမှုန့် […]


NKDecember 23, 20111min08
အညာအရပ်တွင် မိုးဖြိုင်ဖြိုင် ကျ ပြီဆိုလျှင် ပုတတ်တွေ လှိုင်လှိုင်ပေါ် ချေပြီ။ ပုတတ်ကောင်ကို ရုပ်လုံးပေါ် အောင် ခိုင်းနှိုင်းပြရလျှင် ပုတ်သင် ညိုနှင့် ခပ်ဆင်ဆင် ဖြစ်သည်။ သို့ သော် ပုတ်သင်ညိုလောက် အရွယ် မကြီးပါ။ အနေအထားမှာ ပုတ်သင် ညိုထက် အလျားရှည်လျက် ခေါင်း သေး၊ ခန္ဓာကိုယ်သေး၊ အမြီးသွယ် ပြီး ရှည်သည်။ ပုတ်သင်ညိုလောက် မကြီးပေမယ့် ပုတတ်အကြီးစား တစ် ကောင် ၁၅ ကျပ်သားကျော်ကျော် အချိန်စီးသည်။ ‘ပုတတ် လိမ္မာ၊ ဂယ်နှစ်မွှာ’ဟု ဆိုရိုးအတိုင်း သာမန် ပုတတ်သည် ဂယ်ပေါက်တစ်ပေါက် သာရှိသော်ငြား၊ လိမ္မာ ပါးနပ်သော ပုတတ်များသည် သူတို့ ခိုအောင်းနေ ထိုင်ရာ ကျင်းဝ ဝင်ပေါက်၊ ထွက် […]


ムラカミDecember 23, 20113min034
ချစ်ခင်လေးစား အပ်ပါသော ရွာသူား အပေါင်းတို့ ခင်ဗျား …..   ပိတ်သတ်ကြီးရဲ့ မောင် ဂီဂီ လေးဟာ ဆိုရင်ဖြင့်..သည်မနက် ကတည်းက တမျိုးပီး တမျိုးလုပ်စား နေပါသဖြင့် …. ကတိ(ဂိ) ပေးထားသော ..ယနေ့ နှစ်ချုပ် ဂလိတ်တက် ဟစ်ထ်စ် များ အပြီး သတ် မချုပ်နိုင်ပါကြောင်း ……. စိတ်မကောင်းဇွာဖြင့် ရေးသားအပ်ပါသည်ခင်ဗျား….. သည်နှစ်ထဲတော့ ပီးအောင် ချုပ်ပါ့မယ်ဂျ…. လောလောဆယ်တော့ ဂီ ဂိ ပျက်ပီ လို့ ..   ဇိမ်ဖုံးဂျီးဝတ်ထားသော ဂီဂီလေးဟာ အရှေ့တိုင်းမှာ ဆိုရင်ဖြင့် …ယနေ့ ဟာ..သည်ပိတ်ရက် နက်ဖန်သဘက် စနေ တနင်္ဂနွေ မန်းဒေး ခွင့်ယူ – ၄ရက်ဆက်တိုက် ဇိမ်ခံနေလိမ့်မည် ဟု မမှတ်ပါနှင့်ခဗျား ….   မန်းဒေးခွင့်ယူတာ …အိမ်ပြောင်းဖို့ပါ … […]


koyin sithuDecember 23, 20111min015
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောစပ်ရှိ အယူတော် မင်္ဂလာခြံ အတွင်းသို့ ကျွန်ုပ်၏ မိတ်ဆွေဟောင်းကြီးဖြစ်သော ကိုပီတာဆိုသည့် စိတ်မနှံ့သော လူကြီးတစ်ဦးသည် အလည်အပတ် ရောက်ရှိလာလေ၏။ ကျွန်ုပ် ကြီးပြင်းခဲ့သော ရပ်ကွက်မှ လူများသည် ၎င်းကိုပီတာကြီးအား အရူးပီတာဟု ခပ်လွယ်လွယ် ခေါ်ကြသော်လည်း ကျွန်ုပ်မှာမူ ထို့သို့ မခေါ်ရက်သောကြောင့် ကိုပီတာဟုပင် ခေါ်ဝေါ်ခဲ့လေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကိုမြင်လျှင်..“ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်…” ဟု ကိုးရိုးကားယား နှုတ်ဆက်လိုက်လေ၏။ ကျွန်ုပ်ကမူ.. “ ကဲပါ.. ကိုပီတာကြီးရယ်၊ ဒီနေ့မနက်စာ ဘာဟင်းနဲ့စားမလဲ ပြောစ်းပါဗျာ၊ ကျုပ် ချက်ကျွေးစမ်းပါရစေ” ဟု မေးလိုက်လေ၏။ ထိုအခါ ကိုပီတာကြီးက.. “ကတ်သီးကတ်သတ် တွေလည်း မစားတတ်ပါဘူးကွာ၊ ဈေးထဲမှာ စားဖားတွေရနေပြီ၊ ဖားသားဆီပြန် တစ်ခွက်ရယ်၊ ငါးပိထောင်းစပ်စပ် ကလေးတစ်မယ်ရယ်၊ […]


koyin sithuDecember 16, 20111min04
တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏မိတ်ဆွေကြီး ကိုပီတာဆိုသူ ရောက်ရှိလာလေ၏။ ၎င်းကိုပီတာကြီးသည် စိတ်ကောင်းကောင်းမနှံ့ရှာပေ၊ သို့သော် ခင်မင်ဖွင်ရာကောင်း၏။ ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း ၎င်းက ၎င်း၏ ထုံးစံအတိုင်း .. “ဟေ့.. ဖိုးအောင်ထွန်း၊ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်” ဟု နှုတ်ဆက်လေ၏။ ကျွန်ုပ်က ၎င်းအား . “ ကိုပီတာကြီးတစ်ယောက် မလာတာ အတော်ကြာပြီနော်” ဟု ပြောလိုက်ရာ ၎င်းက..“ဟုတ်ပါတယ်ကွာ၊ မင်းကို ငါသတိရနေလို့ မလာဖြစ်တာကွ” ဟု ကိုပီတာကြီးက ပြောလေ၏။ ထို့ကြောင့်ကျွန်ုပ်က .. “မဟုတ်သေးပါ ဘူး ကိုပီတာကြီးရယ်၊ သတိရရင်လာရမှာပေါ့” ဟု ပြောလိုက်လျှင် ကိုပီတာကြီးက .. “သတိရနေတယ်ဆိုတော့ မင်းဟာ ငါရဲ့အာရုံထဲမှာ ရှိနေပြီလေကွာ၊ လာဖို့မလိုတော့ပါဘူး၊ ကောင်းကောင်း သတိရမရတဲ့ အခါကျတော့ […]


koyin sithuDecember 15, 20111min019
တစ်နေ့သ၌ ကျွန်ုပ်ခြံအတွင်းသို့ ကျွန်ုပ်နှင့် သိဟောင်းကျွမ်းဟောင်းဖြစ်သော ကိုပီတာဆိုသည့် စိတ်မနှံ့သူ လူကြီးတစ်ဦး ဝတ်ကောင်းစားလှများ ဝတ်၍ ရောက်ရှိလာလေ၏။ သူသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “မစ္စတာမင်းသိင်္ခ၊ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်..” ဟု ကိုးရိုးကားယား နှုတ်ဆက်လေ၏။ ထို့ကြောင့် ကျွန်ုပ်က.. “လုပ်ပြီ..” ဟု ရေရွတ်လိုက်မိလေ၏။ “အမြဲတမ်း မောနင်းမရှိဘူးလေ၊ အမြဲတမ်းလည်း နိုက်မရှိဘူးလေ၊ ဒါကြောင့် နှစ်မျိုး နှုတ်ဆက်တာ၊ စိတ်မဆိုးပါနဲ့” ဟု ၎င်းကပြောလေ၏။ “ ကဲပါဗျာ.. ဒါတွေ ထားလိုက်ပါတော့ မနက်စာ ဘာနဲ့စားမလဲ၊ ကောင်းကောင်းမွန်မွန် ပြောနော်၊ ဓာတ်စာလိုလို ဘာလိုလိုမပြောနဲ့ ဝယ်ရခက်တယ်” ဟု ကျွန်ုပ်က ပြောလိုက်ရာ ၎င်းကိုပီတာကြီးက.. “ကတ်သီးကတ်သတ်တွေ မစားတတ်ပါဘူး ရိုးရိုး လွယ်လွယ်ပဲ စားတတ်တယ်၊ ဝက်သားဟင်းနဲ့စားမယ်၊ […]


koyin sithuDecember 14, 20111min011
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောရှိ အယူတော်မင်္ဂလာခြံအတွင်းသို့ ကျွန်ုပ်၏မိတ်ဆွေဟောင်း ကိုပီတာဆိုသည့် လူကြီးတစ်ဦး ရောက်ရှိလာလေ၏။ ၎င်းကိုပီတာကြီးသည် စိတ်မနှံ့သူတစ်ဦးဖြစ်၏။ ကျွန်ုပ်နေထိုင်ခဲ့သောရပ်ကွက် မှ လူများသည် ၎င်းအား အရူးပီတာဟု ခေါ်ကြကုန်၏။ ကျွန်ုပ်ကမူထိုသို့မခေါ်ရက်ပါ။ သူသည် ကျွန်ုပ်ကို လွန်စွာခင်မင်၏။ ကျွန်ုပ်ရှိ ရာအရပ်သို့ ရောက်လာတတ်မြဲလည်းဖြစ်၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “ဟေ့..ဖိုးအောင်ထွန်း၊ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်” ဟု သူ၏ ထုံးစံအတိုင်း ကိုးရိုးကားရား နှုတ်ဆက်လေ၏။ ကျွန်ုပ်သည် ၎င်းအား ကျွန်ုပ်၏ခြံမှ ဖျော်သော မနောမယ လက်ဖက်ရည်တစ်ခွက်တိုက်လိုက်၏။ ၎င်းက မသောက်မိကျွန်ုပ်အား.. “ဘာလဲ..” ဟု မေးလေ၏။ ထိုအခါ ကျွန်ုပ်က.. “သောကရ တက် မပွေရအော ခင်ဗျားကို မနောမယ လက်ဖက်ရည်တိုက်တာ” ဟု […]


ムラカミDecember 8, 20114min030
သည်လူကြီး လိုင်းသစ်ထွင်ပြန်ပြီ မထင်လိုက်နဲ့နော .. လိုင်းဟောင်းကြီးအတိုင်းပဲ လျောက်မှာပါ ...သည်လိုင်းက ကျနော် လျောက်နေကြလိုင်းကြီးပါ ...ဟုတ်ကဲ့ ကျနော်မျိုး ဖားသက်ပြင်းရဲ့ မားကတ်တင်း ပါခင်ဗျား ၁။ မုန့်ဟင်းခါး မားကတ်တင်းနဲ့ မုန့်ဟင်းခါး ဘာဆိုင်တုန်း လို့ မပြောပါနဲ့နော ဆိုင်ပါသော်ကောလားဗျာ ဆိုင်သမှ အချက်ကြီး ၃ချက်နဲ့ ကို ဆိုင်တာ.. အချက်နံပါတ်(၁) မုန့်ဟင်းခါးဆိုင်သွားတယ်နော၊ ခင်ဗျား ဘာပြောလဲ ? မုန့်ဟင်းခါးတပွဲ၊ ဆိုင်ရှင်ဘာလုပ်လဲ? ရော့ အင့် စားတော့၊ အဲ့လိုထင်လို့လား ??? မုန့်ဟင်းခါးတပွဲ။ ဘူးသီးကြော်နဲ့။ ကြက်သွန်ဥ မထည့်ဘူး၊ငှက်ပျောအူ ပါပစေနော်။(ဒါက ကျနော် စားရင် မှာနေကျ စတိုင်လ်)။ ပြီးရင် သံပုရာသီးညှစ်မယ် ....ငြုပ်သီး နည်းနည်း ထည့်မယ်။ ပြီးရင် ဆွဲပြီပဲ […]


koyin sithuDecember 7, 20111min015
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံ အတွင်းသို့ ကျွန်ုပ်၏ မိတ်ဆွေဟောင်း ကိုပီတာဆိုသည့် စိတ်မနှံသော လူကြီးတစ်ဥိး ရောက်ရှိလာလေ၏။ ကျွန်ုပ်ကိုမြင်လျှင် ၎င်းက.. “ဟေ့ ဖိုးအောင်ထွန်း ဂွတ်ဒ်မောနင်း၊ ဂွတ်နိုက်” ဟူ၍ သူ၏ထုံးစံအတိုင်း နှုတ်ဆက်လေတော့၏။ ကျွန်ုပ်သည် အလုပ်များသည့်ကြားမှ ကျွန်ုပ်၏ခြံကို ပြင်နေရ၏။ ဌက်ပျောပင်များ အတန်းလိုက် စိုက်နေရ၏။ ကျွန်ုပ်ထံတွင်နေသော တပည့်ကလေးများအတွက် အိမ်ကလေးများ ဆောက်လုပ်ပေးရေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်အလုပ်ရှုပ်နေသည်ကို ကြည့်ပြီးလျှင်.. “ အလုပ်တွေများလှချေလား၊ ဘဲရီးဂွတ်၊ ဘဲရီးဘတ်ဒ်..” ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က.. “ဘယ်လိုကြောင့် ဘဲရီးဂွတ်ဒ်ပြီး၊ ဘယ်လိုကြောင့် ဘဲရီးဘက်ဒ်ဖြစ်ရတာလဲ၊ ကိုပီတာကြီးရဲ့..” ဟု ပြန်၍မေးလိုက်ရာ ၎င်းးက.. “အလုပ်လုပ်တာကွာ ကောင်းတာပေါ့၊ အဲဒါကြောင့် ဘဲရီးဂွတ်ဒ်လို့ […]


hmeeDecember 5, 20113min032
အာလူးချောင်းကြော်၊ ဗယာကြော်။ ဒါလည်း စားချင်သလောက် ယူစားခွင့်ရှိတယ်။ ဒါလည်း ဆလပ်ပါပဲ။ လွတ်နေတဲ့နေရာက ဆလပ်ကုန်သွားလို့ အသစ်ပြန်လုပ်နေလို့ လွတ်နေတာ။ ဘယ်ဘက်အစွန်က ခရမ်းချဉ်သီးအနှစ်၊ ခရမ်းသီးအနှစ်၊ ငရုပ်သီးအနှစ်၊ ကုလားပဲအနှစ် စတာတွေ ထည့်ထားတဲ့ ဇလုံတွေပါ။ ဆလပ်တွေပါ။ ကိုယ်ကြိုက်ရာကို ကြိုက်သလောက် စားခွင့်ရှိတယ်။ ကြက်သား အသားလွှာတွေကို အဲ့လိုကင်တာ။ Shawaram ကို အနီးကပ်ရိုက်ထားတာ။ အဖြူအနှစ်တွေက humous လို့ခေါ်တဲ့ ကုလားပဲနှစ် အရမ်းစိမ့်တယ်။ ဗယာကြော်၊ အာလူးချောင်းကြော်၊ အသီးလေးတွေက သံလွင်သီးကို အချဉ်တည်ထားတာပါ။ ဖန်လွန်းလို့ မစားနိုင်ပါဘူး။ ရွာသူားတွေကို ပြချင်လို့ ထည့်လာတာ။ ဆလပ်တွေပါ။ ခရမ်းချဉ်သီး အနှစ်ဆမ်းထားတာ။ ကျွန်မလည်း ပြီးခဲ့တဲ့ ရက်တွေတုန်းက နေမကောင်းတာရယ်၊ ပျင်းတာရယ် ရောပြီး စာကို မရေးဖြစ်ဘူး။ […]


nigimi77December 4, 20111min012
膾 = 회 = ဟွဲ ငဇာဂီ တို ့ အရှေ ့ကျွန်းမှာတော့ ဆာရှီမီ (刺身) လို ့ခေါ်ပါသဗျား ။ အဲ့သဟာက ငါး ၊ ခရု ၊ အမဲသား ၊ အသည်း စတာတွေကို အစိမ်း အတိုင်း ပါးလွှာအောင်လုပ်ပြီး စားကြတယ် ။ အရှေ ့ကျွန်းမှာတော့ ဆာရှီမီလို ့ ဆိုလိုက်တာနဲ ့ ငါးစိမ်း စားတာကို မျက်လုံးထဲမှာ တန်းမြင်လောက်အောင်ကို ပုံမှန် စားသောက်ကြပြီး များသောအားဖြင့် အရက်သောက်ရင်း အမြည်း အဖြစ်နဲ ့ ငရုတ်ဆီ ၊ ဆား ၊ ငရုတ်ကောင်းမှုန် ့ ဝါဆာဘီ ယမ်းစိမ်း စတာတွေနဲ […]


nigimi77December 4, 20111min06
အဟမ်း…..။ ဘွားဆူးရဲ ့ (တောင်ကိုရီးယား ရေဘဝဲ စားသောက်ဖွယ်ရာ http://myanmargazette.net/27259/health-fitness/food-drink) ိကို ဖတ်ပြီး မှတ်မိသလောက် ဟိုရှာသည်ရှာနဲ ့ နည်းနည်း ဗဟုသုတ အာရွှီး လုပ်ထားပါတယ် ။ …………………………………………. ဂိုရ်ယော (ကိုရီးယား) တွေ အစိမ်းစားတယ် ဆိုတဲ့ အဲဒီ ရေဘဝဲ အနွယ်ဝင် အကောင်တွေနဲ ့ပါတ်သပ်ပြီး ပြောရရင် အဲဒီ အကောင်တွေကို သူတို ့ဘာသာစကားနဲ ့ ( 산낙지 ) ဆား(န်)နာ့(က်)ကျီ ( a common octopus ) လို ့ ခေါ်ပါတယ် ။ ကိုရီးယား ယမကာ လုလင်တွေ ၊ ကိုရီးယား နှူးဘာ ဂိုဏ်းသားတွေ အလွန်ကြိုက်နှစ်သက်တဲ့ […]