ဇိမ်

ムラカミDecember 23, 20113min034

ချစ်ခင်လေးစား အပ်ပါသော ရွာသူား အပေါင်းတို့ ခင်ဗျား …..

 

ပိတ်သတ်ကြီးရဲ့ မောင် ဂီဂီ လေးဟာ ဆိုရင်ဖြင့်..သည်မနက် ကတည်းက

တမျိုးပီး တမျိုးလုပ်စား နေပါသဖြင့် …. ကတိ(ဂိ) ပေးထားသော ..ယနေ့ နှစ်ချုပ်

ဂလိတ်တက် ဟစ်ထ်စ် များ အပြီး သတ် မချုပ်နိုင်ပါကြောင်း …….

စိတ်မကောင်းဇွာဖြင့် ရေးသားအပ်ပါသည်ခင်ဗျား…..

သည်နှစ်ထဲတော့ ပီးအောင် ချုပ်ပါ့မယ်ဂျ….

လောလောဆယ်တော့ ဂီ ဂိ ပျက်ပီ လို့ ..

 

ဇိမ်ဖုံးဂျီးဝတ်ထားသော ဂီဂီလေးဟာ အရှေ့တိုင်းမှာ ဆိုရင်ဖြင့် …ယနေ့ ဟာ..သည်ပိတ်ရက် နက်ဖန်သဘက်

စနေ တနင်္ဂနွေ မန်းဒေး ခွင့်ယူ – ၄ရက်ဆက်တိုက် ဇိမ်ခံနေလိမ့်မည် ဟု မမှတ်ပါနှင့်ခဗျား ….

 

မန်းဒေးခွင့်ယူတာ …အိမ်ပြောင်းဖို့ပါ …

အိမ်သစ်မှာပစ္စည်းနေရာချရင်း အိမ်ဟောင်းသန့်ရှင်းရေး …. အဲကွန်း တပ်ဆင်ရေး…ရေခဲသေတ္တာ တပ်ဆင်ရေး

..အဝတ်လျော်စက်တပ်ဆင်ရေး …တပ်ဆင်ရေး….တပ်ဆင်ရေး တွေအလုပ်များမှာ မို့ပါ ……

ခုဟာကလည်း ဇိမ်ခံချင်လို့ ..အစားကျူး နေတာ မဟုတ်ဘဲ …အိမ်သစ်သို့ သယ်ဆောင်မည့်

ပစ္စည်း ပစ္စယ များကို လျှော့နိုင်သလောက် လျှော့ချ နေခြင်းသာ ဖြစ်တယ်ဆိုတာ …နားလည်ခံစားပေးကြပါခင်ဗျား…

 

 

ဂီဂိပျက် တာကို စိတ်မကောက်ကြဖို့နဲ့ ဇိမ်ဖုံးဂျီးပေါက်စ ဂီ့ လက်ရာ ကို မြည်းစမ်းကြည့်ဖို့

ရွာသူား အပေါင်းကို ဂီ့အိမ်သို့ ဖိတ်မန်ဒက ပြုအပ်ပါသည်ခညား……

 

 

၁၊ ဂီ့ဘိတ်ဖက်

 

 

ပေါက်စီကို ပေါက်စီ လိုကြည့်ကြပါ ဆြာတို့ ….. ဆြာမင်းခိုက်စိုးစံ တို့ ..ဆြာနီကိုရဲတို့ ဦးနှောက်တွေ ငှား မသုံးပါနဲ့နော…

 

 

၂. အနီတလုံး အဖြူတလုံး

 

 

တလုံးက ဘတ်လာတာ ..တလုံးက တိုက် လာတာ …..

အလကားပြောတာပါ တကယ်ပြောတာပါ နောက်ပြောတာပါ ..

ဟုတ် ..ဇိမ်ခံဖို့ပါ. …….

 

 

မြန်မာ့ရိုးရာ စားစရာ …ညောင်းတုန်းဦးနက်ချောရဲ့ လက်ရာ ….

 

မုန့်ဟင်းခါးအကြောင်း အရေးကောင်းလို့ ..အားရင် မုန့်ဟင်းခါးချည်း ချက်စားနေဖြစ်တော့တယ်ဗျ…..

မုန့်ဖတ်ကတော့ ဂီ တခါကပြောသလို SOMEN ကိုသုံးရပါတယ်ခင်ည …..

 

၃. SOMEN

 

 

 

 

 

4. SOMEN ကိုရေနွေးဖျော

 

 

 

5. တန်ပူရာ ကြော် …

 

 

 

ဒါ အော်ရီဂျင်ဒယ် …လက်ရာနော ….ဆန်မှုန့် ပဲမှုန့် …နဲ့ ငါးမှုန့် ၃မျိုးကို ဆတူရော…

SHO-YU ထည့်လိုက်ဦး အရသာအတွက် …(ဆားမသုံးပါ) ရေနွေး ကြက်သီးနွေးလေးနဲ့ဖျော်ပြီးမှာ

ပူတေးနီးယွန်း ….တွေကိုကြော်ထားတာ. ..(PUTATO + ONION)

 

၆. ရဘီ…

 

 

 

 

သုံးဆောင်ကြပါဦးခင်ည…..

မုန့်ဟင်းခါးချက်တာ့တော့ ရွာထဲမှာ မုန့်ဟင်းခါးအချက်ကောင်းတဲ့ ရွာသူားတွေ များတာမို့….

ငါးအခြောက်ထုတ်ဖောက်ထည့်ရေဖျော် မီးဖိုပေါ်တင်တဲ့ ကိစ္စရပ်လေးတွေ skip ထားပါကြောင်း

 

၇.  ဇိမ်ဖုံးဂျီးပေါက်စ ဇိမ်ခံ သတင်းသုံးတော်မူသော  နေရာ….

 

 

 

ဤပုံကိုကြည့်ပါ ….

ယူတတ်ရင် ပညာတောင်ရသေး… နော….

Globalization ဆိုသည်မှာ … ဗမာ့မုန့်ဟင်းခါးထဲ့သို့ ဂျာပွန် အကြော်စုံထည့်ပြီး ..

ပြင်သစ်ဝိုင် နှင့် အမေလိကန် စီးကရက် ခဲ ကာ အရသာခံပြီး သကာလ ..တရုတ်မှလုပ်သော

လက်ပကျွတ်ဖြင့် …ကမာ္ဘ့တခွင် ပြဲပြဲစင် ခရီးထွက်ခြင်း…..

 

 

 

ဟီး … တကယ်တော့ ခါတိုင်းဆို နေ့ည ဖာစ့်ဖု ဆိုင်မှာ ဝယ်စားနေတာဗျ. ….

အမဲသား ထမင်းပုံ ဆိုပါတော့ ..(ခုတော့ ဝက်သားနဲ့လည်းရနေဘီ…)

http://en.wikipedia.org/wiki/Gyuudon

 

http://ja.wikipedia.org/wiki/%E7%89%9B%E4%B8%BC

(Gyudon စိတ်ဝင်စားသူတွေအတွက် ဂီ့ မွေးစားမေမေ ဆီက လင့်ခ်)

 

အိမ်ပြောင်ခါနီး မသယ်ချင်တာ မသယ်နိုင်တာတွေ …အကုန် ရှင်းလင်းရေး လုပ်နေတာပါဗျာ..

(ဇိမ်ချင်လို့ ဇိမ်ရတာ မဟုတ်ပါဝူး။။။)

 

ဆေးသေတ္တာထဲက ပိုနေတဲ့ ပါရာစီတမော အလုံး ၇ဝ ဘာလုပ်ရင်ကောင်းမလဲ ဟင်င်င်င်….

နောက်လ ဆို အိပ်စပိုက်ယာ ဖြစ်တော့မှာ …..လွင့်ပစ်ရမှာလည်း ….

တခုတ်တရ အညွှန်းစာရေးပြီး …ထည့်ပေးလိုက်ရှာသော နှလုံးသားလှတဲ့ ဆြာဝန်မလေး

မျက်နှာ ပြေးပြေးမြင်ပြီး အားနာနေတယ်. …..အဟုတ်….

နက်ဖန်လည်း လက်ဖက်တွေ သုတ်စားရဦးမယ်… လက်စွပ်လေး လော့ကတ်ဖြစ်သွားသော်လည်း..

အော် ….. သူမ …ကျနော့်အတွက် ……လက်ဖက်တော့ ကိုယ်တိုင်နှပ်ပေးတတ်စမြဲ ပဲလေ….

(ကြွားထှာ …)

 

 

ဒါနဲ့ စကားမစပ် … မနေ့က စာတပုဒ်ကို ၂ပိုစ့်ခွဲတင်ပေမယ့် …

ယနေ့ …ဘာလုပ်လုပ် ဘာစားစား ပေါက်စီ၂လုံး(၁တွဲ) ပီး ….ဝိုင် ၂လုံး(၁တွဲ)

ပီး …အကြော်၂မျိုး(၁တွဲ) ကြက်ဥ၂လုံး (၁တွဲ) အဲ့လို

အတွဲလိုက် …သမ တာခည .. ဂီ ပြောပါတယ် ….

ဇိမ်ဖုံးဂျီး …..ဇိမ်ခံချင်လို့ မဟုတ်ပါဝူး ….နလံထ မို့လို့ဘာ …

 

 

သည်ညနေ … နယူးရီးယား ပါတီရှိတယ်ဗျို့ …..လိမ့်ဘီ တာ့တာ ….

ငါးမြှားထားသေးဒယ် ပြောဒါဘဲ ….(သူက ဂလို အရင်ပြောဒါ … ပီးမှ ဂီ့ကိုမေ့နေလို့တဲ့ မနက်ကမှ

ဖုန်းဆက်တာ …ဒီတော့ ပံ့သကူဘဲ …. ဝိုက်မဟ ….)

ဆာရှိမိ  ..ဆုရှိ…..  ..ရှလွတ် ရှလွတ်…..

တပ်မ၇ရစကားငှားသုံးလိုက်ဦးမယ်…

သားစိမ်းငါးစိမ်း အကုန်ကျလိမ်းမယ့် …ဇိမ်ဖုံးဂျီး ငယ်ကွ …..

 

(အဟီး …တွားဖြစ်ချင်မှလည်း တွားဖြစ်မှာဘာ …)

 

ဆြာဝန်ကပြောတယ် …စိတ်အတက်အကျမြန်တဲ့ ရောဂါ တဲ့ ….

ဆြာသမားကပြောတယ်…. ငါးကြီးဆီ သောက်တဲ့ …..

သူမကပြောတယ်. ….ဟုတ်မှာပါ ..ဖြစ်နိုင်ချေရှိတယ်တဲ့ ….သောက်ပါလားတဲ့ ….

ဟင့်အင်း ညှီတယ် ..သောက်ချင်ဝူး ….

သေးသွယ်ရှည်လျားသော်လည်း …သန်မာသည့် သူမလက်ချောင်းများက ကျနော့် နားရင်းဆီသို့…

……………… .ဖြောင်း …………………….

စူးရှသောမျက်လုံးအစုံနှင့် ကျနော့အားကြည့်ရင်း….

သူမ။ သားစိမ်း ငါးစိမ်းကျ ကျလိမ်းချင်တယ်…. ဆေးကျမှ ညှီသတဲ့လား…

ကျနော်။ အဲ့လာ …ဝါစဘိ(ယမ်းစိမ်း…) နဲ့ ရှောယု(နံ့ပလာရည်) ပါတယ်လေ……ညှီဝူးလေ…

သူမ။ အေး ….ရော့ …..ဟောသည့်မှာ ဝါစဘိ သည်မှာ ရှောယု ….

 

အဲ့ဒါသာကြည့်တော့ဗျာ …..ငါးကြီးဆီ ငြှီရင် ယမ်းစိမ်း ရှောယု နဲ့ သောက်တဲ့ …….

 

 

တော်သေးဘီ…

ရှည်တွားဘီ

 

အော် မေ့ တော့မလို့(အော်မေ့ ဂိုဏ်းကို မရည်ရွယ်ပါ..)

အကြွေးလေးတခု ဆပ်ပါရစေခင်ဗျ….

autumn မှာ စုံတွဲပုံလေး ပြန်ကိုင်ပြီး ပြန်တင်ပေးမယ် ဆိုတာလေးပါဗျာ….

ကျနော့် ခွစ်စမတ် လက်ဆောင်ပါ….

 

 

 

ခွစ်စမတ် ကာလ အေးချမ်းတဲ့ သမယ လေးမှာ …ချစ်တဲ့လူနဲ့ အတူ သာယာ ပျော်ရွှင်ဇွာ ဖြတ်သန်းနိုင်ကြပါစေလိုကြောင်း…

တကိုယ်တော် အထီးကျန် ဇိမ်ဖုံးဖုံးလေး မှ ….. ဆုတောင်းမေတ္တာပို့သ အပ်ပါကြောင်း……

အပျိုကြီး လူပျိုကြီး တွေ တကိုယ်တော် တွေအတွက်ကော မပါဘူးလားလို့ အပြစ်တင် မစောပါနဲ့ဂျာ…

ပါပါတယ်….

.

.

.

.

.

 

ဒါနောက်ထပ် အကြွေးတခု ….

ဟိုဘက်ပိုစ့်ထဲမှာ သဂျိုင်ခီး ကျုပ်ကို “ပက်ကျိ ကိုယ်တုံးလုံးနဲ့ ဖျားနေတဲ့ပုံ ကြည့်ချင်ထှာ” လို့ ရိသွားတာ …

အဓိပ္ပါယ် မပေါက်လို့ မရယ်လိုက်ရသူများ မရှိလေအောင် ….သူဘာကိုဆိုလို ပါသလဲ ပြပါ့မယ်ခည….

 

 

ချစ်သူသက်ထား မရှိသူများအတွက်ကတော့ ဟာသ ကပဲ အဖော်မွန်ဖြစ်ပါကြောင်း …….

 

ခင်တဲ့

Inz@ghi

 

34 comments

  • ဆူး

    December 23, 2011 at 3:31 pm

    မားကတ်တင်းက အဆင့်ပိုမြင့်သွားပြီ.. ပက်ကျိ ကိုယ်တုံးလုံးတွေ ဘာတွေ ဖြစ်ကုန်ပြီ။
    အော်မိတော်ဖော်.. ဂိဂိ မားကတ်တင်း အောင်မြင်ပါစေ။

    Reply

  • kai

    December 23, 2011 at 3:33 pm

    အောင်မြလေး..
    အာဗာတာကို ခိတချိုးဆင်န်းက.. မဟာဗျူဟာမြောက်ပုံ တင်ရသလားကွယ်..။
    =
    အင်း..သူပြောမှ.. ကိုယ့်ကမ္ဘာပတ်စားပွဲလေးကြည့်မိတယ်..။
    ဒါ့ပုံတင်ပေးဦးမှ..။ 😆

    Reply

    • inz@ghi

      December 23, 2011 at 4:27 pm

      ဂီးဆောင်ဂျောင်း ..ဟာ …အလုပ်တာဝန်တွေ ဖိဇီး လွန်းလို့ …
      မြန်မြန် …ဂိ သွားဒယ် ဆိုတာ …..ဂျော့ဘုစု မှ အစစ်ဗျ ……
      စေဒနာနဲ့ ရေးတင်ပေးတဲ့ အစ်မတော် ကို အားနာလို့ မရေးထားတာ …
      ဂျော့ဘုစု လည်း ..အာဏာရှင်ဘာဘဲ ..မထူးပါဘူး ……၂၀၁၁ ကိုတော့
      အာဏာရှင်တွေ ကျဆုံးတဲ့ သမိုင်းဝင်နှစ် လို့ပဲခေါ်ချင်တော့တယ်…..

      ဇဂါးမစပ် ..အနှီ ..ဘီဘီစီ ….(ရိုဟင်ဂျာ …ကိစ္စ ကြောင့် …သေတောင် အားမပေးတော့မယ့် သဒင်းဌာန…)
      ထက် ဂီက ၂လနီးပါး …..သဒင်း ဦးတယ်နော. ..သဂျီး ….

      Hierarchy of Needs ကို ၁နေရာထဲက ကိုးကားကြတဲ့ ဆောင်းပါးအနေနဲ့ဆိုလည်း ….
      အီလဲဗင်း က ဘလာဘလာခရေစီ ချာချာလည်ခြင်းထက်လည်း ၁ဝရက်ဦးတယ်…

      ပါဆင်နယ်အရပြောရရင်…. ဒါ ၂၀၁၁မှာ ဂုဏ်အယူဆုံး ဖြစ်ရပ်တွေဘဲ
      နောက်ဆုံးတခုကတော့ ဘယ်ကျော် ပေါ့ဗျာ….

      ခင်တဲ့
      Inz@ghi

      P.S ကျုပ်တို့ခေးဘွ တုန်းက ရွှေသွေးမှာ ဘယ်ကျော် ဆိုတဲ့ ဆံပင်ဘုတ်သိုက်ဇာတ်ကောင်လေး
      အကြောင်း အမြဲ ရေးတဲ့ သူရ ဆိုတဲ့ ကာတွန်းရေးဆြာ …ဘယ်ရောက်နေလဲ ဘာလုပ်နေလဲ
      ဆုံးရှာပြီလား ….. သိချင်တယ် သဂျီးရယ်……… အော်မှားလို့ …CIA agent ကြီးရယ်….

      Reply

      • kai

        December 23, 2011 at 7:01 pm

        စီအိုင်အေ (Criminals In Action)
        အက်ဖ်ဘီအိုင် (Female Body Inspector) တဲ့..။

        အင်္ဂလိပ်လို သိပ်မရေးနဲ့ခည..။ သူတို့ဆာဗာထဲ သွားကွိနေဦးမယ်..။
        သားသား ကြောက်ကြောက်..။ 🙁

        Reply

  • hmee

    December 23, 2011 at 3:44 pm

    မာ့ကတ်တင်းက ထက်ဆင်းပြန်ပြီ။ ဘဝတူတွေပဲနော် မမှီလည်း ပြန်ခါနီးမို့ အိမ်ရှင်းတဲ့အနေနဲ့ သိုလှောင်ထားတဲ့ ပစ္စည်တွေ ပြတ်အောင် ချစ်ချစ်ကြီးအတွက် မနေ့က မုန့်ဟင်းခါးချက်တယ်။ ပဲကပ်ကြော်၊ ဗူးသီးကြော်နဲ့ ရှယ်။ ပူစီနံနိုင်နိုင်နဲ့ကို စားပြစ်လိုက်တာ။ ငတ်တာ 🙂 ဒီနေ့တော့ ကြက်သားပေါက်စီ လုပ်တယ် သားတော်မောင်အတွက်။ အမှန်က မမှီပြန်သွားရင် ချစ်ချစ်က ဘာမှ လုပ်စားဖြစ်မှာ မဟုတ်လို့ ဂျုံတွေ နှမျှောလို့ အပြတ်ကို ဖြတ်နေတာ။ပေါက်စီက ဝက်သားနဲ့မှ ကောင်းတာ မရှိတော့ ရှိတဲ့ ကြက်သားနဲ့ပဲ လုပ်စားလိုက်တယ်။ 🙂

    Reply

    • inz@ghi

      December 24, 2011 at 8:39 am

      မနာလိုစရာကောင်းတဲ့ …မမမှီ. …
      တကိုယ်တော်သိုင်းသမားလေးကို …ပျက်ရယ်ပြုတဲ့ မမမှီ…
      ဘွတူဒွေ ဘာ ဆိုပီး …..ချစ်ချစ်တွေရော တားတားဒွေရော …ဆွဲဆွဲထုတ်ပြီးကြွားတတ်တဲ့ …မမမှီ…
      ခေါ်ဝူး …. မုန်းဒယ်….လူဇိုး ….

      ဝှား…ဝှား….
      အတဲနှလုံးမချိဒဲ့ …မိန်းမဂျီး …..မမမှီ…
      (ကမ်းခြေပုံတွေ လျောက်ရိုက်ထားတာ ….ဂီတို့ ရှလွတ်ဖို့ စကီလေးဒွေ ပုံ ရိုက်မလာလို့ လက်စားခြေခြင်း…)
      ခစ်ခစ်….

      ခင်လို့ စတာပါ
      မမမှီ ….
      ပုံ
      Inz@ghi…

      Reply

    • kai

      December 24, 2011 at 5:03 pm

      အမှတ်တမဲ့နဲ့..သေသေချာချာသတိထားမိလိုက်လို့..
      အဲဒီမှာ.. ဝက်သားမရှိဘူးလား..။
      ဂျူးဘာသာဝင်က.. ဝက်သားမစားတဲ့အပြင်.. အာရပ်တွေကပါ..မစားတော့.. ဝက်သားမရှိတာလား..။ မရောင်းတာလား..သိချင်တာပါ..။

      ဂီဂီ့စာတွေထဲ.. ဝင်ရှုပ်သလိုဖြစ်နေရင်.. ဂိုမင်န်း..။ 🙂

      Reply

      • hmee

        December 24, 2011 at 10:09 pm

        ဝက်သား ဝယ်လို့ရပါတယ် သဂျီး။ ရုရှတွေရောင်းပါတယ်။ ဒါပေမဲ့ ဆိုင်များများစားစား မရှိပါဘူး နှစ်ဆိုင်၊ သုံးဆိုင်လောက်ပဲ ရှိပါတယ်။ ဒီမှာ တရုပ်တွေ အရမ်းများပါတယ်။ ဝက်သားဆိုင်သွားရင် တခါတခါ တရုပ်တွေကို တိုးလို့တောင် မရချင်ဘူး။ ဝက်သားက တရုပ်အကြိုက်မို့ ထင်ပါရဲ့ အရောင်းဝန်ထမ်းက တရုပ်တွေများတယ်။

        Reply

  • Moe Z

    December 23, 2011 at 4:00 pm

    အမယ်လေးနော် မနာလိုလိုက်တာ သူ့ကျတော့ခွင့် ၄ရက်တဲ့
    မိုးစက်ကတော့ ခရစ္စမတ်တောင် ဧည့်သည်တွေလိုက်ပို့ရမှာမို့လို့ မနားရဘူး 🙁
    စားပိုးနင့်နေဦးမယ် သတိထားဦး 😛

    Reply

    • inz@ghi

      December 24, 2011 at 8:47 am

      ညလေးရယ်…
      ၄ရက်ဆိုဒါ…
      ပိတ်တာ ၁ရက် (ပြိတ္တာ မဟုတ်ပါ…)
      ပုံမှန် စက်ဒဒေး ဆန်းဒေးက ၂ရက်…
      မဖြစ်မနေ ခွင့်ယူပီး အလုပ်ရှုပ်ရတာ ၁ရက်ပါ. ..
      အလုပ်စားပွဲမသွားရတာကလွဲရင် မချောင်ဘာဘူးဂျာ…

      မနာလို မဖြစ်ပါနဲ့ ….ဇက်ကလေးကမှ …ဧည့်သည်တွေလိုက်ပို့ရင်း…
      ပျော်ရွှင်ကြည်နူးရဦးမယ် … ကအင်ဂျီး ခညာ..ကိုယ့်ပစ္စည်းလည်း ..သိမ်းထုပ်သေချာလုပ်ရ…
      သူလို့ ပစ္စည်းလည်း ဆင်ပေးရ…အိမ် ဟောင်း ..သန့်ရှင်းရေး…အိမ်သစ် တပ်ဆင်နေရာချထားရေး…
      အရေးပေါင်းများစွာ ထမ်းဆောင်နေရဒါဘာ …

      ပုံ
      သနားဖွယ်ကောင်းသော…..
      အော်ရီဂီ …
      (yours original “ဂီ”)

      ခိခိ…

      Reply

  • စုံ စုံ

    December 23, 2011 at 4:04 pm

    ၂.အနီတလုံး အဖြူတလုံးကိုမျက်စိထဲကမထွက်ဘူး
    ၅.တန်ပူရာကြော်ကိုမြင်တော့ ဂလုလိုက်တယ်
    လောလောဆယ် အိုက်၂မျိုးကို ရှလွတ်သွားပါတယ်

    Reply

    • inz@ghi

      December 24, 2011 at 8:32 am

      ကိုကိုစုံစုံလား
      မမစုံစုံလား မသိတဲ့

      ဆန်းပိုင်း(senior)ရေ….
      အားပေးတာ ကျေးကျေးဗျ.. .

      Reply

      • Moe Z

        December 24, 2011 at 9:21 am

        မမစုံစုံက သင်္ဘောသီးချစ်သူလေ 😛

        Reply

  • ငပေါက်ဖော်

    December 23, 2011 at 4:12 pm

    ဇိမ်ဆိုတဲ့အတိုင်း..“ဇိမ်”ပဲကွာ..ရှလွတ်.
    ဒါနဲ ့..
    BE,WE,Double Black လဲပါဘူး
    😆

    Reply

    • inz@ghi

      December 24, 2011 at 8:04 am

      ဘဘပေါက်ဖော်…

      တားတားပြန်လာရင် ကစ်မယ်ဂျာ ..
      အဲ့လာဒွေ …

      တာကွီလာ နှင့် ရှာကီရာ တို့၏ ပိတ်သတ်
      ဂီ

      Reply

  • blackchaw

    December 23, 2011 at 4:29 pm

    မာယာတွေ၊ မာယာတွေ
    ဂီဂီ ရဲ့ မားကက်တင်း မာယာတွေ။
    ှstrategy ကို ဂီဂီ က မာယာလို့
    ဘာသာပြန်တဲ့ အကြောင်း
    ဘဘ က ဖတ်ဘူးသလားလို့။

    Reply

    • inz@ghi

      December 24, 2011 at 8:03 am

      ဘဘဘလက် အလွန် မှတ်ဉာဏ်ကောင်းတယ်လို့ သဂျီးချီးကျူးဖူးတာ …သတိရသွားဘီ …
      ဟုတ်တယ်ဗျို့ ….ကျနော် မာယာ လို့ သုံးဖူးကြောင်းပါ..
      မှတ်မှတ်ရရ ကိုရင်စီ့ ပိုစ့်မှာပါ….
      ဘတ်ထ် ခုတော့ မာယာမဟုတ်ပါ….
      မိုက်ကယ်လ်သဂျိုင်ခီး ….ဂီ့ကို သမ တာကို ပဲ ပြန်ပြမိတာဘာ….

      ခင်တဲ့
      Inz@ghi

      Reply

  • နီကီတာ

    December 23, 2011 at 4:46 pm

    သူကျတော့ ခွင့်ရတယ် အဟင့် 🙁
    ဒီမှာတော့ ရက်ပျက်တာ လွန်သွားလို့
    ခွင့်ရဖို့နေနေသာသာ
    ိပိုက်ပိုက်ပါ လျော်လိုက်ရတယ်
    ခရစ်စမက် ကို စိတ်နာဒယ်…..

    Reply

    • inz@ghi

      December 23, 2011 at 4:50 pm

      ကျုပ် ခွင့်တရက်ယူတိုင်း …ကျုပ်လခဖြတ်ခံရတယ်ဗျ….
      လစာပြည့် …ခွင့်ရက်တွေကို ဗမာပြည်ပြန်တုန်း သုံးထားတယ်လေဗျာ….
      တွက်သာကြည့် …ပျော်လို့ယူနေတာမဟုတ်ဘူး…
      ခရီးသွားနေတာမဟုတ်ဘူး …
      မဖြစ်မနေ မလုပ်မဖြစ်မို့ …
      ကိုယ့်လခ အဖြတ်ခံထိပြီး …လုပ်ရတာပါဗျာ….

      Reply

  • MaMa

    December 23, 2011 at 5:28 pm

    ဇိမ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ….
    ဇိမ်ကျပုံတွေ တင်ပြပြီး ….
    နောက်ဆုံးမှာ ဇိမ်အကျဆုံး ပန်းတွေနဲ့ ဝေနေပုံကို ကြည့်ရတော့ ….
    ကျောချမ်းထှာ 🙁

    Reply

    • inz@ghi

      December 24, 2011 at 8:31 am

      အန်တီမမရေ …
      ဂွဒ် မောနင်း ဂွဒ်နိုက်ပါနော …

      (ဦးပီတာ မဟုတ်ပါ …နာဗီဂေးရှင်း စစ်စတမ်အရ ..ဘယ်တော့ဖတ်ဖြစ်မလဲ
      မသိတဲ့ အနေအထားအရ ..၂၄နာရီ မှန်ကန်တဲ့ နှုတ်ဆက်နည်းဖြစ်ပါသည်….ဟီး….)

      ဟိုဘက်မှာ မန့်ထားသလို Draft ဖြစ်နေတဲ့ မြန်မာစာ အကြောင်းက လာမယ်ကြာမယ်ခည…
      ကျနော် သဒ္ဒါကို ဖောက်ပြီး ရေးနေတာ …အန်တီမမ နားလည်ပေးတာ ..ခွင့်လွှတ်ပေးတာ ..
      အရမ်းကျေးဇူးတင်တာပဲဗျာ.. အဟုတ်ပါ ….

      အသံနဲ့ ဌာန် ကို ဦးဇား ပေးမိတဲ့ ငမိုက်သားပါဗျာ.(လုပ်ပြန်ဘီ)
      အနှီ မြန်မာစာ ဆောင်းပါးမှာ ..ကျနော်တို့ လိုနေတာလေးတွေ … ဟာနေတာလေးတွေကို
      နည်းနည်း လေး ….စောင်းပါး ရိပ်ခြေ …ပြောချင်လို့ပါ…..
      ခုတလော… ပညာရပ်ဆိုင်ရာ စာစုတွေ ဖတ်နေပါတယ်…

      ကွယ်လွန်သွားရှာပြီဖြစ်သော သမိုင်းသင်တာ မအ အောင်လို့လို့ပြောတဲ့ ကျနော်တို့လူမျိုး ဆြာကြီးရဲ့ စာတွေ
      ဖတ်နေပါတယ်. …. တသက်လုံး လေးစားခဲ့ရတဲ့ …ကိုရင်စီ့ အဘ စာတွေပြန်ဖတ်နေပါတယ်….
      နောက် … ဂေါတမ ကို ဗီလိန်လုပ်ပြီး ..မာရ်နတ်ကို ဇာတ်လိုက်ထား ရေးပါလား လို့
      စာရေးဆြာ အချင်းချင်း ငေါ့ရတဲ့အထိ ကလောင်စွမ်းထက်တဲ့ ဆြာ တယောက်စာတွေဖတ်ဖြစ်ပါတယ်…
      နောက်ပြီး…ကျနော်နှစ်သက်တဲ့ …ဆြာမင်းလူ-ဆြာတာရာမင်းဝေ-ဆြာနီကိုရဲ တို့ရဲ့ ခြားနားတဲ့အတွေးတွေ
      အဆိုပြုပုံတွေ ဖတ်နေပါတယ်…

      ရွာထဲမှာ ဆိုလည်း ….လေးပေါက်နဲ့ …တပ်မ၇ရ စာတွေဖတ်နေပါတယ်….

      ဗမာ စာလုံးတွေ ..(နာမ်တွေ) ပေါ့ဗျာ …နည်းပါးသေးတယ် လို့ မှတ်ချက်ချတဲ့
      သဂျီးရဲ့ အယူအဆတွေကို လက်ခံထားရင်း…(အတိုင်းအတာ တခုထိ…)

      ကျနော်ကြိုးစားပါ့မယ်ဗျ….

      ခင်တဲ့ …
      ဂီ

      Reply

  • windtalker

    December 23, 2011 at 7:19 pm

    ဟိတ် ဇိမ်ဖုံးဂျီး
    ပိန် ရှုံး ဖြီး မနေနဲ ့
    အိမ်ပြောင်းချင်ပြောင်း
    လိမ်မော်သီး တော့
    မစောင်းလိုက်နဲ ့နော…
    ခင်မင်စွာဖြင့်
    မစ်စတာပေ

    Reply

  • alinsett

    December 23, 2011 at 7:49 pm

    သတင်းသုံးတော် မူရာကို တော်တော် အံ့ဩောသွာ းပါတယ် ။

    မိုနာလီစာ ရော။ စီးကရက် ဘူးရော။
    computer ရော… ပြိးတော့ အမှတ်တရ ပုံရိပ်တစ်ခုရော.. ပြိးတော့ ပုလင်းက ဘာ ပါလိမ် ့ ဝိုင် လား…

    အင်း အဲဒီ ပု့လေး တင်ပေးတာကို ကြိုက်တယ် ။

    ရသ တစ်ခုကို ပေးပါတယ် ။

    Reply

    • inz@ghi

      December 24, 2011 at 8:17 am

      ကိုအလင်းဆက်ရေ..

      မိုနာလီဇာ က ကလေးကစားတဲ့ jisaw puzzle လေးပါဗျ..
      အသိရခက်တဲ့ monalisa smile လိုမျိုး …ကျနော်တို့မှာလည်း အခြား အခြားသော အရာတွေ
      တပုံတပင်ရှိတယ်ဗျာ . ….. ဒါလေးကို ကိုယ့်ကိုကိုယ် သတိပေးချင်လို့ ဒီ ဂျစ်ဆောလေးကို
      ဘောင်သွင်းပြီးကပ်ထားတာပါ…….

      ဥပမာဗျာ … ကျနော် အလွန်နှစ်သက်တဲ့ ဆြာမင်းလူရဲ့ ယမကာ လုလင် စာစု ဟာ ကျနော့်အတွက်
      မိုနာလီဇာ စမိုင်းလ်ပဲဗျ….ကျနော် အရက်သောက်ချင်တဲ့အချိန် ဖတ်လိုက်ရင် …သောက်ရမှာအလွန်ရွံ့သွားပြီး ….
      မသောက်ချင်တဲ့အချိန် ဖတ်မိရင် …အရက်ဆာလောင်မှု ဖြစ်ပြန်ရောဗျ…….
      ဆြာနဲ့ အမှတ်မထင် ဆုံတဲ့အခါ သည်အကြောင်းလေးပြောတော့ ဆြာက ပြုံးနေတယ်….
      (သည်အပြုံးလည်း အသိရခက်ခဲ့ပြန်တယ်ဗျာ….)

      တခြားအကြောင်းအရာတွေ အများကြီးပါ…လူတယောက်ချင်းစီ အတွက်တော့
      ပါဆင်နယ်လ် မိုနာလီဇာတွေ မြောက်များစွာပေါ့…..

      အမှတ်တရပုံရိပ် ကတော့ ဟုတ်တယ်ဗျို့ … ဝန်ခံပါတယ် ..အမှတ်တရတခုပါ….
      ဒါပေမယ့် ရုပ်ဝတ္ထုသမား ကျနော် က အမှတ်တရ အတွက် ထုတ်ထား ကပ်ထားတာမဟုတ်ဘူးဗျ…
      ကျနော့် လက်ပကျွတ် …ကို ကာလာချိန်ဖို့ ….(အရောင်စုံလို့ )ထုတ်ထားတာသက်သက်ဗျ….
      နောက်ထပ် အကြောင်းပြချက်တခုကတော့ …ကျနော် မေ့မေ့နေတတ်တဲ့ …..ကင်မလာ အယူအဆ တခု
      နဲ့ ရိုက်ထားတာကို မမေ့အောင် ….သတိတရဖြစ်ရအောင် ထုတ်ထားတာဗျ…..

      ကျုပ်ပါးစပ်ကြီးကလည်း ဆိုးပါတယ်ဗျာ ..အနှီ စိုင်ကလေးကို ဒါတွေသွားရှင်းပြလိုက်မိတယ်…
      ကျုပ် မလိမ်ညာခဲ့မိဘူး ….. သည်တော့ ကောင်းရော ပေါ့ဗျာ ….မောင်မင်း ဂီဂီ တစ်ကိုယ်တော် သို်င်းသမား
      ဆက် ဖြစ်စေ….ပေါ့ …….ဟားဟား…

      အားပေးတာ ကျေးဇူးပါ BRO

      သည်စကားတွေဟာ ..BRO အတွက် တော့ …ကဗျာ လင်္ကာ အပိုင်းအစလေး တစုံတရာ
      စွဲထုတ်နိုင်မယ်ဆိုရင်ဖြင့်..ကျနော် လျှာရှည်ရတာ လွန်စွာ အကျိုးရှိသွားမည် ဖြစ်ပါကြောင်း…..

      ခင်တဲ့
      ဂီ

      Reply

  • pooch

    December 23, 2011 at 9:03 pm

    အဖြူတလုံး အနီတလုံးပုံလေးက ဓာတ်ပုံဆိုတာထက်ပိုပါတယ်….
    အဲ့ဒီပုံ မှာ ခံစားမှုတွေ ပါတယ်..

    အကြိုက်ဆုံးပဲ …

    အဓိပါ္ပယ်တွေလည်း အများကြီးပဲ …..

    ပုလင်းတခုက ဖဲပြားချီထားတာ ဆိုတော့ မိန်းကလေးကို ကိုယ်စားပြုတာပေါ့
    နောက်တခု ကတော့ ယောက်ျားလေးပေါ့ ……

    ဘာစားစား ၂ လုံး ၂ ခု စားနေတယ် ဆိုတော့ အထီးကျန်နေတာကို မသိစိတ်ထဲက ကန်ထုတ်နေတယ်ပေါ့……really????

    “မဝေးသော တနေ့မှာ ပျော်ရွှင်နိုင်မှာပါ ”
    …အဲ့ဒီယုံကြည်မှုလေး မကြာမကြာတွေးပေး….
    ကိုယ်တိုင်လည်း ကျင့်သုုံးနေတဲ့ အတွေးလေး တခုမို့ ခရစ္စမတ်လက်ဆောင်ပေးလိုက်ပါတယ်….

    anyway, thank you so much for your christmas autumn couple.
    “Merry Christams and Have a Wonderful Party”
    and Santa will give you a sweet angel at party ….. …….how marvellous!!!!!!!!!!!!!!!!!!! cool….

    Reply

    • inz@ghi

      December 23, 2011 at 9:08 pm

      ကျေးဇူးပါ မမပုချ်. …

      ကျနော့် ကို interprept လုပ်တဲ့နေရာမှာ ဘာလို့ အလွန်ပြောင်မြောက်ပါသနည်း…???

      ကျနော် ….အထက်ဖော်ပြပါအချက်တွေ အားလုံး ကျေကျေနပ်နပ်ကြီးကိုဝန်ခံလိုက်ပါသည်…
      ……
      ကျနော့် psycho ကို တူးဆွပြီး ဆုမွန်ကောင်းတောင်းသွားပေးတာကို
      အလွန် ကျေးဇူးတင်ပါသည်ခင်ဗျား…

      ခင်တဲ့…
      iNZ@GHI

      Reply

  • မှော်ဆရာ

    December 23, 2011 at 9:39 pm

    အော် နှစ်လုံးတွဲကိုမှ ကြိုက်တတ်တဲ့ ဂီဂီပါလား

    Reply

  • KoNyeinChan

    December 24, 2011 at 9:37 am

    ၇. ဇိမ်ဖုံးဂျီးပေါက်စ ဇိမ်ခံ သတင်းသုံးတော်မူသော နေရာ…. ထဲမှာ ပါတဲ့ ” လှေယဉ်မယ်” ပုံလေးကို သဲသဲကွဲကွဲမြင်ရအောင် တင်ပါဦးလားဗျာ.. ရွာသားတွေ ရှုစားရတာပေါ့ 😀 😀 😀

    Reply

  • char too lan

    December 24, 2011 at 11:06 am

    သဂျီးကလဲ ပိတ်ရက်တွေတသီဂျီးရ အချီကြီးပွပီး နောက်နှစ်မှရုံးတက်ရမယ်ကြားတော့
    မလိုနာတွေဖြစ်နေတာ…ဟော!! ခုလာပြန်ဘီ ဆြာဂီကတစ်ဖုံ … ပိတ်ရက်မှာ စုံစုံလင်လင်ဝါး … ဟွန်းးး
    ကိုယ့်ကိုယ်ကိုတောင် သနားသွားတယ်ဗျာ…. 🙁
    ဇိမ်ဖုံးဖုံးရေ… တစ်လုံးလောက်စွန့်ဘာဖျား …………

    Reply

  • ကြောင်ကြီး

    December 24, 2011 at 11:55 am

    ပေါက်စီနှစ်လုံးနဲ့ မုန့်ဟင်းခါး အကြော်စုံတပွဲ ကုန်အောင်စားတယ်ဆိုရင် မောင်ဂီမကြာခင် ဖက်တီးပုတ်ဖြစ်မှာ ကျိန်းသေနေပြီ။ ဝမလာရင် ဖုတ်ဝင်နေလို့သာမှတ်….။

    Reply

  • comegyi

    December 24, 2011 at 4:47 pm

    အနီတစ်လုံး
    ဖြူတစ်လုံးနဲ့
    ညနေခင်းလေးမှာ
    တူတူပုန်းချင်လိုက်တာ….

    Reply

  • weiwei

    December 24, 2011 at 8:10 pm

    ကျွန်မ ကမ္ဘာပတ်တဲ့နေရာကတော့ ဇိမ်အကျဆုံးပဲ … အိပ်ယာပေါ်မှာ လက်ပကျွတ်ကို ဗိုက်ပေါ်တင်ထားတာ … ပူမှာစိုးလို့ အဲယားကွန်းကို အဆက်မပြတ်ဖွင့်ထားတယ် … အိပ်ချင်ရင် လက်ပကျွတ်ကို ဘေးခဏချပြီးအိပ်လိုက်တာပဲ …. 😛

    Reply

  • တညင်သား

    December 24, 2011 at 10:40 pm

    ဟေ့လူ….!
    ရွာထဲက လူပြို ၊ လူလွတ်တွေကို သိက္ခာချ လိုက်သလိုပဲ. ခင်ဗျားရဲ့ ကမာ္ဘပတ်နေရာက အရမ်းကိုရှင်းလင်းနေတယ်.. ဆေးလိပ်တိုတွေနဲ့ပြာတွေရှုတ်ပွနေတာလဲမရှိ.. ကြမ်းပြင်ပေါ်မှာ ဖိတ်စင်နေတဲ့ဝိုင်နဲ့ထည့်လက်စ ဝိုင်ခွက်လဲမရှိ ..
    ရွာထဲက လူပြိုကျီး တွေရဲ့ လူနေမှု့ ပုံစံကို တိုက်ရိုက်စော်ဂါး နေသလိုပဲ…:P

    သဂျီးက အစ္စရေးမှာ ဝက်သားရလားမေးခြင်တာထင်တယ် ဒီမှာလာမေးတယ်.. မမမီရဲ့ ပေါက်စီ ကိုကြည့်မေးပါလား.. ကာတာမှာတော့ ဝက်သားမရဘူးတဲ့…

    Reply

  • Khaing Khaing

    February 29, 2012 at 1:24 pm

    အော် ငါ့နှယ် ဗိုက်ဆာချိန်မှာသွားကြည့်ဖြစ်တယ် …. အောက်ဆုံးကပုံကိုကြည့်တော့မှ ဗိုက်မဆာတော့ဘူး..
    (သူ့လက်ကြီးကိုရွံလို့) အာဇာနည်နဲ့တူတယ်…တူသမူးကိုစမိတ်ဆက်တုန်းက အဲ့ပုံနဲ့ လန့်သွားတာပဲ …ရဲတိုက်နဲ့တူတဲ့ပုံလေးရှိလားလို့ ဆက်ရှာလိုက်ဦးမယ်…

    Reply

Leave a Reply

Your email address will not be published.