black chawMay 11, 20161min02
(ဘလက်ချော မေး) အစ်ကို့ သီချင်းတစ်ပုဒ် ဖြစ်တဲ့ စစ်နဲ့ ငြိမ်းချမ်းရေးက မဆလ ခေတ်ကတည်း က အပိတ်ခံခဲ့ရတယ်ပေါ့။ အခုမှ ပြန်ဆိုခွင့်ရ…၊ပရိသတ်ကလည်း ပြန်နားထောင်ခွင့်ရလာတဲ့အခါ ဒီသီချင်း ကို စီးရီးစ်ထဲမှာ ပြန်ထည့်ဖို့ ရှိမလား သိချင်ပါတယ်။ (ခိုင်ထူး ဖြေ) အဲ့ဒီကောင် ကော်ပီ သီချင်းကြီးဗျ။ ကော်ပီကို ကျွန်တော်တို့က ပြင်လိုက်တဲ့ သဘောပေါ့။ (ဘလက်ချော မေး) ကော်ပီ အစစ်တော့မဟုတ်ဘူးပေါ့…။ (ခိုင်ထူး ဖြေ) အစစ်ပါပဲ…။ နည်းနည်းပြင်လိုက်တယ်ဆိုတာ စကားပြောတွေ ဘာတွေ သူတို့ဆီမှာ မပါဘူးပေါ့။ စကားပြောတွေကလည်း ဇာတ်လမ်းတွေက နည်းနည်းတော့ ရှတ်တယ်ဗျ။ ဒါ အခုမှ ပွင့်ပွင့်လင်းလင်း ပြောတော့မယ်…။ အဲဒီသီချင်းက ဘာလို့ တောက်လျှောက်မကျလဲ ဆိုတော့ စကားပြောတွေက ကွန်မြူနစ်တွေ ရေးတဲ့ […]


ဇီဇီMay 10, 20161min027
ကိုယ့် ရဲ့ ချစ်သော ဖားလေး အကြောင်း ပြောပြမယ်။ ဟို အော့ကြောလန် ဖားသက်ပြင်း ကို ပြောတာမဟုတ်ဘူးနော်။ ဖီလစ်ပီနို အဆိုတော်လေး ပေါ့။ ကိုယ်တွေက ဖီလစ်ပီနို လူမျိုးဆိုရင် ဖား လို့ခေါ်တာ။ အသက်က ၁၅ နှစ် ဆိုတော့ ဖားလေး ပေါ့။ ကိုယ်က ချစ်တော့ ကိုယ့်ရဲ့ ချစ်သော ဖားလေး ပေါ့။ ဟိ။ :chit: အမှန်ကတော့ ဖီလစ်ပီနိုမှာ တီဗီရှိုး The Voice Kids Philippines က ဒိုင် ကို ကြိုက်လို့ ကြည့်ရင်း Darren ကို သတိထားမိပြီး တူး မိလို့ ရာဇဝင် ဥ ပေါ်လာတာပေါ့လေ။ အရည်အချင်းအရကို အရမ်းသဘောကျလို့ […]


kaiApril 10, 20165min015
ဒီတလောနားထောင်ဖြစ်နေတဲ့…အပျော်သီချင်းလေးတွေ…။ သိတာလေးတွေတင်ပေးကြပါဦး..။ ယူတုကသီချင်းလင့်ရယ်.. စာသားရယ်ပေါ့…။ ဘိုသီချင်း..။ ဂျပန်၊ စိန့်ပြည်..။ ကိုရီးယား..၊ ဗမာ..။ ကုလား.. ကြိုက်တာ..။ နှစ်ကူးနီးပြီမို့လေ…။ ပျော်ရွှင်ပါစေ..။ My Oh My Lyrics :Punch Brothers Rise up blinking in the sun Wrapped in invisible wire Something beautiful’s gonna come Out from underneath our thumbs To let freedom vibrate not ring ‘Cause we can’t listen to (listen to (listen to)) everyone If […]


နားဦးတည့်ရာ(နိုင်ငံသစ် အတွက် အထူး) – ရေး၊ ဆို၊ တီး၊ ဖမ်း ဆောင်းဦးလှိုင် (ခရီးအစ) ယုံကြည်မှု တွေ အမြင့်ဆုံးမှာ မျှော်လင့်ခြင်းတွေ အမြင့်ဆုံးမှာ သတ္တိခွန်အား ခြေလှမ်းများညီညာ ထလော့ မြန်မာ။ ပြိုနေသမျှ ပြန်တည်ဆောက်မယ် ယိုင်နေသမျှ ပြန်တည့်နိုင်ပါတယ် ငါတို့ရဲ့ အနာဂါတ် အိမ်မက်များ ရဲ့ ဆုံမှတ် ညီညွတ်တော့ မြန်မာ တို့ရဲ့အမိမြေ အတွက်ဆို တို့ပေးဆပ်မယ် စည်းကမ်းလိုက်နာ ရိုးသားပါ သူငယ်ချင်းရယ် ဒီကမ္ဘာပေါ် တစ်နေ့တော့ ခေါင်းမော့ကာပြုံးနေနိုင်ဖို့ တောင့်တခဲ့တဲ့ အိမ်မက်ရထားကြီး ထွက်ခွါ ခရီးအစ အဆုံး ကို စေတနာ မေတ္တာထား ခရီးသွားချင်းလဲ စာနာဖေးကူမ မွန်မြတ်တဲ့ စိတ်ထား


black chawMarch 11, 20164min016
ပန်းရဲ့လမ်း အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့  သားထွေး နှင့် အင်တာဗျူး ဖြစ်ပါသည်။ မေးခွန်းများ စီစဉ်ထားခြင်း မရှိပဲ ဝိတိုရိယ ဆေးရုံရှေ့က ဖီးလ် စားသောက်ဆိုင်မှာ ထိုင်ပြောခဲ့ကြခြင်း ဖြစ်၏။ အမှန်တော့ လွန်ခဲ့တဲ့ ၂၀၀၇ လောက်တုန်းက ကိုသားထွေး နှင့် သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးသဖြင့် ခင်မင်ခဲ့ဖူးပါသည်။ အခုအချိန်အထိ မှတ်မိနေသော ကိုသားထွေး အား ကျေးဇူးတင်ရပါ၏။     ကိုသားထွေး က ကိုမောင်မောင် တို့ ကိုနေဝင်းတို့ ကိုရဲလွင် တို့လက်ပေါ်မှာ ကြီးပြင်းခဲ့ရသူတဲ့။ အဲ့ဒါကိုက စိတ်ဝင်စားစရာ ကောင်းနေပါသည်။ အလုပ်သဘောထက် ကျွန်တော် သိချင်တာလေးတွေ မေးဖြစ်သဖြင့် အင်တာဗျူး က နှစ်နာရီ လောက် ကြာခဲ့ပါတယ်။ ဒါကြောင့် နှစ်နာရီ အင်တာဗျူး လို့ ခေါင်းစဉ်တတ်လိုက်ရပါတယ်ဗျာ။   မြန်မာဂဇက်  –  ကိုသားထွေးရဲ့ လောလောဆယ် အနုပညာ လှုပ်ရှားမှုလေးတွေ ပြောပြပေးပါ။   သားထွေး – လောလောဆယ် […]


black chawAugust 28, 20151min023
ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် လေးတွေ ကို စကားဝိုင်းဖွဲ့ မှတ်မိသလောက် ကိုယ်သိမှီ သလောက်လေးတွေ ပြောလည်းပြော…၊ သူများပြောတာလေးတွေလည်း နားထောင် ရတာ အရသာ တစ်ခုပါပဲဗျာ…။ အခုလည်း စကားဝိုင်းဖွဲ့ရအောင် အစလေး တစ်ခု ဆွဲထုတ်လိုက်ပါဦးမယ်။ ဇော်ဝင်းထွဋ် မှ ဇော်ဝင်းထွဋ် ဖြစ်နေတဲ့ အချိန်မျိုးမှာ (ဆေးဆိုးပန်းရိုက်မျက်နှာထွက်ပြီးကာစ) လေးဖြူ ဆိုတဲ့ အဆိုတော် အသစ်က အားကောင်းမောင်းသန် စွာနဲ့ ပေါ်ထွက်လာခဲ့တာ မှတ်မိကြဦးမှာပါ။ ကန္တာရလမင်း၊ ပင်လယ်အော်သံ တွေ ထွက်ပြီးစ အချိန်) Emperor နဲ့ ဇော်ဝင်းထွဋ် အတွဲလိုက် ဒိတ်ဒိတ်ကျဲ ဖြစ်နေချိန်မှာ လေးဖြူကလည်း Iron Cross နဲ့ လေးဖြူ အတွဲလိုက် တိုင်းသိပြည်သိ ဖြစ်လာခဲ့တာမျိုးပါ။ ဟေးဟေး စိုင်းစိုင်း တို့ […]


black chawAugust 20, 201513min042
လွန်ခဲ့တဲ့ ၂၀၁၄ ဒီလို အချိန်လောက်က အမျိုးသား ဇာတ်ရုံမှာ ခိုင်ထူး One Man Show လုပ်ခဲ့ပါတယ်။ ခိုင်ထူး ခေတ်မှာ လူဖြစ်လာရသူ ဘလက်ချောကြီးတစ်ယောက် စကိုင်းနက် က တိုက်ရိုက်လွှင့်ပေးတာကို အသေအချာကြီး ထိုင်ကြည့်ဖြစ်ခဲ့ပါတယ်။ အဲဒီ ရှိုးအကြောင်းလေး ရေးထားတာပါ။ ပို့စ်ကတော့ ရေးထားတာ တစ်နှစ်လောက်ရှိတော့မှာပါ။ အခု အမှတ်တရ ပြန်တင်ဖြစ်ပါတယ်။ ——————————————————————- ဒီည ခိုင်ထူး One Man Show ရှိတယ်။ မဒမ်ဘလက်က ကိုးရီးယားကား သူရဲ။ စကိုင်းနက် International Drama ကလာတဲ့ ကိုးရီးယားကားမှန်သမျှ မလွတ်တမ်းကြည့်သူ။ ဒီညတော့ ခိုင်ထူးပွဲ လိုက်ဖ် ကြည့်မလို့ ပြင်ဆင်နေတဲ့ ဘလက်ချောကြီး အိမ်တွင်းမားကက်တင်း ဆင်းရပြန်သပေါ့။ ပွဲမစခင် စင်ရော်မောင်မောင် ကြီးနဲ့ အင်တာဗျူးလုပ်တာ တွေ့လိုက်ရပါတယ်။ စင်ရော်မောင်မောင် […]


ムラカミAugust 4, 20152min05
ငယ်တုန်းက မှတ်မိသေးတယ်… ကျုပ်ကို အသံတွေအကြောင်း သင်ပေးတဲ့ ဆရာတယောက် ဆုံဖူးတာ… ဥပမာ တေးသွားတခုက ညီအစ်ကိုချင်း ချစ်မေတ္တာကို ပြတယ် တောတန်း မြက်ခင်းလေးနဲ့ လေညင်းကို ဖော်တယ်…. တခုက သမီးရည်းစား လွမ်းချင်း ပြတယ် စသည်ဖြင့်ပေါ့… သည်သဘောတရားက နက်နက်ရှိုင်းရှိုင်း ရှိတယ်ဗျ… ကျနော် ကာလာအကြောင်း ရေးဖူးတာမှတ်မိမပေါ့… ဘယ်အရောင်က ဘာကို ကိုယ်စားပြု ဆိုတာမျိုး သီဝရီအရပြောနိုင်ပေမယ့် ဘယ်အရောင်နဲ့ ဘယ်အရောင်ကို ဘယ်လိုသုံးရင် ဘာအရသာထွက်မယ် သိပ္ပံနည်းကျ မပြောနိုင်ဘူး ….. ကျုပ်နားလည်သလောက် အနီးစပ်ဆုံး သိပ္ပံမှု ပြုရရင် စာ အနေနဲ့ ဆိုပါစို့… ဘာသာရပ်တိုင်းမှာ ကာရိုက်တာ စာလုံးအရေအတွက် အတိုင်းအတာ တခုစီသာ ရှိပေမယ့် အဲ့ဒါတွေ သုံးပြီး ရေးဖွဲ့သီကုံးတိုင်း […]


ဒီတစ်ခါ နားဦးတည့်ပိတ်ပွဲ လုပ်တော့မှာပါ။ နားထဲ ရောက်နှင့်ပြီး သီချင်း တွေ က အများသားဖြစ်နေလို့ အခက်တွေ့ရော။ ရွာထဲက ကောက်ရ ဆားလေး (အင်လောမဟုတ်  😉 ) ရဲ့ မှတ်ချက်ကြည့်ပြီး တစ်ပုဒ် တော့ ထွက်လိုက်သေး။ အမေဆိုမှတော့ တာဝန်ကျေအောင် ဆူရ ဆဲရ တာ မဟုတ်လား။ သို့ပေသည့် သူ့ကို အဲဂလို ပြောရကောင်းလားဆိုပြီး ငိုချင်းချနေမှဖြင့် ရေကြီး တာ ပိုပြီး ကြီး သွားနိုင်သမို့ မပြောတော့ပါဘု။ ဒါကြောင့် လောလောဆယ် ခေါင်းထဲ ရောက်လာတဲ့ သီချင်း နဲ့ဘဲ ပိတ်ပွဲ လုပ်လိုက်ပါတယ်။ သီချင်း က “Blowin’ In The Wind”  ဖြစ်ပြီး တေးဆိုသူက “Bob […]


အစ်မဒုံ ပို့စ် ထဲ မဆိုင်ဘဲ ရေးထားတဲ့ သူကြီးမင်း ရဲ့ မှတ်ချက်လေးပါ။ {{{ သမီးအတွက်ကတော့ ပိုလို့တောင်လက်တွေ့ဆန်သေး.. သမီးရဲ့.. first date ယောက်ျားဟာ..ဖခင်ဖြစ်တာမို့.. ဖခင်ရဲ့သမီးအပေါ်ဂုဏ်ယူဆက်ဆံပြောဆိုတာတွေအားလုံးဟာ.. သမီးရဲ့နောက်လက်တွဲမဲ့..အိမ်ထောင်ဖက်ရွေးချယ်မှုအတွက်.. စံနှုံးတွေဖြစ်သွားတယ်ဆိုပါတယ်..။ }}} သူ့စကားတွေဖတ်ပြီး ကိုယ့်ရဲ့ ဒက်ဒီ ပါပါး ချစ်ဖေဖေ ကို ပိုပိုလွမ်းသွားတယ်။ ဒီတော့ ကြုံတုန်းလေး ဘဝဇာတ်လမ်း တစ်ချို့ ပြန်တူးလိုက်ပါဦးမယ်။ သိကြတဲ့ အတိုင်းပါဘဲ။ ကျား တွေကြား မှာ တစ်ဥထဲလေး ပေါက်လာရတဲ့ “မ” ဘဝ ကို။ အတော်လေး ဒူပေဒါပေခံ နိုင်မှ သက်ဆိုးရှည်နိုင်မှာကိုး။ မဟုတ်လို့ကတော့ သူတို့နောက်က နေ သူတို့ ခိုင်းသမျှ လုပ်လိုက်၊ မကျေနပ်လဲ မျက်ရည်ကျ ငိုပြလိုက် လုပ်နေရတော့မှာ။ […]


* ဒေါ်ဇီဇီခင်ဇော် လိုတာ ကို တောင့်တ ရင် အလွယ်လေး နဲ့ ပြည့်တတ် တဲ့ ဇာတာပါလေသလား။ :-)) မနေ့ကတင်ဘဲ ထွဏ်းထွဏ်း သီချင်း တွေ ကို ပြန်နားထောင်တော့ “မရှိတော့ဘူး” ဆိုတာ ကိုလဲ နားထောင်ခဲ့သေးတယ်။ အဲဒါလဲ ကော်ပီ သီချင်းပါဘဲ။ မူရင်းက ဇီချစ်သော “Bon Jovi” ရဲ့  “I will be there for you” သီချင်း ပါ။ Bon Jovi ကလဲ American rock band ပါဘဲ။ (Boy Band  လို့ အလွယ်မပြောရဲ တော့ပါဘု။) လိဒ်ဂီတာသမား ဘွန်ဂျိုဗီ ရဲ့ အမည်ယူထားတဲ့ အဖွဲ့ […]


တစ်ရက် မှာ ရေဒီယို က “Hold on little girl  … Show me what he’s done to you” ဆိုတဲ့ အသံကြားလိုက်တော့ ဟိုးအရင် နှစ်ဟောင်း ကိုယ် ဖလမ်း ဖလမ်း ထ နိုင် တုန်း က အချိန်တွေ ကို ပြန်ရောက်သွားသေးတယ်။ အဲဒီတုန်းက ရွှေပြည်ကြီး ထဲ တီဗီ ပေါ်ပြီး နောက်ဆက်တွဲ ဗီဒီယိုတွေပါ လိုက်လာသပေါ့။ ဒါပေမဲ့ ဗီဒီယိုအခွေတွေ ကတော့ ပြည်တွင်း ဘယ်ဖြစ်နိုင်ပါဦးမလဲ။ အနောက်တိုင်း က အခွေတွေ အားပြုပြီး ကြည့်ရချိန်ပေါ့။ ၈၈ နောက်ပိုင်းမှာ ကျောင်းတွေပိတ်တော့ ကွန်ပျူတာသင်တန်း တွေ၊ အင်္ဂလိပ်စာစကားပြောသင်တန်း တွေ […]


. အခု ရွေးကောက်ပွဲဝင် မဲ့ လူ တွေ ကို လှောင်သလို ပြောနေတဲ့ စာ တွေ မြင်နေရတယ်။ . ရှေကလဲ မသွားနိုင်၊ နောက်ကလဲ မလိုက်တတ်၊ ဇော်ကန့်လန့် တွေ များ နေလို့ ဒီ အာဏာရှင်တွေ ဒီလောက် မြဲ နေတာပါ။ . အာဏာရှင် ဆိုတာ အာဏာ နဲ့ ကိုယ်ကျိုးရှာနေသူ နဲ့သူတို့ ကို ကာကွယ်ပေးနေသူ တွေ တစ်ချို့ ကို ဆိုလိုပါတယ်။ . အာဏာရှင် ဆိုတာ နဲ့ စစ်တပ် နဲ့ စစ်သား ကို မမြင်ကြပါနဲ့။ . တကယ်တော့ သူတို့ က ရန်သူမဟုတ်ပါဘူး။ . အာဏာရှင်များ […]