SandyJanuary 18, 20121min02
ပြောင်းဖူးငါးဖယ်လုံးဟင်းချို ပါဝင်သောအမျိုးအစားများ ၁.ပြောင်းဖူး(၂)ဖူး ၂.ထုံ့ချိုင်းငါးဖယ်လုံး ၃.မုံညင်းရွက်(၂)စည်း ၄.ကြက်သွန်နီ(၂)လုံး ၅.ကြက်သွန်ဖြူ(၂)လုံး ၆.ဂျင်းအနည်းငယ် ၇.ဆီ၁/၂ကျပ်သား ၈.ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း(၃)ဇွန်း ၉.ရေ(၁)လီတာ ပြုလုပ်ပုံအဆင့်များ ၁.ရေ(၁)လီတာနုင့်ပြောင်းဖူးများကိုထပ်ပိုင်းချိုးပြီးအိုးအတွင်း(၁၅မိနစ်ခန့်)ထည့်ပြုတ်ပါ။ ၂.ကြက်သွန်နီကိုအခွန်ခွာရေဆေးပြီး(၄စိတ်)စိတ်ပါ။ ၃ကြက်သွန်ဖြူနုင့်ဂျင်းကိုမညက်တညက်ထောင်းပါ။ ၄.မုံညင်းရွက်ကိုရေစင်စင်ဆေးပြီးသင့်တော်သလိုဖြတ်တောက်ပါ။ ၅.ငါးဖယ်လုံး(လိုအပ်သလောက်)ပြောင်းဖူးအိုးအတွင်းသို့ထည့်ပြီး(၅မိနစ်ကြာ)ပြုတ်ပါ။ ၆.(မိနစ်၂ဝခန့်အကြာ)ပြောင်းဖူးပြုတ်အိုးထဲသို့အသင့်ဖြစ်နေသောကြက်သွန်နီနုင့်ကြက်သွန်ဖြူ၊ဂျင်းတို့ကိုအိုးထဲသို့ထည့်ပါ။ ၇.(၂မိနစ်ခန့်အကြာ)ပွက်ပွက်ဆူနေသောအိုးထဲသို့ရေစင်စင်ဆေးထားသောမုံညင်းရွက်ကိုထည့်ပါ။ ၈.ကြက်သားမှုန့်၊ဆီတို့ကိုထည့်ပါ။ ၉.(၂မိနစ်ခန်)အကြာအဖုံးအုပ်ပြီး၊အနည်းငယ်မွှေပေးပါ။ ၁၀.ချိုမြိန်သောပြောင်းဖူးအရသာနုင့်မွှေးကြိုင်သောဟင်းရနံ့တို့့်ပေါင်းစပ်ဖန်တီးထားသော “ပြောင်းဖူးငါးဖယ်လုံးဟင်းချို” ကိုအသင့်စားသုံးနိုင်ပါပြီ။


ဒီနေ့မနက်က ပို့စ်တခုစမ်းတင်ကြည့်ပါတယ်..မင်္ဂလာပါ..Greeting…ဆိုတဲ့ခေါင်းစဉ်နဲ့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းလေးပါ ..စာအကုန်ပါမလာဘူးဗျာ ဘယ်လိုဖြစ်တာပါလိမ့်… နောက်ပီး ကိုယ့်ပိုစ်လေးပါလာလို့ ဝမ်းသာအားရဖွင့်ကြည့်တာ… အောက်မှာ ကွန်မန့်ပေးမဲ့ Leave a comment ဆိုတာလဲမတွေ့ဘူး.. သိတဲ့ ရွာသားများ ကူညီပြောပြကြပါအုံး.. ကျွန်တော်လူသစ်ကလေးပါ..ထပ်စမ်းတင်ကြည့်ပါအုံးမည်…သည်းခံကြလော့…. “နိုင်ငံအကျိုးကိုဆောင်ရွက်နေတဲ့သူတစ်ယောက်ဟာမွဲသထက်မွဲဖို့ပဲရှိတယ်၊ချမ်းသာသထက်ချမ်းသာလာရင်တော့ အဲ့ဒါ နိုင်ငံနဲ့ပြည်သူကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာနေတဲ့အောက်တန်းကျစိတ်ဓာတ်ပိုင်ရှင် လူလိမ် အတ္တသမားတွေပဲ” မိုးတွေရွာနေတဲ့ တစ်နေ့မှာပေါ့  ကားပေါ်မှဆင်းကာ ထီးအစုတ်ကလေးတစ်ခုကို ရဲဘော်လေး ကိုထွေးက ဗိုလ်ချုပ်အားမိုးပေး၍ ဝန်ကြီးများရုံးထဲသို့ဝင်လာခဲ့ပါသည်။ ရုံးသို့ရောက်သည်နှင့်တစ်ပြိုင်နက် စားပွဲပေါ်တွင်ပုံနေသောအလုပ်ပုံကြီးနှင့် အရေးကြီး နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေရသည်ဖြစ်၍ နေ့လည်စာကိုပင် မွန်းလွဲနှစ်နာရီထိ စားဖို့ပင် သတိမရနိုင်ပဲ ဖြစ်နေပါသည်။ မနက်ပိုင်းကလဲ စားနေကျပဲပြုတ်နဲ့နံပြားလေးကိုစားပြီး ရုံးတက်ခဲ့ရပါသည်။ “ဗိုလ်ချုပ်နေ့လည်ထမင်းစားဖို့တော်တော်လေးအချိန်လွန်နေပါပြီစားပြီးမှပဲဆက်လက်လုပ်ဆောင်ပါလားဗိုလ်ချုပ်ရယ်” ဟု မောင်နေဝင်းက စိုးရိမ်တကြီးပြောနေရှာသည်။ ထိုကဲ့သို့ သတိပေးလိုက်မှပင် ထမင်းစားဖို့သတိရပြီး “ဟေ  ဟုတ်လား […]


Wai PhyoeJanuary 17, 20122min015
(ဒီတစ်ပတ်တော့ကျွန်တော် ကျွန်တော့်အဖေပြောပြဘူးတာလေးတွေ AC မှာဖတ်ခဲ့ဖူးသမျှစာအုပ်လေးတွေထဲကနေ သိထားသမျှလေးတွေကို share လုပ်ပေးလိုက်ပါတယ်။ ကျွန်တော် အပင်ပန်းခံစုစည်းထားသမျှ ရွာထဲကလူတွေကြိုက်တယ်ဆိုရင်ကျွန်တော်အမောပြေပါတယ်။Comment လေးတွေတက်လာရင်ပျော်ရပါတယ်။နောက် post တွေ အတွက် စာတမ်းပြုစုဖို့လည်းအားရှိပါတယ် လို့ပြောလိုပါတယ်။ပုံတွေကတော့ ၁ လ ကျော်ကျော်လောက်စုထားတဲ့ပုံလေးတွေပါ။) အိုင်စတိုင်း အိုင်စတိုင်းကိုဂျာမနီမှာမွေးဖွားခဲ့ပါတယ်။Nobel Price ကို၁၉၂၁ ခုနှစ်မှာPhysics အတွက်၇ရှိခဲ့ပါတယ်။အိုင်စတိုင်းမိဘကတော့ ဂျူးသာမန်မိသားစုအနွယ်ဝင်တွေပါပဲ။ အိုင်စတိုင်းမှာသူ့ထက် ၂ နှစ်ငယ်တဲ့ ညီမတစ်ယောက်ရှိပါတယ်၊နာမည်ကတော့ “Maja” လို့ခေါ်ပါတယ်။ အိုင်စတိုင်းပညာရေး အိုင်စတိုင်းငယ်စဉ်ဘဝကသူ့ကိုစိုးမိုးထားခဲ့တယ့်မေးခွန်းနှစ်ခုရှိပါတယ်။အဲ့ဒါတွေကဘာလဲဆိုတော့ ပထမတစ်ခုကတော့ သူအသက် ၅ နှစ်အရွယ် မှာတွေ့ခဲ့သောသံလိုက်အိမ်မြှောင်လေးပဲဖြစ်ပါတယ်။ မမြင်ရတဲ့ အား(force) တွေက ဒီသံလိုက်အိမ်မြှောင်လေးရဲ့ ဦးတက်ချက်ကိုဘယ်လိုပြောင်းနိင်တာလဲ ဆိုတာကို သူ တွေဝေခဲ့ပါတယ်။ဒါငါးနှစ်သားတစ်ယောက်ရဲ့ Physics အတွေးခေါ် အစပါ။နောက်တစ်ခုကတော့ အသက်၁၂နှစ် အရွယ်မှာသူအပြင်းထန်လေ့လာခဲ့တယ် Geometry စာအုပ် လေးပဲဖြစ်ပါတယ်။ […]


koyin sithuJanuary 17, 20121min06
ခမည်းပေးသည် ဆိုသောဝေါဟာရသည် မြို့ကြီးပြကြီးတွင် နည်းပါးလွန်းသော်လည်း ကျေးလက်ဒေသတွင်မူ ယနေ့တိုင်အောင် ခေတ်စားသော လူသိများသော အကြောင်းအရာ တစ်ခုပင် ဖြစ်လေ၏။ ကလေးများ နေထိုင်မကောင်း ဖြစ်သောအခါတွင်ဖြစ်စေ တငိုငိုနှင့် တအီအီ ဖြစ်နေသောအခါများတွင် ဖြစ်စေ ညဘက်တွင် တညလုံး မအိပ်ပဲ လန့်လန့်နေသော အခါများတွင်ဖြစ်စေ ကလေး၏ မိဘများသည် ထိုကလေးအား ကျန်းမာရေး ကောင်းဖို့ရန်အတွက် ဆရာတော်သံဃာတော်များ၊ သက်ကြီးရွယ်ကြီး ပုဂ္ဂိုလ်များ၊ သီလသမာဓိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်များထံတွင် ချဉ်းကပ်၍ ရောင်းချ၍ ကလေး၏ ကျန်းမာရေး ကောင်းရန် ဆောင်ရွက်တတ်ကြသည်။ ထိုအယူအဆသည် ယနေ့မျက်မှောက်ခေတ်အထိ လူကြီးသူမများ အသုံးပြုလေ့ရှိ၏။ ထိုအယူအဆနှင့် ပူးတွဲ၍ ခမည်းပေးသည်ဆိုသော ဝေါဟာရသည် တည်ရျိနေလေသည်။ ယခုအခါတွင် ကျွန်ုပ်သည် မြန်မာ့ရိုးရာ ရှေ့ရိုးအယူအဆ တစ်ခုဖြစ်သော ခမည်းပေးခြင်းနှင့် […]


Moe ZJanuary 17, 20121min039
“Value” ကို “စံ” ဟု ဘာသာပြန်ချင်ပါသည်။ ကျွန်မတို့သည် မိမိကိုယ်ကို တန်ဖိုးထားတတ်ရန်အတွက် သတ်မှတ်ချက်များ လိုအပ်ပါသည်။ အကယ်၍ ထိုစံအဖြစ်သတ်မှတ်ထားချက်များမရှိလျှင် မိမိကိုယ်ကို အကောင်းမြင်တန်ဖိုးထားမှု self-esteem လည်း မရှိနိုင်ပါ။ ထိုကဲ့သို့ အကောင်းမြင်စိတ် တန်ဖိုးထားစိတ်များကို ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးသင့်ပါသည်။ မိမိ၏ကလေးအားထိုတန်ဖိုးကို နားလည်အောင် လေ့ကျင့်သင်ကြားပေး နိုင်သူမှာ မိမိကိုယ်တိုင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိဘတိုင်းသည် ကလေးတိုင်းအတွက် role model ဖြစ်သောကြောင့်ဖြစ်ပါသည်။ ကလေးတစ်ယောက် ၈နှစ်အရွယ်ရောက်လျှင် မိဘနှင့်အတူနိုးလျှက်ရှိချိန်မှာ နာရီပေါင်း (၄၀၀၀၀) ခန့်ရှိပြီး ကျောင်း၌နေချိန်မှာ နာရီပေါင်း (၄၀၀၀) ခန့်သာရှိပါသည်။ ကလေးတစ်ယောက် မိမိကိုယ်ကို အကောင်းမြင်စိတ် တန်ဖိုးထားစိတ်ကို တည်ဆောက်ယူရာတွင် ကူညီပေးရမည့် အဓိကအချက်မှာ “စံ” များကို သတ်မှတ်ပေးခြင်းနှင့် ကလေးရော မိမိကိုယ်တိုင်ပါလိုက်နာခြင်းဖြစ်ပါသည်။ […]


Wai PhyoeJanuary 14, 20121min011
ဒီတပတ်တော့အရင်နဲ့မတူတဲ့Post လေးတစ်ခုတင်လိုက်ပါရစေ။ပြန်ပြော၇ရင်ဇာတ်လမ်းတပုဒ်လိုပါပဲ။ကျွန်တော်တို့မြန်မာပြည်မှာအဖိုးတန် ကျောက်မျက်ရတနာ တွေထွက်တာရှိတာကျွန်တော်အပါအဝင်အားလုံးအသိပါ။ ကျောက်မျက်ရတနာထဲမှာ အမြုတေ ပာာလဲ အပါဝင်ဆိုတာအားလုံးသိစေချင်ပါတယ်။ အမြုတေကို လူတိုင်းမတွေ့ဘူးပါဘူး။သို့သော်လူတိုင်း အမြုတေကို သိကြပါသည်။ဒါပေမဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်ဇာတ်လမ်းတစ်ပုဒ်က တော့ထူးဆန်းပါတယ်။အားလုံးလဲကြုံဘူးကြမယ်လို့မထင်ပါဘူး။အမြုတေလဲ မပာုတ် သို့သော် ပြာလဲ့လဲ့နဲ့ကျောက်လေးနှစ်လုံး ထူးဆန်းတာကမြေကြီးထဲကရတာမပာုတ်ပါ။ဝါးပင်  အဆစ်ထဲမှ၇ရှိခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့မိဘများပာာအငြိမ်းစားယူပြီးနောက်ပိုင်း စပျစ်ခြံတစ်ခုကို  ရမည်းသင်းခရိုင် စံပြသိမ်ကုန်းကျေးရွာမှာ ဝယ်ယူခဲ့ပါတယ်။ကျွန်တော်ကို့က တောင်ကြီးကပါ။တစ်ခါတစ်ရံရန်ကုန်မှာလဲနေပါတယ်။စပျစ်ပင်စိုက်ခဲ့ရတာ ကျွန်တော်တို့အတွက်အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ကျွမ်းကလဲမကျွမ်းကျင်၊အလိမ်ကလဲခံရသေး။ပွင့်ပွင့်လင်းလင်းပြော၇ရင် ကျွန်တော်တို့မိသားစုစီးပွားရေးပျက်ခဲ့တယ့်အထိပါ။သို့သော်တစ်နေ့ ထူးဆန်းသောအရာတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ကျွန်တော်တို့ခြံထဲမှာ အလုပ်ခိုင်းဘို့ဆိုပြီး ခေါ်ထားတယ့်ဦးကြည်ဆိုသောလူတစ်ယောက်ရှိပါတယ်။သူကအလုပ်သမားတွေထဲမှာ အယုံကြည်ရဆုံးသောလူဆိုမမှားပါဘူး။ကျွန်တော်အဖေက တစ်နေ့”ငါတို့သရက် ပင်လေးအောက်မှာကွပ်ပစ်လေးထိုးကြရအောင် နေပူရင်နားရတာပေါ့” ဆိုပြီး ဦးကြည်ကို ဝါးနှစ်လုံးဝယ်ခိုင်းလိုက်ပါတယ်။မှတ်မှတ်၇ရ အဲ့တုန်းက တစ်လုံး ၁၅၀ဝ ပေးရပါတယ်။ ဦးကြည်က ပိုက်ဆံလိုချင်တော့ ဝါးကိုမဝယ်ပဲနဲ့ တောင်ပေါ်တက်ခုတ်ပါတယ်။(ထိုအရပ်ဘက်တွင် ပိုက်ဆံသည်အလွန်တန်ဖိုးရှိပါသည်။တစ်နေကုန် နေပူထဲတွင် အလုပ်လုပ်မှနေ့စားခ ၃၀ဝ သာရပါသည်။တော်ကြာ တစ်လုံး ၁၅၀ဝ ထဲနဲ့တောင်ပေါ်တက်ခုတ်သည်ပာုထင်မှာစိုးလို့ပါ။) (ရမည်းသင်းခရိုင် စံပြကျေးရွာ […]


mashwetoteJanuary 13, 20121min030
မနှစ်က စာမေးပွဲအပြီး လုပ်စရာမရှိ၊ အားနေတာနဲ့ အစ်မတစ်ယောက် ပြောတဲ့ Three Idiots (ငပေါသုံးကောင်) ဆိုတဲ့ ဟိန္ဒူရုပ်ရှင်တစ်ခုကို ကြည့်မိတယ်။ ဟိန္ဒူရုပ်ရှင်တွေဆိုရင် ဘာကြည့်ရမှန်းမသိတာရယ်၊ သိပ်အကြိုက်မတွေ့တာရယ်ကြောင့် သိပ်မကြည့်ဖြစ်ပါဘူး။ ဒီရုပ်ရှင်ကိုတော့ သူက အရမ်းရယ်ရတယ် ကြည့်ကြည့်ဆိုလို့ ဘာမှလုပ်စရာမရှိတာနဲ့ပဲ ကြည့်ဖြစ်သွားတယ်။ ကြည့်လိုက်တော့မှ ရယ်ရရုံတင်မက၊ အဓိပ္ပါယ်ပါရှိတယ်ဆိုတာ သိလိုက်ရတယ်။ ရုပ်ရှင်က (မြန်မာပြည်နဲ့ အတော်ဆင်တူတဲ့) အိန္ဒိယပြည်ရဲ့ ပညာရေးစနစ်ကြောင်းကို ရိုက်ထားတာပါ။ အိန္ဒိယပြည်က စက်မှုတက္ကသိုလ်ကျောင်းသားတွေရဲ့ ဘဝကို အခြေခံပြီးရိုက်ထားတဲ့ ဒီရုပ်ရှင်ထဲမှာ ဇာတ်ဆောင်က စက်တွေကိုမြတ်နိုးလွန်းလို့၊ စက်တွေနဲ့ တီထွင်ရတာကို သဘောကျလွန်းလို့ စက်မှုတက္ကသိုလ်ကို သွားတက်တဲ့သူ၊ “လူကြမ်း” ကတော့ စာကိုမျက်စိမှိတ်ပြီး အလွတ်ကျက်တဲ့စနစ်ကို သဘောကျတဲ့ စက်မှုတက္ကသိုလ်က ပါမောက္ခ။ ဇာတ်ဆောင်မင်းသားနဲ့ သူ့ရဲ့ သူငယ်ချင်းနှစ်ယောက်ကတစ်ဖက်၊ “လူကြမ်း” […]


KyaemonJanuary 12, 20127min05
          ခုတင်တာ က  Tupper 26   ရဲ့ ရိုက်ချက်တွေပါ၊ စလိုက်ရှိုး ကို Flickr  မှတဆင့် ကြည့်ဘို့အောက်ပါ လင့်ကိုနှိပ်ပါ စိတ်ရှည်ရှည်နဲ့ နီးနီးကပ်ကပ် ရိုက်ထားလို့သူလိုဘဲ ကိုယ်တိုင်ရောက်သွားလို့မြင်ရသလိုဘဲ  စိတ်အာရုံ မျက်စိအာရုံ နားသောတ အာရုံ များကို ခံစားရမှာဘဲ၊ Rose Parade 2012 http://www.flickr.com/photos/tupper26/sets/72157628711004207/show/ နောက်တစုံတင်တာ က  Carrollfamily.com   ရဲ့ ရိုက်ချက်တွေပါ၊ စလိုက်ရှိုး ကို Flickr မှတဆင့် ကြည့်ဘို့အောက်ပါ လင့်ကို ထပ်နှိပ်ပါ အလားတူ မျက်စိ ပသာဒ ရှိပြီး အလွန်ဘဲ ကြည့်ကောင်းလှ၏      Rose Parade […]


poochJanuary 12, 20121min047
ယုံကြည်မှုမရှိတတ်တဲ့စိတ် ယုံကြည်ရမှာ ကြောက်တဲ့စိတ် သံသယများတတ်တဲ့စိတ် အဲ့ဒီစိတ်တွေ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာကို ခုတလော ဘာရယ်မဟုတ် ခဏခဏတွေးမိသည်။ တိုက်ဆိုင်မှုရှိတာလေးတွေလည်း ပါပါလိမ့်မယ်။ အဲ့ဒီ လို တွေးမိရင်းကနေ အငုံစိတ် ခေါ်တဲ့ သိမ်ငယ်စိတ် ဆိုတာလေးကို သတိရမိသည်။ အငုံစိတ် ဆိုတာ လူတိုင်းမှာ ရှိတယ်လို့ ပြောကြပါတယ် ။ နည်းတာ များတာ ခံစားမှု ကြီးတာ သေးတာ ပဲ ကွာသည်။ ရှိတာကတော့ ရှိကြသည်။ သို့သော် သူလိုငါလို သာမာန် စိတ်ကတော့ သိပ်မသိသာလှ ။ တခါတရံ မှသာ ပေါ်လာတတ်သည်။ ဥပမာလေး ပြောပြရရင် family child လို့ ခေါ်တတ်ကြတဲ့ အိမ်ထောင်ကျိုးက လာတဲ့ တချို့လူတွေမှာ အငုံစိတ်လေးတွေ ပိုပြီး […]


KyaemonJanuary 11, 20123min00
(” နှင်းဆိပန်း” ချီတက်ပွဲ) ဆိုပေမဲ့လဲ နှင်းဆီပန်း မ က ပါ၊ ကမ်ဘာ အရပ်ရပ်မှပန်း မျိုးစုံတွေလဲပါတယ်၊ အများဆုံးက California ကာလီဖိုးနီးယားက ပန်းတွေပါ၊ ပန်းအချို့ ကျတော့ Holland ဟော်လန် မြို့ မှ tulips တူလစ် တွေ၊ Taiwan ထိုင်ဝမ် ၊ တောင်အမေရိက Ecuador အီကွဒေါ် မှ ပန်း တွေဆိုဘဲ၊ ပန်းတွေ လန်းလန်းဆန်းဆန်းရှိအောင် ရက်ပိုင်းအလိုမှာ လေယဉ်နဲ့အရောက်ပို့ လာတယ်၊ အဲဒီပန်းတွေကိုအမြန်ကပ်ရတယ်၊   အလားတူဘဲ ဘင်ခရာအဖွဲ့တို့၊ မြင်းစီးတပ်အဖွဲ့တို့၊ China Airlines ချိုင်းနား လေကြောင်း တို့လို အဖွဲ့ တို့ ကလဲ အခြားနိုင်ငံ ကနေပြီး လာရောက် အားပေးကြတယ်၊ ——————– […]


koyin sithuJanuary 11, 20121min017
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန့်မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံအတွင်းသို့ ကျွန်ုပ်နှင့် သိဟောင်း ဖြစ်သော ကိုပီတာဆိုသည့် စိတ်ဝေဒါနရှင်တစ်ဦး ရောက်ရှိလာလေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း…. “ဟေ့…မစ္စတာမင်းသိင်္ခ၊ ဂွတ်ဒ်မောနင်း..ဂွတ်ဒ်နိုက်..” ဟု နှုတ်ဆက်လေတော့၏။ “ ကဲပါဗျာ ကိုးရိုးကားယား နှုတ်ဆက်မနေ စမ်းပါနဲ့၊ ခင်ဗျားအတွက် မနက်စာချက်မယ်ဗျ၊ ဘာဟင်းနဲ့ စားမလဲ ပြောစမ်းပါဦး..” ဟု ကျွန်ုပ်ကမေးရာ..“ အရမ်းပြောလို့ တော့မဖြစ်ဘူး ကိုယ့်လူရဲ့၊ အစာလည်းဆေး၊ ဆေးလည်းအစာလို့ ဆိုထားတယ်မဟုတ်လား၊ အဲဒီတော့ ကိုယ်စားတဲ့ အစား အသောက်ဟာ ကိုယ့်အတွက် ဆေးဖြစ်ဖို့တော့လိုတာပေါ့” ဟု ကိုပီတာကြီးက ကျွန်ုပ်အား အတည်ပေါက်နှင့် ပြောနေလေ၏ “ကဲပါဗျာ ခင်ဗျားအတွက် ဆေးဖြစ်မယ့် အစားအသောက်ပဲပြောပါ၊ ကျုပ်က ဈေးသွားရဦးမှာဗျ” ဟု ကျွန်ုပ်က ပြန်၍ […]


Moe ZJanuary 10, 20121min039
ယနေ့ခေတ်တွင် မိဘများသည် မိမိတို့ကလေးများအား ပုံပြင်များပြောပြရန် အချိန်မပေးကြတော့ပါ။ ကလေးများအား ပုံပြင်စာအုပ်ဖတ်ပြခြင်း၊ ပုံပြောပြခြင်းဖြင့် ကလေးကို မိမိဖြစ်စေချင်သော သတ်မှတ်ထားသော စံတစ်ခုကို ပုံပြင်များမှတဆင့် ပြောပြနိုင်ပါသည်။ လမ်းလျှောက်တတ်ကာစ ကလေးများကိုပင် ပုံပြင်စာအုပ်များကို ရင်းနှီးအောင် စိတ်ဝင်စားလာအောင် ဖတ်ပြသင့်ပါသည်။ သို့မှသာ ကလေးများ၏စာဖတ်လိုစိတ်ကို ဖန်တီးတည်ဆောက်နိုင်မည့်အပြင် ဘဝတစ်လျှောက်လုံး အတွက်လည်း စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်လာစေပါမည်။ ပုံပြောချိန်မည်မျှကြာသင့်သနည်း ဆိုသော် ကလေး၏ အသက်အရွယ်နှင့် အာရုံစူးစိုက်နိုင်မှုအပေါ်မူတည်ပါမည်။ သတိထားသင့်သည်မှာ ကလေးအားငြိမ်ငြိမ် ထိုင်ပြီးနားထောင်ဟူသော ဖိအားပေးမှုမျိုးမရှိစေရပါ။ ကလေးများစိတ်ဝင်စားမှု မကုန်ဆုံးမီ ပုံပြင်ပြီးဆုံးသင့်ပါသည်။ သို့မှသာ နောက်ထပ်တစ်ဖန် ပုံပြင်နားထောင်ချင်ပေလိမ့်မည်။ ကလေးများအား စာပေအမျိုးမျိုးနှင့်ထိတွေ့ပေးသင့်ပါသည်။ ဥပမာ- ရုပ်ပုံများသာပါသော ပုံပြစာအုပ်များ၊ ပုံပြင်အမျိုးမျိုး (ဒဏ္ဍာရီပုံပြင်များ၊ ကျေးလက်ပုံပြင်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ)၊ မူကြိုကဗျာစာအုပ်များ၊ ကလေးမဂ္ဂဇင်းများ၊ ကလေးအဘိဓာန်များ၊ ဂဏန်းအက္ခရာစာအုပ်များ၊ […]


KyaemonJanuary 9, 20128min02
Los Angeles County လော်စ်အိန်ကြာလစ် ခရိုင် Pasadena ပဲစဒီနာမြို့နယ်မှာ နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကိုကြိုဆိုတဲ့ ပန်းများချယ်သ ယဉ်အလှတွေ စီတန်းချီတက်ပြီး "က" ပြ ဖြေဖျော်ပွဲများ Rose Parades ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပေတယ် ၂၀၁၂ ခုနှစ် အတွက်ဆိုရင် (၁၂၃) ကြိမ်မြောက် ဖြစ်တယ် ပန်းမျိုးဆုံ အရောင်မျိုးဆုံ အဆင်အပြင်မျိုးဆုံနဲ့မျက်စိပသာဒ ရှိပြီး ရှုမငြီး ပါပေ ရွာသူရွာသားများ ရှုစားဘို့ဆက်လက်ပြီး တင်လိုက်တာပါ ------------ ခုတင်တာက L A County အယ်လ်အေ ခရိုင် အတွင်းရှိ အာကေးဒီရား Arcadia မြို့နယ် အထက်တန်းကျောင်း (၁၂ တန်း) က Marching Band ဘင်ခရာအဖွဲ့ ရဲ့ အစွမ်းပြ […]