ဘဝဆိုတာကြီးက အတော်ကို ပျင်းရိငြီးငွေ့စရာ ကောင်းလှပါတယ်ဗျာ။ ဒီနေရာမှာ ကျွန်တော်ရဲ့ အကြောင်းကို မပြောချင်ပါဘူး။ ကျွန်တော်နာမည်က လှမောင်ပါ။ ဒါပေမဲ့ ကျွန်တော်နဲ့ ရင်းနှီးတဲ့ လူတွေက ကျွန်တော်ကို လှမောင်လို့ ဘယ်သူမှ မခေါ်ကြပါဘူး။ ဇီဇာမောင်လို့ ခေါ်ကြတယ်။ ဇီဇာကြောင်လွန်းလို့ လှမောင်ဆိုတဲ ့နာမည်ပျောက် ဇီဇာမောင်ဆိုတဲ့နာမည်ရောက်ခဲ့တာသာ ကြည့်ပေတော့။ ကျွန်တော်ရဲ့အသက်က အခုဆို လေးဆယ်တောင်ဝင်ပါပြီ။ အိမ်ထောင်မရှိသေးတဲ့ လူပျိုကြီး တစ်ယောက်ပါ။ အိမ်ထောင်မရှိသေးဘူး ဆိုတော့ အိမ်ထောင်ရေးတွေကို စိတ်မဝင်စားဘူးလို့ မထင်စေချင်ပါဘူး။ အရမ်း စိတ်ဝင်စားပါတယ်။ ကျွန်တော်ဟာ အသက်၁၈-နှစ်သား လောက်ကတည်းက အိမ်ထောင် ပြုချင်ခဲ့တာပါ။ အိမ်ထောင်ဖက်တွေ့ရဖို့ အတွက်လည်း အမြဲတမ်း ကြိုးစား ရှာဖွေခဲ့ပါတယ်။ ချစ်သူ ထားခဲ့ပါတယ်။ ဒါပေမဲ့ မေးစရာ ရှိပါတယ်။ ဘာဖြစ်လို့ အိမ်ထောင်မကျ […]
