အညွန့်ခူးစားခံရခြင်း ****************** ဒီနေ့ ဂုဏ်ထူးတွေပလူပျံနေတဲ့ ဘော်ဒါတစ်ခုရဲ့ အောင်စာရင်းကို ရှယ်တဲ့သူကရှယ်.. အားကျတဲ့သူကအားကျပေါ့.. ကိုယ်တွေကတော့ အတွေးတစ်မျိုးရယ်.. အစကတည်းက ဝင်ခွင့်နဲ့စစ်ချပြီး တော်တဲ့သူတွေပဲ ရွေးခေါ်သင်တဲ့ကျောင်းက အောင်ချက်ကို စိတ်မဝင်စားတာတော့ အမှန်ပါပဲ.. ကိုယ်တိုင်လည်း စာသင်တဲ့ဆရာမ လုပ်ခဲ့ဖူးတော့ စာတော်တဲ့ကျောင်းသားကို သင်ရတဲ့ခံစားချက်နဲ့ စာမတော်တဲ့ကျောင်းသားကို သင်ရတဲ့ခံစားချက်ကို ကောင်းကောင်းသိပါတယ်.. ပြီးတော့ ဒီကျောင်းသားတွေအကုန်လုံး ဒီလိုတော်အောင် တကယ်ပျိုးထောင်ပေးခဲ့တာ သူတို့မဟုတ်ပါဘူး.. ကျောင်းသားတွေရဲ့ ငယ်ဆရာတွေပါ.. ကိုယ် ဆယ်တန်းတုန်းက အဖြစ်အပျက်လေးကို သတိရမိတယ်.. ဆယ်တန်းနှစ်မှာ စာတော်တဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်က ကျောင်းပြောင်းသွားခဲ့တယ်… ငါးတန်းကတည်းက တက်လာပြီး ဆယ်တန်းမှ ပြောင်းသွားတော့ ဆရာ ဆရာမတွေ ရင်နာကြတာ.. သူက ဂုဏ်ထူးတွေအများကြီးထွက်မှာ သေချာတဲ့သူ.. တစ်သက်လုံး ကိုယ်တွေပျိုးထောင်လာခဲ့ပြီး တကယ်တမ်း ကျောင်းဂုဏ်ဆောင်ရမယ့်အချိန်မှ တစ်ခြားကျောင်းကို […]
