ကျနော် ထွန်းဝင်းလတ်မှ မေးပြီး ညီငယ် သီဟအောင်မှ ဖြေဆိုပါသည်။ ~~~~~~~~~~~~~~~~~~~~ မေး ။ ။ ညီလေးရဲ့ နာမည်က ဘယ်လိုခေါ်သလဲ ? ဖြေ။ ။ ကျွန်တော့်နာမည်က မောင်သီဟအောင်ပါ။ မေး။ ။ ညီလေးရဲ့ မိဘတွေအမည်နဲ့ အလုပ်အကိုင်လေးကို ပြောပြပါလား။ ဖြေ။ ။ အဖေအမည်ကတော့ ဦးရဲအောင်၊ အမေအမည်ကတော့ ဒေါ်အေးအေးမြင့်ပါ။ အလုပ်အကိုင်ကတော့ လက်လုပ်လက်စားတွေပါ။ မေး။ ။ ညီလေး သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့တဲ့ကျောင်းက…? ဖြေ။ ။ ဟုတ်ကဲ့ပါ အစ်ကို သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ မော်လူးအခြေခံပညာ အထက်တန်းကျောင်းမှာပဲ ပညာသင်ကြားခဲ့တာပါ။ မေး။ ။ ညီလေး တက္ကသိုလ်ဝင်တန်း ဖြေဆိုခဲ့တဲ့ ခုံအမှတ်က…? ဖြေ။ […]
