တနင်္ဂနွေသားသမီး ကျန်းမာရေး။ ။၁ရ ရက်နေ့အထိ ကျန်းမာရေးကောင်းနေတတ်လိမ့်မည်။ နောက်ပိုင်းတွင် ကျန်းမာရေး ချူချာလာကိန်းရှိသည်။ နား နှာခေါင်း လည်ချောင်းဆိုင်ရာ ရောဂါ၊ ဆီးနှင့်ကျောက် ကပ်ဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေရှိသည်။ ပညာရေး။ ။ပညာရေးဇာတာ အားနည်းနေဆဲ ဖြစ်လိမ့်မည်။ ကြိုးစားပေးနိုင်မှ တော်ကာ ကျလိမ့်မည်။ စိတ်ပျံ့လွင့်မှုကို ထိန်းချုပ်ပြုပြင်ပေးရန် လိုပါမည်။ ၁၆ ရက်နောက်ပိုင်း ပိုမိုကြိုးစား ပေးရန်လိုလိမ့်မည်။ စီးပွားရေး။ ။၅ ရက်နေ့အထိ စီးပွားရေး အဆင်ပြေနေလိမ့်မည်။ ၅ ရက်နောက်ပိုင်းတွင် အိမ် မြေ ယဉ် စက်ကိရိယာဆိုင်ရာကိစ္စများ ဆောင်ရွက်ခြင်းမပြုသင့်ပါ။ အဆင်မပြေဖြစ်တတ်လိမ့်မည်။ ၁ရ ရက်ဝန်းကျင်တွင် ငွေကုန်ကြေးကျများခြင်း၊ ပျက်စီးဆုံးရှုံးခြင်း ရှိနိုင်သည်ကို သတိထားပါ။အိမ်ထောင်ရေး။ ။အချစ်ရေးဇာတာ အဆင်မပြေတတ်သေးပါ။ နှစ်ကုန်ပိုင်းခန့်အထိ စိတ်ရှည်ရှည်ထားပြီး စောင့်ရန်လိုလိမ့်မည်။ အိမ်ထောင်ရေးကိစ္စများ ဆောင်ရွက်ရန်ရှိလျှင် […]
