Mလုလင္February 17, 20133min022
အချိန်အားလေး ရတာနဲ့ မဖြစ်ဖြစ် အောင်ခရီးထွက် ရတာ ကလဲ ဝါသနာပါ။ အသွားအများဆုံး နဲ့ အဆက်အကျဆုံးကလဲ မန္တလေး ပါ။ အခုလဲ အညာသူ နဲ့ ရပြီး အညာသား တပိုင်း ပါပဲ . . ဒီရက်ထဲ ဓာတ်ပုံ မရိုက်ဖြစ်လို့ လူက ထုံထိုင်းထိုင်း ဖြစ်နေရာကနေ . . . . အားလပ်ရက် ၂ ရက် ထပ် သွားတာနဲ့ မန်းလေး သွားဖြစ်ခဲ့ပါတယ်။ ထုံးစံ အတိုင်းပေါ့ . . ရွာထဲ က စီနီယာ တွေဖြစ်တဲ့ ကိုပေါက် တို့ ရွှေမင်းသား တို့ နဲ့ တွေ့ပြီး ရိုက်ကြနှက်ကြ ပေါ့ .. […]


Mr. MarGaFebruary 14, 20133min020
အမြင့်ကိုမတက် မြေကိုသက်လို့ ပွင့်ပါတဲ့ မြေကပ်သစ်ခွ   သစ်ခွပန်း အမျိုးမျိုး တွေ့ဖူးကြပါလိမ့်မယ် ဦးမာဃလဲ အတော်များများကို တွေ့ဖူးပါတယ်။ အားလုံးနီးပါးဟာ သစ်ပင်တစ်ပင်ပင် ဒါမှမဟုတ် လေထဲမှာ တွဲလောင်းဆွဲပြီး ပွင့်ကြတာပါ။ သစ်ခွပန်း ဆိုတာနဲ့ သစ်ပင်ပေါ်မှာ ကပ်ပြီးပေါက်နေတဲ့ သစ်ခွပန်းကိုပဲ ပြေးမြင်တတ်ကြတာပါ။ ဒါပေမယ့် ရှားရှားပါးပါး အမြင့်ကိုမတက်ပဲနဲ့ မြေမှာကပ်ပြီး ပွင့်တဲ့ သစ်ခွပန်းတစ်မျိုး ရှိသဗျ ဟိုတစ်ရက်ကမှ စာအုပ်ပုံ မွှေရင်းနဲ့ Readers Digest က ထုတ်တဲ့ Facts and Fallacies – Stories of the Strange and Unusual ဆိုတဲ့ စာအုပ်ကို သွားတွေ့တယ် ဒါနဲ့ ဟိုလှန်ဒီလှန်လုပ်ရင်း ဒီပန်းကို သွားတွေ့တာပါ။ စိတ်ဝင်စားတာနဲ့ပဲ […]


Swal Taw YwetFebruary 12, 20131min013
ရွာထဲမှာပျောက်နေတဲ့ စွယ်တော်ရွက်တစ်ယောက် သက်ရှိထင်ရှားရှိနေသေးကြောင်း ကိုယ်ထင်ပြတာပါဗျို့။ မန်း ဂဇက် ရွာသူရွာသားအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေနော်။ ဇန္နဝါရီ ၂၆၊ ၂၇၊ ၂၀၁၃ စနေ တနင်္ဂနွေ တုန်းက မန္တလေးမြို့ ရွှေဖြူ ပလာဇာမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ Mandalay BarCamp 3 ကိုတက်ရောက်ဆွေးနွေးလေ့လာဖြစ်ခဲ့ပါတယ်ခင်ဗျ။ ဘလော့ဂါ ကိုနေဘုန်းလတ် ရဲ့ The role of C J in future Myanmar ကိုလည်းတက်ရောက်နားထောင်ဖြစ်ခဲ့ပါတယ်၊ ဒီရွာရဲ့ ပင်မစာမျက်နှာ ညာဖက်ခြမ်းကနေ သူကြီးညွှန်ပြထားတဲ့ သတင်းတစ်ပုဒ်မှာပါဝင်ရန်လိုအပ်သော 5W1H ကိုတင်ပြသွားခဲ့ပါတယ်၊ သတင်းကောင်းတစ်ခုမှာရှိသင့်တဲ့ အရည်အချင်းတွေကိုလည်းရှင်းပြသွားခဲ့ပေမယ့် အချက်တွေကများပြား ဆလိုက်ထိုးပြတာကမြန်သွားခဲ့တာမို့ ဘာမှ မမှတ်မိလိုက်တာ ခွင့်လွှတ်ပေးပါဗျာ၊ အင်တာနက်ကျွမ်းကျင်သူများ အဲဒီ BarCamp 3 Mandalay […]


Nyein NyeinFebruary 7, 20131min018
ဒါဇင်ပလပ် အဖွဲ့သားများရဲ့ သတ္တမအကြိမ်မြောက် အလှူကို ၃.၂.၂၀၁၃ နေ့မှာ အောင်မြင်စွာ လှူဒါန်းနိုင်ခဲ့ပါတယ်။ ဒီတစ်ခေါက် သွားလှူခဲ့တဲ့ကျောင်းကတော့ (၅)ရပ်ကွက်၊ (၇/၈)လမ်းဆုံအနီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ထဲက တိက္ခာရာမ သီလရှင်စာသင်တိုက်နှင့် သီလရှင်သင်ပညာရေးကျောင်းတစ်ကျောင်းပါ။ မိဘမဲ့ကလေးတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို အခမဲ့ပညာသင်ကြားပေးနေတဲ့ကျောင်းလေးပဲဖြစ်ပါတယ်။ ကျောင်းကို အဓိကအုပ်ချုပ်နေတာကတော့ ဆရာလေးဒေါ်တိက္ခဉာဏီနဲ့ ဆရာလေးဒေါ်ကုသလဉာဏီ တို့နှစ်ပါးပါ။  ဒါဇင်ပလပ်အဖွဲ့သားတွေ သွားလှူတဲ့အချိန်မှာတော့ အုပ်ချုပ်တဲ့ ဆရာလေးနှစ်ပါးလုံးက ခရီးထွက်နေလို့ မတွေ့ခဲ့ရပါဘူး။ ဒါနဲ့ ကျောင်းမှာရှိနေတဲ့ ဆရာလေးတွေကိုပဲ စားစရာ၊ စာရေးကိရိယာပစ္စည်းတွေနဲ့ အလှူငွေ(၁၆၂၅၀၀)ကို လှူဒါန်းခဲ့ပြီး သိချင်တာလေးတွေကို တစ်ယောက်တစ်ပေါက် အင်တာဗျူးခဲ့ရပါတယ်။ ဟိုလူမေး၊ ဒီလူမေးတာတွေကို ဖြေပေးရတာနဲ့ ဆရာလေးတွေလည်း တော်တော့ကို အလုပ်ရှုပ်သွားပါတယ်။ ၁။ လေးပေါက်ရဲ့ဒါန SEIKO နာရီ၊ ကရဲစည်လှူတဲ့ ခေါက်ဆွဲသုပ် ပွဲတစ်ရာ၊ ဒါဇင်ပလပ်အဖွဲ့သားများရဲ့ ပညာဒါန […]


Wai Aung Chan MyoFebruary 2, 20131min04
အပင်များကို အစာကျွေးရာတွင် မှန် (၄) မှန်ရှိသည်။ ၁။ အမျိုးအစားမှန် ၂။ အချိန်မှန် ၃။ ပမာဏမှန် ၄။ နေရာမှန် ဟူ၍ဖြစ်သည်။   ၁။ အမျိုးအစားမှန် သီးနှံအမျိုးအစား၊ အပင်၏ကြီးထွားမှု၊ အချိန်ရာသီပေါ်မူတည်၍ အပင်မှ စာသုံးသည့် အာဟာရဓာတ်မှာ ကွာခြားမှုရှိသည်။ အပင်မှ အဓိကလိုအပ်သည့် အာဟာရဓာတ် ၁ရ မျိုးအကြောင်းကို ပြီးခဲ့သည့် ခေါင်းစဉ်တွင် အနည်းကျဉ်းဖော်ပြခဲ့ပြီးဖြစ်သည်။ ထို့နည်းတူ စိုက်ပျိုးရေးစနစ် ၃မျိုးတွင် ၁မျိုးစီ၏အားသာချက်အားနည်းချက်များနှင့် ၎င်းတို့အပေါ်သုံးသပ်ချက်များကိုလည်း အကျဉ်းမျှ ဖော်ပြပြီးဖြစ်သည်။ ထို့ကြောင့် ထိုအချက်များတွင်ပြန်၍ တိုက်ရှုဖတ်ပါလေ။ အဓိကမှာ အပင်မှ တကယ်လိုအပ်သည့်အရာကို တကယ်လိုအပ်ချိန်တွင် အချိန်ကိုက် ပမာဏကိုက်၊ နေရာမှန်၊ အမျိုးအစားမှန် ကျွေးနိုင်ရေးပင်ဖြစ်သည်။ ၂။ အချိန်မှန် အချိန်မှန်ဟုဆိုရာ၌ ရေလောင်းခြင်းမှအစ […]


Wai Aung Chan MyoJanuary 31, 20131min04
ခေတ်အဆက်ဆက် စိုက်ပျိုးနည်းစနစ်များကို လေ့လာခြင်းနှင့် ၎င်းတို့အပေါ် သုံးသပ်ချက် (က) သဘာဝနည်း (သမာရိုးကျနည်း) – သဘာဝမှာ သူ့အလိုလိုဖြစ်တည်နေသော အရာများ၊ သတ္တလောကမှ သူ့အလိုလို ဖြစ်တည်နေသော အရာများထံမှ ရှေးကနဦးအစကတည်းက စိုက်ပျိုးသူတို့ ရယူသုံးစွဲနေသောနည်းဖြစ်သည်။ ဥပမာ- နှစ်ချို့နေ သော သစ်ရွက်ဆွေးများ၊ မြေဆွေးများ၊ သတ္တဝါတို့၏ချေးများ၊ သဘာဝအရွက်များမှ သူ့အလိုလို ဆွေးမြေ့နေသော အရာများ စသည်တို့ပါဝင်သည်။ တနည်းအားဖြင့်ဆိုသော် လူသား၏ စိုက်ထုတ်မှုလုံ့လအနည်းငယ်သာဖြစ်စေ၊ လုံးဝမသုံးစွဲသည်ဖြစ်စေ၊ သူ့အလိုလို သဘာဝအတိုင်း ဖြစ်တည်နေသော အရာများကို လူသားတို့မှ အလွယ်တကူ ရယူသုံးစွဲနေခြင်း ဖြစ်သည်။ ဤနည်းကို စိုက်ပျိုးရေးစတင်ခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်မှ အေဒီ ၁၉ ရာစုအကုန်အထိ လူသားတို့ ကျင့်သုံးခဲ့သောနည်းစနည် (Traditional Agricultural System) ဖြစ်သည်။ […]


KyaemonJanuary 28, 201321min012
  ပျော်ရွှင်သာယာတဲ့နှစ်သစ်ဖြစ်ပါစေ၊ ————-   ယူအက်စ်နိုင်ငံPasadena မြို့မှာတခမ်းတနားကျင်းပခဲ့တဲ့  ၂၀၁၃ နှစ်သစ်ကူး နှင်းဆီပန်းပွဲတော်က ဓာတ်ပုံလက်ရွေးစင် “အလှပဂေး” တွေကိုလိုက်ကြည့်ရအောင် ———– ဓာတ်ပုံဆရာတွေကအပင်ပန်းခံပြီးခဲရာခဲဆစ်ရိုက်ခဲ့ပေးတာလို့ပြောရင် မမှားပါ၊      (နှင်းဆီပန်းအပြင်အခြားပန်းတွေပါဝင်တာပါ၊ မနွမ်းရအောင်ပန်းအချို့ကိုHolland ၊ထိုင်ဝမ် နဲ့တောင်အမေရိက Ecuador ကနေလေယာဉ်နဲ့လဲ ကပ်ပြီးမှတင်လာရတာပါ၊) ———–     (ဟန်ကျတာပေါ့ဗျား၊ ဘယ်ပြောကောင်းမလဲ၊ သူများလုပ်တာကိုကိုယ်တို့ကသက်တောင့်သက်သာနဲ့ ကြည့်ရှုခံစားခွင့်ရတာပါ) ————– (ကျန်ဓာတ်ပုံတွေကိုကြည့်ဘို့ linkလင့်ခတွေကိုနှိပ်ပါ)     ===========  Califoronia ပြည်နယ် Los Angeles ခရိုင်Burbank မြို့ကတင်ဆက်တာ California ပြည်နယ်Los Angelesခရိုင်Sierra Madre မြို့ကတင်ဆက်တာ ——————– California ပြည်နယ်Los Angelesခရိုင်Alhambra မြို့ကတင်ဆက်တာ (လောအင်ဂျလစ် ခရိုင်မှာရှိကြတဲ့Los Angeles […]


padonmarJanuary 25, 20131min036
သတင်းစာဆောင်းပါးတစ်ခုထဲမှာ ဖတ်လိုက်ရပါတယ်။ လူ ၁၀ဝ မှာ ၁ဝ ယောက်ဟာ သူ့ပင်ကိုယ် အသိစိတ်ဓာတ်ကကိုကောင်းတယ်။ မတရားတဲ့ အခွင့်အရေးမယူဘူး။ မျှတတဲ့စိတ်ဓာတ်ရှိတယ်။ လူလူချင်း စာနာထောက်ထားတတ်တယ်ဆိုတဲ့ Emotional Quotient အပြည့်ရှိတတ်ကြပါတယ်။ ၂ဝ ယောက်သောသူတွေကတော့ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်စေ သူတစ်ပါးအပေါ် မငဲ့ညှာတတ် ၊ ကိုယ်အတွက်သာ ဦးစားပေးတတ် ၊ အများအကျိုး ပရဟိတ အလုပ်လုပ်တယ် ဆိုတာ နွားကျပါတယ်လို့ထင်၊ အခွင့်အရေးဆိုတာ ယူခွင့်ရှိရှိမရှိရှိ မယူတတ်ရင် မိုက်လို့ဘဲလို့ ထင်တတ်တဲ့ Egotist အတ္တသမား တွေဖြစ်ကြပါတယ်။ ကျန် ၇ဝ ယောက်သော လူများစုကြီးကတော့ ပင်ကိုယ်စိတ်က ပရဟိတ လူလူချင်းစာနာထောက်ထားမှု သာတူညီမျှ စနစ်ဆိုတာတွေ အပေါ် နားလည်သက်ဝင်လိုက်နာချင်ပေမယ့် လက်တွေ့မှာတော့ မျက်စိရှေ့မှာ အခြားသူက လူလည်ကျသွားတာဖြစ်ရင် […]


weiweiJanuary 23, 20131min033
ကျွန်မတို့ အစိုးရဝန်ထမ်းလောကမှာ ပင်စင်ဆိုတာ ရှိပါတယ်။ အသက် ၆ဝ ပြည့်ရင် မဖြစ်မနေ ပင်စင်ယူကြရပါတယ်။ လုပ်သက် နှစ် ၃ဝ ရှိရင်လဲ ပင်စင်ယူချင်ရင် လုပ်သက်ပြည့်ပင်စင်ယူလို့ရပါတယ်။ ဘယ်လောက်ပဲ ကျန်းမာရေးကောင်းနေပါစေ အသက် ၆ဝ ပြည့်ရင်တော့ ပင်စင်ယူကြရပါပြပြီ။ ပင်စင်ယူသင့် မယူသင့် ဒွိဟဖြစ်ကြရတာကတော့ ပညာတတ်အရာရှိဝန်ထမ်းများဖြစ်ပါတယ်။ အသက် ၆ဝ ပြည့်သွားပေမယ့် လုပ်ငန်းလိုအပ်ချက်အရဆိုတဲ့ ခေါင်းစဉ်နဲ့ extension တစ်နှစ်ပြီးတစ်နှစ် တိုးယူရင်း ဆက်လုပ်လေ့ရှိကြပါတယ်။ ပညာရေး ခါးဆက်ပြတ်မှုတွေကြောင့် လက်ရှိအသက်ပြည့်နေတဲ့ လူကြီးတွေက လုပ်ငန်းအတွေ့အကြုံ လုပ်သက်အတွေ့အကြုံတွေကြောင့် မရှိမဖြစ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်လက်ရှိနေကြပါတယ်။ ကျွန်မအလုပ်လုပ်ရတဲ့ ဌာနမှာ ဌာနမှူးက နောက် ၃ လ ဆိုရင် အသက် ၆ဝ ပြည့်ပါပြီ။ ပင်စင်ယူရတော့မယ်။ ကျွန်မတို့အားလုံးစိတ်ဝင်စားနေကြတာက […]


koyin sithuJanuary 22, 20131min019
ကောင်းကင်နဲ့ ပင်လယ်ကြားရှိ ဝိရောဓိလေညင်းများကို ကျွန်တော်အကြာကြီးစောင့်စားခဲ့ရသည်။ တိမ်တစ်ဆုပ်သည် အဝေးဆီသို့ တရွေ့ရွေ့မျောသွား၏ ကျွန်တော်စာကြည့်စားပွဲတွင် အိပ်ရေးပျက်နေသော မျက်ခွံအစုံကို မြင်နိုင်သည်။ ပြက္ခဒိန်ကိုရေတွက်ကြည့်တော့ ကိုရင်တစ်ယောက် သင်္ဘောပေါ်ရောက်တာ ရလတောင်ပြည့်နေပြီ။ မြေပြင်ကို ရလအတွင်း Go Shore၂ခါသာ ကိုရင်မှာ ခြေချနိုင်သေးသည်။ မြေပြင်ကိုလှမ်းမြင်ရသော်လည်း ကမ်းဆင်းခွင့်က မရဖြစ်နေသည်။ ဆံပင်ညှပ်ရန်မလိုတော့သော်လည်း နှစ်ဝက်ကျော်မညှပ်တာကြာသော ဆံပင်တွေက ရှည်နေပြီဖြစ်သဖြင့် ဘေးနှစ်ဖက်ကို ပါလာသော အိမ်မှ ခုတ်ဓါးဖြင့် ကြည့်ကောင်းအောင် တိထားပြီး နောက်ကျောဖက်ကို အရှည်ထား၍ ကျစ်ပြီး စည်းထားလိုက်သည်။  အီကွေတာအနားဒေသတို့၏ အပူချိန်ပူပြင်းမှုက သောင်ပြင်ကသဲများနှယ်…။  အိပ်မက်ကို မယုံကြည်သူသည် မေတ္တာတော့ငတ်ရ၏။ မြန်မာသင်္ဘောသားဆိုသည်မှာ အလုပ်သမားထဲမှ လူတန်းစားတစ်ရပ်ဖြစ်ပါသည်။ အလုပ်သမား လူတန်းစားထဲတွင်မှ အလုပ်သမားအခွင့်အရေးအဆုံးရှူံးရဆုံး ပင်လယ်ရေကြောင်းအလုပ်သမားများဖြစ်သည်။ မြန်မာသင်္ဘောသားများ ဘဝတွင် နိုင်ငံတကာရေကြောင်းအရာရှိဖြစ်ဖို့ ဖြတ်လမ်းမရှိပဲ […]


– – – – – – – – – – – – +++++++++++++++++++++++ ၁။ ခြင် (Mosquito)   ရိုးရိုး အမြင်အားဖြင့် ကြည့်မယ်ဆိုရင် ” ခြင် ဆိုတဲ့ အကောင်တွေက ဘာအန္တရာယ် ရှိလို့လဲ ..? ” ဆိုပြီး မေးခွန်း ထုတ်နိုင်ပါတယ်။ ဟုတ်ကဲ့ …။ ခြင်တွေက အရွယ်အစားအားဖြင့် လူတစ်ယောက်ရဲ့ လက်သည်းခွံလောက်တောင် မရှိပါဘူး။ လာကိုက်သလား …၊ ဖြတ်ခနဲ ရိုက်သတ်လိုက်ရုံပါပဲ။ ဒါပေမယ့် ခြင်ဆိုတဲ့ အကောင်တွေက တကယ့်ရောဂါပိုးတွေကို သယ်ဆောင် ထားကြပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာ့ လူသတ်သမား အကြီးစားတွေ လို့တောင်မှ သတ်မှတ်ထားကြပါသေးတယ်။ ခြင်တွေ […]


KyaemonJanuary 2, 201328min01
မန်းဂေဇက်ရွာသူရွာသားအတွက်ရှာဖွေတင်ဆက်လိုက်တာပါ၊   အားလုံးဘဲ ကြံတိုင်းအောင်ဆောင်တိုင်းမြောက်နိုင်ပါစေ၊   ————  အဆက်    တောင်ကိုရီးယားGapyeongရပ်မှာအခါကြီး၊ရက်ကြီး၊အတွက်အလှပြင်ဆင်ထားတာပါ၊ တောင်ကိုရီးယားပြည်သူတဝက်ကခရစ်ယန်ဘာသာဝင်တွေပါ၊ —– အီတလီနိုင်ငံ၊မီလန်မြို့DuomoSquare  ကွင်း ပြင်မှာခရစ်စမတ်သစ်ပင်ကိုနေရာချထားတာပါ၊ =====     ပြင်သစ်နိုင်ငံ၊နိစ်Nice မြို့Massenaအရပ်မှာမီးအလှဆင်ထားတာပါ၊ ====       လူတွေကBelgium နိုင်ငံ၊Antwerp မြို့လယ်Grote Marktအရပ်ရှိ ခရစ်စမတ်အပင်ကြီးကိုလာကြည့်ရင်းဘေးကဘဲဖြတ်သန်းသွားလာနေကြတာပါ၊  မြို့တော်ခန်းမအဆောက်အဦနဲ့အတူ၊အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရှင်အသင်းတိုက်ကြီးတွေဟာအဲဒီနေရာမှာဘဲစုဝေးတည်ဆောက်ထားကြတာ၊           လူတွေကSenegal နိုင်ငံ Dakar မြို့လယ်ကအပြင်အဆင်တွေကိုလာကြည့်ရင်းသွားလာနေကြတာ၊    မူဆလင်အများစုအကြားမှာခရိယန်အနည်းစုကနေထိုင်ကြပြီး၊ ၎င်းတို့နှစ်စုကသင့်သင့်မြတ်မြတ်ငြိမ်းချမ်းစွာနေထိုင်ကြတာပါ၊ =========        Moscowရှိရင်ပြင်နီကရုရှားအစိုးရပိုင်GUM ကုန်ပစ်စည်းအရောင်းဆိုင်နဲ့ခရစ်စမတ်အပင်ကြီး ========         လူတွေကတိုကျိုမြို့ Shiodomeအရပ်ရှိအဆင်အပြင်တွေကိုရှုစားခံစားကြတာပါ   ====== […]


KyaemonDecember 24, 2012150min01
 အထက်ပါပုံဟာယခင်ကTyskedammne ရေကာတာဟောင်းဖြစ်ပြီး ယခုကျတော့မြင်တဲ့အတိုင်းပျက်စီးယိုယွင်းနေတာပါ၊ ——————— စကားမစပ်ကျနော့ပေါက်ဖော်ကြီးဦး”အာချောင်တီး”က   ဒီပုံကိုမြင်သွားတာနဲ့ချက်ချင်းဘဲအမူအရာပြောင်းသွားခဲ့တာ၊ ရွှေတုံးတတုံးကောက်ရသလိုလို၊ထီပေါက်သွားသလိုလို၊ သူကမနောပီတိဂွမ်းဆီထိတဲ့အလား၊ပီတိအစုံစုံဝေဖြာလွှမ်းမိုးကာ  “ဝဇ်ဇာဓိုရ်”လိုခုန်ပေါက်ခုန်ပေါက်နဲ့ဟိုယိုင်ဒီယိုင်ညိမ်း”က”နေတော့ရာ၊ မကြာခင်မှာဘဲသူကငယ်သံပါအောင်၊တချက်တချက် အားရပါးရအော်ဟစ်ကြွေးကျော်လိုက်တာက “အောင်ပြီ၊ငါဒို့အောင်ပြီ၊” “အရေးတော်ပုံအောင်ရမယ်” ဆိုတာ၊ မရှေးမနောင်းခင်မှာဘဲသူကတချက်ထဲတအားခုန်ပေါက်လိုက်တာနဲ့၊    New Yorkနယူးယောက်သားပီပီNew Yorkနယူးယောက်ကအသစ်တဖန်ပြန်လည် တည်ဆောက်လိုက်တဲ့TwinTowersအမွှာပူးမိုးမျှော်တိုက်ခေါင်မိုးပေါ်ကို တချီထဲနဲ့ရောက်တော့တာ၊   Supermanလိုအပေါ်ကိုရောက်တော့လဲ၊ တဖျစ်တောက်တောက်အော်ဟစ်ကြွေးကျော်နေပြန်တာက “ဟဲ့ငမိုက်သားကြေးမုံဂျီးရာ၊နင်ဘာပြောအုံးမလဲ၊” “ငါအစောကြီးကပြောပြောနေသားဘဲ” “ငလျင်၊ငလျင်ဆိုတာလေ”  “နင်မှတ်မိသေးရဲ့လား” “မင်းက”ငကြောင်ကြီး”ကြောင်တောင်တောင်မို့လို့မယုံတာ၊” “ကြည့်စမ်းကွာငါ့လူ၊ငလျင်ကြောင့်ရေကာတာကြီး အစိတ်စိတ်အမွှာမွှာဖြစ်ရပြီမဟုတ်လားကွာ” “ငါ့ကိုအံတုလို့ရမလားကွာ၊ဟဲဟဲ၊ဟဲဟဲ” “နင်သိဘို့ရာ၊ကြောင်ပုဇွန်စားကျွတ်ကျွတ်ဝါးလို့ဘဲမှတ်၊ဟဲဟဲ၊ဟဲဟဲ” ဆိုပြီးအသစ်ချပ်ချုပ်အမွှာမိုးမျှော်တိုက်ခေါင်မိုး ကနေကြွားဝါကျိန်းမောင်းကြွေးကျော်နေပြန်တာ၊ —– ဒါနဲ့လူတွေကဝိုင်းလာကြတော့နယူးယောက်ပုလိပ်တွေက အဆွေတော်ဦး”အာချောင်တီး”ကိုအောက်ကနေ အသံချဲ့စက်နဲ့အော်ပြီးရှင်းပြရတာ၊ “ဟဲ့ငတုံး၊ဟဲ့ငကြောင်၊ဒီရွာမှာလာပြီးရူးသလိုလို”အ”သလိုလို နံမယ်နဲ့လိုက်အောင်၊အူကြောင်ကြောင်လာမလုပ်နဲ့” “ဒီရွာမှာအမှားအမှန်ကိုခွဲခြားစိတ်ဖြာတတ်တဲ့ရွာသားတွေရှိတယ်” “အဲဒီပုံကရေကာတာဟာ ငလျင်ကြောင့်ပြိုကျပျက်စီးတာမှမဟုတ်တာ၊ ဒုတိယကမ်ဘာစစ်ဖြစ်တုန်းကဂျာမန်စစ်တပ်ကနော်ဝေမှာ တည်ဆောက်ခဲ့တဲ့ရေကာတာကိုအင်ဂလိပ်လေယာဉ်တွေက ဗုံးကြဲခဲ့တာကြောင့်ပါ၊ —– အဲဒီလိုနဲ့ဆင်းခိုင်းတော့မှသူက”ဈာန်လျှော”လာကာအမြင်မှန်ရတော့တာ၊ မှတ်ချက်၊ဦး”အာချောင်တီးရဲ့”စိုးရိမ်ပူပန်မှုသက်သာအောင်ပြောရမယ်ဆိုရင် ငလျင်ကြောင့်နော်ဝေကရေကာတာကြီးတခုခုပျက်စီးခဲ့လို့လဲ လူတွေကအကြီးအကျယ်သေကြေပျက်စီးရတာဆိုလို့နှစ်ပေါင်းများစွာ (ရာချီနှစ်ပရိစေဒ)ကထဲကမရှိခဲ့ပါကြောင်း၊ နော်ဝေမှာဒီလိုမျိုးကိစ်စလုံးဝ […]