ဒိုချက်ကင်သည် ဂျပန်စကားဖြစ်ပြီး မှိုနှင့် ဒေသခံအဏုဇီဝပိုးများမွေးမြူပြီး သဘာဝမြေဆွေးပြုလုပ်ခြင်းဖြစ်သည်။ ပြုလုပ်နည်း ပထမအဆင့်မှာ- ၁။ သစ်ရွက်၊ ဝါးရွက်အောက်မှ ဆွေးမြေ့နေသောမြေဆွေးများကို အပေါ်ယံ ၄၊ ၅လက်မခန့် ဂေါ်ဖြင့် ပြည်တောင်း ၁ဝတောင်းခန့်ယူပါ။ (အထူးသဖြင့် ဝါးရွက်အောက်ကမြေဆွေး ဆိုလျှင် ပိုကောင်းသည်။ ဝါးရွက်သည် အင်မတန်မာသဖြင့် ဝါးရွက်ကိုတောင် ဆွေးအောင် ပြုလုပ်နိုင်သော အဏုဇီဝသည် အခြားအရာများကိုလည်း လွယ်လင့်တကူ ဆွေးမြေ့စေသည်။) မိုးရေမတိုက်စားစေရန် ကုန်းမြင့်မြင့်တွင် ပြုလုပ်ရန်လိုသည်။ ၂။ တချိန်တည်းမှာပင် ကြံသကာအညို၊ သို့မဟုတ် ထန်းလျက်အညိုကြမ်း ၆ဝကျပ်သားခန့်ကို အရည်ပျစ်ပျစ်ကြိုကာ အအေးခံထားပြီး ရေ ၄ဂါလံဖြင့်ရောမွှေထားပါ။ ၃။ ထို့နောက်ဖွဲနု (ဝါးရွက်မြေးဆွေး၏ ၅ပုံ ၁ပုံ) (၂တောင်း)ခန့်ကို ဝါးရွက်ဆွေးအောက်ကမြေဆွေးနှင့် ရောပြီး ကြံသကာရည်အရောကို မနည်းလွန်းမများလွန်း လက်ဖြင့်ဆုပ်လုံး၍ရရုံ […]
