တရုပ်အမျိုးသားတဦးကို အမေရိကန်စစ်တပ် အတုပြုလုပ်ပြီး နိုင်ငံခြားမှ ပြောင်းရွှေ့နေထိုင်သူများအား တပ်ထဲဝင်ရင် နိုင်ငံသားဖြစ်မယ်လို့ လိမ်လည်ရောင်းချမှုနဲ့ အင်္ဂါနေ့တွင် ဖမ်းဆီးလိုက်သည်။ Yupeng Deng, 51နှစ် သည် လူသစ်များကို စစ်ဝတ်စုံဖြင့် လော့စ်အိန်ဂျလိစ်မြို့ ဆင်ခြေဖုံးဒေသတွင် စစ်ရေးပြချီတက်ခိုင်းပြီး ဆန်ဒီရေးဂိုးမြို့တွင် ပြတိုက်အဖြစ် ဖွင့်လှစ်ထားသော ယူအက်စ်အက်စ် မစ်ဒ်ဝေး လေယာဉ်တင်သင်္ဘောသို့ ခေါ်သွားသည်။ ဝင်ကြေးအဖြစ် တဦးလျင် အမေရိကန်ဒေါ်လာ သုံးရာမှ လေးရာ့ငါးဆယ် ခန့်ကို တရုတ်လူမျိုး တရာကျော်အား ကောက်ခံခဲ့သည်။ Dengသည် စစ်တပ်ဖွဲ့အတုကို အမေရိကန်စစ်တပ် အထူးအရန်တပ်ဖွဲ့ (MSFR) လို့ အမည်ပေးထားပြီး သူ့ကိုယ်သူတော့ ဦးစီးချုပ် အမြင့်ဆုံးအရာရှိအဖြစ် ရာထူးပေးသည်။ လူသစ်များအား သူ့တပ်ထဲဝင်ခြင်းဖြင့် အမေရိကန်နိုင်ငံသား ဖြစ်နိုင်သည်သည်ဟု ပြောသည့်အပြင် ပိုမြင့်သော စစ်ရာထူးများအတွက် အခကြေးငွေ ပေးခိုင်းသည်။ […]







