ကို သာSeptember 24, 20121min01
အောက်တိုဘာ ၈ ရက်တွင် ပြုလုပ်မည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအပေါ် စွပ်စွဲပြစ်တင်မှု ပြုလုပ်မည်ဖြစ်ကြောင်း ယခုလ ၂၄ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် အထူးကိစ္စရပ်များဆိုင်ရာ အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကပြောသည်။ “လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်းဒေသကြီးအစိုးရနဲ့ ဌာနဆိုင်ရာအချို့က ပုဂ္ဂိုလ်တွေက အပြန်အလှန် ထိန်းကျောင်းမှုတွေ လုပ်မရအောင်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေကြားမှာ ကင်းကွာမှုတွေဖြစ်အောင် လုပ်နေတယ်။ လွှတ်တော်က အတည်ပြုလိုက်တဲ့ အဆိုတွေကို အောက်ခြေမှာ လုပ်ဆောင်မှု တော်တော်အားနည်းတယ်။ နောက်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေ အလုပ်လုပ်ရတာ အင်မတန် ခက်ခဲလာတဲ့အတွက် ဒီလိုလုပ်လိုက်ရတာ”ဟု ဦးဆန်းဆင့်ကပြောသည်။ အစိုးရအဖွဲ့အား စွပ်စွဲပြစ်တင်မှု ပြုလုပ်ရန် လွှတ်တော်ကိုယ်စားလှယ်ဦးရေ၏ လေးပုံတစ်ပုံက လက်မှတ်ရေးထိုးတင်ပြထားပြီဖြစ်ပြီး တင်သွင်းလွှာကို လာမည့်လွှတ်တော်တွင် ဖတ်ကြားတင်ပြမည်ဖြစ်ကြောင်း၊ စွပ်စွဲပြစ်တင်မှုတွင် မည်သည့်အချက်များ ပါဝင်သည်ဆိုခြင်းကို […]


the bestSeptember 23, 20121min014
ဟိုတလောက ကြိုက်တာယူ ၁၀၀ဝကျပ်လို ့ဆိုင်ရှေ့မှာရေးထားပြီး ဝယ်လိုသူက စိတ်ဝင်စားလို ့ ဆိုင်ထဲ ဝင်ကြည့်လိုက်တော့ ကြိုက်တာယူ ၁၀၀ဝကျပ်က နည်းနည်း ၅၀၀ဝကျပ်၊တစ်သောင်းကျော်က များများ ဝယ်သူလှည့်စားပြီး ရောင်းတဲ့ပို ့စ် တစ်ခုကို အမှတ်ရလို  ့ ဒီပို ့စ်ကိုရေးလိုက်ပါတယ်။   သတ်မှတ်တဲ့တန်ဖိုးဝယ်ရင် သူတို ့အပြောအရ  ၄၀၀ဝကျပ်တန်တဲ့ ပစ္စည်းတစ်ခုလက်ဆောင်ပေးတယ်။   ပင်ရင်းကကိုယ်တိုင်လာရောင်းတာဆိုတော့ သူတို ့ပစ္စည်းကို မိတ်ဆက်တဲ့အနေနဲ ့ ရောင်းပေးနေတာလို ့ထင်နေတာ။ အသုံးလိုနေတာနဲ ့ဝယ်လိုက်ပါတယ်။   အဲဒီကနေ မိတ်တွေတစ်ယောက်အိမ်ရောက်လို ့ပြောပြလိုက်တော့ ၂၅၀ဝကျပ်တန်ပစ္စည်းက JUNCTION SQUARE မှာ သူတို ့ ၁၈၀ဝကျပ်နဲ ့ဝယ်လာတာလို ့ဆိုပြီးထုတ်ပြတယ်။ တစ်မျိုးထဲတစ်ပုံစံထဲပါပဲ။ တစ်ခြားပစ္စည်းတွေကိုကော ဘယ်လောက်ဈေးတင်ထားသလဲတော့မသိဘူး။ ပိုတင်ထားတဲ့ငွေကို လက်ဆောင်ပေးပါတယ်ဆိုပြီး ပညာပြရောင်းလိုက်တာဟာ မရိုးသားတဲ့ ဈေးရောင်းနည်း၊ကလိမ်ကကျစ်ဈေးရောင်းနည်းတစ်မျိုးလို ့မြင်မိပါတယ်။      


အဇဋာSeptember 22, 20121min03
လူထုုအခြေပြုအဖွဲ့အစည်းတွေ မှတ်ပုုံတင်စေဖိုု့    ယခင်အစိုးရလက်ထက်က လူဟောင်းတွေအများစုပါဝင်တယ်ဆိုုပေမယ့် တင်းကြပ်မှုတွေဖြေလျော့လိုုက်ပြီး မူဝါဒအသစ်တွေနဲ့ ဒီမိုုကရေစီကျင့်သုုံးတဲ့အစိုုးရသစ်တစ်ရပ်အဖြစ် သမ္မတဦးသိန်းစိန်က အကောင် အထည်ဖော်ဖိုု့ ကြိုးစားနေတယ်ဆိုုတာကိုု ကျွန်တော့်အနေနဲ့ လက်ခံပါတယ်။ အမေရိကန်အပါအဝင် နိုုင်ငံတကာရဲ့ တုုံ့ပြန်မှုတွေကလည်း လိုုက်ပါတိုုးတက်လာပြီး ဒဏ်ခတ်ပိတ်ဆိုု့အရေးယူမှုတွေကိုု ဖြေလျာ့နေတာ၊ ဥရောပရဲ့ ကုုန်သွယ်ရေးဆိုုင်ရာ ကင်းလွတ်ခွင့်တွေ မြန်မာပြည်ကိုု ပြန်ပေးမှာတွေဟာ  ငါတကောကော မူဝါဒကနေ နိုုင်ငံတကာအသိုုင်းအဝိုုင်းထဲကိုု ဝင်ဖိုု့ ပြန်လည်အစပြုနေပြီလိုု့ ပြောလိုု့ရပါမယ်ထင်ပါတယ်။ ဒါပေမယ့် အင်စတီကျူးရှင်းဆိုုင်ရာ အားနည်းချက်တွေကလည်း အများကြီးရှိပါသေးတယ်။ ဒီအထဲက အရေးပါတဲ့ အားနည်းချက်တစ်ခုုဖြစ်တဲ့ လူထုုအခြေပြုအဖွဲ့အစည်းတွေရဲ့ အခန်းဂဏ္ဍနဲ့ပတ်သက်ပြီး ခုုထက်ထိ သိသိသာသာ မတိုုးတက်သေးတာဟာ အစိုုးရက မသိကျိုးကျွန်ဆောင်တာလား၊ မသိတာလားတော့ မပြောတတ်ဘူး။နိုင်ငံတစ်နိုင်ငံ ပြောင်းလဲခြင်းဖြစ်စဉ်မှာ အစိုးရ(Government)၊ ဈေးကွက်(Market) နဲ့ လူထု အခြေပြု အဖွဲ့အစည်း (Civil […]


ကထူးဆန္းSeptember 21, 20122min033
ဒီနေ့ ညနေ လေးနာရီလောက် ပြည်လမ်း အတိုင်း ချိန်းထားတဲ့ ဆီအသွား အင်ယားကန်ဘောင် မှာ စုရုံး စည်ကားနေတာ တွေ့တော့ အဝေးရောက် ရွာသားတွေ ကိုယ့်ရွာထဲမှာ လည်း ကြည့်နိုင်အောင် ဆိုပြီး ချိန်းထားတာ နာရီဝက်လောက် နောက်ကျခွင့် ပြုပါလို့ ခွင့်တောင်းပြီး သကာလ ရွာသူား တွေ အတွက် ပြေးပြေးလွှားလွှား ရှိစုမဲ့စု ကင်မရာစုတ်လေးနဲ့ မှတ်တမ်းတင် ခဲ့ပါကြောင်း ။ ပြည်တွင်းစစ်ပွဲများရပ်တန့်ရေး ဆန္ဒဖော်ထုတ်သူများ လို့ ဂျာနယ် များက ရေးပေမဲ့ ကျွန်တော်ကတော့ ငြိမ်းချမ်းရေး ပြုလုပ်ပေးရန် တောင်းဆိုပွဲ လို့သာ အမည်တပ်ပေးလိုက်ပါတယ်။ ိ ိ စစ်ပွဲများ ထာဝရ ရပ်လို့ ငြိမ်းချမ်းသော နေ့ရက်များ ထာဝရ ပိုင်ဆိုင်နိုင်ကြပါစေ ။


ကို သာSeptember 20, 20121min01
မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ဖြေလျော့မှုကို အလေးအနက် ထောက်ခံကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီသို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့်တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဝါရှင်တန်ဒီစီရှိ U.S. Institute of Peace တွင် စက်တင်ဘာလ ၁၈ ရက်နေ့က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ”အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့တာကို ကျွန်မအလေးအနက် ထောက်ခံပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာအတွက် စတင်တာဝန်ယူရမှာ ဖြစ်လို့ပါ။ ဒီမိုကရေစီဖြစ်ထွန်းရေး အရှိန်အဟုန်ကို ထိန်းသိမ်းနိုင်ဖို့အတွက် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေအပေါ် မိမိတို့အနေနဲ့ မမှီခိုသင့်တော့ပါဘူး။ ကျွန်မတို့အနေနဲ့ ကိုယ့်ဖာသာကိုယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ကျွန်မတို့ကို ကူညီနိုင်တဲ့ တခြား နည်းလမ်းတွေလည်း ရှိပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ […]


Bl4ck_B4dB0ySeptember 19, 20121min09
အရှေ့အလယ်ပိုင်းဒေသတလွားနှင့် မူဆလင်နိုင်ငံအများအပြားတွင် အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပေါ်စေသည့် အငြင်းပွားဖွယ် ‘Anti Islam’ ဗီဒီယိုကလစ်ကို အင်တာနက်တွင် ဆက်လက်ထားရှိမည်ဟူသော ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားပေးရန် အိမ်ဖြူတော်၏ တောင်းဆိုချက်ကို Google က သောကြာနေ့တွင် ပယ်ချလိုက်ပါတယ်…


ကို သာSeptember 18, 20121min03
ကျွန်တော်သည် အင်းစိန်မြို့နယ်တွင် နေထိုင်ပါသည်။ ယခင်က အင်းစိန်သည် မြို့တော်မဟာရန်ကုန်၏ အစွန်ကျသော မြို့နယ်တစ်ခုဖြစ်ပါသည်။ ယခုအချိန်တွင်မူ လှိုင်သာယာ၊ ရွှေပြည်သာ စသောမြို့သစ်များ၏ ဖွံ့ဖြိုးလာမှု လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေလင်ပန်း၊ သာဓုကန်စက်မှုဇုန်များ၏ ဖွံ့ဖြိုးလာမှု၊ ဧရာဝတီတိုင်းဒေသကြီး၏ ရန်ကုန်သို့ဝင်ပေါက်ကြီးအဖြစ် ဝင်ထွက်မှု များပြားလာခြင်းကြောင့် မြို့တွင်းမြို့နယ်တစ်ခု ဖြစ်လာပါသည်။ အင်းစိန်ကိုဖြတ်၍ မြို့တွင်းသို့သွားသော အဓိကလမ်းမကြီး (၄)ခုရှိပါသည်။ ပြည်လမ်း၊ အင်းစိန်လမ်း၊ ဘုရင့်နောင်လမ်း၊ ဗဟိုလမ်းတို့ဖြစ်ပါသည်။ ယင်းတို့အနက် ဘုရင့်နောင်လမ်းမကြီးမှာ အသွားအလာအများဆုံးဟု ဆိုနိုင်ပါသည်။ အမှန်တစ်ကယ်မှာ ဘုရင့်နောင်လမ်းမသည် များစွာမရှည်လျားပါ။ ကမာရွတ်ဆင်မလိုက်လမ်းဆုံမှ အင်းစိန်ရွာမ ပြည်တော်သာအထိသာ ရှည်ပါသည်။ သို့သော်မော်တော်ယာဉ်စက်ပစ္စည်း အပိုမျိုးစုံ စုံလင်လှသော ဘုရင့်နောင်ဈေး၊ ပြည်မာပြည်အနှံ့ ကုန်စည်ဖြန့်ဝေ ဝင်ထွက်ရာ ဘုရင့်နောင် ပွဲရုံတန်းများ၊ ကုန်စိမ်းသီးနှံဖြန့်ဝေရာ သီရိမင်္ဂလာဈေးသစ်ကြီးတို့ တည်ရှိနေသဖြင့် […]


ကို သာSeptember 18, 20121min03
မွတ်ဆလင်မ်လူမျိုး ၃၀ဝ ခန့်သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးသို့ ယနေ့ ချီတက်ဆန္ဒပြကြောင်း သိရသည်။ ဆန္ဒပြသမားများက ဘန်ကောက်စံတော်ချန် မွန်းလွဲ ၂ နာရီခန့်တွင် စတင်ချီတက် ဆန္ဒပြခဲ့ကြပြီး မွန်းလွဲ ၃ နာရီခွဲခန့်တွင် လူစုကွဲသွားကြောင်းနှင့် အကြမ်းဖက်မှု တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ခြင်းမရှိကြောင်း Bangkok Post သတင်းက ပြောကြားသည်။ အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်မိုဟာမက်ကို လှောင်ပြောင်သရော်ထားသော ရုပ်ရှင်ဇာတ်လမ်းတို တစ်ခုကို အမေရိကန်ဒါရိုက်တာတစ်ဦးက ရိုက်ကူးခဲ့ပြီး အဆိုပါ ရုပ်ရှင်ဇာတ်လမ်းတိုမှာ အွန်လိုင်းမှတစ်ဆင့် ကမာ္ဘတစ်ဝန်း ပြန့်နှံ့ခဲ့ရာ မွတ်ဆလင်မ်တို့၏ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။ လစ်ဗျားတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုမှတစ်ဆင့် ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း အမေရိကန်သံအမတ် သေဆုံးခဲ့ရသည်။ အစ္စလာမစ်နိုင်ငံအများအပြားတွင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး အချို့နိုင်ငံများမှ ဆန္ဒပြမှုများမှာ […]


အာဂSeptember 18, 20121min024
ထို့ကြောင့် ဈေးနှုန်းအနိမ့်ဆုံး နှင့် US မှ မှာယူတင်သွင်းပေးမည်ဟု ကြော်ညာထားသော ဆိုင်မှ ဈေးနှုန်များကို မျှဝေပေးလိုက်ပါသည်။ 16 (GB) – 773,000 Ks 32 (GB) – 879,000 Ks 64 (GB) – 995,000 Ks ဒါကတော့ Yangon online store ကနေမှာ US ကနေမှာယူပေးမယ့်ဈေးနှုန်းများပဲဖြစ်ပါတယ်။ ရန်ကုန်အွန်လိုင်းစတိုးကနေမှာယူမယ်ဆိုရင်တော့ ဖုန်းတန်ဖိုးရဲ့တဝက်ကို စရံအနေနဲ့ပေးချေရမှာဖြစ်ပီး ကျန်တဝက်ကိုတော့ ဖုန်းရောက်မှပေးချေရမှာဖြစ်ပါတယ်။ ဖုန်းရောက်ရှိမယ့်ကြာချိန်ကတော့ မိမိမှာယူချိန်ကနေစပီးတော့ ၃ပတ်ကနေ ၄ ပတ်အတွင်းပဲဖြစ်ပါတယ် ။ စရံတဝက်ပေးပီးသည်နှင့် ပစ္စည်းမှာယူကြောင်းဘောက်ချာပေးမှာဖြစ်ပါတယ် အောက်မှာတော့ ရန်ကုန်အွန်လိုင်းစတိုးကိုဆက်သွယ်ရမယ့် လိပ်စာများဖြစ်ပါတယ်။ စိတ်ဝင်စားပါက ဖုန်းနှင့်သော်လည်ကောင်း အီးမေလ်းနှင့်သော်လည်းကောင်းဆက်သွယ်နိုင်ပါတယ်ဗျာ No.(59/B), Yaw Min Gyi […]


တိမ္မည္းSeptember 18, 20122min020
လေဆင်နှာမောင်း…… ရေဆင်နှာမောင်း……… ဟောလာပြန်ပီ မီးဆင်နှာမောင်းတဲ့…………… ပေ၁၀ဝ (မီတာ ၃၀) ခန် ့မြင့်တဲ့ မီးလေပွေကြီးဟာ ဩစတြေးလျ မှာ စက်တင်ဘာ ၁၁ ရက် အင်္ဂါနေ ့က ဖြစ်ပွားခဲ့ပါတယ်….. တန်ဂျီ အမည်ရှိ ဗီဒီယိုရိုက်ကူးရေးသမား တယောက်က ဩတြေးလျ ပြည်နယ်တဝိုက်ကို လှည့်လည်နေရင်း ထူးဆန်းလှတဲ့ ထိုအဖြစ်အပျက်ကို မှတ်တမ်း တင်ခဲ့ပါတယ်…… သူတို ့ဟာ မီးလေပွေလို ့တောင် တင်စား မခေါ်ချင်ပါဖူး မီးမိစ္ဆာလို့ တင်စားခေါ်ချင်ပါတယ်တဲ့… ကြောင်စရာကောင်းလို့ပါ….. အရှိန် က ပြင်းထန်လှပီး ကြားရတဲ့သူအဖို ့ ဂျက်လေယာဉ်တစား ကိုယ်နား ဖြတ်ပြေးနေသလိုပါပဲတဲ့….. အဖြစ်အပျက်က သိပ်မြန်ဆန်လွန်းတဲ့ အတွက် မှတ်တမ်းတင်သူတွေဟာ ကောင်းမွန်စွာ မရိုက်ကူးနိုင်ခဲ့ပါဖူး…. တနာရီ ၂၂ မိုင်နှုန်းခန် […]


kaiSeptember 18, 201210min052
Invitation to the Washington D.C. Metropolitan Area Burmese Community Daw Aung San Suu Kyi will be travelling to the United States in September, and Washington D.C. will be her first stop.  During her visit, she will be receiving the Congressional Gold Medal award on September 19th 2012, and will meet with the Burmese community from […]


maungmoenyoSeptember 16, 20122min03
“ဆိုရေးရှိကဆိုနိုင်ကြသော” (တနည်း) “ဖြစ်ပေါ်ပြောင်းလဲမှုများ ပြည့်နှက်နေသော” ခေတ်တခုဆီသို့ မောင်မိုးညိုတို့အပါအဝင် ပြည်သူအားလုံးက အရှိန်အဟုန်ဖြင့်ချင်းနင်း ဝင်ရောက် နေကြပြီဟုဆိုရပေမည်။ တစ်နှစ်လည်သား သာသာကာလအတွင်း ဒီမိုကရေစီရေးလမ်းကြောင်းပေါ် ရောက်ရှိ လာသော စစ်အစိုးရတဖြစ်လဲ၊ မြန်မာအစိုးရ၏ သတင်းသစ်များ ယနေ့မီဒီယာလောကတွင် ပလူပျံအောင် နေရာယူနေသောအချိန်ဟုလည်းဆိုရမည်။ ပြီးခဲ့သော ဇွန် (၂၅)ရက်က မြို့တော်သစ်နေပြည်တော်၏ သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့သော လူမှုရေးကာကွယ်စောင့်ရှောက်မှု ဆိုင်ရာနိုင်ငံလုံးညီလာခံသို့ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ကိုယ်တိုင်တက်ရောက်ပြီး၊အားတက်သရော်ပါဝင်ဆွေးနွေးခဲ့သည်။ မြန်မာလူထုအတွက်လွန်ခဲ့သော နှစ်ပရိစ္ဆေဒများစွာကတည်းကအကျိုးခံစားခွင့်ရှိသင့်သော၊ တနည်းဆိုရသော် ကမ္ဘာတဝှမ်းနှင့်အိမ်နီးချင်းနိုင်ငံနေ မိသားစုများနှင့်တန်းတူအဆင့်အတန်းတူ ခံစားခွင့်ရှိသင့်သော လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် (Myanmar social protection system) ထူထောင်ရာတွင် လိုအပ်သောအချက်အလက်အမှန်အကန်များ တိတိကျကျ လိုအပ်သလို၊ အဖွဲ့အစည်းလူထုလူတန်းစား ပေါင်းစုံထံမှ အကြံညဏ်များရယူကြရန်အရေးကြီးပုံတို့ကို အသားပေးဆွေးနွေးသွားကြသည်။ အဓိကမီးမောင်ထိုးဦးစားပေးသင့်သော အလွှာလူတန်းစားများဖြစ်သည့် အမျိုးသမီးနှင့်ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ […]


မြစပဲရိုးSeptember 15, 20121min027
ဒီနေ့ သတင်း ပြောရရင် တော့ အင်္ဂလန် အနာဂါတ် မိဖုရား ( Kate Middleton) အကြောင်းပါ။ ဒီတစ်ခါလဲ မီဒီယာ များရဲ့ ထိုးနှက်ချက်ပါဘဲ။ အင်တာနက် မှာ သူမရဲ့ topless ပုံတွေ ပြန့်နေတာ။ အရင် Prince Harry ရဲ့  ပုံက ပါတီမှာ ပေါ်တင် ရိုက်ခံရလို့ ဖြစ်ခဲ့တာ။ အခုကတော့ အတော်လေး မိုက်ရိုင်းတယ် ထင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပါတ် က ပြင်သစ်နိုင်ငံ မှာရှိတဲ့ သူတို့ ဦးလေးပိုင် ပရိုက်ဗိတ် အိမ်က ခြံထဲမှာ  အပေါ်ပိုင်းချွတ် နေစာလှုံ  နေတာ ကို အဝေးမှန်ပြောင်း နဲ့ ဆွဲပြီး ခိုးရိုက်ထားတာပါ။ ပါပါရာဇီ လက်ချက် နေမှာပေါ့။ […]