ရခိုင်ပြည်နယ်တွင်ညမထွက်ရအမိန်များအားယခုအပတ်မှစတင်ပြီးအချိန်လျှော့ချသတ် မှတ်လိုက်ပါသည်။စစ်တွေ၊မောင်းတော၊ရသေ့တောင်စသောမြို့နယ်(၅)ခုတွင်ညမထွက်ရ အချိန်ကိုည (၁၀)နာရီမှ နံနက်(၄)နာရီအထိလျှော့ချလိုက်ပါသည်။ရခိုင်ပြည်နယ်၏အခြေ အနေမှာအနည်းငယ်တည်ငြိမ်အေးချမ်းလာသည်ဖြစ်သဖြင့်ယခုကဲ့သို့အချိန်လျှောချလိုက် ခြင်းဖြစ်ပါသည်။သို့သော်စစ်တွေ၊မောင်းတော၊ဘူးသီးတောင်။ရမ်းဗြဲတို့တွင်အချိန်လျှောချ လိုက်သော်လည်းလူအများညဖက်အပြင်မထွက်ကြကြောင်းသတင်းရရှိပါသည်။။ကျောက်ဖြူ နှင့်သံတွဲတို့တွင်လုံးဝဖြေလျှော့လိုက်ပြီဖြစ်သဖြင့်ပြည်သူများဝမ်းမြောက်နေကြပါသည်။ ခရီးသွားနိုင်ငံခြားဧည့်သည်များလာရောက်လည်ပတ်သောအချိန်တွင် ၁၄၄ ကို့ရုပ်သိမ်းလိုက် သဖြင့် ဧည့်သည်များ၊လက်လုပ်လက်စားများ၏စီးပွါးရေးအခြေအနေပို့မိုကောင်းမွန်လာမည် ဖြစ်သောကြောင့်လူအများကဝမ်းသာနေကြောင်းသတင်းရရှိပါသည်။အဆိုပါမြို့နှစ်မြို့တွင်ညမထွက်ရအမိန့် ဖယ်ရှားလိုက်သော်လည်း လုံခြုံရေးကိုမှုချထားမည်ဖြစ်ကြောင်းသတင်းရရှိပါ သည်။
