ပင်ဆယ်ဗေးနီးယားက အမျိုးသမီးတဦးခမျာ ရေထဲက ဘဲရိုင်းအုပ်ကို ကယ်ဆယ်ဖို့ ရေစီးသန်လှတဲ့ချောင်းထဲ ခုန်ချခဲ့လို့ ဘေးဥပဒ်အန္တရာယ် ဖြစ်စေမှု အပါအဝင် ပြစ်မှုများနဲ့ စွဲချက်အတင်ခံနေရသည်။ ဂျက်စတင်းနား လန်နီယူးစကီးဟာ တင်္နလာနေ့ ညနေတုန်းက ဂလန်းရော့ခ်ဒေသ ကောဒိုရပ်စ်ချောင်းအတွင်း ဆင်းခဲ့တာဖြစ်ပြီး လေးနှစ်သားအရွယ် ခလေးကပါ အမေနောက်လိုက်ရန် ကြိုးစားခဲ့သည်။ အိမ်နီးခြင်းတဦးက ခလေးငယ်အား တားဆီးခဲ့ရပြီး လန်နီယူးစကီး ၄၁နှစ်ကို လည်ပင်းအနက်ရှိ ရေထဲမှ ကယ်တင်ဖို့ မီးသတ်သမားရှစ်ယောက် အသုံးပြုခဲ့ရသည်။ သူမအား ဆင်ခြင်တုံမဲ့ အန္တရာယ်ပြုမှု၊ ဥပဒေ မလိုက်နာမှု၊ မူးရစ်ရမ်းကားမှုတို့ဖြင့် စွဲချက်တင်ထားသည်။ လန်နီယူစကီးက ရေထဲချော်ကျသွားတာသာ ဖြစ်ကြောင်းဆိုပေမဲ့ ရဲအဖွဲ့၏ အသက်ရှုလေမှုတ် စစ်ဆေးချက်တွင် ကားမောင်းရန် သတ်မှတ်နှုန်းထက် အယ်ကိုဟောလ်ပါဝင်မှု နှစ်ဆမက ပိုထားသည်။ :kwi: Cops: Drunken woman […]


padonmarOctober 29, 20121min025
ကံတရား နဲ့ သတ္တဝါ ကံတရားဆိုတာ “စီမံခန့်ခွဲသူ”လို့ ဆိုလဲမမှားပါဘူး။ “ကံ”တရားကို “ဖန်ဆင်းရှင်”လို့ဆိုမယ်ဆိုလဲရတာပါပဲ။ ကံတရားက ရှင်ဆို ရှင်ကြရတယ်။သေဆို သေကြရတယ်။ ဆင်းရဲဆိုရင်လဲ ဆင်းရဲကြရတယ်။ ချမ်းသာဆိုရင်လဲ ချမ်းသာကြရတယ်။ အကျဉ်းချုပ် ပြောရမယ် ဆိုရင်တော့ “ကံတရားက”သတ္တဝါတွေကို လွှမ်းမိုး အုပ်ချုပ်နေတာ။ “ကံကောင်းတယ်၊ကံဆိုးတယ်”လို့ ပြောနေကြပေမယ်လို့ ဒီကံတရားက မိုးပေါ်ကကျလာတာမဟုတ်ဘူး။ ငါးပိအိုးထဲက လောက်လိုပါပဲ။ ငါးပိအိုးထဲကလောက်ဆိုတာ အပြင်က ဝင်ရောက်လာတာမဟုတ်ဘူး။ ငါးပိကနေပဲ လောက်ဖြစ်လာတာ။ ဒီသဘောပါပဲ။ ကံဆိုတာလဲ ဒီခန္ဓာကိုယ်ကြီးထဲကပဲဖြစ်ပေါ်လာတာ။ခန္ဓာကိုယ်အင်အားသုံးပြီး လှုပ်ရှားတက်ကြွလာတဲ့ကြွက်သားတွေ၊ စိတ်အားတွေက ကံရဲ့စွမ်းအင်အရင်းအမြစ်တွေပါပဲ။ ဒီစွမ်းအင် အရင်းအမြစ်တွေကို ကောင်းတဲ့ဘက် အသုံးချလိုက်ရင်ကောင်းတဲ့စွမ်းအတွေ ရရှိမှာ။ ဆိုးတဲ့ဘက်ကိုအသုံးချလိုက်မယ်ဆိုရင် ဆိုးတဲ့စွမ်းအင်တွေ ရရှိလာမှာပါပဲ။ ဥပမာ လျှပ်စစ်ဆိုပါတော့။ လူူသားတွေအသုံးပြုနေတဲ့ ပစ္စည်းပစ္စ္စယတွေ ထုတ်လုပ်နိုင်အောင် စက်ရုံကြီးတွေတည်ဆောကြ်ကပြီးလျှပ်စစ်ဓာတ်အားတွေနဲ့ စက်ပစ္စည်း ကိရိယာတွေကို […]


အပျိုစင်ဘဝ တန်ဖိုးထားကြ။ ဒီလိုပြောတာ သဂျီးပြစ်တင် ကြိမ်းမောင်းနေတဲ့ ကွန်ဆားဗေးတစ် ရှေးရိုးစွန်း အမြင်ရှိလို့ မဟုတ်ဘဲ တန်ရာတန်ကြေး ဈေးကောင်းရအောင်လို့ပါ။ အေဘီစီသတင်းမှာ ဒီလို ဖတ်ရတယ်။ အသက်နှစ်ဆယ်အရွယ် ဘရာဇီးပျိုဖြူ ကောလိပ်ကျောင်းသူ Catarina Migliorini ဟာ အင်တာနက်မှတဆင့် အပျိုစင်ဘဝကို ဒေါ်လာ ၇၈၀,၀၀ဝနဲ့ ဂျပန်တဦးအား လေလံတင် ရောင်းချလိုက်ခြင်းဖြင့် ကမာ္ဘကျော်သတင်း ဖြစ်စေလိုက်သည်။ ဂျပန်ဖောက်သည်ဂျီး Natsu သည် အမေရိကန်၊ ဩစတေးလျ၊ အိန္ဒိယ၊ ဘရာဇီးနိုင်ငံတို့မှ လေလံပစ်သူများအား အကြိတ်အနယ် ကြိုးစားပမ်းစား အမျိုးဂုဏ်ဆောင်ရန် ဇာတိသွေး ဇာတိမာန် အပြည့်ဖြင့် (ဤကား ဘာသာပြန်ဆြာ ဦးကြောင်ကြီးအာဘော်၊ စကားချပ်) ယှဉ်ပြိုင်ခဲ့ရသည်။ ကိုရွှေဂျပန်အဖို့ ဘရာဇီး ကျောင်းသူလေးနှင့် ချစ်ရည်လူးရန် တနာရီ အချိန်ရမည်ဖြစ်ပြီး ဥပဒေပိုင်းဆိုင်ရာ […]


OnyxOctober 25, 20121min017
၁။” မြန်မာနိုင်ငံမှာ လျျှပ်စစ်မီးတွေပိုလျှံလို့ တိုင်းတစ်ပါးကိုတောင် ရောင်းချနေရပါတယ်” ဦးဇော်မင်း (မြန်မာနိုင်ငံ လျှပ်စစ်မီးအကြောင်းပြောကြားခြင်း) ၂။”မိုးတွေရွာတော့မယ်ဆိုတော့ မီးမှန်ဖို့နီးလာပါပြီ” ဦးကိုကိုလှိုင်(မီးပျက်နေသည့်အတွက် ဖြေရှင်းချက်ထုတ်ခြင်း) ၃။ “လဝက ကလာဘ်စားလို့မရတဲ့ ဌာနတစ်ခုပါ” ဦးခင်ရီ (လဝကအကြောင်းရှင်းလင်းခြင်း) ၄။ “ခိုးဝင်လာတဲ့ ဘင်္ဂလီမရှိပါဘူး” ဦးခင်ရီ (တရားမဝင်ခိုးဝင်သည့် ဘင်္ဂလီရှိ/မရှိ မေးခွန်းအပေါ် ဖြေရှင်းချက်ထုတ်ခြင်း) ၅။ “မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့ က ၄ ရာခိုင်နှုန်းဖြစ်ပါတယ်” ဒေါက်တာမောင်မောင်သိမ်း(ကြွေးမြီနှင့် အလုပ်လက်မဲ့ စာရင်းဖြေရှင်းချက်ထုတ်ခြင်း)   အဲလိုအဲလို ပြောတဲ့ သူတို့ စကားတွေက အမှန်တွေလားမသိလို့မေးတာပါ…………Onyx


padonmarOctober 24, 20121min022
အောက်တိုဘာ ၂၃ ၊၂၀၁၂ မြန်မာ့အလင်းရောင်စုံသတင်းစာပါ သတင်းလေးပါ။ တစ်ချိန်က နှလုံးသားမရှိသူ အမြန်လမ်းပေါ်မတက်ရ လို့တောင် ရေးခဲ့ရတဲ့ နေပူတော် အမြန်လမ်းမှာ ပြုပြင်ပြောင်းလဲမယ့် ခြေလှမ်းလေးပါပဲ။ ကြားမိသလောက်တော့ သမ္မတကြီးက အဲဒီ ဆောင်းပါးလေးဖတ်ပြီး တော်တော်ကို စိတ်မကောင်းဖြစ်သွားပါတယ်တဲ့။ အစည်းအဝေးသွားတက်ရတဲ့သူတွေကိုတောင် ခင်ဗျားတို့ကို နေပြည်တော် ခေါ်တွေ့ရတာ အားနာပါတယ်လို့ ပြောသံကြားမိပါတယ်။ စတုတ္ထမဏ္ဍိုင်ရဲ့ ပြည်သူ့အကျိုးပြုနိုင်မှုတစ်ခုပါလို့ပြောချင်ပါတယ်။ (အောက်တိုဘာ ၂၂ မှာ လည်း သမ္မတကြီးက မီဒီယာတွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး မေးမြန်းတာတွေကို စိတ်ရှည်ရှည် ဖြေကြားပေးသွားတယ်လို့ ဖတ်လိုက်ရပါတယ်) အခုဆို အကယ်ဒမီပွဲကြီးလည်း ရန်ကုန်မှာပဲကျင်းပခွင့်ရသွားပါပြီ။ လိုင်စင်လျှှောက်တဲ့ အလုပ်တွေလည်း ရန်ကုန်ကို ပြန်ရွှေ့ဖို့လုပ်နေကြပါပြီ။ မသွားမဖြစ်သွားရဦးမယ့် ခရီးသည်တွေအတွက် အကူအညီ လိုအပ်ရင် ပေးဖို့ပြင်ဆင်ထားတယ်ဆိုတာ ဝမ်းသာစရာ သတင်းကောင်းလေးပါပဲ။ လူနာတင်ယာဉ်လှူဒါန်းတဲ့ ဦးကိုကိုကြီးဆိုသူရဲ့ […]


အာဂOctober 24, 20121min048
ဒီကနေ့ နားနဲ့ဆတ်ဆတ်ကြားရတဲ့ သတင်းက ကျွန်တော်အတွက် အတော်လေး ဦးနှောက်စား၊တုန်လှုပ်သွားပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့ သက်တမ်းတစ်လျောက် မကြားဖူးတဲ့ စကားဖြစ်လို့ပါ။ ကျွန်တော့် မဂ္ဂဇင်းအတွက် ကာဗာတင်ပေးပြီး အင်တာဗျူးမလို့ လောလောလတ်လတ်(ကျွန်တော်အပါအဝင် ပြည်သူတွေက လက်အညောင်းခံ၊အလုပ်ပျက်ခံ၊အင်တာနတ်ဖိုး အကုန်ခံပြီး စွမ်းဆောင်ပေးခဲ့တဲ့) Miss Internet ဆိုရှင်လေးဆီကို ဖုန်းဆက်လိုက်ပါတယ်။ သူမကတော့ မကိုင် ပါဘူး ။ သူမရဲ့ တာဝန်ခံဆိုတဲ့လူတစ်ယောက်လာကိုင်ပါတယ်။ ကျွန်တော်ကလည်း ကျွန်တော့် မဂ္ဂဇင်းအတွက် အင်တာဗျူးချင်ကြောင်း၊ ဓာတ်ပုံရိုက်ချင်ကြောင်း ။ မျက်နှာဖုံးရှင်အဖြစ်တင်လိုကြောင်း ထုံးစံအတိုင် အဆိုပါ တာဝန်ခံကို ပြောပြလိုက်ပါတယ်။ အဲဒီမှာ တာဝန်ခံဆိုသူက ဘာပြန်ပြောလဲဆိုတော့…လောလော ဆယ်တော့ နန်းခင်ဇေယျာ တစ်ယောက် မအားကြောင်း အင်တာဗျူးမယ်ဆိုရင်တော့ အဆင်ပြေကြောင်း နဲ့ ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ အကိုတို့ဘက်က အနုပညာ ကြေးဘယ်လောက်ပေးမလဲလို့ ကျွန်တော့်ကို […]


မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေသစ်ကို ထုတ်ပြန်လိုက်ကြောင်း သစ်ထူးလွင်ဆိုက်မှာ တနေ့က ဖတ်ရတယ်။ ယခင် ၁၈၉၉ ရန်ကုန်ရဲအက်၊ ၁၉၄၅ ရဲအက်တို့ကို အစားထိုးပြီး ဖွဲ့စည်းပုံ ဖော်ပြထားတယ်။ ဖွဲ့စည်းပုံ ကြီးကြီးမားမား ပြောင်းလဲတာမျိုး အပြင်လူအနေနဲ့ မတွေ့မိဘူး၊ ရာထူး အခေါ်အဝေါ် အသစ်ဆိုပေမဲ့ ရဲချုပ်မှ ရဲဗိုလ်ချုပ်ကြီး၊ ရဲမှူးက ရဲဗိုလ်မှူး၊ ရဲအုပ်က ရဲဗိုလ် ဖြစ်သွားတာပါ၊ အတန်းအဆင့်အားဖြင် ၁ဝမျိုး အတူတူပဲ။ အရင်လို ဒုရဲအုပ် (စခန်းမှူး) အပြာခံ တပွင့်အစား ရဲဗိုလ်တန်းပေးတယ်၊ အယင် မြို့နယ်မှူး ဒုတိယရဲမှူး သုံးပွင့်နေရာ အဆင့်တူ ရဲဗိုလ်မှူးပဲ ဆက်ထားမယ်ထင်တယ်။ ရဲတယောက် ပြောဖူးတယ်၊ ဒုရဲအုပ် တပွင့် အပြာခံဆိုတာ ကိုလိုနီခေတ် လက်ကျန် ရာထူးပေးပုံစနစ်တဲ့၊ ဒုရဲအုပ်ခြင်း အတူတူ […]


  “ဂရုမစိုက်ဘူးကွာ”   ပြီးခဲ့တဲ့စနေနေ့ ကျနော် မြို့သစ်ဘက်ကိုသွားတော့ သိပ္ပံလမ်းကနေ ၇၃လမ်းထဲကိုချိုးကွေ့လိုက်ပါတယ်။ အဲဒီလမ်းကလေးက သစ်ရိပ်ဝါးရိပ်နဲ့ဆို နေပူသက်သာလို့ပါ။ မရောက်တာလဲ အတော်ကြာတော့ဖြတ်သွားချင်တာလဲ ပါပါတယ်။ ဝင်ဝင်ချင်း လမ်းဒေါင့်မှာ အရင်ကရှိတဲ့ ဘီယာဆိုင်ရော လက်ဖက်ရည်နဲ့တွဲထားတဲ့ အကြော်ဆိုင်လေးရောမရှိတော့။ သူတောင်ဘက်က မြေကွက်လပ်ကတော့ သံဇကာ ကာထားပြီး တပ်မတော်စိုက်ခင်းလို့ရေးထားပါတယ်။ အထဲမှာတော့ ကြံပင်တွေနဲ့စိမ်းစိမ်းစိုစို။ ဟိုးတုန်းကတော့ကြက်ဆူခင်းတွေပေါ့။ အဲဒီကနေ နည်းနည်းလေးရှေ့ဆက်သွားလိုက်တော့  အရင်ရှိတဲ့ကျောက်လမ်းနဲ့ သစ်ပင်ခင်တန်းလေးကြားမှာ မြေနီလမ်းအသစ်ဖောက်ထားတာကိုတွေ့ရပါတယ်။ အရင်တုန်းက မြေကွက်လပ်ကြီးမှာ အကာအရံတွေနဲ့ဖြစ်နေပါတယ်။ အဲဒီက နံရံပေါ်မှာတော့ကုမ္ပဏီတွေရဲ့ကြော်ငြာပေါင်းစုံကပ်ထားပါတယ်။ အော်မြိုသစ်တည်ဆောက်ရေး အဆင့်မြင့် လူနေအိမ်ယာစီမံကိန်းလို့ထင်ပါရဲ့လို့တွေးနေတုန်းအဲဒီအနောက်ဘက်က မြေလမ်းကနေ ကားအကြီးအပြာရောင်တစ်စီးဖြတ်လဲမောင်းလိုက်ရော ပါတ်ဝန်းကျင်တစ်ခုလုံး လေနီကြမ်းဝင်မွှေ့လိုက်တဲ့အတိုင်းဖုံတွေလုံးတက်သွားပါတော့တယ်။ ဖြစ်ဖြစ်ခြင်းတော့ ဓါတ်ပုံမရိုက်နိုင်။ မျက်နှာကို အုပ်ထားရလို့ပါ။ ကားလဲလွန်သွားရော ဒီပုံလေးတွေရလိုက်ပါတယ်။ အဲဒီကားကတော့ ဂိတ်-2 ဆိုတဲ့အထဲကိုဝင်သွားပါတယ်။ လမ်းဘေးက […]


ကျနှတ်သည် အောက်ပါ အချက်များကို တောင်းဆိုပါသည်။ ၁။ ကျနှတ်ကို ကနေ့မှစ ကြယ်လေးလုံးပေးပါ။ ၂။ ကျနှတ်အား ကိုယ့်ပိုစ့် သူများပို့စ် အကုန်လုံးကို အက်ဒစ်လုပ်ပိုင်ခွင့်ပေးပါ။ ၃။ ကျနှတ်ရေးသမျှစာများ ပို့စ်များအား စတစ်ကီပေးပါ။ ၄။ ကျနှတ်ရေးသော ပို့စ်များတွင် အနည်ဆုံး ကွန်းမန့် ၄ဝရှိပေးရမည်။(ကွန်းမန့်များသည် အိယောင်ဝါး မဟုတ် အမှန်အကန် အပြန်အလှန် ဆွေးနွေးချက်များ ဖြစ်ရမည်) ၅။ သူများပိုစ့်တွင် ကျနှတ်ကွန်းမန့်ပေး မေးမြန်းပါက ပိုစ့်ပိုင်ရှင်က ၄၅ မိနစ်အတွင်း တလေးတစား ပြန်ဖြေရမည်။ ၆။ ကျနှတ်ကွန်းမင့်များ ပို့စ်များအား ပွိုင့်များများပေးရမည်။ ၇။ ရွာထဲတွင် အလှူရှိပါက အလှူခံနေပါက အလှူမထည့်ချင်နေ ဒါက စနစ်ကြောင့် ဘယ်လိုပြုပြင်သင့်တယ် ဘာညာ စသဖြင့် သီအိုရီလိုလို ဒတ်သနလိုလို […]


“အမြဲမရှိဆိုတာမှားတယ်လို့ သက်သေပြနေတဲ့နေရာလေး”     ကျနော်တို့ အမြဲကြားနေရတဲ့စကားကတော့ အနိစ္စအမြဲမရှိပါတဲ့။ ဒါပေမယ့် ဒီနေရာလေးကတော့ ခေတ်တွေဘယ်လိုပြောင်းပြောင်း အုပ်ချုပ်သူဘယ်လိုပြောင်းပြောင်း မပြောင်းမလဲ ရှိနေတာလေးပါ။ တက်သိမ်းအင်း (ကန်တော်ကြီး)အရှေ့ဘက်ခြမ်း တိုက်ခန်း တွေရဲ့အနောက်ဘက်ကလမ်းကလေးပါ။ တိုက်ခန်းနေတဲ့အခန်းသုံးဆယ်က နေတဲ့လူတွေနေ့စဉ်သုံးတဲ့အမိူက်တွေကို ပစ်ရတဲ့နေရာလေးပါ။. ဒီအမိူက်ပစ်တဲ့နေရာလေးကို အစက သံစည်ပိုင်းလာချထားပေးပါတယ်။ ဒါပေမယ်အမိူက်က များ အမိူက်သိမ်းကားကမလာဆိုတော့ အဲဒီသံစည်ပိုင်းလေးလဲ သံချေးတက်ပေါက်ပြဲသွားတော့ ပြန်လာသိမ်းသွားပါတယ်။ နောက်တော့ ဝါးနဲ့ယက်ထားတဲ့ အမိူက်ခြင်းအကြီးကြီးလာချပေးပြန်ပါတယ်။ အဲဒါကလဲ အမိူက်မှန်မှန်လာမသိမ်းတော့ ဝန်နဲ့အားနဲ့မမျှဆိုတာလို ဆွေးပြီးပျက်သွားပြန်ရော။ အခုတော့ ဘာမှလာမထားတော့ တိုက်ခန်းနေတဲ့လူတွေကလဲ မြေကြီးပေါ်ဘဲအမိူက်သွန်ရတော့တာပေါ့။ ဒီအမိူက်ပုံလေးကို မနက်အာရုံတက်က စလို့ မိုးချုပ်တဲ့အထိ အမိူက်ကောက်တဲ့လူတွေက လာလာဖွပါတယ်။ အဲတော့ နဂိုရ်က မှ အထိန်းအကွပ်မဲ့နေတဲ့အမိူက်တွေက လမ်းပေါ်မှာ မြင်မကောင်းအောင်ပြန့်ကျဲနေပါတယ်။ စည်ပင်သာယာက လာမသိမ်းတာကြောင့် အမြင်မတော်တော့ […]