သူကြီးနှင့် ရွာရှိ လူကြီးသူမ များအား တောင်းဆိုချက်

ကျနှတ်သည် အောက်ပါ အချက်များကို တောင်းဆိုပါသည်။
၁။ ကျနှတ်ကို ကနေ့မှစ ကြယ်လေးလုံးပေးပါ။
၂။ ကျနှတ်အား ကိုယ့်ပိုစ့် သူများပို့စ် အကုန်လုံးကို အက်ဒစ်လုပ်ပိုင်ခွင့်ပေးပါ။
၃။ ကျနှတ်ရေးသမျှစာများ ပို့စ်များအား စတစ်ကီပေးပါ။
၄။ ကျနှတ်ရေးသော ပို့စ်များတွင် အနည်ဆုံး ကွန်းမန့် ၄ဝရှိပေးရမည်။(ကွန်းမန့်များသည် အိယောင်ဝါး မဟုတ် အမှန်အကန် အပြန်အလှန် ဆွေးနွေးချက်များ ဖြစ်ရမည်)
၅။ သူများပိုစ့်တွင် ကျနှတ်ကွန်းမန့်ပေး မေးမြန်းပါက ပိုစ့်ပိုင်ရှင်က ၄၅ မိနစ်အတွင်း တလေးတစား ပြန်ဖြေရမည်။
၆။ ကျနှတ်ကွန်းမင့်များ ပို့စ်များအား ပွိုင့်များများပေးရမည်။
၇။ ရွာထဲတွင် အလှူရှိပါက အလှူခံနေပါက အလှူမထည့်ချင်နေ ဒါက စနစ်ကြောင့် ဘယ်လိုပြုပြင်သင့်တယ် ဘာညာ စသဖြင့် သီအိုရီလိုလို ဒတ်သနလိုလို ဝေ့လည်ကြောင်ပတ်လာမလုပ်စေရ။
၈။
၉။
၁၀။
ကျနှတ်တောင်းဆိုချက်များကို လိုက်လျောမှု ရှိမရှိ အက်ဒစ်လုပ်ခွင့်ရရင် ၈။ ၉။ ၁၀။ မှာထပ်ဖြည့်မယ်။
အဲ့တော့ မပေးရင် ဘာလုပ်ချင်တုန်းကွာလို့ မေးလာရင် ရှင်းရှင်းပြန်ဖြေပါမယ်။
အခုဒီစာက ဒီမိုကရေစီ နည်းအရ ငြိမ်းချမ်းစွာတောင်းဆိုခြင်းပါ။
ပထမ တောင်းယူပါမယ်။(ကော်မာရီကယ် ဝဲဖဲ)
ဒုတိယ တိုက်ယူပါမယ်(မော်ဒယ် ဝဲဖဲ)
တတိယ နှိုက်ယူပါမယ်(ဆိုက်ဘာ ဝဲဖဲ)
လှိုင်သာယာနဲ့ ဒဂုံဆိပ်ကမ်းက လူ ၃၀ဝ လောက်စုထားပီးပီ လမ်းပေါ်ထွက် ဆန္ဒပြဖို့ အသင့်ပြင်ထားပါတယ်။
ကကကွန် ကြည်းသု ပြည်ထဲရေး ကွန်ပျူတာကွန်ယက် သတင်းတပ်ဖွဲ့ ဆယ်မိုင်ကုန်းက မြောက်ကတွေ အုန်းကျောက ကွန်ယက်ထိန်းချုပ်ရေးအဖွဲ့ ကုလအတွင်းရေးမှူး သမ္မတကြီး ဒေါ်စု ဂျာနယ် ကာတွန်း ရပ်ပ်ပါ လူရွှင်တော် စာရေးစရာ ဘလော့ဂါ အကုန်လုံးကို စာပို့ပီး တိုင် ထောင် ဖွ တိုက် ပါမယ်။
သူကြီးနဲ့ လူကြီးတွေအားလုံးကို ဘာသာရေး လူမျိုးရေး ပုဂ္ဂိုလ်ရေး စီးပွားရေး အကုန်လုံး စွပ်စွဲရှုံ့ချပါမယ်။

အဲ့ဒါမှ ခေါင်းမာနေတယ်ဆို ဆုပေးပွဲမှာ အသေခံ ဗုံးခွဲမယ်။
ဒါဗြဲ

အထူးမှတ်ချက် ဤတောင်းဆိုချက်သည် သမ္မတရုံးအထိ မူပိုင်ခွင့် လုပ်ထားလို့ ဆင်တူယိုးမှားသော်လည်းကောင်း သံတူကြောင်းကွဲ သော်လည်းကောင်း အဓိပ္ပါယ်တူ ရည်ရွယ်ချက်တူ ပို့စ်များ တက်လာပါက တရားစွဲဆိုသွားပါမယ်။

43 comments

  • စိန်ဗိုက်ဗိုက်

    October 23, 2012 at 11:24 am

    အဲဒီ အခန်းဖြတ်..အဲဒီအခန်းဖြတ်

    Reply

  • Khaing Khaing

    October 23, 2012 at 11:31 am

    ကိုကိုရေ တပတ်လောက်လျော့ပါဦး ……..

    Reply

  • surmi

    October 23, 2012 at 11:33 am

    လူကြီးလည်းမဟုတ် သူကြီးလည်းမဟုတ်တဲ ့
    ကျုပ်ကိုတော ့ သက်သာခွင် ့ပေးမယ်မဟုတ်လား
    ဟေး ဟေး

    Reply

  • ဒီလူကို ဖမ်းဘာ ..
    ဒီလူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် လက်မှတ်ကို
    ကျုပ်ဆီ လာမတင်ဘဲနဲ့
    ဘလိုင်းဂျီး ဆန္ဒဖော်နေဒယ် ..

    ပုံ/
    ယဲမှူးချုပ်ဂျီး စိန်အံ

    Reply

  • kyeemite

    October 23, 2012 at 11:41 am

    မောင်နီပေပါ တစ်ယောက်တော့ သွားရှာပီပေါ့
    မနက်ကပဲ ဂီဂီ တစ်ယောက် စိတ်နောက်သွားလို့
    စိတ်မကောင်းဖြစ်နေတာ..
    ဟော..ခုတစ်ယောက်တိုးပြန်ပီးပေါ့….
    :kwi: :harr: :hee:

    Reply

  • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

    October 23, 2012 at 11:52 am

    ကိုရဲစည် ……

    satire ဆြာဂျီး … အိမ်မက်ထဲ ထထယောင်ပြီး စာရေးလေရော့သလား … ဟီးဟီး ……….. :harr:

    ဒီရက်ပိုင်း လေနေတာနဲ့ ၊ အတော်များများ မဖတ်ဖြစ်ပေမယ့် ၊ လတ်တလော … သတင်းတွေတော့ ကြားပါတယ် .. ဒါပေသိ .. ဒါပေသိ … နည်းနည်းလေးတော့လွဲနေတယ် …လွဲလွဲလေးပဲ ကောင်းပါတယ် … စိတ်ကျေနပ်လျှင် ပြီးတာပဲပေါ့ … နေတတ်လျှင် အေးဆေး လေး ….. ခွိခွိ … ဟိဟိ …. :kwi:

    Reply

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    October 23, 2012 at 11:56 am

    ကိုရဲစည်….
    ခင်ဗျားရဲ့သရော်စာကို အရမ်းကြိုက်တယ်ဗျာ…
    အဲဒါမှ သရော်စာဗျ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    Reply

    • ရဲစည်

      October 23, 2012 at 1:05 pm

      ကိုကြောင်ဝတုတ်ခင်ဗျ
      ဒါသရော်စာ မဟုတ်ပါ
      အတည်တောင်းဆိုနေတာပါ။
      ကျနော် ဆုမတောင်းတတ်ပါဘူး။
      တကယ်လုပ်မှာပါ။
      ခရိုက်စစ်ဆိုတာ ဖန်တီးဖို့ လွယ်ပေမဲ့
      ဖြေရှင်းဖို့ ခက်ပါတယ်။

      Reply

  • အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ

    October 23, 2012 at 12:42 pm

    ကိုရဲတောင်းဆိုတာတေအားလုံးခွင့်ပြုချက်ရဘီဆိုရင်ကြည်ပြာ့ကိုတဝက်ခွဲပေးနော် ဟိ
    :harr:

    Reply

  • kai

    October 23, 2012 at 1:05 pm

    ဟိုဟာ..
    အဲ..
    ဒီဟာ..
    ရှုပ်ပါတယ်..
    ရွာသူကြီးရာထူး.. အကြွေးစာရင်းနဲ့တကွလွှဲပေးမယ်..။
    လောလောဆယ်..လပိုင်းအတွင်းမှာ.. ၂သိန်းထွက်မယ်..။
    ယူမှာလားဟင်….
    ယူလိုက်..နော..နော… :kwi:

    Reply

    • Foreign Resident

      October 23, 2012 at 3:02 pm

      ” ရွာသူကြီးရာထူး.. အကြွေးစာရင်းနဲ့တကွလွှဲပေးမယ် ”

      ရွာသူားတို့ရေ သူကြီးကတော့ ပြောနေပြီ ။
      ဒီ့ထက်ရှင်းတာတောင် ၊ ဒီ့လောက်မရှင်းဘူး ။

      ရွာသူားတို့တော့ မသိဘူး ၊
      အဘတော့ ဒီရာထူး မယူရဲပါဘူးကွယ် ။
      တိုင်သူပြည်သားတွေ အတွေးအမြင် ပွင့်လင်းလာဖို့အတွက် ၊
      ကိုယ့်အိတ်ထဲကနေ ဒေါ်လာ ရာထောင်ချီပြီး နှစ်စဉ် အကုန်ခံဖို့ဆိုတာ ၊
      တော်ရုံ စေတနာနှင့် မရနိုင်ပါဘူး ။

      နောက်တော့ စေတနာနှင့် မထိုက်တန်တဲ့သူတွေနှင့်တွေ့ပြန်ရင်လည်း ၊
      ကိုယ့်စေတနာနှင့်ကိုယ် ရင်ကျိုးရဦးမယ် ။
      ဒီအလုပ် ၊ မလွယ်ပါဘူးလေ ။

      Reply

      • တညင်သား

        October 24, 2012 at 8:08 am

        လူတယောက် ရဲ့ ကောင်းကျိုး ဆိုးကျိုး သေခါမှသာ ပြောလို့ရနိင်ပါတယ် …အဘဖော ရယ် . (စေတနာ ကို စော်ကားခြင်း မဟုတ်) အဘ ဖော ကအရမ်း ပင့်တာပဲ

        Reply

    • ရဲစည်

      October 23, 2012 at 3:19 pm

      သများ၏ ဆန္ဒဖော်ထုတ်မှုတွင် သူကြီးရာထူး မပါသဖြင့် မယူပေါင်
      ဖြစ်နိူင်ရင်တော့ လက်ရှိပေါင်းနေတဲ့ မိုက်ကယ်ဂျော်နီအောင်ပုနဲ့
      ကွာပီး သူကြီးတော့ လိုချင်သား ……..။
      သူကြီးကတော် ဆိုတာ နည်းတဲ့ အဆင့်မှ မဟုတ်တာ။
      :kwi:

      Reply

  • ဦးဦးပါလေရာ

    October 23, 2012 at 1:11 pm

    ဟမရေး…
    ကြောက်ချာဂျီးပါလား ကွယ်ရို့……
    ဒါးမိုးကလေစီအပြည့်ရှိတဲ့ရွာပါကွယ်….
    လိုချင်တာအကုန်တိုက်ယူပါ.. အဲလေ.. တောင်းယူပါ…
    ကျုပ်တူမ မပါရင်ပြီးရော…. 🙁

    Reply

    • ရဲစည်

      October 23, 2012 at 3:04 pm

      ဦးပါ၏ နဂိုရှီရိပ်ကြောင့် လမ်းကြောင်း ပြောင်းလိုက်မလား စဉ်းစားနေ၏

      လိုချင်တာအကုန်တိုက်ယူပါ.. အဲလေ.. တောင်းယူပါ…
      ကျုပ်တူမ မပါရင်ပြီးရော….

      ရဘူး ရဘူး …. ဒါမျိုးရဘူး ငွှင်း ငွှင်း

      Reply

      • (ရဘူး ရဘူး …. ဒါမျိုးရဘူး ငွှင်း ငွှင်း)
        ဘိုရဲ
        မင်းလိုချင်ရင် ငါ့မှာ မင်းမနိုင်တူ မတစ်ကောင်တော့ရှိတယ် ယူမလား

        Reply

  • amatmin

    October 23, 2012 at 1:14 pm

    ကျနော့ကို ပြောပြဖူးတဲ့ ဆြာတယောက်ကတော့
    ဆွပေး..နှိုက်ယူ..ပညာရပ်ပိုင်းဆိုင်ရာက နောက်ပိုင်းကာလမှာ
    ခေတ်စားလာမယ်ဆိုသလိုပဲ.. 🙂
    ဂလိုမျိုးး ငါ့ စထရာဂျီဖြစ်တဲ့…ငါ့အတွက်….ငါ့ကျတော့……ငါ့ဘို့…….
    ငါရမှ……ငါ့ကိုဦးစားပေး….ငါ့လိုမျိုး…….ငါ့……ငါ့…………. ဆိုတဲ့
    ဟောင်းနေပေမဲ့ကောင်းနေဆဲ အတွေးအခေါ်နည်းစနစ်တွေကိုလည်း..
    လိုက်အတုယူနိုင်အောင် ရေးသားလမ်းညွှန်တဲ့ အတွက်
    ပညာထပ်တိုးရပါဒယ် ဆြာတို့ရယ်.. 🙂

    Reply

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 23, 2012 at 1:26 pm

    မပေးရင် ဂယ်ပဲ အသေခံဗုံးခွဲတော့မယ်ပေါ့ :harr:

    Reply

  • jullies cezer

    October 23, 2012 at 1:26 pm

    အော်….လက်စက်သတ်တော့တာလီဘန်အယောင်ဆောင် အသေခံဗုံးခွဲမဲ့သူက
    ရွာထဲမှာလာပြီးရွာသားအယောင်ဆောင်နေတာကို ရှင်းရှင်းပြောလိုက်စမ်းဘာ
    ကိုယ့်ဖာကို ဂျီဟတ်စစ်ပွဲဆင်နွှဲချင်နွှဲဆင်တယ်ပေါ့ ဘာလဲ အသေခံဗုံးခွဲမလေးဘာလေးနဲ့……..

    Reply

    • ရဲစည်

      October 23, 2012 at 3:13 pm

      ကျေးဇူးပါ လာရောက်အားပေးလို့
      (ရွာထဲမှာလာပြီးရွာသားအယောင်ဆောင်နေတာကို)
      (ကိုယ့်ဖာကို ဂျီဟတ်စစ်ပွဲဆင်နွှဲချင်နွှဲဆင်တယ်ပေါ့)

      အမှန်သင့်တော်တာက
      ရွာထဲမှာလာပြီးရွာသားအယောင်ဆောင်နေတာကို
      ကိုယ့်ဟာကို ဂျီဟတ်စစ်ပွဲဆင်နွှဲချင်ရင်ဆင်နွှဲတယ်ပေါ့

      အဲ့လိုလေး ပြင်ပေးချင်တာ
      ဒါပေသိ အထက်မှာ တောင်းဆိုနေတုန်းမို့ ရရင် ပြင်ပေးမယ် ဖြစ်ကြောင်း

      Reply

  • mayjuly

    October 23, 2012 at 1:51 pm

    ဪ အနိစ္စ … ဂလိုလဲ ရသလားး :kwi:

    Reply

  • မောင်ပေ

    October 23, 2012 at 2:15 pm

    အီးဗုံး = ကျွန်ုပ် မောင်ပေ တစ်ယောက် ငယ်စဉ် အလယ်တန်းကျောင်းသား ဘဝတုန်းက ဖြစ်သည် ။ ယနေ ့ခေတ် ကော်ဖီမစ်ထုပ်အရွယ် ၊ သို ့သော် ကော်ဖီမစ်ထုပ် ထက် ပိုဖောင်းသည် ။ အထုပ်ကလေးများကို တရုတ်ကျောင်းများအနီးမှ ဝယ်ယူကာ ၊ စာသင်ခန်းများတွင် လီကောင်း ၊ ကျူရှင်ခန်းများတွင် လီကောင်း ( ခရက်ဒစ်တူ ကိုအောင်ပု ) ၊ ကျောင်းသူလေးများအနားတွင် လီကောင်း ပစ်ဖောက်ခွဲ ခဲ့ဖူးသည် ။ အဆိုပါ အထုပ်လေးကို မြေပြင်သို ့ အားဖြင့် ပစ်လိုက်ပါက ၊ အထုပ်မှာ ဖောက်ခနဲ မြည်ပြီး အထဲမှ ဘာအရည်တွေမှန်းမသိ ထွက်အိ ။ အဆိုပါနှင့် တစ်ပြိုင်နက် ၊ အောင့်သက်စရာ နှာခေါင်းပိတ်စရာ အနံ ့ဆိုးကြီးမှာ လှိုင်လှိုင်ကြီး ထွက်လာတော့လေသည် ။ အီကို အီးဗုံး ဟု အမည်သညာခေါ်တွင်ခဲ့သည်။
    ယခု ဆန္ဒ အဆိုပြုသူ ဘလာစီယာရဲစည် အိ ခသုံးလုံး.. ခြိမ်းခြောက်ခြင်း ဖြစ်သော ဗုံးခွဲမည် ဆိုသည်မှာ ၊ အဆိုပါ အီးဗုံး လဲ ဖြစ်နိုင်ကြောင်းကို
    ခါးညောင်း(ကွန်ပျူတာရှေ ့ထိုင်ရရွေ ့) ၊ လက်ညောင်း (တိုက်ပင်းရိုက်ရရွေ ့)
    မျက်စိညောင်း(စာကြည့်ရရွေ ့) ၊ အချိန်ကုန်ခံ ကာ ခန် ့မှန်း ကွန်မင့်လိုက်ရပေသည်
    ဂဏာဟိ ( မှတ်လော့ )

    Reply

    • ရဲစည်

      October 23, 2012 at 3:27 pm

      အူးပေဂျီး
      အီးဗုံးက အီးတုံးရဲ့ ကော်ပီရိုက် မူပိုင်မို့ တခြားနည်းလမ်း သုံးပါရစေ။

      Reply

  • Ma Ei

    October 23, 2012 at 2:49 pm

    ဆုပေးပွဲမှာ ရေစည်ပိုင်း ကွဲမယ် ဆိုပါလား…
    သတိထားဦးမှ..
    အနိစ္စ …

    Reply

  • နှင်းဆီ ငုံ

    October 23, 2012 at 4:01 pm

    ပေးမယ် ပေးမယ် အကုန်ပေးမယ်
    နောက်ထပ်လိုချင်တာရှိလည်း ပွင့်ပွင့်လင်းလင်းတောင်းပါ
    ဟီးးး

    Reply

  • ရွှေအိမ်စည်

    October 23, 2012 at 5:18 pm

    တိုက်ပွဲဝင်ပါမည်….
    စုရပ်လေးဘာလေးသေချာပြောအုံး
    တောင်းဆိုတာလိုက်ရင်….မိးခိုးတိတ်ဆို…
    အသေရရအရှင်ရရတောင်းကြမယ်….

    Reply

  • ဒီမှာ ကရဲစည်….. ကျုပ်က ခင်ဂျားကို အပြည့်အဝ ထောက်ခံမဲ ပေးတယ်ဆိုရင် ခင်ရျား က ကျုပ်ကို ၃ဝ % ခွဲပေးမလား..။

    အသေးစိတ်အချက်အလက်များကို ကျုပ် လက်ထောက်ကနေတစ်ဆင့်ဆက်သွယ် မေးမြန်းပါ
    ပုံ မဟာအကျော်ဇေယျသင်္ခ (ဘီယာ) သရေစည်သူမင်းကြီး မဟာ မောင်အာဂ

    Reply

  • မိုက်ဒလယ်ကွာ…
    သဂျီးဘက်က ပေးဖို့ရာနှုန်းကနည်းဒယ်ဆိုတော့ ဆုပေးပွဲမှာ ဗုံးခွဲမှာသေချာနေပြီ…
    စီဂျေနှင်းကေသရာကွ… အဲ့နေ့ကျရင် သတင်းကို ဒါ့ပုုံနှင့်တကွ အမိအရယူပြီး မီဒီယာမှာ ဦးဆုံးဖြန့်မယ်…. :kwi:
    ချယ်ဘဲ…

    Reply

    • မိုးသောက်ချိန်

      October 23, 2012 at 8:00 pm

      နှင်းကေသရာမွန်မွန် ခင်ဗျား
      ကျွန်ုပ်အမှုသည် KING ENTERTAINMENT သည် ဤ ဗုံးခွဲပွဲကို တစ်ဦးတည်းမူပိုင် တိုက်ရိုက် Live ထုတ်လွှင့်ခွင့်ရရှိပြီး ဖြစ်ပါသည်….
      ထို့အတွက် ဤဗုံးခွဲပွဲ ပုံများ၊ စာများအား ထပ်ဆင့်သော်လည်းကောင်း တိုက်ရိုက်သော်လည်းကောင်း ပြည်သူများအား ထုတ်လွှင့်ဖော်ပြပါက တည်ဆဲဥပဒေများအရ တရားစွဲဆို အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းးးးးးးးးး
      ပုံ
      Forever ….. အဲမှားလို့ KING ENTERTAINMENT မှ လွဲအပ်ချက်အရ
      လက်တစ်လုံးခြား မောင်လာရော်
      B.A(law), LL.B, LL.M (UK = အပ်ပါးခနောင်တို)
      အလယ်တန်းရှေ့နေ 😆

      Reply

      • ရဲစည်

        October 23, 2012 at 8:57 pm

        ၆ပလုပ်တုတ် ….
        ဒီကတောင် မစရသေးဘူး
        ခပ်ကွင်းပြင်နေတုန်း ခရိုနီနဲ့ မီဒီယာ ချကုန်ပီလား …
        စိတ်လေဒယ်

        Reply

  • padonmar

    October 23, 2012 at 7:44 pm

    ဖျားဖျားဖျား မောင်ရေစည်.
    ချမ်းသာပေးပါကွယ်။
    တစ်သက်လုံးစိတ်ထဲက ကျိတ်ပြီးကခဲ့ရတဲ့ အငြိမ့်ကို ဆုပေးပွဲကျမှ ရွဖို့ စိတ်ကူးထားတာ။
    ဩကာသခြင်းလေး အိ်မ်ပို့လိုက်မယ်လေ။

    Reply

  • အရီးခင်လတ်

    October 23, 2012 at 7:58 pm

    {{ ရဲစည် says:
    သများ၏ ဆန္ဒဖော်ထုတ်မှုတွင် သူကြီးရာထူး မပါသဖြင့် မယူပေါင်
    ဖြစ်နိူင်ရင်တော့ လက်ရှိပေါင်းနေတဲ့ မိုက်ကယ်ဂျော်နီအောင်ပုနဲ့
    ကွာပီး သူကြီးတော့ လိုချင်သား ……..။
    သူကြီးကတော် ဆိုတာ နည်းတဲ့ အဆင့်မှ မဟုတ်တာ။ }}

    ကဲ .. ကဲ ….
    လိုချင်တဲ့ “သူကြီး ကတော်” ဘွဲ့ ယူစေကွဲ့။ ယူစေ။
    ဘပု ကို ထားလိုက်။ မတွေးနဲ့။ ကြောင်ကြီး ရှိတယ်။

    ရွာသူ/သား အပေါင်းတို့
    ရွာ၏ ငြိမ်းချမ်းသာယာရေး ကို ရှေ့ရှု ၍ ယနေ့ ကစလို့ “မောင်စည်”(ခေါ်) မောင်ရဲစည် အား
    “သူကြီးကတော်” ဟု ပြောင်းလဲ ခေါ်ဝေါ်ကြစေရန် ပန်ကြားပါသည်။
    “သူကြီးကတော်” အား သူကြီးအား ဆက်ဆံကြသလို ပင် ဆက်ဆံရမည်ဖြစ်ကြောင်း သိစေအပ်ပါသည်။
    (ရွာထဲ မှာ သူကြီး ကို ဘယ်လို ဆက်ဆံ ကြသတုန်း 🙄 )

    ပုံ
    သီ ဂရမ်း ဂျူ့ & ကွန်မန်ဒါ အင် ချိဖ် အော့ဖ် မန်းဒလေး ဂဇက် အရီး

    ကဲ
    သူကြီးကတော်
    ကျေနပ်ပြီနော်။
    ပွဲ အဖျက် နဲ့ တော့။ :kwi:

    Reply

    • ရဲစည်

      October 23, 2012 at 8:54 pm

      ဒါလောက်နဲ့တော့ ကျေနပ်သေးဘူး
      ကွန်မင်ဒါအင်ချိ ရဲ့ နဂိုရှီရိပ်လုပ်ပေးလို့ နည်းနည်းတော့ စိတ်ဝင်စားသွားပီ…။
      ဒါပေမဲ့ ချက်ချင်းကြီး သဘောတူလိုက်လို့ မရဘူး… နည်းနည်းတင်းခံထားဦးမှ
      ငွင်း..ငွှင်း
      :kwi:
      ဒမယ် အရီး …
      အရီးကိုယ်တော့ ခင်ပါတယ်..။
      ဒါပေသိ တောင်းဆိုထားတာတွေ လိုက်လျောမှု မရသေးတော့ ညှင်း..ညှင်း
      ပြောတဲ့အတိုင်း လုပ်ရတော့မှာပေါ့ … အချိန် ၄၈နာရီပေးပါ့မယ့် …ခွစ် ခွစ်
      အင် .. ဘဏ်ဓါးပြရုပ်ရှင်ကားတွေနဲ့ ရောကုန်ပီ …. :mrgreen:

      တော်သေးပီ
      ပုံ/
      သဂျော်ကတီး / သဂျီးကတော်

      Reply

  • ကိုခင်ခ

    October 23, 2012 at 8:17 pm

    အကယ်၍တောင်းဆိုတာတွေ မလိုက်ရောခဲ့လို့ရှိရင် ဆုပေးပွဲမှာ အသေခံ ဗုံးခွဲမယ်ဆိုတာ
    သေနေတဲ့အကောင်တစ်ခုခုခံထားတဲ့ ဗုံး ( အသေခံ ဗုံး )။
    မိမိကိုယ်မှာ ဗုံးတပ်ပြီး အသေခံခွဲတဲ့ဗုံး ( အသေခံ ဗုံး )။
    အဲလို အတွေးနှစ်ခုရတယ်နော် ဘယ်ဟာလဲရှင်းအောင်ပြောအုံးလေ။

    Reply

    • ရဲစည်

      October 23, 2012 at 9:00 pm

      ၂ ခုစလုံး မဟုတ်တာတော့ သေချာသလောက်ပဲ ..။
      အစားထိုးပေးမဲ့သူ ရရင်တော့ တမျိုးပေါ့ ကိုခရယ် .။
      :mrgreen: တား မိန်းမရသေးဘူးဂျ …။

      Reply

  • ဘရားသား

    October 23, 2012 at 9:24 pm

    ဒီတိုင်းဆို မိန်းမ မရတော့ဘူးလေ ၊ သူကြီး မိန်းမဘဲ လုပ်လိုုက်ပါတော့ .ခွစ်ခွစ်

    Reply

  • အလင်းဆက်

    October 23, 2012 at 9:30 pm

    ဟိုက်

    ဘယ်ရိုဖစ်တာတုန်း… ကိုရဲ.ရယ်…

    :buu:

    Reply

  • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

    October 24, 2012 at 11:37 am

    လူဂျီးသူမ
    ဘူပြီးသူချ
    အူငြီးဆူဖွ
    ခူကြီးထူပ။

    Reply

  • Black Cloud

    October 24, 2012 at 5:35 pm

    သရော်စာ
    ဘလော့ဂါ
    အပေါ်မှာ
    ချော်တာ
    ဘောချာ
    မှော်ဆြာ
    ရှော်တာ
    အော်လ်တာ

    Reply

  • YE YINT HLAING

    October 24, 2012 at 7:00 pm

    သရော်စာ တောင်းဆိုချက်
    အပျော်ရှာထောင်းသလိုညက်
    ပေါ်ကာဒေါင်းလိုသကွဲ့
    ဂျော်ကာ တောင်းသလိုတက် အဲ အဲ

    ဘာဆက်ရေးရမှန်း သိတော့ဘူး ။

    Reply

  • ရဲစည်

    October 24, 2012 at 8:17 pm

    ကျနော် မောင်ရဲစည်မှ လာရောက်ဖတ်ရှု အားပေးကြကုန်သော
    အစ်ကို အစ်မ အပေါင်းအား ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ..။
    ကွန်းမင့်ထူထူတွေနဲ့ ဆက်ရှည် ဆွဲယူ ပွဲဆူအောင် လုပ်ချင်ပေမဲ့
    ဒီအတိုင်းလေးဘဲ
    အဆုံးသတ်
    ပျော်ပျော်နဲ့ ပေါ့ပေါ့ပါးပါး
    ပြီးဆုံးစေချင်ရဲ့

    ဒီပို့စ်မှာ ကျနော် တောင်းတာတွေ တစ်ခုမှ မရပါဘူး ..။
    မရလို့လည်း ကျနော် ဘာမှ မခံစားရပါဘူး …………..။
    ကျနော်ရေးနေရရင် အားလုံးနဲ့ ထပ်တူထိတွေ့ နေရရင်
    ဘဝအမောတွေ ပြေပျောက် ဖြေဖျောက်နိူင်ရင် ကျေနပ်ပါတယ်ဗျို့ ……။
    သို့ကလိုကြောင့် ပျော်ရွှင်စရာ လေးတွေနဲ့ ပိတ်သိမ်းရင်း

    အားလုံးကို ကျေးဇူးတင်ပါတယ်
    အားလုံးသော သူတော်ကောင်း အပေါင်းတို့ လက်ညှိုးနဲ့ လက်မကို မျှတစွာ အသုံးချနိူင်ကြပါစေ…။

    Reply

  • myanmar oscar

    October 25, 2012 at 1:56 am

    သမိန်ပေါသွပ်တဲ့ဟေ့……..
    ပေါရဲပေါကြည့်၊ တပေါတဲရှိတယ်…သွပ်..သွပ်..သွပ်…
    ရှင်ဂွမ်းဂွိနဲ့ အလာကားကျော်စွာလဲ ပါတယ်နော်…..။
    ပုံ/ တောင်ပုလုမြို့စားကြီး။

    Reply

Leave a Reply

Your email address will not be published.