Mr WorldWideOctober 29, 20131min05
လူအဖွဲ့အစည်းအပေါ်တွင် ကောင်းမွန်စွာထောက်ပံ့မှုပေးနိုင်ရန် သုတေသနလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ Ciclopirox လိမ်းဆေးကို အသုံးပြုခြင်းဖြင့် HIV ပိုးများအား ချေမှုန်းသုတ်သင်နိုင်စွမ်းရှိပြီး ၎င်းပိုးအား နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာမှုမရှိအောင် တားဆီးနိုင်စွမ်းရှိသည်။ ယခုနည်းပညာကို လေ့လာနေသော Rutgers New Jersey Medical School မှ ပြောကြားချက်အရ ” Ciclopirox သည် ခေတ်စားနေသော နောက်ဆုံးပေါ် ခုခံကာကွယ်ဆေးများနှင့် မတူညီသော်လည်း HIV ပိုးအား တိုက်ခိုက်ချေမှုန်းနိုင်စွမ်းရှိပြီး ရောဂါပိုးနောင်ထပ်ပြန်ပေါ်မလာအောင် ပိုးကို ချုပ်နှောင်ထားနိုင်သည် ” ဟု ဆိုသည်။ ထို့အပြင် အဆိုပါအဖွဲ့မှ အခြားသောသုတေသနသမားများအနေဖြင့် Ciclopirox အား လူသားများ အတွက် ခြေထောက်လိမ်းဆေးခရင်မ်အဖြစ် အသုံးပြုနိုင်သည်ကို သက်သေပြခဲ့ပြီး FDA (Food and Drug Administration) နှင့်Europa ၏ EMA (Europen […]


Mr WorldWideOctober 29, 20131min06
အမေရိကန်ကြည်းတပ်အနေဖြင့် ှုမသည Iron Manဝတ်စုံကဲ့သို့ ၎င်းတို့၏ စစ်သည်များအတွက် သမားရိုးကျ ဝတ်စုံထက် ခုခံအားကောင်းပြီး ခံနိုင်ရည်ပိုရှိစေမည့် ပြည့်စုံကောင်းမွန်သော ဝတ်စုံထုတ်လုပ်နိုင်ရန် အစီအစဉ်များ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါသည်။ ထို့ကြောင့်  အစိုးရ၏ သုတေသနအဖွဲ့များ၊ နည်းပညာစက်ရုံများနှင့် တက္ကသိုလ်များအား ဖိတ်ခေါ်၍ Iron Man ဝတ်စုံတည်ဆောက်မှုတွင် ပါဝင်ကြရန်ကြည်း တပ်အနေဖြင့် နှိုးဆော်ထားသည်။ လက်ရှိ Tactical Assault Light Operator Suit (Talos) ဝတ်စုံအား အဆင့်မြင့်အလွှာများဖြင့် ပြုလုပ်ထားသော်လည်း ၎င်းတွင် အာရုံခံစနစ်များတပ်ဆင်ရန် လိုအပ်နေပါသေးသည်။ ထို့ကြောင့် ၎င်းဝတ်စုံ အား Google Glass ကဲ့သို့ ကွန်ပျူတာနှင့်ချိတ်ဆက်နိုင်သော ကွန်ရက်စနစ်များရှိရန် လုပ်ဆောင်မည်ဟု စစ်ဘက်မှ ဆိုသည်။ ခန္ဓာကိုယ်၏ အပူချိန်၊ နှလုံးခုန်နှုန်း နှင့် […]


Hlaing Zar ChiOctober 28, 20131min00
    ပခုက္ကူခရိုင်၊မြိုင်မြို့နယ်နေသူ အသက်(၁၃)အရွယ်(၈)တန်းကျောင်းသူသည် အောက်တိုဘာ(၂၅)ရက်နေ့ညနေ(၄)နာရီ ချိန်က ကျူရှင်ဆရာတစ်ဦး ၏နေအိမ်စာသင်ဝိုင်းမှ၎င်း၏မိဘများနေထိုင်ရာရွာ၏ အနောက်ဘက်(၄) ဖာလုံ ခန့်အကွာရှိ ဆည်ကုန်းတောတိုက် သို့စက်ဘီးဖြင်တစ်ဦးတည်းပြန် လာခဲစဉ် မောင်ထွန်း၊အသက်(၃၃)နှစ် ရေနံမှော်လုပ်သား မှလမ်းတွင် စက်ဘီးအားတွန်းလှဲပြီးလူအားဆွဲခေါ်ကာ ကာမစပ်ယှက်ရန်ကြံစည်အားထုတ်သဖြင့် အဆိုပါမိန်းကလေးမှာရုန်းကန် ထွက်ပြေးပြီး  ဖခင်ဖြစ်သူအားပြောကြားခဲ့သဖြင့် မောင်ထွန်းအားအရေးယူပေးပါရန်တိုင်တန်းခဲ့ရာ သက်ဆိုင်ရာ မြိုင်မြို့ နယ်၊ဗဟင်းနယ်မြေရဲစခန်းမှ (ပ)၄၁/၂၀၁၃၊ပုဒ်မ ၃၇၆ /၅၅၁ ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။


Hlaing Zar ChiOctober 28, 20131min00
    မင်းဘူးခရိုင်၊ငဖဲမြို့နယ်၊ပဇီကျေးရွာကွက်သစ်တွင် အောက်တိုဘာလ(၂၄)ရက်နေ့ညနေ(၅)နာရီ(၃၀)မိနစ်ချိန်က ရဲဘက်ပြေးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ ရဲအုပ်အောင်သွင် နှင့်အဖွဲ့သက်သေများနှင့် အတူသွားရောက် ဖမ်းဆီးခဲ့ ရာ ချစ်ဝမ်း၊အသက်(၃၇)နှစ်၊ပဇီကျေးရွာကွက်သစ် ငဖဲမြို့နယ်နေသူအားဖမ်းဆီးရမိပြီး  စစ်မေးခဲ့ရာ ၎င်းသည် မင်းဘူးမြို့မရဲစခန်းမှ မယ(ပ) ၁/၂၀၀၁၊မူးယစ်ဆေးဝါးနှင့်စိတ် ကိုပြောင်း လဲစေသော ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀/၂၁ ဖြင့်ထောင်(၅)နှစ်ကျခံရပြီး ကရင်ပြည်နယ်၊ မြိုင်ကလေးဝန်ဆောင်လုပ်သားအဖြစ်ရဲဘက်စခန်းသို့ပါသွားရာမှ ထွက်ပြေးလာသူဖြစ်ကြောင်းစစ်ဆေးတွေ့ရှိ ရ၍ ချစ်ဝမ်း အား အရေးယူပေးပါရန် ရဲအုပ်အောင်သွင် မှတရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် သက်ဆိုင်ရာ မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း မှ (ပ)၁၁၆/၂၀၁၃၊ပုဒ်မ ၂၂၄ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သက်ဆိုင်ရာရဲမှတ်တမ်းအရ သိရှိရသည်။


Thiha Phone MoOctober 28, 20131min00
     မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်ရှိ နတ်မောက်-ပျော်ဘွယ်ကားလမ်းနှင့် နတ်မောက်-ရေနံချောင်းကားလမ်ဘေး ပေ(၂၀၀၀)ခန့်အကွာရှိ နတ်မောက်-မရိုးတောလှည်းလမ်းဘေး ကန်လည်ကွင်း အမှတ်(၅၁၁) ဦးနေအောင်၊ဈေးသာရွာနေသူ၏ ယာခင်းအတွင်းရှိ ပြည်-ဆားခါးသဘာဝဓါတ်ငွေ့ပိုက်လိုင်းမှခွဲယူထားသည့် မကွေး-နတ်မောက်-ပျော်ဘွယ် -တောင်ကြီး  ပြည်တွင်းသုံး (၁၄)လက်မသဘာဝဓါတ်ငွေ့ ပိုက်လိုင်းသည် အောက်တိုဘာ(၂၇)ရက်နေ့ညနေ(၄)နာရီချိန်ကပိုက်လိုင်းပေါက် ထွက်၍ဓါတ်ငွေ့များ အမြင့်(၄)ပေခန့်အထိပန်းထွက်နေသဖြင့် မီးဘေးအန္တရာယ်စိုးရိမ်ရသဖြင့် ဓါတ်ငွေ့ပိုက်လိုင်းအနီး ရှိ  ဈေးသာရွာ  နှင့် မရိုးတောရွာ မှရွာသူရွာသားများအား အဆိုပါဓါတ်ငွေ့ပိုက်လိုင်းအနီးသို့မသွားကြရန်တားမြစ်ထားကြောင်းနှင့် အဆိုပါနေရာအား မီးဘေးအန္တရာယ်မဖြစ်စေရေးအတွက် နတ်မောက်မြို့မရဲစခန်းမှ လုံခြုံရေးဆောင်ရွက်နေကြောင်းသိရှိရသည်။


Thiha Phone MoOctober 28, 20131min00
        မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အုတ်ပုံကျေးရွာရှိ  ဒဟတ်ပင်ရေနံမြေ(MOGE)ဘောလုံးကွင်း၏အနောက်ဘက် (၁)မိုင်ခန့်အကွာရှိ ဦးထွန်းကြည်၏ယာခင်းအတွင်း တွင် အောက်တိုဘာ(၂၇)ရက်နေ ့နံနက်(၄)နာရီ(၃၀)မိနစ်ချိန်ကမီးလောင်မှု ဖြစ်ပွားခဲ့သည်။  ဖြစ်စဉ်မှာ အဆိုပါယာခင်း အတွင်းရှိ မင်းမင်း၊မင်းဘူးမြို့နေသူပိုင်ရေနံတွင်း ၌ ရေနံခပ်လုပ်သား အန်မင်းဇော်  အောင်လံမြို့နေသူသည်ရေနံခပ်နေ စဉ် ရေနံခပ်ခွက်သံကိုင်းနှင့်ရေနံတွင်းသံပိုက်တို့ပွတ်တိုက်မိခဲ့သဖြင့်မီးစတင်လောင်ကျွမ်းခဲ့ သည်ဆို၏ အဆိုပါမီးလောင်မှုကြောင့်အနီးနားရှိ ရေနံကျင်းများပါမီးကူးစက်လောင်ကျွမ်း ခဲ့ရာ ရေနံကျင်း(၈) ကျင်း၊ကလပ် ခုံ(၈)ခုံ၊  ရေနံစိမ်းပေပါ(၂၄)လုံး စုပေါင်းခန့်မှန်တန်ဘိုး (၅၂)သိန်းခန့်မီလောင်ဆုံးရှုံးခဲ့သဖြင့် ပေါ့ဆစွာရေနံခပ်သူ အန်မင်းဇော် အား မင်းလှမြို့မရဲစခန်းမှ (ပ)၁၁၂/၂၀၁၃၊ပြစ်မှုပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရသည်။


Thiha Phone MoOctober 28, 20131min00
    မကွေးမြို့မရဲစခန်းမှ (ပ)၁၃၇/၂၀၁၃၊ပုဒ်မ ၃၇၆/၅၀၀/၅၀၆ အမှုမှ ဦးစိုးလွင်၊အသက်(၄၂)နှစ်။ကန်သာရပ်ကွက် မကွေးမြို့ နေသူသည် မိန်းကလေးတစ်ဦးအားသားမယားအဖြစ်ဆက်ဆံခဲ့သည့် ဗွီဒီယိုပုံများအား အီလက်ထရောနစ် နည်းပညာ ဖြင့် အင်တာနက်မှတစ်ဆင့် ထုတ်လွှင့်ပြသခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် စိုးလွင်အားအရေးယူပေးပါရန် အောက်တိုဘာ(၂၆) ရက်နေ့က မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကျော်စိုးမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် မကွေးမြို့နယ်၊မြို့မရဲစခန်းမှ(ပ)၂၁၃/၁၃ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၄(ဃ)ဖြင့်အရေးယူထားကြောင်းသက်ဆိုင်ရာမှသိရှိရသည်။


Hlaing Zar ChiOctober 28, 20131min00
   မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် မြောက်ခရမ်းရွာနေ ဦးကြည်ထွန်း၏နေအိမ်အား အောက်တိုဘာ(၂၆)ရက်နေ့ည(၇)နာရီ (၁၅)မိနစ်ချိန်ကသတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ဝရမ်းအမှတ်(၂/၂၀၁၃)ဖြင့် ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေစခန်းမှ ဒုရဲအုပ် အောင်ကျော်စိုးနှင့်အဖွဲ့ဝင်ရောက်ရှာဖွေခဲ့ရာ ဦးကြည်ထွန်းဝတ်ဆင်ထားသည့် အကျင်္ ီအိပ်ကပ်အတွင်းမှ (၁)လက်မခွဲခန့်ရှည် သောအအေးပိုက်အနီရောင်းဖြင့်ထည့်လျှက် ဘိန်းဖြူဟုယူဆရသောအဖြူရောင်အမှုန့်(ဝ.၁၃၆ဝ၉)ဂရမ်နှင့်ဘိန်းဖြူအမှုန့်များ ထည့်ရန်ပြင်ဆင်ထားသေား (၁)လက်မခန့်ရှိ အအေးပိုက်အနီရောင်(၅)ချောင်း၊နေအိမ်အိပ်ခန်းခေါင်းရင်း တွင်ထားသော သေတ္တာ အတွင်းမှ တစ်နေ့တာရောင်းရငွေကျပ်(၂၉၁၈၀)တို့အားသိမ်းဆည်းရမိခဲ့သဖြင့်အဆိုပါမူးယစ်ဆေးဝါးသုံးစွဲလက်ဝယ် ထားရှိဖြန့်ဖြူရောင်းချသူ ကြည်ထွန်အား ဂန့်ဂေါမြို့နယ်၊ကန်နယ်မြေရဲစခန်းမှ မူး/စိတ်(ပ)၂/၂၀၁၃၊ မူးယစ်၁၅/၁၆(ဂ) ဖြင့်အရေး ယူထားကြောင်းသိရှိရသည်။


Hlaing Zar ChiOctober 28, 20131min00
         မကွေးမြို့၊မဲထီးလမ်းရှိ အလက(၂) မြို့မကျောင်းတွင် အောက်တိုဘာ(၂၆)ရက်နေ့နံနက်(၉)နာရီမှနေ့လည်(၁၁)နာရီ ချိန်ထိ ၂၀၁၃ခုနှစ်၊တပ်တွင်းဒုရဲအုပ်လောင်း ဝင်ခွင့် ရေးဖြေ စာမေးပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်းအဆိုပါစာမေးပွဲအား မကွေးတိုင်း ဒေသကြီးတိုင်းရဲတပ်ဖွဲ့မှူး ဦးဝင်းကြည်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှအနီးကပ်ကြီးကြပ်ဆောင်ရွက်လျှက်ရှိပြီး အဆိုပါ တပ်တွင်းဒုရဲအုပ်လောင်း ဝင်ခွင့်ရေးဖြေ စာမေးပွဲတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အမျိုးသား(၁၇၆)ဦးတို့သည် မြန်မာစာ၊အင်္ဂလိပ်စာ၊အထွေထွေဗဟုသုတဘာသာရပ်တို့အားဖြေဆိုခဲ့ကြကြောင်းသက်ဆိုင်ရာမှသိရသည်။


alinsettOctober 28, 20131min036
ဂဇက် ဝဒိန်သာ သမဒ အူးမာဂဂျီးရဲ့ အရေးပေါ်သတင်းတစ်ခု. . .ဒီနေ့မနက်မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ် ။ ဂဇက်ဝဒိန်သာ နပ်ပျီမှာ အုန်းအုန်းထနေတဲ့ သတင်းထူးတစ်ခုဟာဆိုရင်ဖြင့် အူးမာဂ နဲ့ အူးမာဂရဲ့ ဖခမဲဒေါ် အံစာတုံးတို့ သားအဖကို အခြေခံပြီး ဖြစ်ပျက်ခဲ့ပါတယ် ။ သတင်းအစုံအလင်မှာ . . . . . . . .   —————————–   အူးမာဂ ဟာ . . . (အရွယ်ရောက်ပြီးသား သမီးတစ်ယောက်ရှိတဲ့ ) နပ်သမီးမုဆိုးမ ~ဒေါ်ဖွားမေဂျီးကို လက်ထပ်လိုက်ပါတယ်။   ဒေါ်ဖွားမေရဲ့ သမီး(အူးမာဂရဲ့ မယားပါသမီးဖြစ်လာတဲ့သူ)နာမည်က . . . ဘုတ်ဆုံမ လို့အမည်ရပါတယ်။   […]


အမေရိကန် နိုင်ငံရေးစနစ် ပျက်ယွင်းကောင်း ပျက်ယွင်းနေပေမဲ့ သူကြွယ်အသစ် မွေးထုတ်ပေးရာမှာ ကမာ္ဘကို ဆက်လက် ဦးဆောင်နေဆဲ ဖြစ်သည်။  အသစ်ထုတ်ပြန်သော ခရက်ဒစ်ဆွိစ် အစီရင်ခံစာက လွန်ခဲ့သည့်နှစ် နောက်တိုး မီလျံနာ ၁.၈သန်း စာရင်းတွင် ၁.ရသန်းမှာ ယူအက်စ်ဖြစ်ပြီး ယခုအခါ အမေရိကန် မီလျံနာ ၁၃.၂သန်း ရှိနေပြီဖြစ်သည်။ မြင့်တက်လာသော စတော့ရှယ်ယာဈေးကွက်၊ အိမ်မြေခြံဈေး ပြန်ဦးမော့လာမှုနှင့် ကျယ်ကျယ်ပြန့်ပြန် တိုးပွားလျက်ရှိသော ပစ္စည်း ဥစ္စာတန်ဖိုးများကြောင့် သူကြွယ်အရေအတွက် တဟုန်ထိုး မြင့်တက်လာသည်။ အံ့အားသင့်ဖွယ်အဖြစ် ပြင်သစ်နိုင်ငံသည် ကမာ္ဘ့ မီလျံနာ သန်းကြွယ်သူဌေး မွေးဖွားမှုနှုန်းတွင် ၂၈ရ ဝ၀ဝဖြင့် ဒုတိယလိုက်သည်။ သူ့နောက်တွင် ဂျာမနီ ၂၂၁ ဝ၀၀၊ အီတလီ ၁၂ရ ဝ၀၀၊ ဗြိတန် ၁၁ရ ဝ၀ဝ […]


Mr WorldWideOctober 25, 20131min013
ကမ္ဘာ့အပူချိန်မြင့်တက်မှုနှုန်းသည် တစ်ဖြည်းဖြည်းဖြင့် သတိပေးမှုအဆင့်ကိုပင် ကျော်လွန်ရောက်ရှိခဲ့ ပြီဖြစ်ပါသည်။ ”လူတို့၏ မရပ်တန့်နိုင်သော အပြုအမှုများကြောင့် လာမည့် နှစ်ပေါင်း ၁၀ဝ အတွင်း ပတ်ဝန်းကျင်ပျက်စီးမှုနှင့် ရာသီဥတုဖောက်ပြန်မှုများ ကြုံတွေ့ရတော့မည်” ဟု ဇီဝဗေဒပညာရှင် ပါမောက္ခ Frank Fenner ကဆိုသည်။ တွေ့ရှိချက်အသစ်များအပေါ်အခြေခံ၍ စာဖတ်သူအနေဖြင့် မိဘများ၏ လက်ရှိအသက်ကို ပိုင်ဆိုင်လာသည့် အချိန်မျိုးတွင် အေးမျှသောရာသီဥတုကို ခံစားရတော့မည် မဟုတ်ကြောင်း သိရပါသည်။ ၂၀၀၈ ခုနှစ် တွေ့ရှိမှုများအရ  သမုဒ္ဒရာထဲတွင် အက်ဆစ်ပါဝင်မှုနှုန်းသည် ၁၈၆ဝ မှ ၂၀၀၅ ခုနှစ်အတွင်း တိုင်းတာမှုထက် ပိုမိုများပြားနေသည်ကို တွေ့ရသည်ဟုဆိုသည်။ စက်ရုံများနှင့် လူတို့မှ ထုတ်လွှတ်လိုက်သော စုစုပေါင်း ကာဗွန်ဒိုင်အောက်ဆိုဒ်၏ ထက်ဝက်ခန့်အား သမုဒ္ဒရာများမှ စုပ်ယူထားပြီး ထိုကာဗွန်များကြောင့် ရေအက်ဆစ်ဓာတ်များဖြစ်ပေါ်လာကာ ရေထုအားညစ်ညမ်းစေမှုများ ဖြစ်ပေါ်စေပါသည်။ […]


Mr WorldWideOctober 25, 20131min05
သောမက်စ် အလ်ဘာ အက်ဒီဆင်အနေဖြင့် လျှပ်စစ်ကို စတင်တီထွင်နိုင်ခဲ့ပြီးသည့် နောက်ပိုင်းတွင် သိပ္ပံပညာရပ်များနှင့် နည်းပညာများ၏ အကူအညီဖြင့် ပိုမိုအားကောင်းသော မီးလုံးများကို ဖန်တီးတီထွင်လာခဲ့ ကြပါသည်။ ယခုတွင် တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များအနေဖြင့် ကမ္ဘာ့ပထမဆုံး WiFi ထုတ်လွှတ်နိုင်သော မီးလုံးကို တီထွင်နိုင်ခဲ့ပါသည်။ အဆိုပါနည်းပညာအား Li-Fi ဟုခေါ်ပြီး မီးလုံးတွင် Microchip တပ်ဆင်ထားကာ ၎င်းမှ အချက်အလက်များ ထုတ်လွှင့်ပြီး အမြန်နှုန်းမှာ ၁၅၀  Mbps ရှိပါသည်။ မီးလုံးမှ ထုတ်လွှတ်လိုက်သော WiFi အား တစ်ချိန်တည်းတွင် ကွန်ပျူတာလေးလုံးမှ အသုံးပြုနိုင်ပါသည်။ ၎င်းမီးလုံးများသည် ဈေးကြီးနိုင်သည်ဟု ထင်မြင်ယူဆလျက်ရှိသော်လည်း ယူဆသကဲ့သို့ မမြင့်မားနိုင်ကြောင်း သိရသည်။ တရုတ်သိပ္ပံပညာရှင်များအနေဖြင့် Li-Fi  မီးလုံး ၁ဝ လုံးကို နိုဝင်ဘာလတွင် နမူနာပြသသွားမည်ဟု ဆိုသည်။ Source:www.thetechjournal.com