nicolus agralNovember 11, 20131min030
OIC ဆိုတာဟာ Organisation of Islamic Cooperation ကို အတိုကောက်ခေါ်တာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၅ရနို်င်ငံပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ မူစလင်နိုင်ငံများရဲ့ အကျိုး စီးပွားကာကွယ်ရေး၊မူစလင်နိုင်ငံများ တိုးတက်ဖွံ့ဖြိုးလာစေရေး စတဲ့ရည်ရွယ်ချက်များကို ဝိုင်းဝန်း အကောင်အထည်ဖော်နိုင်ဖို့ ဖွဲ့စည်းထားတဲ့ဘာသာရေးအခြေပြုအဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။ ပေါ်ပေါက်လာပုံ ၁၉ရာစုနှစ်လောက်ကတည်းက မူစလင်ဘာသာဝင်များအနေနဲ့ သည်လိုအဖွဲ့အစည်းမျိုးကို တည် ထောင်ဖို့ ရည်ရွယ်ခဲ့ကြတယ်။၁၉၆ရခုနှစ် အစ္စရေး-ပါလက်စတိုင်း ခြောက်ရက်ကြာစစ်ပွဲအပြီး အစ္စရေးတို့ စစ်ပွဲအောင်မြင်ပြီး နောက်ပိုင်းမှာတော့သည်လို အဖွဲ့အစည်းမျိုးဟာ အရေးတကြီးလိုအပ်လာပြီလို့ မူစလင် ခေါင်းဆောင်များကို တပ်လှန့်လိုက်သလိုဖြစ်သွားပါတယ်။သည်လိုနဲ့ မူစလင်ခေါင်းဆောင်များ စုစည်းပြီး ၁၉၆၉၊စက်တင်ဘာလ ၂၅ရက်နေ့မှာ OIC ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ စတင်ဖွဲ့စည်းချိန်မှာတော့ OIC ရဲ့အမည်က Organisation of the Islamic Conference ဖြစ်ပါ တယ်။အဖွဲ့ရဲ့ကြေညာစာတမ်းထဲမှာ အစ္စလာမ်နိုင်ငံများရဲ့ […]


KyaemonNovember 11, 20134min015
  မယ်ဗင်နီဇူလာGabriela Isler က ၂၀၁၃ မယ်စက်ကြာဝဠာဘွဲ့ကို ဆွတ်ခူး သွားပြီ   မိုးစက်ဝိုင် မရလိုက်ပါ၊ ရွာသားတွေလက်ငင်း ရှူစားနိုင်ရန်  ပုံတွေတင်လိုက်တာပါ၊ (Paris ပါရစ် အကြောင်းဆက်တင်မှာပါ) အသက် ၂၅ နှစ်၊ မာရာကေ ဒေသ ကဖြစ်ပြီး ၅ ပေ ၁ဝ လက်မ အရပ် ရှိတယ်  


kaiNovember 10, 20131min022
တန်ဆောင်မုန်းလပြည့်ည သန်းခေါင်ယံကျော် တာနဲ့ ဆောင်းဥတု(ဟေမန္တ)သို့ ကူးပြောင်းလို့သွားပါပြီ။ ဆောင်းဥတုဟာ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက် နေ့မှ တပေါင်းလပြည့်ညလယ်အထိ ဆောင်းလေးလဖြစ် ပါတယ်။ မိုးဥတုနဲ့ဆောင်းဥတုအထူးဥတုပြိုင်ကာလမှာ အပူနဲ့ အအေး လေဒေါသနဲ့သလိပ်ဒေါသတို့ အားပြိုင်ကြပြီး ရောဂါဘယတွေဖြစ်ပွားနိုင်ပါတယ်။ မိုးဥတုမှာလေဒေါသ ကြီးစိုးမင်းမူခဲ့တဲ့အတွက် လေစာအခါးအရသာကို သွေး သားက တောင့်တသလို ဆောင်းဥတုအခါမှာတော့ သလိပ်ဒေါသကြီးစိုးမင်းမူတဲ့အတွက် သလိပ်ငြိမ်စာအချဉ် အရသာကို သွေးသားကတောင့်တပါတယ်။ အခုလို ဥတုနှစ်ပါးအားပြိုင်ကာလမှာ ဥတုနှစ်ပါး လုံးနဲ့သင့်မြတ်အောင် အခါးအရသာဖြစ်တဲ့ မဲဇလီဖူးကို ရှောက်ရည်၊ သံပရာရည်တို့နဲ့ချဉ်ချဉ်လေးသုပ်စားပါက ကျန်းမာရေးကိုကျေးဇူးပြုပါတယ်။ မိုးရာသီမှဆောင်းရာ သီအကူးဥတုနှစ်ပါးလုံးနဲ့ သင့်မြတ်တဲ့အတွက် ရောဂါ ဘယမဖြစ်ပွားအောင်ကာကွယ်ပေးပါတယ်။ သွေး၊ လေ၊ သလိပ်တို့ကို ညီညွတ်မျှတစေပါတယ်။ မဲဇလီဖူးကို အမြတ်တနိုးတန်ဖိုးထား စားသုံးခြင်းဟာ တိုင်းရင်းဆေး ပညာအမြင်နဲ့အလွန်သင့်မြတ်လှတဲ့ ရိုးရာဓလေ့ဖြစ် ကြောင်း […]


Hlaing Zar ChiNovember 9, 20131min00
မင်းလှမြို့နယ်ဒဟတ်ပင်ရေနံမှော်မီးလောင်မှုဖြစ်ပွားပြန် သရက်ခရိုင်၊မင်းလှမြို့နယ်၊ဒဟတ်ပင်ရေနံမှော်ရေနံမြေလုပ်ကွက်အမှတ်(၅)MOGE အနောက်ဘက်တစ်မိုင်ခန့်အကွာရှိ  ဦးသန်းဝင်း ၏ယာခင်းအတွင်းတွင် နိုဝင်ဘာ(၈) ရက်နေ့နံနက်(၁၀)နာ ရီ(၁၅)မိနစ်ချိန်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ဦးသန်းဝင်း၏ယာခင်းအတွင်း  ရေနံကျင်းပိုင်ရှင် ဦးလှမိုး အုတ်ပုံရွာ မင်းလှမြို့နယ်နေသူ ၏ကလပ်တွင်း၌  ရေနံလုပ်သား သန်းနိုင်ဦး ကလေးမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးနေသူသည် ရေနံခပ်စဉ် ရေနံခွက်နှင့်သံပိုက်ပွတ်တိုက်မိရာမှမီးပွင့်၍မီး လောင်မှုဖြစ်ပွားခဲ့ရာ အခင်းဖြစ်နေရာသို့ ဒေသခံများ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊MOGE ဝန်ထမ်းများပူးပေါင်း၍မီးငြိမ်းသတ် ခဲ့ရကြောင်း မီးလောင်မှုကြောင့် ရေနံစိမ်း(၁)ပေပါမီးလောင်ကျွမ်းခဲ့သဖြင့် ဆုံးရှုံးမှုတန်ဘိုးကျပ်(၅)သောင်းခန့်ဖြစ်ကြောင်း ရေနံအားပေါ့ဆစွာခပ်သူ သန်းနိုင်ဦးအား မင်းလှမြို့မရဲစခန်းမှ (ပ)၁၂၅/၂၀၁၃ ၊ပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။ ရေစကြိုမြို့နယ်တွင် အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံးမှုဖြစ်ပွား မကွေးတိုင်းဒေသကြီး၊ရေစကြိုမြိုနယ်၊ ပညှင်းကျေးရွာတွင် နိုဝင်ဘာ(၆)ရက်နေ့နံနက်(၄)နာရီချိန်ကကြိုးဆွဲချ သေဆုံမှုဖြစ် ပွားခဲ့သည်။ ဖြစ်စဉ်မှာအဆိုပါကျေးရွာနေ ဒေါ်ဂျစ်ခင် အသက်(၄၀)နှစ်သည်၎င်း၏နေအိမ်အတွင်း ထုတ်တန်းနှင့် မြေပြင်အ ကွာ(၆)ပေ (၈)လက်မခန့်တွင် နိုင်လွန်ကြိုးလုံးပတ်(၃)မူးခန့်နှင့်ကြိုးဆွဲချသေဆုံးနေသဖြင့် အခင်းဖြစ်နေရာသို့ ရေစကြိုမြို့မရဲစခန်းမှ […]


Hlaing Zar ChiNovember 9, 20131min00
မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးဖွင့်လှစ်သည့် ကွန်ပြူတာသင်တန်း(၃/၂၀၁၃) သင်းတန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ် မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီမှကြီးမှူးကျင်းပသည့် ကွန်ပျူတာသင်တန်း(၃/၂၀၁၃)သင်တန်း ဆင်းပွဲအခမ်းအနားအား နိုဝင်ဘာ(၈)ရက်နေ့နံနက်(၉)နာရီချိန်က မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း အခမ်းအနားတွင် ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီအမှုဆောင် ဦးဟန်မောင်မှသင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး မကွေးမြို့နယ်ပါတီအတွင်းရေးမှူး ဦးအောင်သိန်းကျော်မှ သင်တန်းသား (၁၂၅)ဦးအားသင်တန်းဆင်းအောင် လက်မှတ်များပေး အပ်ခဲ့ကြောင်း ထိုအခမ်းသို့ တိုင်း၊ခရိုင်၊မြို့နယ်များမှပါတီကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ရပ်ကွက်/ကျေးရွာများမှပါတီစည်းရုံးရေးမှူးများနှင့်အဖွဲ့ဝင်များ၊သင်တန်းသား၊သင်တန်း သူများ စုပေါင်းအင် အား(၁၇၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။ ကလေးငယ်များ ငါးရှာကျင်စက်ဖြင့်တို့သည်ကိုမပြုလုပ်ရန်တားမြစ်ရာမှလက်လွန်ခဲ့ဟုဆို အောင်လံမြို့နယ်၊လက်ပံကျေးရွာတွင် နိုဝင်ဘာ(၆)ရက်နေ့နေ့လည်(၃)နာရီချိန်က သမက်ဖြစ်သူမှ ယောက္ခမဖြစ်သူအား ဓါးဖြင့်ခုတ်၍သေဆုံးမှုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ လက်ပံကျေးရွာနေ အသက်(၅၅)နှစ်ရှိ ဦးလှငွေ သည်၎င်း၏သမီးဖြစ်သူ အသက်(၂၀)ရွယ် မခိုင်ယုမော် နှင့် မြေးဖြစ်သူ အသက်(၂)နှစ်(၈)လကလေးငယ် မပပဝင်း တို့နှစ်ဦးအား ငါးရှာစက်(ကျင်စက်) ဖြင့်လိုက်တို့နေသည်ကို သားမက်ဖြစ်သူ ရန်အောင် မှ ငါးရှာကျင်စက်ဖြင့်ကလေးငယ်များအားမတို့ရန်ပြောသော်လည်းမရရှိ သဖြင့်ဒေါသဖြစ်ကာ အသင့်ကိုင်ဆောင် […]


myo chitNovember 8, 20131min015
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော် အစိုးရ သမ္မတကြီး၊ လွှတ်တော်တွင်း လွှတ်တော်ပြင်ပ ကျန်းမာရေးဝန်ကြီးဋ္ဌာနဝန်ကြီး၊ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီး၊ (WHO) အဖွဲ ့အစည်းနှင့် လူ ့အဖွဲ ့အစည်းနှင့် လူ ့အခွင့်အရေးဆိုင်ရာ လူမှု ကွန်ယက်အဖွဲ ့အစည်းများကို ပွင့်လင်းမြင်သာမှု သိရှိစေလိုကြောင်း အဆိုပြုတင်ပြလိုက်ရပါသည်။ အကြောင်းအရာ ။ ။ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို ့နယ် မဲဇလီတန်းဒေသ ကြံကောရပ်ကွက်ထဲတွင် နွားသတ်ရုံထားရှိခြင်းဖြစ်ပါသည်။ လုပ်ငန်းပိုင်ရှင်များမှာ ၁။ ဦးမျိုးလေး၊ ၂။ ဦးကျော်ကြီးနှင့် ၃။ ကိုသေဖာတို ့ဖြစ်ပါသည်။ ဤရပ်ကွက်ထဲတွင် ရဟန်းရှင်နှင့် ပြည်သူများ နေ ့စဉ် သွားလာနေကြပါသည်။ နွားသတ်ရုံ၏ ဆိုးကျိုးများမှာ စွန် ့ပစ်ထားသော အရိုးပုံ၊ ဆေးကြောထားသော သွေးရည်တစ်ချို […]


လက်ရှိမြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စု လွှတ်တော် (ဝါ) သမ္မတရွေးချယ်ရေး အဖွဲ့က ရွေးချယ် တင်မြှောက်လိုက်သည့် နိုင်ငံတော်သမ္မတသည် အစိုးရအဖွဲ့တွင် ပါဝင်မည့် ဝန်ကြီးများ၏ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရသည်။ သမ္မတသည် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ဖြင့် အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီးသည်နှင့် အုပ်ချုပ်စီမံ ခန့်ခွဲရေးတာဝန်ကို သီးခြား ထမ်းဆောင်သည်။ ဆိုလိုသည်မှာ သမ္မတကို အမေရိကန် ပြည်ထောင်စုကဲ့သို့ လူထုက တိုက်ရိုက်ရွေးကောက် တင်မြှောက်ခြင်း မဟုတ်ဘဲ ပြည်သူလူထု ကိုယ်စား လွှတ်တော်တွင် တာဝန်ထမ်းဆောင်ရန် ရွေးချယ် တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ် များက ရွေးချယ်ပေးခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရပါက လက်ရှိအုပ်ချုပ်ရေး တာဝန် ယူထားသော အစိုးရ(ဝါ) နိုင်ငံတော်သမ္မတသည် […]


ပညာရေး၊ ကျန်းမာရေး အပါအဝင် လူမှုရေး ကဏ္ဍအတွက် အစိုးရ အသုံးစရိတ်မှာ စုစုပေါင်း နိုင်ငံ့သုံးစွဲငွေ၏ ၈ ဒသမ ၈ ရာခိုင် နှုန်းခန့်သာရှိပြီး ယင်းကဏ္ဍများအတွက် လူတစ်ဦး တစ်နှစ်အသုံးစရိတ်မှာ ကျပ် ၉၀၀ဝ အောက်သာ ရှိနေကြောင်း သိရသည်။ ယင်းအချက်အလက်များကို နိုဝင်ဘာ ၆ ရက်က ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့သည့် ကလေးသူငယ်များအတွက် လူမှုရေးဆိုင်ရာ ဘဏ္ဍာငွေသုံးစွဲမှု တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ယူနီဆက် (ဖ်) မှ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ဖြန့်ဝေသော အချက်အလက်များအရ သိရသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရရှိခဲ့သော စာရင်းများအရ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ အစိုးရအနေဖြင့် ၎င်း၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တစ်ရပ်အဖြစ် လက်ရှိ […]


လျှပ်စစ်မီတာခ လျော့ကျစေရေးအတွက် ရန်ကုန်မြို့တွင် နိုဝင်ဘာ ၆ ရက်က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ထိုသို့ဆန္ဒပြမှုကို နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ သိမ်ကြီးဈေးအနီး သိမ်တော်ကြီးအရှေ့တွင် စတင် ဆန္ဒဖော်ထုတ် ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ ကိုသိန်းအောင်မြင့် (အထက် မြန်မာပြည်တာဝန်ခံ) အပါအဝင် ကိုတင်မောင်ကြည် (ရန်ကုန်တိုင်းတာဝန်ခံ)၊ ကိုဇေယျာလင်း (ပြန်ကြားရေးတာဝန်ခံ)၊ ကိုဇာနည် (နိုင်ငံခြားရေးရာ တာဝန်ခံ) နှင့် ကိုနောင်နောင်တို့ ငါးဦးပါဝင်ခဲ့ကာ ဆူးလေဘုရားအထိ လမ်းလျှာက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ လမ်းလျှောက်ဆန္ဒပြသူများသည် “နိုင်ငံတော် သမ္မတနှင့် ပြည်သူ့လွှတ်တော် နိုင်ငံသားများကို ကယ်တင်ပါ”၊”မီတာခ တိုးမြှင့်ကောက်ခံခြင်း လုပ်ရပ် ချက်ချင်းရပ်”၊ ကုန်ဈေးနှုန်း ကျဆင်းရေး မီတာခတွေ […]


alinsettNovember 6, 20133min060
  အဟက်  အဟက်… မတော်တရော်တွေ တွေ ့ခဲ့တယ်..။                                 ဟို….  နိုင်ငံခြားသားတွေ မြင်သွားပြီ… ရှက်ထာ….               5 ရက် 11 လ 2013  တုန်းက… ကျောက်တန်းက..ကျိုက်မှော်ဝန်းနဲ ့..ကျိုက်ခေါက်စေတီတော်သွားခဲ့ပါတယ်  ။ အမြင်မတော်တာတွေရော.. အမြင်တော်တာတွေရော…. တန်းစီနေလို ့…. နည်းနည်း..ပြောပြကြည့်တာပါ.. ။ မမခိုင်ဇာ ကို တ ပြီးပြောလိုက်တယ်နော်..။ အဟိ ။  ဘာရယ်တော့မဟုတ်ပါဘူး  […]


Thiha Phone MoNovember 6, 20131min00
အောင်လံမြို့နယ်ရှိဘွတ်ကြီးဆည်ရေလွှတ်မြောင်းအတွင်း အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိ      မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ်ရှိ ဘွတ်ကြီးဆည်ရေလွှတ်မြောင်းအတွင်း နိုဝင်ဘာ(၅)ရက်နေ့ညနေ(၄)နာရီခွဲ ချိန်က ဝတ်လစ်စလစ်နှင့်အမျိုးသမီးအလောင်းတစ်လောင်းတွေ့ ရှိကြောင်း သိရှိရသည်။အခင်းဖြစ်နေရာသို့ ရွှေပန်းတောနယ် မြေရဲစခန်းမှ ဒုရဲအုပ် ထွန်းကြွယ်နှင့်အဖွဲ့သက်သေများနှင့်သွားရောက်စစ်ဆေးခဲ့ရာ မမော်လွင်၊ အသက်(၃၈)နှစ်၊ ကျေက်ပန်းတောင်း ရွာ အောင်လံမြို့ နယ်နေသူဖြစ်ကြောင်းသိရှိရပြီး ပြင်ပဒဏ်ရာတစ်စုံတစ်ရာမ တွေ့ရှိရကြောင်း  ထိုမိန်းကလေး သေဆုံးမှုနှင့်ပက်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သိရှိရန်အတွက် အောင်လံမြို့နယ် ၊ရွှေပန်းတော နယ်မြေရဲစခန်းကသေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၃ ဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်းသိရှိရသည်။ ပေါက်မြို့နယ်တွင် ဝန်ထမ်းအယောင်ဆောင်လိမ်လည်သူအားဖမ်းဆီးမိ ပခုက္ကူခရိုင်၊ပေါက်မြို့နယ်၊ ဝန်တင်ကျေးရွာတွင် နိုဝင်ဘာ(၄)ရက်နေ့က ကျောင်းစစ်အရာင်ဆောင်၍ငွေလိမ်ယူမှုဖြစ်ပွား ခဲ့သည်။ ဖြစ်စဉ်မှာအဆိုပါနေ့နံနက်(၉)နာရီချိန်က ဝန်တင်ကျေးရွာမူလတန်း လွန်ကျောင်းကော်မတီ မှ ဦးမြင့်လွင် မှကျောင်းစစ်ရောက်နေ ကြောင်း ဝန်တင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး မောင်ဖိုးတွဲ ထံလာရောက်သတင်းပို့သဖြင့် ကျောင်းသို့သွားရောက်သောအခါ  ကျောင်းရုံးခန်းအတွင်း တိုက်ပုံအကျင်္ ီအဖြူ ၊ကျောင်းစိမ်းလုံချည်၊လက်ရှည်အအဖြူဝတ်ဆင်ထားသည့် နေမင်း(ခ)သားဇော်၊ ကန်ကျေးရွာ ဂန့်ဂေါမြို့နေသူအားတွေ့ရှိရာ၎င်းမှာ […]


Thiha Phone MoNovember 6, 20131min00
မောင်ဖြစ်သူမှအစ်မဖြစ်သူအားအမွေကိစ္စဖြင့်စကားများရာမှပုလင်းဖြင့်ရိုက်မှုဖြစ်ပွား                စလင်းမြို့နယ်၊မြောင်းမကြီးကျေးရွာနေတရားလို မမာရီ အသက်(၃၉)နှစ်သည်နေအိမ်တွင်ရှိနေစဉ် မောင်ဖြစ်သူ ဖိုးထောင်(ခ)အေးနိုင် နှင့် သူငယ်ချင်းဖြစ်သူမျိုးကိုတို့အိမ်လည်ရောက်ရှိ လာပြီး နေအိမ် တွင်ချက်ပြုတ်ထားသည့် ဝက်သားဟင်း နှင့်၎င်းတို့အသင့်ပါလာသည့် အရက်နှင့်သောက်စားနေစဉ် ထနောင်းရွာရှိ မိဘများကျန်ရစ်ခဲ့သောအိမ်ဝိုင်းနှင့်ပက်သက်၍အမွေ ကိစ္စစကားပြောရာမှ မောင်ဖြစ်သူ ဖိုးထောင် (ခေါ်)အေးနိုင်မှ အရက်ပုလင်းခွံနှင့်မမာရီ၏ဦးခေါင်းအား(၃)ချက်ရိုက်ခဲ့ရာ မမာရီတွင် ဝဲဘက်ဂျိုဇောင်းပေါက်ပြဲဒဏ်ရာ(၁)ချက်၊နောက်စေ့ပေါက်ပြဲဒဏ်ရာ(၁)ချက်(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့သဖြင့် မမာရီမှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ စလင်းမြို့နယ်၊မြို့မရဲစခန်းမှ (ပ)၆၇/၂၀၁၃၊ပြစ်မှုပုဒ်မ ၃၂၅ ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။ နိုင်ငံတော်ပိုင်သစ်များ ခုတ်ယူ ခွဲစိတ်သယ်ယူပို့ဆောင်နေသူများအားဖမ်းဆီးမိ    မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ကျွန်းဒုတ်ကျေးရွာနှင့်ချင်းပြည်နယ်၊ဟားခါးမြို့နယ်၊ဘုံဇုံကျေးရွာနယ်စပ်တွင် တရားမဝင် သစ်များခုတ်ယူ၊ခွဲစိတ်၊သယ်ယူပိုဆောင်နေကြောင်းသတင်းအရ သက်ဆိုင်ရာ ဂန့်ဂေါခရိုင်သစ်တောဦးစီးဌာလက်ထောက် ညွှန်မှူး ဦးကျော်မင်းသိန်း ဦးဆောင်သည့်ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ(၅)ရက်နေ့နံနက်(၁၀)နာရီခွဲချိန်က စီးနင်းဝင်ရောက်ရှာဖွေ ခဲ့ရာ ကျွန်းသစ်ပါသစ်လုံး(၄၁)လုံး၊ (၈.၇၇၃)တန်၊သစ်ခွဲသား(၃၁၃)ချောင်း(၅.၃၆)တန်၊(၆)ဘီးအစိမ်းရောင်ကားတစ်စီး၊ (၁၀)ဘီးကရိန်းယာဉ်တစ်စီး၊ဂျင်ဒေါင်းအင်ဂျင်(၁)လုံး၊ ၃.၅ပေလွှဝိုင်း(၁)ဝိုင်း၊ချိန်းစောလွှ(၁)ခု၊ကမ်ဘို ၁၂၅ ဆိုင်ကယ်တစ်စီး၊  ကျွဲ(၂)ကောင်တို့နှင့်အတူ စိန်ဝင်းမောင်၊အသက်(၃၇)နှစ် […]


Hlaing Zar ChiNovember 6, 20131min00
ငဖဲမြို့နယ်တွင် အသက်(၉၀)အဖွား ဖယောင်းတိုင်မီးထွန်းအိပ်ရာမှ မီးလောင်သေဆုံးခဲ့       မင်းဘူးခရိုင်၊ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာ၏မြောက်ဘက်(၁)ဖာလုံခန့်အကွာရှိ အောက်ချိုင့်စိုုက်ခင်းစောင့်တဲတွင် နိုဝင်ဘာ(၃)ရက်နေ့ည(၈)နာရီခွဲချိန်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ အဆိုပါ တဲတွင်တစ်ဦးတည်းနေထိုင်သည့် ဒေါ်လူတောက်၊အသက်(၉၀)နှစ်၊ဂုတ်ကြီးကျေးရွာ ငဖဲမြို့နယ်နေသူသည် ၎င်း၏တဲတွင် ဖယောင်းတိုင်မီးထွန်းပြီး အိပ်ပျော် နေရာမှ (၁၀)ပေ ပတ်လည်ရှိ(၂)ပင်တဲ၊ ဝါးကပ်ကာ ၊မြက်သက္ကယ်မိုး၊ဝါးကြမ်းခင်း အားမီးကူးစက်လောင်ကျွမ်းခဲ့ရာမှ ဒေါ်လူတောက်၏ ခန္ဓာကိုယ်တစ်ခုလုံးမီးလောင်ကျွမ်းသေဆုံးနေကြောင်း ငဖဲမြို့နယ် ဂုတ်ကြီးရဲကင်းစခန်းမှူး ဒုရဲအုပ် ကျော်မျိုး နှင့် အဖွဲ့သက်သေ များနှင့်သွားရောက်စစ်ဆေးချက်အရသိရှိရပြီး ဆုံးရှုံးမှုတန်ဖိုးကျပ်(၅၀၀၀)ခန့်ဖြစ်ကြောင်း မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်လူတောက်အား ငဖဲမြို့နယ်၊ငဖဲမြို့မရဲစခန်းမှ (ပ)၆၇/၂၀၁၃၊ ပုဒ်မ ၂၈၅/၃၀၄-က ဖြင့် အမှုဖွင့်ထားကြောင်းသိရှိရသည်။ မန်းချောင်းအတွင်း အမည်မသိအမျိုးသားအလောင်းတစ်လောင်းပုတ်ပွသေဆုံး          မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ် မန်းချောင်းအတွင်း နိုဝင်ဘာ(၃)ရက်နေ့ည(၇)နာရီ(၄၅)မိနစ်ချန်က အလောင်းတစ် လောင်းမျောပါလာကြောင်းသတင်းရရှိသည်။သတင်းအရ စကုနယ်မြေရဲစခန်းမှ ဒုရဲအုပ် မျိုးဝေဦးနှင့်အဖွဲ့သွားရောက်စစ်ဆေးခဲ့ ရာ အမည်နေရပ်လိပ်စာမသိ၊အသက်အရွယ်အားဖြင့် (၂၀)နှစ်ခန့်အမျိုးသားအလောင်းတစ်လောင်းဖြစ်ပြီး […]