KingFebruary 1, 20121min016
  ဇာတ်သိမ်းဆိုတာ တစ်ခန်းရပ်လိုပါ ဒီနေရာမှာရပ်လိုက်ပေမယ့် ဟိုတစ်ဖက်မှာ တစ်ခြားဇာတ်ရုပ်နဲ့ ထွက်ပေါ်လာမှာပဲ ငါမရှိတဲ့ နင့်နှလုံးသားမှာ အဖော်ပြုမယ့်သူက နည်းမှမနည်း ငါတောင် ဂျူနီယာဖြစ်ပေမယ့် တစ်ခြားတစ်ဖက်မှာ အများစုရဲ့ စီနီယာပေါ့ ဒီအထာကို ရီတာပေါ့လို့ မပြောနိုင် ဝေဒနာကိုကြိတ် ဒဏ်ရာကိုပိတ်လို့ ငှက်တစ်ကောင်နဲ့အတူ ငါပျံသန်းလိုက်တယ် တိမ်ပေါ်မှာ အရုပ်ရေး အရှုပ်အထွေးကင်းတဲ့ ရွာပြင်မှာ ဖူးစာကို ဦးရာလို့မသတ်မှတ် မင်းအတွက်နဲ့ ငါဟာ မျက်ရည်စက်လက် ဒိအတွက်နဲ့ အချစ်ကို ဇာတ်သိမ်းတော့မယ် နောက်ထပ်….. ချစ်ရမည့်သူ မပေါ်သ၍ပေါ့ ………… အကျဉ်းထောင်က (နှလုံးသားမြို့) မင်းကောင်    


နွေဦးFebruary 1, 20121min013
မြန်မာ မီနီ ကို ဈေးကွက်မှာ ကြွက်စုတ် တဲ့ တရုပ်ချယ်ရီ QQ 3 ကိုကြူကြူသင်းတဲ့ ခုတော့ မြင်လို့မှမကောင်း… အရှိန်မထိန်းနိုင်ပဲ လမ်းလယ်က သစ်ပင်ကိုဝင်တိုက်မိတဲ့ မီနီဆလွန်းကား ဇန္နဝါရီလ ၃၁ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ရန်ကုန်မြို့တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းမကြီးအတိုင်း တောင်မှ မြောက်သို့မောင်းလာတဲ့ ၊ တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ မြန်မာ မီနီဆလွန်းကားဟာ အရှိန်မထိန်းနိုင်တော့ဘဲ လမ်းလယ်ကျွန်းပေါ်က ရေတမာပင်ကို ဝင်တိုက်တာကြောင့် သစ်ပင် ထက်ပိုင်းပြတ်ပြီး ကားလဲ ပျက်စီးသွားပါတယ် ။ ကားပေါ်မှာ ယာဉ်မောင်း တစ်ဦးသာပါလာပြီး ၊ ထိခိုက် ပွန်းပဲ့ရုံသာ ဒဏ်ရာရခဲ့ပါတယ်လို့ သတင်းရရှိပါတယ်။ credit to burma VJ media […]


Wai PhyoeJanuary 31, 20121min025
  သင်းခွေချပ်အကြောင်းကောင်းကောင်းမသိပါ။ရွာထဲကဘော်ဒါများ ကြည့်ရအောင် တွေ့ထားတဲ့ပုံလေးတင်ပေးလိုက်ပါတယ်။ဒီပုံလေးက ကရင်ဒေသမှာတွေ့ခဲ့တယ့်သင်းခွေချပ် အသေးနဲ့အကြီးပါ။ သင်းခွေချပ်တစ်ကောင်ကို အကောင်ပေါ်မူတည်ပြီး သိန်းရာကျော်တန်တယ်လို့လည်းသိရပါတယ်။ထူးဆန်းတာတစ်ခုကတော့ တောတွေထဲမှာဆို သင်းခွေချပ်တွေက လူသံကိုလိုက်တုပြီးတောခြောက်တတ်ခြင်းပါပဲ။


KingJanuary 31, 20121min013
သူကြီးကို ထောက်ခံတာလား ဆိုလို့ တစ်မျိုး မမြင်ကြပါနဲ့ဗျာ … အမှန်တော့ ကျွန်တော်တင်ခဲ့တဲ့ ပို့စ် တစ်ခုမှာ သူကြီးက သန်း၁၀ဝ စီမံချက်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းနေလေတော့ ….. အခုလဲ ဖေ့စ်ဘုတ်မှာ တက်လာသမျှ ကြည့်မိရင်း ……….. အားလုံးနဲ့အတူ နည်းနည်း ပွားကြည့်ရအောင်ဗျာ သွားကြည့်စရာ အဖော်မရှိလို့ အားငယ်လိုက်တာဗျာ …. 🙁   နောက်ထပ်ဗျာ ကျပ် ၅၀၀ဝ ထောင်တန် ဖုန်းကိစ္စကလည်း နည်းနည်းခေတ်စားနေတော့ ……   အားလုံးပဲ တစ်ချက်ပြုံးရင် တစ်သက်မမုန်းဘူးဆိုတဲ့ အကျဉ်းထောင်က မင်းကောင် … 😛


မြသဲ ( 17082011 )January 31, 20121min024
  ဒေါ်အောင်ဆန်းစုကြည်သမီး မခင်ရွှန်းလဲ့ဝေ ပုံဖြစ်ပါတယ်တဲ့။  မွေးစားထားတယ်လို့လဲပြောတယ်။ သူက နိုင်ငံခြားမှာ The Lady မင်းသမီး Michelle Yeoh နဲ့အတူတူပရဟိတတွေ လုပ်ကိုင်နေပါတယ်တဲ့။ ပြီးတော့ နိုင်ငံခြားမှာလည်းသူ့အဖွားရဲ့ ကုမဏီ တွေလည်းရှိသေးတယ်တဲ့။ တစ်ပတ်မှာ 2 ခါ 3 ခါလောက်တော့  2ပေစလောင်းကနေ ခင်ရွှန်းလဲ့ဝေ သတင်းအမြဲပါတယ်လို့ပြောတယ်။ ဘာလဲတော့မသိဘူး။ သိတဲ့သူများရှိရင်သူ့အကြောင်းပြောပေးပါလား။ တခါမှလဲမကြားဖူးဘူး။ အမေစုနားမှာနေ တာလဲတခါမှမတွေ့ဖူးဘူး။ စိတ်ဝင်စားလို့ပါ။ တကယ်လားလဲသိချင်လို့ပါ။   ဖူးစာရှင်လေးဆိုဒ်မှမှီငြမ်းထားပါတယ်။


    ဒီနေ့မလေးရှားသတင်းစာဖြစ်တဲ့ The Star News Paper မျက်နှာဖုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းကိုဖေါ်ပြထားပါတယ်။အရှေ့တောင်အာရှနိုင်ငံသတင်းမီဒီယာတွေရဲ့အထူးလေးထားဂရုစိုက်မူကိုပေါ်လွင်စေပါတယ်။ ကျနော်ဒီသတင်းကို မနက်ထဲကတင်ဖို့ပါပဲ..ဒါပေမယ့်ဒီနေ့မှ အလုပ်ကလည်းအရမ်းများပါတယ်၊ဒါပေမယ့်ရွာသံယောဇဉ်ကြောင့် မနက်(၄)နာရီအထိ မအိပ်သေးပဲကြိုးစားပန်းစားတင်ပေးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးခရီးစဉ် အဖြစ်ပထမဦးဆုံးအနေနဲ့ မြန်မာပြည်ရဲ့တောင်ဖြားစွန်းမှစတင်တယ်လို့ထင်ပါတယ်။ကျနော်စိတ်ထင်တော့ အောက်ခြေမှစပြီးမြန်မာပြည်ကိုပြောင်းလဲဖို့အတွက်သူမရဲ့ပထမဦးဆုံးခြေလှမ်းစတင်ခြင်းပါပဲ။ ဒေါ်အောင်းဆန်းစုကြည်ကို ထားဝယ်မြို့ခံတွေနဲ့အနီးအနားမှထောင်ပေါင်းများစွာသော ပြည်သူတွေဟာသောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါတယ်။ AFP..သတင်းထဲမှ ဒေါ်စုရဲ့မိန့်ခွန်းကိုယခုလိုထည့်သွင်းရေးသားထားပါတယ်။ “If we move in the right direction our country will have many opportunities.We are eager to seize them” “For the security of the people the rule of law is very important…We hope […]


ယနေ ့၃ဝ ရက်နေ ့တွင် တောင်ကုတ်မြို ့ဈေး မီးလောင်မှုဖြစ်ပေါ်ခဲ့သည်။မီးစတင်လောင်ကျွမ်းချိန်မှာ နေ ့လည် ၁း၄၅ ခန် ့ကဖြစ်သည်။စတင်လောင်ကျွမ်းသော ဆိုင်မှာ အရက်ဆီ၊ဓာတ်ဆီ၊ဒီဇယ် ရောင်းချသော ဆိုင်ဖြစ်ပြီး၊ဓာတ်ဆီပုံးကို ချည်နှောင်ထားသော ပလတ်စတစ်ပုံးမှ ကြိုးစကို ဂက်စ်မီးခြစ်ဖြင့်မီးရှို ့ ဖြတ်တောက်ရာမှမီးစတင် လောင်ကျွမ်းရခြင်းဖြစ်သည်။ဈေးဆိုင်ခန်းပေါင်း (၁၁)ခန်းလောင်ကျွမ်းပြာကျသွားပြီး ညနေ ၄း၃ဝ ခန် ့တွင် မီးငြိမ်းသွားခဲ့ပါသည်။ မီးစတင်လောင်ကျွမ်းခဲ့ချိန်က တောင်ကုတ်မီးသတ်မှ သံတွဲကိုအကူအညီလှမ်းတောင်းသဖြင့် သံတွဲမှ မီးသတ်ကားများ မိုင် ၄ဝ ခရီးကို အပြင်းလိုက်သွားသော်လည်း ရွှေလှေ ရွာ(မိုင် ၁ရ မိုင်ခရီး) အရောက်တွင် မီးငြိမ်းသွားသဖြင့် ပြန်လာခဲ့ရသည်။


amatminJanuary 30, 20121min037
ဒီကနေ့ ၃၀.၁.၂၀၁၂ ကုန်သည်ကြီးများဟိုတယ်မှာ လုပ်သွားတဲ့ရွှေပြည်တံခွန်ကုမ္ပဏီက ၅၀၀ဝ တန်ဆင်းကဒ်ထုတ်ပြီး ဆက်သွယ်ရေးစနစ်အဆင်ပြေစေရမယ်လို့ကြွေးကြော်ထား ပြီး သူလုပ်မဲ့ တယ်လီဖုန်းဆင်းကဒ်နဲ့ ပက်သက်တဲ့နောက်ထပ်ကြေညာချက်တခုပါ စာဖတ်သူအတွက်အပ်ဒိတ်လည်းဖြစ်လောက်ပြီး နောက်ဆက်တွဲအနေနဲ့ သူတို့ဘာဆက်လုပ်မလဲလို့ စိ်တ်ဝင်စားနေကြသူလည်းအတော်များမှာမို့ thevoice ဂျာနယ်ကနေဖတ်ရတာလေးကိုသတင်းပို့စ်အနေနဲ့ပြန်တင်ပေးပါတယ်.. ရွှေပြည်တံခွန်အနေ နဲ့ကြေညာချက်တွေနဲ့တင်ပြီးမသွားဘဲ တကယ်လက်တွေ့လုပ်ဆောင်မှာကိုလဲ မျှော်လင့်ပါတယ်။ အောက်မှာတော့ သူတို့ ရဲ့ကြေညာချက် အသေးစိတ်ပါ…   မူရင်းသတင်းက The Voice Weekly ပါ။


kanjosanJanuary 30, 20121min02
၂၉-၁-၂၀၁၂ ထုပ်ကြေးမုံသတင်းစာတွင် ပါဝင်သောဆောင်းပါကို ရွာသားများသိရန်မျှဝေလိုက်ပါသည်… ကြေးမုံစာတည်းမှု့ရှု့ထောင့်မှ တင်ပြထားသောစာလေးပါ…  အတော်ကောင်းပါသည်.. ခေါင်းစဉ်က ရေတို၊ ရေရှည်… ကျွန်တော်တို့နိုင်ငံ ဖွံဖြိုးတိုးတတ်ရန် စီးပွားရေး၊ လူမှု့ရေး ဘက်ပေါင်းစုံမှ တိုးတတ်ရန် ပြုပြန်ရန်ကျန်ရှိတဲ့ အချက်လေးတွေကို ရေတို၊ ရေရှည်ခွဲပြီးတော့ ချပြထားပါသည်… သတင်းကို ဖတ်နေရင်းမှ ကျွန်တော် လွတ်လပ်ရေးရခါစက ခံစားချက်တွေလည်း ဒီလိုများ ဖြစ်နေမလားလို့ တွေးမိလိုက်သေးသည်…   ကျွန်တော်တို့အားလုံး ပြောင်းလည်းဖို့လိုပါသည်… အကျင့်ပြက်ချစားမှု့ကိုလည်း တိုက်ဖျက်ရမည်… ကျွန်တော်တို့တွေမှာ ကျင့်သားကျနေသော မကောင်းသော စရိုက်များစွာကိုလည်း ပြောင်းလည်းဖို့ အချိန်တန်ပါသည်… စာတည်းမှုးပြောသလို အသက်အရွယ်အလိုက် ပြောင်းလည်းရမည်ဆိုလျှင် ငယ်ရွယ်သော ကလေးများကစပြီး ပြောင်းလည်းသင့်သည်ဟုထင်ပါသည်..  


မြစပဲရိုးJanuary 29, 20121min068
ရွာထဲမှာ ဒီနေ့ နဲနဲငြိမ် သွားသမို့ ထပ်ဖွ လိုက်ပါဦးမယ်။ သိပ်ရှည်ရှည်ကြီး မပြောလိုပေမဲ့ ရေးရင်း ရှည်သွားခဲ့ရင်လဲ ဖတ်သူများကို ပိုပြီး ကျေးဇူး ရှည်ရှည်  တင်ပေးပါ့မယ်။ ကိုကြောင်ကြီး ရဲ့ “အာဏာသိမ်း” ခြင်း မတိုင်မှီအမှုမှာ ကျွန်မ ဘာကြောင့် “အာဏာသိမ်း” ဆိုတဲ့ အတွေးဖြစ်ခဲ့တာလဲ ဆိုတာ ရှင်းလင်းလို၍ ဤ Post ကို တင်လိုက်ပါသည်။ 😉 ကျွန်မ ရဲ့ အတွေး က “ကိုယ်ချင်းစာခြင်း” နဲ့စပါတယ်။ “ကိုယ်ချင်းစာခြင်း” ဆိုရာမှာ အဓိပ္ပါယ်အမျိုးမျိုး နဲ့ဖွင့်နိုင်ပါတယ်။ အခုကျွန်မ ပြောမဲ့ ကိုယ်ချင်းစာခြင်း ဆိုတာကတော့ “သူများနေရာ မှာ ကိုယ် ကဝင် နေကြည့် လိုက်ခြင်း၊ သူခံစားနေရတာကို ကိုယ်က ဝင်ခံစား […]


အရင်ပို့စ်မှာ ကိုကြောင်ကြီးက နေပြည်တော်မှာ ရွေးကောက်ပွဲ အခြေအနေလေးရေးပါဦးလို့ မန်းထားတော့ အဲဒါနဲ့ပတ်သတ်ပီး စိတ်ထဲကျလိကျလိဖြစ်ရတာ ပြောချင်တာလေးတွေ ရှိထားလို့ အမှတ်(၂) ဆိုပီး ဆက်ရေးလိုက်ပါတယ်.။ ပြီးခဲ့တဲ့ အပတ်ထဲမှာ နေပြည်တော်က ဝန်ထမ်းအားလုံး မဲပေးနိုင်ဖို့ရာအတွက် မိမိတို့ လက်ရှိစာရင်းပေါက်တဲ့ အိမ်ထောင်စုဇယားမှ အထွက်စာရင်းလုပ်လာပီး ဒီမှာအိမ်ထောင်စုစာရင်းဝင်ကြရမယ်လို့ အုတ်ကျော်သောင်းနင်း ဖြစ်လိုက်ပါသေးတယ်။ မည်သည့် ပုဂ္ဂိုလ်က ဘယ်သို့မှလိုက်မမှီသော ညဏ်နီ၊ ညဏ်နက်၊ ညဏ်စိမ်း၊ ညဏ်ပြာ၊ ညဏ်မဆလာတွေ သုံးလေသည်မသိ လူဝင်မှုကြီးကြပ်ရေးက စာရောက်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့စည်းကမ်းများနဲ့ လျော်ညီစွာ မဲပေးနိုင်ကြစေဖို့ အိမ်ထောင်သည်၊ တခုလပ်နဲ့ တစ်လင်ကွာ၊ လူပျို ̸အပျိုသိုး အပုပ်အပွ နုနုရွရွပါမကျန် နေပြည်တော် တင်းပြည့်အိမ်ထောင်စုဇယားနဲ့ ပြောင်းကြရမှာပါတဲ့။ ဤလုပ်ငန်းစဉ်ကြီး လျှင်မြန်ချောမွေ့စေရေး စနေ၊တနင်္ဂနွေပါမကျန် ဆောက်ရွက်ပေးကြရန် သူတို့ဘက်က […]


အကြောင်းအရာကတော့ မနေ့က ကိုမိုးသီးရဲ့ဆိုဒ်ထဲမှာပါလာတဲ့…မဇိ္စုမ သတင်းဌာနက မြန်မာပြည်မှာ ရုံးဖွင့်ပြီးတော့ ပြည်တွင်းသတင်းမီဒီယာအဖြစ်သို့ ဝင်ရောက်လာမယ့် အကြောင်းကိုဖတ်မိပြီး…မန်းဂေဇက်လည်း ဘယ်တော့ မြန်မာပြည်မှာ ရုံးဖွင့်နိုင်မလဲပေါ့နော်..ပြည်တွင်းမီဒီယာအဖြစ်ပါပြောင်လဲဖို့ရှိပါသလားဆိုတာကို သိချင်သောစိတ်ပြင်းပြလာသောကြောင့် ဤပို့စ်တင်ကာ သူကြီးအား ဗျူးလိုက်ခြင်းဖြစ်ပါသည်။(သူကြီးက သူများတွေကိုပဲ ဗျူးနေလို့ သူကိုပြန်ပြီး အခွင့်အရေးရတုံးဗျူးရတာခင်ဗျ)…။ မဇိ္စုမသတင်းဌာန၏ အယ်ဒီတယချုပ် ဦးစိုးမြင့်သည် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေဆုံရန်အပြင် အဆိုပါ ဝန်ကြီးဌာနမှပြုလုပ်သည့် မီဒီယာဖိုလ်ရမ်သို့တက်ရောက်ရန် ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ကိုးနာရီအချိန်တွင် ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပါသည်။ ဦးစိုးမြင့်သည် မြန်မာနိုင်ငံတွင် (၆)ရက်ကြာနေထိုင်မည်ဖြစ်ပြီး၊ မဇိ္စုမ သတင်းဌာနကိုလည်း ပြည်တွင်းသတင်းဌာနတစ်ခုအဖြစ်သို့ပြောင်းလဲနိုင်ရန် အားလုံးနှင့်လက်တွဲကာပူးပေါင်းဆောင်ရွက်ချင်ပါကြောင်း ရန်ကုန်တိုင်းဂျာနယ်သို့ပြောကြားခဲ့ပါသည်။ ကျနော်တို့ရဲ့ မန်းဂေဇက်ကြီးလည်း ပြည်တွင်းမီဒီယာအဖြစ်သို့ရောက်ရှိလာနိုင်စရာမရှိဘူးလို့ ပြောလို့မရပါဘူး…အကယ်၍ မန်းဂေဇက်သည် ပြည်တွင်းမီဒီယာတစ်ခုဖြစ်လာခဲ့ပါက ဆိုတဲ့ အတွေးနဲ့အိပ်၍မပျော်နိုင်သောကြောင့် သူကြီးအားအတင်းလှုပ်နှိုးကာ မေးမြန်းစပ်စုကြည့်မိပါသည်။ ရွာသူရွားသားရော စိတ်ဝင်စားကြပါသလားခင်ဗျာ…. ဓါတ်ပုံ..နှင့်သတင်းကို […]


ကာတွန်းကိုရွှေထူးက ကျွန်တော်တို့ရပ်ကွက်ထဲမှာဗျာ ဆိုပီး သူ့ရပ်ကွက်ထဲက ဗြုတ်စဗျင်းတောင်း သောင်းပြောင်းထွေလာအကြောင်း ရေးထားတာကို တုပလို့ ရွာစားကျော်လည်း ကိုယ် အပိုင်စားရ.. အဲလေ လက်ရှိစတည်းချနေတဲ့ ရာဇဌာနီ မင်းနေပြည်တော်ကြီးက ဟိုအကြောင်းဒီအကြောင်းလေတွေ မန်းဂဇက်မှာ ပွားချင်တာကြောင့် အထက်ပါ ခေါင်းစဉ်ကိုတပ်ပြီး သကာလ……   ပြောချင်နေတာတော့ကြာပီဗျာ.. မင်းနေပြည်တော်ကြီးက ရုံးတော်ကြီးတခုမှာ ကချောက်ကချက် ဝန်ထမ်းလေးတစ်ယောက် ဖြစ်တာကြောင့် မကြာမကြာကြုံ တတ်တဲ့ အဖြစ်လေးကိုပါ..။ သိတော်မူကြတဲ့အတိုင်း မင်းနေပြည်တော်ကြီးမှာက နိုင်ငံ့ အထွဋ်အခေါင် မှူးကြီးမတ်ရာ သေနာ ပတိ ကြီးများဟာ ပြည်သူ့အရေး နိုင်ငံ့အရေး ကြီးလေးတဲ့ လုပ်ငန်းတာဝန်နဲ့ ပျားပန်းခတ်မျှ သွားလာ နေကြတာကလား..။ နိုင်ငံ့တာဝန်တွေနဲ့ အရေးတကြီး အချိန်မလင့် လျင်မြန်ထိရောက် ခရီးပေါက်စိမ့်သောငှာ (ဥပမာ) ရွာစားကျော်တို့လို သာမန်သေးနုတ်တဲ့ အောက်ခြေ […]