ဖင်ထောင်သွားတဲ့ ကြွက်စုတ်..

နွေဦးFebruary 1, 20121min013

မြန်မာ မီနီ ကို ဈေးကွက်မှာ ကြွက်စုတ် တဲ့ တရုပ်ချယ်ရီ QQ 3 ကိုကြူကြူသင်းတဲ့
ခုတော့ မြင်လို့မှမကောင်း…
မြန်မာ မီနီ
အရှိန်မထိန်းနိုင်ပဲ လမ်းလယ်က သစ်ပင်ကိုဝင်တိုက်မိတဲ့ မီနီဆလွန်းကား
ဇန္နဝါရီလ ၃၁ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ရန်ကုန်မြို့တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းမကြီးအတိုင်း တောင်မှ မြောက်သို့မောင်းလာတဲ့ ၊ တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ မြန်မာ မီနီဆလွန်းကားဟာ အရှိန်မထိန်းနိုင်တော့ဘဲ လမ်းလယ်ကျွန်းပေါ်က ရေတမာပင်ကို ဝင်တိုက်တာကြောင့် သစ်ပင် ထက်ပိုင်းပြတ်ပြီး ကားလဲ ပျက်စီးသွားပါတယ် ။ ကားပေါ်မှာ ယာဉ်မောင်း တစ်ဦးသာပါလာပြီး ၊ ထိခိုက် ပွန်းပဲ့ရုံသာ ဒဏ်ရာရခဲ့ပါတယ်လို့ သတင်းရရှိပါတယ်။
credit to burma VJ media network

13 comments

  • စိန်ပေါက်ပေါက်

    February 1, 2012 at 3:39 pm

    ခုတလော ယာဉ်တိုက်မှုတွေ ခဏခဏ ကြားရတယ်ဗျာ
    မူးပြီးကျုံးတာနဲ ့
    မကျွမ်းကျင်ပဲမောင်းလို ့ကျုံးတာနဲ ့
    သေကြေကျိုးကန်း အို..မလွယ်ကြောပါပဲ

    Reply

  • Thel Nu Aye

    February 1, 2012 at 4:46 pm

    ဒီကားကတော့ပေါ့လွန်းလို့ဖြစ်မယ်။ ပေါ့တာမှတော်တော်ကိုပေါ့တာ။ နဲနဲအရှိန်မထိန်းနိုင်တာနဲ့ပါသွားမှာ။ မြန်တာကလဲကားနဲ့တောင်မလိုက်ဘူး။

    Reply

  • water-melon

    February 1, 2012 at 7:38 pm

    ဘော်လီတောင် ပိန့်သွားတယ် ဆိုတော့ သံသားညံတယ်ထင်တယ်
    မဝယ်တော့ပါဘူး ဖက်စပ်ထုတ်တွေ
    ပေါက်ဖော်ရေ အိမ်ထဲက ဖယ်လာရီဆိုလား ဘာလား
    အဲဒီကားလေး ဖုန်သုတ်ထားနော်
    ကိုပေနဲ့ မာဆွတ်သွားမလို့ :mrgreen:

    Reply

    • စိန်ပေါက်ပေါက်

      February 1, 2012 at 7:41 pm

      ရှိတော့ဘူး
      မောင်ပေ့သား ပေတလူး ဆော့လိုက်တာ ကျိုးသွားပြီ

      တောင်ပြုန်းဘုရားပွဲကျမှ ကားသစ်တစ်စီး ထပ်ဝယ်ပေးမယ်

      Reply

  • နေဝန်းနီ

    February 1, 2012 at 7:51 pm

    လမ်းလယ်ကျွန်းက နိမ့်လို့နဲ့တူတယ်…။ အဲ အပေါ်တက်သွားတာက …။ ဒါမှမဟုတ် လမ်းမရှင်းလို့များ လမ်းလယ်ကျွန်းပေါ်တက်ရှောင်ပေးသလားမှ မသိတာ………။

    Reply

  • windtalker

    February 1, 2012 at 7:58 pm

    အိုက်ဒါ ၊ မိုးပျံ ဂီယာ စမ်းသုံးလိုက်လို ့နေမှာ နော….

    Reply

  • မိုးမြင့်သူ

    February 2, 2012 at 7:52 am

    သေသေချာချာ စမ်းသပ်ပြီးမှ ထုတ်ထားတာ လို့ ပြောသံကြားမိပါကြောင်း…

    Reply

  • ba gyi

    February 2, 2012 at 9:53 am

    ဈေးကြီးတော့လည်း ဝယ်မစီးနိုင်၊ဈေးပေါတော့လည်းစိတ်မချရ ဆိုတော့ ၊ပြည်သူဒွေ– ပြည်သူဒွေ ချစ်သော ပြည်သူဒွေ။

    Reply

  • AKKO

    February 2, 2012 at 10:57 am

    အဲ့ဒီကားလေးတွေက ချစ်စရာတော့ကောင်းသားဗျ ။ တစ်ချို့ဆို (မီးလုံး)မျက်လုံးလေးတွေမှာ မျက်တောင်လေးတွေတောင်ပါသေး ။ ဒါပေမယ့် ကြည့်ရတာ ပျော့မယ်လို့ထင်မိတယ် ။ ဆီစား သက်သာတာကြောင့် တက္ကစီအနေနဲ့ ချည်း တွေ့ရတာတွေ များနေတယ် ။

    Reply

  • zarlay

    February 2, 2012 at 11:18 am

    မူးပြီး မောင်းလာတာလား၊ တွေးပြီး မောင်းလာတာလားတော့မသိဘူး ကားတော့ ဖင်ထောင်သွားပြီ

    Reply

  • ဆူး

    February 2, 2012 at 11:30 am

    ကား ဘော်ဒီတော့ ပျော့တယ် ထင်တယ်။
    ဆူဇူကီး ကားတွေတောင် တိုက်မိလို့ ဖရိန်လိမ်သွားရင် ကားက မောင်းမကောင်းတော့ဘူး။
    အဲဒီ ကားတွေ ဘယ်လိုနေမလဲ.. သုံးသပ်ကြပါအုန်း။

    Reply

  • uncle kyaw

    February 2, 2012 at 6:36 pm

    အဲသလို ကို ဖင်ကြီးထောင်နေတာလားကွယ်ရို့…ဟိုဖက်က ကားနဲ့ ခုပြီးထောင်နေတာလား။ အဟိတ် နိမိတ်တော့ သိပ်မကောင်းလှဘူးကွယ်…တရုတ်နဲ့ ဖက်စပ် ထုတ်တဲ့ကား ဖင်ထောင်နေတယ်ဆိုတော့

    Reply

  • Mလုလင်

    February 2, 2012 at 8:04 pm

    ကားလေးတွေက ကျဉ်းတာတော့ အမှန်ပါပဲ။ M-mini ဆိုရင်တော့ တံခါး အထာကျ မကျ အကြော တင်းမတင်း စစ်ဆေးပြီး ယူရပါတယ်။ QQ3 ဆိုရင်တော့ အပြင်ပိုင်း သိပ်စစ် စရာ မလိုပါဘူး။ QQ3 က တန်းချ ကိုဗျ.. M-mini က သုံးလုံးထိုးလို့ သိရပါတယ်။ aircon ဖွင့်ရင်တော့ နဲနဲ … ပေါ့လေ။ ဓါတ်ဆီအများစု မှာဖြစ်သလိုဖြစ်တာပါပဲ။ လူအများကြီး တင်ရင် နောက် ဘီးကားတယ် လို့ ပြောသံကြားပေမယ့် မမြင်ဘူး ပါဘူး။ တိုက် တဲ့ နေရာ ကိုလိုက်ပြီး ပျက်စီး မှုများတတ်ပါတယ်။ တရုတ် ကား ဂျပန် ကား ရယ် လို့ (ကွာတော့ ကွာမှာ ပေါ့လေ) ကျိန်းသေ ပြောရခက်ပါတယ်။ ဘေးတိုက် တိုက် မိရင်တော့ ခံတဲ့ကား က ပျက်စီးမှု များမှာပါပဲ။ ရှေ ့က ဆိုရင်တော့ နဲနဲ သက်သာ မယ် ထင်ပါတယ်။ ဒါတောင် တိုင်ကီ ကွဲတာတို့ အလုံးထိတာ တို့ဖြစ်မှာပါ။ ကား ဘော်ဒီ ကတော့ ပျော့ပါတယ်။ ဂျပန် ကားတွေလဲ ပျော့တာပါပဲ။ ဘယ်လောက် ပျော့လို့ ဘယ်လောက် မာ လဲ တော့ မသိဘူးရယ်။ ဖင်ထောင်တာ ကတော့ သစ်ပင် အောက်ပိုင်းကြောင့်လို့ထင်တာပါပဲ..
    လေးစားစွာဖြင့်
    ဝင်ရှည်သွားတဲ့….Mလုလင်

    Reply

Leave a Reply

Your email address will not be published.