မန္တလေးမြို ့လည်ခေါင်အချို ့လမ်းမကြီးများပေါ်မှာ သွားလာနေကြတဲ့ မိဘ ပြည်သူများ အနေနဲ ့ကန် ့သတ်နယ်မြေအတွင်းမှာ ကား။ ဆိုင်ကယ် ယာဉ်ရပ်နား မယ်ဆိုရင်ရပ်နားခ ပေးဆောင်ကြရပါတယ်။ ယခုလက်ရှိ တရားဝင်သတ်မှတ်ထားတဲ့နှုန်းများ ကလည်း အောက်ပါအတိုင်း သတ်မှတ်ထားတာဖြစ်တဲ့ အတွက် ပေးဆောင်ရသူ အနေနဲ ့သင့်တင့်မျှတ တဲ့နှုန်းထားများ လို ့ဆိုနိုင် ပါတယ်။ (၁) ဆိုင်ကယ်တစ်စီးတစ်နာရီထိရပ်နားခ ( ၅ဝ ကျပ်နှုန်း) တစ်နာရီထက်မည်မျှကျော်လွန်သည်ဖြစ်စေ (၁၀ဝ ကျပ် နှုန်း ) (၂) ကားတစ်စီး တစ်နာရီထိရပ်နားခ ( ၁၀ဝ ကျပ်နျုန်း) တစ်နာရီထက်မည်မျှကျော်လွန်သည်ဖြစ်စေ ( ၂၀ဝ ကျပ်နှုန်း ) ပြည်သူတွေပေးဆောင်နေတဲ့ အခွန်အခရှိမှလည်း နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများကို ပြုလုပ်နိုင်မှာဖြစ်တဲ့ အတွက် ဒါကိုလည်းပြည်သူတွေဖက်က […]
