politicalviewFebruary 27, 20111min00
အခုလက်ရှိစင်ကာပူမှာ အိုင်တီနဲ့ပတ်သက်ရင် ဘယ်တကဿကသိုလ်က ပိုကောင်းလဲဆိုတာသိချင်လို့ပါ။ Informatics Singapore or James Cook University. private school တွေထဲမှာပေါ့။ အဓိက ကတော့ဒီနှစ်ခုတည်းကဘဲသိချင်ပါတယ်။ အခုလက်ရှိတက်နေတဲ့လူတွေပိုသိမယ်ထင်လို့ဒီကနေမေးလိုက်တာပါ။ ဘယ်တကဿကသိုလ် ပိုသင်လဲ ဘယ်တကဿကသိုလ်က ပိုကောင်းလဲ။ လက်ရှိတက်နေကျတဲ့သူတွေရဲ့အမြင်လေးကိုသိချင်လို့ ပါ။ ဗမာပြည်ကကျွန်တော်တို့လို ကျောင်းသားတွေလာတက်မယ်ဆိုရင်အထောက်ကူအရမ်းပြုတာပေါ့ဗျာ။ ကျေးဇူးပြုပြီးတော့ ဖြေကြားပေးပါလို့။


အရေးကြီးပါသည်ဆက်လက်ဖြန့်ဝေပေးကြပါရန်။ သူငယ်ချင်းတို့အကောင့်ကိုheat.cheehtoke@gmail.comဆိုသောအကောင့်လာအပ်ခဲ့မည်ဆိုပါကလုံးဝလက်ခံခြင်းမပြုကြပါနှင့်..ထိုအကောင့်မှာ မြန်မာနိင်ငံ ရှိသမီးပျိုလေးများကို မှောင်ခိုတင်သွင်းနေသော အဖွဲ့တစ်ခုမှအကာင့်တစ်ခုဖြစ်ကြောင်း..သိရှိထားပါသည်..ကျေးဇူးပြုပြီး ယခုမေးလ်(Mail)လေးကိုဆက်လကိဖြန့်ဝေပေးစေ ချင်ပါသည်


zaw mgFebruary 23, 20111min06
ဦးတေဇ ကယ်ရန် ထိုင်းက ရဟတ်ယာဉ်ငှား Wednesday, 23 February 2011 15:15  ကချင်ပြည်နယ် ရေခဲတောင်ပေါ်တွင် ပိတ်မိနေသည့် ဦးတေဇကို ကယ်နိုင်ရန် ထိုင်းနိုင်ငံမှ ငှားရမ်းထားသည့် ရဟတ်ယာဉ်တစီး ချင်းမိုင်မြို့မှနေ၍ မန္တလေးမြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ အမြင့်ပေ ၁၂၀၀ဝ အထိ ပျံသန်းနိုင်သည့် ရဟတ်ယာဉ် ဖြစ်သည်ဟု ဆိုသည်။ မြန်မာ့တပ်မတော် (လေ) ရှိ ရုရှားလုပ် ရဟတ်ယာဉ်များသည် အမြင့်ပေ ၁၀၀၀ဝ ခန့်သာ ပျံသန်းနိုင်သည်ဟု သိရသည်။ ကယ်ဆယ်ပြီးပါကလည်း ဦးတေဇနှင့် အဖွဲ့သည် ယနေ့ညနေတွင် ရန်ကုန်မြို့သို့ ရောက်ရှိနိုင်မည် မဟုတ်ဘဲ ပူတာအိုမြို့သို့သာ ရောက်ရှိနိုင်မည် ဖြစ်ကြောင်း တပ်မတော် (လေ) အသိုင်းအဝိုင်းက ပြောသည်။


နွယ်ပင်February 23, 20112min08
စစ်အစိုးရရဲ့ လျှို့ဝှက်စီမံကိန်းတွေထဲက ဖျောက်ဆိပ်ပင် ရေဒါစခန်း မြင်ကွင်းပုံတွေပါ…။ ဒီလိုလူသူမရောက်တဲ့ တောင်ကြို၊ တောင်ကြားတွေထဲမှာ ဆောက်လုပ်ထားတဲ့ အတွက် ကုန်ကျစားရိတ် အင်မတန်များပြားသလို၊ မီးအပြတ်မခံတဲ့ အဆိုပါ စက်ရုံတွေ အတွက်လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားတွေကို ပုံမှာ မြင်ရတဲ့အတိုင်း တာဝါတိုင်တွေကနေ ပို့လွှတ်ပေးပါတယ်..။ လက်ရှိ စစ်အစိုးရ ပြည်သူလူထုအတွက် ဆောက်လုပ်နေပါတယ် ဆိုတဲ့ ပြည်တွင်းက လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းတွေဟာ အမှန်တကယ် လိုအပ်တဲ့ ပြည်သူလူထု အတွက်လား ဒါမှမဟုတ်.. အဆိုပါ လျှို့ဝှက်စီမံကိန်းတွေ အတွက်လား ဆိုတာ စဉ်းစားချင့်ချိန်စရာ ဖြစ်နေပါတယ်..။ လျှပ်စစ်ဓာတ်အား ပမာဏအများအပြားကို ဒီလို ပြည်သူလူထုမသိနိုင်တဲ့ လျှို့ဝှက်စီမံကိန်း နေရာတွေမှာ အသုံးပြုနေရပါတယ်..။ ဒီလိုလျှို့ဝှက် တည်ဆောက်ရေး တစ်ခုစီမှာ အစိတ်အပိုင်းထုတ်တဲ့ စက်ရုံပေါင်း အနည်းဆုံး ၂ဝကျော်မှ တစ်ချို့စီမံကိန်းတွေမှာ […]


gyinkalayFebruary 22, 20111min07
မဟာဗန္ဒုလ လမ်းနှင့် 35 လမ်းထောင့် ဆူးလေ ဘုရားအနီးတွင် အကို ငွေလဲ မလား အစိမ်းလဲမလား..နှင့် ပွဲစားများရှိနေသည်၊ ထိုနေ ့က ဒေါ်လာဈေးမှာ 930 ထိတက်နေရာ…လက်ထဲမှာလက်ကျန်ကလဲ ဒေါ်လာ 200 လောက်ရှိနေတော့…နှစ်သောင်းလောက်မြတ်တယ်ဆိုပြီး….တစ်ယောက်တည်း…သွားလဲလေရော…ဟိုရောက်တော့….830 ဖြစ်သွားပြီ ဈေးကျသွားတယ်ဘာညာနဲ ့ပြောရာ…တော်ပြီမလဲတော့ဘူး..ဆိုပြီးပြန်အထွက် ကုလား..သုံးယောက်က လာပါအကို ကျွန်တော်တို ့အဆင်ပြေအောင်လုပ်ပေးမယ်ဆိုပြီ….930 နဲ ့ဈေးတည့်သွားကော။ ဒေါ်လာ 200 ဆိုတော့ တစ်သိန်း ရှစ်သောင်း ခြောက်ထောင် နဲ ့ရကော…သူက ပိုက်ဆံထုတ်ပြီးကျွန်တော့်ရှေ ့မှာတင်ရေပြတယ်..ဒါပေမယ့် သူရေတာမယုံလို ့ကိုယ့်ဟာကို ပြန်ရေပြီး..တစ်သိန်းရှစ်သောင်းခြောက်ထောင်ပြည့်အောင်ရေပြီး..အရောင်းအဝယ်တည့်သွားပြီးအိမ်ပြန်လာကော…အိမ်ရောက်တော့ပြန်ရေတော့…တစ်သိန်းသုံးသောင်း နှစ်ထောင်ပဲပါလာပါရောလား..သေစမ်း ကုလားတော့င့ါကို ဆော်လို်က်ပြီလို ့သိလိုက်ရကော ဒါပေမယ့်ဘာမှလဲလုပ်လို ့မရတော့ဘူးလေ…ပြန်သွားပြောလဲရှိမှာလဲမဟုတ်တော့ဘူး..နောက်မှ သူငယ်ချင်းတွေပြောပြတာက အဲ့ဒီမှာ ကလူလိမ်တွေချည်းပဲတဲ့…ပိုက်ဆံကိုလဲ ခေါက်တဲ့နည်းရှိတယ်တဲ့ သူတို ့ခေါက်ထားတဲ့ အုပ်အတိုင်းယူလာရင် ပိုက်ဆံတွေကမပြည့်ဘူးတဲ့…တချို […]


gyinkalayFebruary 22, 20111min03
ဖြစ်ပွားပုံမှာ…11.2.2011 သောကြာနေ ့ညနေပိုင်း ကျောင်းကားများ ထွက်ခါနီး အချိန်လောက်တွင် သူငယ်ချင်း အချင်းချင်း…အရက်မူးပြီး..မိန်းကလေးကိစ္စဖြင့် စကားများရန်ဖြစ်ကြရာ…ကားဂျမ်းတုန်း ဖြင့် ခေါင်းကို ထုလို်က်ခြင်းဖြစ်သည်။ ခေါင်းကို အထုခံရသူမှာ…B tech 1st (MC)  မှကျောင်းသားဖြစ်သည်။ အိမ်ပြန်ရောက်ချိန်တွင်  မိဘများကို အမှန်အတို်င်းမပြောပဲ ခေါင်းမူးသည် ဟု သာပြောသဖြင့် နီးစပ်ရာဆေးခန်းတွင် သွားရောက်ပြသလေသည်။ ဆေးခန်းမှ ခေါင်းမူးသည်မှာ မည်သည့်အကြောင်းမှန်း မသိရာ ဓါတ်မှန်ရို်က်ကြည့်ရန်လို်သည်ဟု ဆိုသဖြင့် ရန်ကုန်ဆေးရုံကြီးသို ့အသွား…လမ်းတွင်သေဆုံးသွားခြင်းဖြစ်သည်။ နောက် မှ ကျောင်းတွင် ရန်ဖြစ်မှန်းသိသဖြင့် တရားစွဲဆိုထားရာ..တစ်ဦးမှာ…အဖမ်းခံပြီး..နောက်တစ်ဦးမှာ ထွက်ပြေးတိမ်းရှောင် နေသည်ဟုဆိုပါသည်။ တစ်ဦး၏ ဖခင်မှာ..တရားသူကြီးဖြစ်ပြီး နောက်တစ်ဦး၏ဖခင်မှာထောင်မှူးဖြစ်သည်ဆို ကြားရပါသည်။ သေဆုံးသွားသော ကျောင်းသား၏ မိဘများမှာ ဆရာဝန်များဖြစ်သည်ဟလဲုဆိုပါသည်။ ထိုသေဆုံး သည့် ကိစ္စကို မပေါက်ကြားအောင်လဲ လုပ်နေသည်ဟု ဆိုပါသည်။


ယောလေးFebruary 21, 20111min05
မနေ့က ဘိတ်က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူစိတ်ညစ်လို့တဲ့..ဘာလို့စိတ်ညစ်တာလဲမေးတော့ သူက အင်တာနက်ဆိုင်ဖွင့်ထားတာတဲ့ အဲ့ဒါ ဆယ်တန်းစာမေးပွဲနီးလို့ဆိုပြီးအင်တာနက်ဆိုင်တွေ ပိတ်ခိုင်းတယ်တဲ့…မင်းတို့ရန်ကုန်မှာရော ပိတ်ခိုင်းလားမေးတော့ ကျတော်တို့ ရန်ကုန်မှာတော့ မပိတ်ခိုင်းပါဘူး နှစ်တိုင်း ဖွင့်နေကြတာချည်းပဲလို့ပြောလို်က်တယ်… ဒီနှစ်လဲ ပိတ်ခိုင်းတာမတွေ့မိသေးပါဘူး…ဘိတ်မှာတော့ ပိတ်ခိုင်းတယ်တဲ့… ရယက လူကြီးတွေက စာတွေပို့ပြီးပိတ်ခိုင်းတာပြောတယ်…သူတို့ကတော့ အခုခိုးဖွင့်နေတယ်တဲ့…နာမည်ကြီးတဲ့ဆိုင်တွေကတော့ မဖွင့်ရဘူးပြောတယ်…. တစ်ကယ်တော့ အင်တာနက်နဲ့ ဆယ်တန်းစာမေးပွဲနဲ့တော့ ဘာမှ မဆိုင်ပါဘူးဗျာ။စီးပွားရေးလုပ်နေတဲ့လူတွေ စီးပွားပျက်သလို သုံးရမယ့်လူတွေလဲ အဆက်အသွယ်တွေ ပြတ်တာပေါ့… ကျတော်လဲ မနေ့ကကမှ ကြားဖူးတော့တယ် စာမေးပွဲရှိလို့ အင်တာနက်ဆိုင်တွေ ပိတ်ရမယ်ဆိုတာ….. ဒါနဲ့ ရွာထဲမှာ ရှိတဲ့ လူတွေရေ..ကျန်တဲ့ မြို့တွေမှာရော ပိတ်ခိုင်းတာ ရှိကြသေးလားဗျို့…


nyimalayFebruary 20, 20111min023
မြန်မာနိုင်ငံရဲ့ ရှမ်းရိုးမ တောင်တန်းကြီးတွေမှာ ရှိတဲ့ တောနက်တစ်နေရာမှာ ရှိတဲ့ ကန်ကြီးတစ်ကန်အနီးက ကျောက်ဆောင်တွေကို ရိုက်ကူးထားခြင်း ဖြစ်ပါတယ် ။ နေရာအတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ် ။ ဒီပုံဟာ ရှုထောင့်တစ်ခုကနေပြီး ကျောက်ဆောင်တွေပေါ်ကို နေရောင်ခြည် ကျရောက်နေတဲ့အချိန်မှာ ရိုက်ကူးထားတာဖြစ်ပါတယ် ။ သင့်ရဲ့ ဦးခေါင်းကို ဘယ်မှ ညာ ၊ ညာမှ ဘယ်သို့ စောင်းပြီးကြည့်ကြည့်ပါ ။ ဘာထူးခြားသလဲလို့ ။ ဘာထူးခြားမှုကို သင်တွေ့ပါသလဲ ။ အခုပုံကို အတည့်အတိုင်း ထောင်ကြည့်လိုက်ပါ ။ အံ့ဩဖွယ်ကောင်းလောက်အောင်ပဲ ဘုရားရှိခိုးနေတဲ့ ပုံလေးထွက်ပေါ်လာပါတယ် ။သဘာဝတရားကြီးက အံဩဖွယ်ရာကောင်းပါတယ် ။ ဒါဟာ ဓါတ်ပုံပညာနဲ့ ဖန်တီးထားခြင်းမဟုတ်ပါဘူး ။ ထေရဝါဒ ဗုဒ္ဓဘာ သာနိုင်ငံမှာ သဘာဝကျောက်ဆောင်တွေမှာတောင် ဘုရား တရားရဲ့ […]

hacker1.jpeg

zoxnetFebruary 19, 20111min04
ဘလင့်က်ဟက်ကာများ၏ ထိုးနှက်ချက်ဖြင့်၊ ဖေဖေါ်ဝါရီ ၁ရ ရက်၊ ကြာသာပတေးနေ့က အွန်လိုင်းမြန်မာဈေးဝယ်ဆိုဒ် (online myanmar shopping.com) ပြုတ်ကျသွားပါပြီ။ ဘလင့်က် ဟက်ကာများက သူတို့ရဲ့ ဘလော့ဂ်မှာ ဒီလိုကြေငြာထားပါတယ်။ www.onlinemyanmarshopping.com, She is very beautiful. But She is Burma Military Junta’s supplier. So… We kicked her Ass at last night. Nice face. Sorry Baby. Just Deleted your Database. About her: Tlink Webs Site Development & Online Shopping Services room […]

hacker.jpeg

zoxnetFebruary 19, 20111min02
BHG-Blink Hacker Group အား DDoS ဖြင့် ၁၂.၂. ၂၀၁၁ ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် ၂ နာရီခန့်မှစတင်၍ DDoS ဖြင့်တိုက်ခိုက်နေသည်မှာ မြန်မာစံတော်ချိန် ည ၁၁းဝဝ နာရီအထိ ရပ်တန့်ခြင်းမရှိသေးပါ။ တိုက်ခိုက်သူများသည် Russia, Ukraine, Belarus, Georgia, Moldova, Azerbaijan, Armenia, Kazakhstan, Poland, Estonia, Germany, Bulgaria, နှင့် Iran နိုင်ငံတို့မှ IP များဖြစ်ကြသည်။ တိုက်ခိုက်နေကြသူများသည် HTTP DDoS ကို အသုံးပြုပြီးတိုက်ခိုက်နေသည်ဟု ခန့်မှန်းရသည်။ ၁၀.၂.၂၀၁၁ ရက်နေ့ မြန်မာစံတော်ချိန် ည ၁ဝးဝဝ နာရီခန့်ကလည်း ၎င်းနိုင်ငံတို့၏ IP Address များဖြင့် ၂ […]


nyimalayFebruary 18, 20111min04
  မြန်မာ စာနယ်ဇင်း လောကမှာ ထင်ရှားတဲ့ မြန်မာတိုင်းမ် ဂျာနယ်ရဲ့ CEO နဲ့ အယ်ဒီတာချုပ် ဖြစ်တဲ့ မစ္စတာ ဒန်ကလေကို အင်းစိန်ထောင်မှာ ချုပ်ထားတယ် ဆိုတဲ့ သတင်းတွေ ရတော့ စိုးရိမ်မိပါတယ်။ ဒန်ကလေဟာ ထောက်လှမ်းရေးရဲ့ အဆက်အသွယ်နဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး နိုင်ငံတကာ စံချိန်မှီ သတင်းဂျာနယ် ဖြစ်တဲ့ မြန်မာတိုင်းမ်ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ၂၀၀ဝ ပြည့်နှစ်မှာ စတင် ထုတ်ဝေခဲ့သူ ဖြစ်ပါတယ်။ ဒီကနေ့ ဂျာနယ် လောကရဲ့ အပြောင်းအလဲမှာ မြန်မာတိုင်းမ်ရဲ့ ဩဇာ သက်ရောက်မှု အများကြီး ပါတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာတိုင်းမ်ဟာ အနာဂတ်မှာ သတင်းစာ ထုတ်ဝေဖို့ အထိ ရည်မှန်းထားတဲ့ အကြောင်းလည်း သူတို့ […]


မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) မှကြီးမူး၍ ကုလသမဂ္ဂလူဦးရေထောက်ပံ့ငွေ၏ အကူအညီဖြင့် လူငယ်ဖွံ့ဖြိုးမှုအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်လျက်ရှိရာ ယမခုလ(၂၂) ရက်မှစ၍ ပျော်ရွှင်တက်ကြွဆယ်ကျော်သက်ဘဝသင်တန်းအမှတ်စဉ်(၄၉) ကိုဖွင့်လှစ်မည်ဖြစ်သည်။ လူငယ်များပျော်ရွှင်ခြင်း၊ကျန်းမာခြင်းနှင့်အတူ တက်ကြွလန်းဆန်းတဲ့ဆယ်ကျော်သက်ဘဝ (သို့) လူငယ်ဘဝကိုရရှိစေလိုသော ဆန္ဒများနှင့်သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်သည်။ “လူငယ်များသိသင့်သိထိုက်သော ကျန်းမာရေးနှင့်ပတ်သက်သည့် အခြေဗဟုသုတများရရှိစေရန်၊ ရရှိသော အခြေခံဗဟုသုတများကို မူတည်၍ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များပြုမူဆောင်ရွက်လာစေရန်၊ ဘဝနှင့်ပတ်သက်သော တန်ဖိုးထားမှုများအကြောင်း နားလည်ပြီး မိမိ၏ လူကြီးဘဝအတွက်ပြင်ဆင်ရာတွင် အထောက်အကူဖြစ်စေရန်၊ မိသားစုနှင့် ပတ်ဝန်းကျင်တွင် အဆင်ပြေစွာ ဆက်ဆံတတ်ပြီး ပတ်ဝန်းကျင်ကောင်းကို ရှာဖွေနိုင်စေရန်နှင့် ဘဝတွင်ဆုံးဖြတ်ချက်များကို ကြောင်းကျိုုးညီညွှတ်စွာချမှတ်တတ်စေရန်” ဟူသောရည်ရွယ်ချက်များဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သင်တန်းရဲ့ဆောင်ပုဒ်လေးက Be knowledge, Pass it on သုတရှာဖွေဖြန့်ဝေပါလို့ ဆိုလိုပါတယ်။ အသက်(၁၅) မှ (၂၄) အထိ စိတ်ဝင်စားသူဆယ်ကျော်သက်လူငယ်များတက်ရောက်ခွင့်ရှိပြီး တစ်ကြိမ်မှာ သင်တန်းသားဦးရေ(၄၀) သာလက်ခံသင်ကြားပေးနေကြောင်း၊ […]