မှော်ဘီ နည်းပညာ တက္ကသိုလ် မှ ကျောင်းသားတစ်ဦး ရန်ဖြစ်ရာမှ သေဆုံး

gyinkalayFebruary 22, 20111min03

ဖြစ်ပွားပုံမှာ…11.2.2011 သောကြာနေ ့ညနေပိုင်း ကျောင်းကားများ ထွက်ခါနီး အချိန်လောက်တွင် သူငယ်ချင်း အချင်းချင်း…အရက်မူးပြီး..မိန်းကလေးကိစ္စဖြင့် စကားများရန်ဖြစ်ကြရာ…ကားဂျမ်းတုန်း ဖြင့် ခေါင်းကို ထုလို်က်ခြင်းဖြစ်သည်။

ခေါင်းကို အထုခံရသူမှာ…B tech 1st (MC)  မှကျောင်းသားဖြစ်သည်။ အိမ်ပြန်ရောက်ချိန်တွင်  မိဘများကို အမှန်အတို်င်းမပြောပဲ ခေါင်းမူးသည် ဟု သာပြောသဖြင့် နီးစပ်ရာဆေးခန်းတွင် သွားရောက်ပြသလေသည်။ ဆေးခန်းမှ ခေါင်းမူးသည်မှာ မည်သည့်အကြောင်းမှန်း မသိရာ ဓါတ်မှန်ရို်က်ကြည့်ရန်လို်သည်ဟု ဆိုသဖြင့် ရန်ကုန်ဆေးရုံကြီးသို ့အသွား…လမ်းတွင်သေဆုံးသွားခြင်းဖြစ်သည်။ နောက် မှ ကျောင်းတွင် ရန်ဖြစ်မှန်းသိသဖြင့် တရားစွဲဆိုထားရာ..တစ်ဦးမှာ…အဖမ်းခံပြီး..နောက်တစ်ဦးမှာ ထွက်ပြေးတိမ်းရှောင် နေသည်ဟုဆိုပါသည်။ တစ်ဦး၏ ဖခင်မှာ..တရားသူကြီးဖြစ်ပြီး နောက်တစ်ဦး၏ဖခင်မှာထောင်မှူးဖြစ်သည်ဆို ကြားရပါသည်။ သေဆုံးသွားသော ကျောင်းသား၏ မိဘများမှာ ဆရာဝန်များဖြစ်သည်ဟလဲုဆိုပါသည်။ ထိုသေဆုံး သည့် ကိစ္စကို မပေါက်ကြားအောင်လဲ လုပ်နေသည်ဟု ဆိုပါသည်။

3 comments

  • cobra

    February 23, 2011 at 6:24 am

    မိဘတွေကတော့အကောင်ကြီးကြီးတွေပဲ…..
    ကျောင်းသားတွေကလည်းစိုးသွမ်းလူငယ်တွေနဲ ့တူနေတယ်..။

    Reply

  • etone

    February 23, 2011 at 7:41 am

    စဉ်းစားစရာပဲနော် … ။ သေဆုံးသူမိဘတွေက ဆရာဝန်တွေဖြစ်ပါလျှက်နဲ့ ဘာလို့ သူတို့သားက နီးစပ်ရာ ဆေးခန်းသွားပြတာလဲ … ဆေးခန်းက ဓါတ်မှန်ရိုက်ခိုင်းတာ … သာမန်လူ တစ်ယောက်ဆိုလျှင် ပုဂ္ဂလိက ဆေးခန်းမှာ သွား ဓါတ်မှန်ရိုက်မှာပေါ့ … ။ ဆေးရုံကြီးကို ဓါတ်မှန်ရိုက်ဖို့ အသွားဆိုလို့ … ။ နည်းနည်းလေးဆန်းလို့ပါ .. ။

    Reply

  • yp17

    February 23, 2011 at 9:07 am

    ၈ ရက်နေ့(အင်္ဂါနေ့) မှာ ဆုံး သွားတာပါ။၁၁နေ့က ရေဝေးမှာညနေ၃နာရီ မီးသဂြိုလ်ပါတယ်။အဲဒီနေ့က တော်တော်လေး လူစည်ပါတယ်..ကျောင်းသား/သူ တွေနဲ့ ဆရာမများလည်း လာကြပါတယ်…စိတ်မကောင်းစရာမြင်ကွင်းလေးကတော့ သူငယ်ချင်းတွေက အဲဒီသေဆုံးသွားတဲ့ ကောင်လေးရဲ့ ဓါတ်ပုံ ပါအကျီင်္ ဆင်တူလေးတွေဝတ်ဆင်လာကြတာဖြစ်ပါတယ်…မိသားစုဝင်မပြောနဲ့..ဘေးလူတွေပါမျက်ရည်ဝိုင်းရ ပါတယ်…သေချာသိရတာကတော့ yp ရဲ့ ချစ်ရတဲ့ အဘိူးဆုံးတဲ့နေ့ကော ရေဝေးပို့ရတဲ့ အချိန်ကောတူနေလို့ပါ….:(

    Reply

Leave a Reply

Your email address will not be published.